-
AA
+
🡀
|
🡂
၂ တိမောသေ ဩဝါဒစာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





၂ တိမောသေ ဩဝါဒစာ
အခန်းကြီး ၂


ယေရှုစစ်သား၊ ပွဲဝင်သောသူ၊ လယ်လုပ်သူ

ငါ့သား၊ သင်သည် ယေရှုခရစ်၌ ရှိသော၊ ကျေးဇူးတော်အားဖြင့် ခိုင်ခံ့ခြင်းရှိလော့။ သက်သေခံ အများရှိသည်နှင့် ငါ့ထံ၌ ၊ ကြားရပြီးသောအရာတို့ကို၊ သစ္စာနှင့်ပြည့်စုံ၍ သူတပါးတို့ကို သွန်သင်ခြင်းငှာ၊ တတ်စွမ်းနိုင်သောသူတို့၌ အပ်ပေးလော့။ ထိုသို့အလိုငှာ သင်သည်၊ ယေရှုခရစ်ထံ၌ ကောင်းသောစစ်သူရဲကဲ့သို့၊ ဆင်းရဲဒုက္ခကိုသည်းခံလော့။ စစ်သူရဲမည်သည်ကား၊ မိမိကိုစစ်သူရဲအရာ၌ ခန့်ထားသောသူကို နှစ်သက်စေခြင်းငှာ၊ လောကီမှုရေးနှင့် ပြွမ်းနှောရှုပ်ထွေးခြင်းကို ပယ်ရှားတတ်၏။ ပွဲ၌ လူချင်းတိုက်သောသူ မည်သည်ကား၊ ထုံးတမ်းအတိုင်း မတိုက်လျှင် ပန်းဦးရစ်ကိုမရ။ လယ်လုပ်သောသူသည်လည်း အရင်လုပ်ပြီးမှ အသီးအနှံကိုခံရမည်။ ငါ့စကားကိုဆင်ခြင်လော့။ ထာဝရဘုရားသည် အရာရာတို့၌ ဥာဏ်ကို သင့်အား ပေးသနားတော်မူပါစေသော်။


နှုတ်ကပတ်တရားတော်သည်၊ ချည်နှောင်ခြင်းနှင့်ကင်းလွတ်၏
CROSS REFERENCES






ဒါဝိဒ်အမျိုးဖြစ်သော ယေရှုခရစ်သည်၊ ငါဟောသော ဧဝံဂေလိတရားအတိုင်း၊ သေခြင်းမှ ထမြောက်တော်မူသည်၊ ဟုအောက်မေ့လော့။ ထိုတရားကြောင့်၊ ငါသည် လူဆိုးကဲ့သို့ ချည်နှောင်ခြင်းတိုင်အောင် ဆင်းရဲဒုက္ခကို ခံရ၏။ သို့သော်လည်း၊ ဘုရားသခင်၏ နှုတ်ကပတ် တရားတော်သည်၊ ချည်နှောင်ခြင်းနှင့် ကင်းလွတ်၏။ ၁၀ ထိုကြောင့် ရွေးကောက်တော်မူသော သူတို့သည်၊ ထာဝရဘုန်းအသရေနှင့်တကွ၊ ယေရှုခရစ်အားဖြင့် ကယ်တင်ခြင်းသို့ ရောက်စိမ့်သောငှာ၊ သူတို့အဖို့ အရာရာကို ငါသည်းခံရ၏။ ၁၁ သစ္စာစကားဟူမူကား၊ ထိုသခင်နှင့်အတူ သေလျှင်၊ အတူရှင်လိမ့်မည်။ [A] ၁၂ သည်းခံလျှင်၊ ထိုသခင်နှင့်အတူ စိုးစံလိမ့်မည်။ [B] ထိုသခင်ကို ငါတို့သည် ငြင်းပယ်လျှင်၊ ငါတို့ကို ငြင်းပယ်တော်မူလိမ့်မည်။ ၁၃ ငါတို့သည် မယုံကြည်သော်လည်း၊ ထိုသခင်သည် သစ္စာတည်သဖြင့် ကိုယ်ကိုငြင်းပယ်တော်မမူနိုင်။


