-
AA
+
🡀
|
🡂
၂ တိမောသေ ဩဝါဒစာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





၂ တိမောသေ ဩဝါဒစာ
အခန်းကြီး ၃


နောင်ကာလသည်ခဲယဉ်းသောကာလဖြစ်မည်
CROSS REFERENCES





CROSS REFERENCES






နောင်ကာလသည် [A] ခဲယဉ်းသောကာလ ဖြစ်မည်၊ ဟုသိမှတ်လော့။ အဘယ်သို့နည်းဟူမူကား၊ လူတို့သည်ကိုယ်ကိုကိုယ် ချစ်သောသူ၊ [B] ငွေကို တပ်မက်သောသူ၊ [C] ဝါကြွားသောသူ၊ [D] ထောင်လွှားစော်ကားသောသူ၊ သူ့အသရေကို ရှုတ်ချသောသူ၊ မိဘစကားကို နားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်း မရှိသောသူ၊ ပကတိ ကြင်နာစုံမက်ခြင်းနှင့် ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣန္ဒြေကို မချုပ်တည်းနိုင်သောသူ၊ ပြင်းထန်သောသူ၊ သူတော်ကောင်းကို မုန်းသောသူ၊ သစ္စာကို ဖျက်တတ်သောသူ၊ သတိပေးခြင်းကို မခံသောသူ၊ မာန်မာနနှင့် ယစ်မူးသောသူ၊ ဘုရားသခင်ကို နှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကိုသာ၍ နှစ်သက်သောသူ၊ ဘုရားဝတ်၌ မွေ့လျော်ယောင်ဆောင်၍၊ မွေ့လျော်ခြင်းတန်ခိုးကို ငြင်းပယ်သောသူ ဖြစ်ကြလိမ့်မည်။ ထိုသူတို့ကို ရှောင်လော့။ ဒုစရိုက်အပြစ်ဝန်ကို ထမ်းရွက်၍၊ အထူးထူး အပြားပြားသော လောဘ ကိလေသာ သွေးဆောင်ရာသို့ လိုက်၍၊ အစဉ်သင်သော်လည်း၊ သမ္မာတရားကို လေ့ကျက်ခြင်းသို့ အလျှင်းမရောက်နိုင်သော မိန်းမမိုက်တို့ကို၊ အိမ်ထဲသို့ဝင်၍ ဖမ်းသွားသောသူတို့သည် ထိုသူတို့အဝင် ဖြစ်ကြ၏။ ယ​န္နေနှင့်ယံ​ဗြေသည် (Jannes and Jambres) မောရှေကို ဆီးတားသကဲ့သို့၊ ထိုသူတို့သည် သမ္မာတရားကို ဆီးတားကြ၏။ စိတ်နှလုံးယိုယွင်း၍၊ ယုံကြည်ယောင် ဆောင်သောသူ ဖြစ်ကြ၏။ ထိုသူနှစ်ယောက်တို့၏ မိုက်မဲခြင်းသည်၊ လူအပေါင်းတို့ရှေ့မှာ ထင်ရှားသကဲ့သို့၊ ဤသူတို့၏ မိုက်မဲခြင်းသည်လည်း ထင်ရှားလိမ့်မည်။ သို့ဖြစ်၍ သူတို့သည်တိုး၍ မလွန်မသွားရကြ။


တိမောသေသည် ပေါလုခံရသောဒုက္ခများကိုသိ
CROSS REFERENCES





CROSS REFERENCES






၁၀ ငါဆုံးမဩဝါဒပေးခြင်း၊ အကျင့်ကျင့်ခြင်း၊ ကြံစည်ခြင်း၊ သစ္စာစောင့်ခြင်း၊ စိတ်ရှည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်းတို့ကို၎င်း၊ ၁၁ အန္တိအုတ်မြို့၊ ဣကောနိမြို့၊ လုတ္တရမြို့ (Antioch, Iconium, Lystra) တို့၌ ငါခံရသကဲ့သို့၊ အရပ်ရပ်တို့၌ ခံရသောညှဉ်းဆဲခြင်း၊ ဆင်းရဲခြင်းတို့ကို၎င်း၊ သင်သည် ရှာဖွေနားလည်ရပြီ။ ထိုသို့သောအမှုတို့ကို ငါတွေ့ရသော်လည်း၊ တွေ့သမျှတို့မှ သခင်ဘုရားသည် ငါ့ကိုကယ်နှုတ်တော်မူပြီ။ ၁၂ ယေရှုခရစ်၏ တရားတော်နှင့်အညီ၊ ဘုရားဝတ်၌ မွေ့လျော်၍ နေခြင်းငှာ အလိုရှိသောသူ အပေါင်းတို့သည် ညှဉ်းဆဲခြင်းကို ခံရကြလိမ့်မည်။ ၁၃ ဆိုးညစ်သောသူ၊ လှည့်ဖြားသောသူတို့မူကား၊ သူတပါးကို၎င်း၊ ကိုယ်ကို၎င်း၊ လှည့်ဖြား၍၊ ဆိုးညစ်ခြင်း၌ တရွေ့ရွေ့ တိုးပွားကြလိမ့်မည်။ ၁၄ သင်သည် အဘယ်သူထံ၌ နည်းခံခဲ့ပြီးသည်ကို၎င်း၊ ၁၅ ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့်၊ ကယ်တင်ခြင်းအလိုငှာ ပညာကိုပေးနိုင်သော ဓမ္မကျမ်းစာကို၊ ငယ်သောအရွယ်မှစ၍ လေ့ကျက်သည်ကို၎င်း သိမှတ်သည်နှင့်၊ အထက်ကသင်၍ နှလုံးသွင်းမိသော [E] အယူဝါဒ၌ တည်နေလော့။ ၁၆ ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသောအားဖြင့် ဖြစ်၍၊ ၁၇ ဘုရားသခင်၏လူ [F] သည် စုံလင်သောသူ၊ ကောင်းသောအမှု အမျိုးမျိုးတို့ကို ပြုစုခြင်းအလိုငှာ ပြင်ဆင်သောသူ ဖြစ်မည်အကြောင်း၊ ဩဝါဒပေးခြင်း၊ အပြစ်ကိုဖော်ပြခြင်း၊ ​ဖြောင့်မတ်စွာပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်း ကျေးဇူးများကို ပြုတတ်၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.