သမ္မာတရားကို မှန်ကန်စွာ ပိုင်းခြားတတ်သော ဆရာသမား

၁၄ ဤအကြောင်းအရာများကို သူတပါးတို့အား သတိပေးလော့။ အဘယ်အကျိုးကိုမျှမပြုစု၊ ကြားနာသောသူတို့၏ စိတ်ကို မှောက်လှန်လိုသောငှာ၊ စကားကြောင့်သာ ငြင်းခုံခြင်းကို မပြုမည်အကြောင်း၊ သခင်ဘုရားရှေ့၌ သစ္စာပေးလော့။ ၁၅ သင်မူကား၊ ဝန်ခံတော်မူသောသူ၊ ရှက်ကြောက်စရာ အကြောင်းမရှိဘဲ၊ သမ္မာတရားကို မှန်ကန်စွာ ပိုင်းခြားတတ်သော ဆရာသမားဖြစ်လျက်၊ ဘုရားသခင့်ရှေ့၌ ကိုယ်ကိုကိုယ် ဆက်သခြင်းငှာ၊ ကြိုးစားအားထုတ်လော့။ ၁၆ တရားမဲ့ဖြစ်သော အချည်းနှီးစကားကို ရှောင်လော့။ အကြောင်းမူကား၊ ထိုစကားသည် မတရားသောအမှုတို့ကို ပွားများစေလိမ့်မည်။ ၁၇ သူတို့၏စကားသည် ခူနာကဲ့သို့ စားလိမ့်မည်။ ထိုသူတို့တွင် ဟုမေနဲနှင့်ဖိလက် (Hymenaeus and Philetus) ပါသတည်း။ ၁၈ သူတို့က၊ သေလွန်သောသူတို့သည် ထမြောက်ကြပြီ၊ ဟုပြောလျက်၊ သမ္မာတရားလမ်းမှ လွဲသွား၍၊ အချို့သောသူတို့၏ ယုံကြည်ခြင်းကို မှောက်လှန်တတ်ကြ၏။ ၁၉ သို့သော်လည်း၊ သခင်ဘုရားသည် မိမိလူတို့ကို သိ​ကျွမ်းတော်မူ၏ဟူ၍၎င်း၊ သခင်ဘုရား၏ နာမတော်ကို ဝန်ခံသောသူမည်သည်ကား၊ မတရားသောအမှုကို ရှောင်ရမည်ဟူ၍၎င်း၊ တံဆိပ်ခတ်လျက်ရှိသော ဘုရားသခင်၏ တိုက်မြစ်သည် ခိုင်ခံ့၍တည်၏။ ၂၀ ကြီးစွာသောအိမ်၌ ရွှေတန်ဆာ၊ ငွေတန်ဆာသာရှိသည် မဟုတ်။ သစ်သားတန်ဆာ၊ မြေတန်ဆာရှိ၏။ အသရေရှိသော တန်ဆာ၊ အသရေမရှိသော တန်ဆာရှိ၏။ ၂၁ သို့ဖြစ်၍၊ အထက်ဆိုခဲ့ပြီးသော အကျင့်တို့ကို ပယ်၍၊ မိမိကိုစင်ကြယ်စေသော သူမည်သည်ကား၊ အသရေရှိသောတန်ဆာ၊ သန့်ရှင်း၍ အိမ်ရှင်သုံးစရာကောင်းသော တန်ဆာ၊ ကောင်းသော အမှုများအဖို့အလိုငှာ ပြင်ဆင်သောတန်ဆာ ဖြစ်လိမ့်မည်။


သတိထားရှောင်ရမည့်အရာများ
CROSS REFERENCES






၂၂ လူတို့၏ တပ်မက်ခြင်း ကိလေသာစိတ်ကို ကြဉ်ရှောင်လော့။ ​ဖြောင့်မတ်ခြင်း၊ သစ္စာရှိခြင်း၊ ချစ်ခြင်း၊ စင်ကြယ်သော စိတ်ရှိ၍၊ သခင်ဘုရားကို ပဌနာပြုသောသူတို့နှင့်၊ အသင့်အတင့် နေခြင်းတို့ကို မှီအောင်လိုက်လော့။ ၂၃ မိုက်မဲ၍ ပညာကင်းသော ပုစ္ဆာအမေးတို့သည်၊ ရန်ပွားစေတတ်သည်၊ ဟုသိမှတ်၍ ပယ်ရှားလော့။ ၂၄ သခင်ဘုရား၏ ကျွန်သည် [C] ရန်မတွေ့ရ။ ခပ်သိမ်းသောသူတို့အား ဖြည်းညှင်းစွာ ပြုသောသူ၊ ဆုံးမဩဝါဒပေးခြင်းအမှု၌ လိမ္မာသောသူ၊ သည်းခံနိုင်သောသူ ဖြစ်ရမည်။ ၂၅ ဆီးတား၊ ငြင်းခုံသောသူတို့ကို နူးညံ့သိမ်မွေ့စွာ ဆုံးမရမည်။ သမ္မာတရားကို ဝန်ခံခြင်းအလိုငှာ၊ နောင်တကို ဘုရားသခင် ပေးကောင်းပေးတော်မူ၍၊ ၂၆ မာရ်နတ်၏ အလိုအတိုင်း ဖမ်းမိသော ထိုသူတို့သည် သတိရ၍၊ ထိုဖမ်းမိရာမှ လွတ်ခြင်းသို့ ရောက်ကောင်း ရောက်ကြလိမ့်မည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.