-
AA
+
🡀
|
🡂
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





မာလခိအနာဂတ္တိ
အခန်းကြီး ၃


ငါသွားရာ လမ်းပြင်ရသော ငါ၏တမန်စေလွှတ်မည်
CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES






ကြည့်ရှုလော့။ ငါသွားရာလမ်းကို ပြင်ရသော ငါ၏တမန်ကို ငါစေလွှတ်မည်။ [A]သင်တို့ရှာသော သခင်၊ သင်တို့ တောင့်တသော ပဋိညာဉ် တမန်တော်သည်၊ မိမိဗိမာန်တော်သို့ ချက်ခြင်းလာလိမ့်မည်။ ကြည့်ရှုလော့၊ ထိုသခင် လာလိမ့်မည်၊ ဟုကောင်းကင်ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။ လာတော်မူသော နေ့ရက်ကို အဘယ်သူသည် မတိမ်းမရှောင်ဘဲ နေလိမ့်မည်နည်း။ ပေါ်ထွန်းတော်မူသောအခါ အဘယ်သူ သည်ခံရလိမ့်မည်နည်း။ ထိုသခင်သည် ငွေစစ်သောသူ၏မီး၊ ခဝါသည်သုံးသော ဆပ်ပြာကဲ့သို့ ဖြစ်တော်မူမည်။ [B] ငွေကိုချွတ်၍ သန့်ရှင်းစေသော သူကဲ့သို့ထိုင်လျက်၊ ရွှေငွေကို ချွတ်သကဲ့သို့၊ လေဝိသားတို့ကို ချွတ်၍ သန့်ရှင်း စေတော်မူသဖြင့်၊ [C] သူတို့သည် ထာဝရဘုရားအဘို့ ဖြစ်၍၊ ​ဖြောင့်မတ်ခြင်း ပူဇော်သက္ကာကို ပူဇော်ကြလိမ့်မည်။ ယုဒပြည်သူ ယေရုရှလင်မြို့သားတို့၏ ပူဇော်သက္ကာသည် ရှေးလွန်လေပြီးသော နှစ်၊ လ၊ နေ့ရက်ကာလ၌ ဖြစ်သကဲ့သို့၊ ထာဝရဘုရား နှစ်သက်တော်မူဘွယ် ဖြစ်လိမ့်မည်။ သင်တို့ကို စစ်ကြောစီရင်ခြင်းငှါ ငါချဉ်းမည်။ ပြုစားတတ်သောသူ၊ သူ့မယားကို ပြစ်မှားသောသူ၊ မမှန်သော ကျိန်ဆိုခြင်းကို ပြုသောသူ၊ သူငှါးကို အခမပေး ညှဉ်းဆဲသောသူ၊ မိဘမရှိသော သူငယ်နှင့် မုဆိုးမကို ညှဉ်းဆဲသောသူ၊ ဧည့်သည်ကို မတရားသဖြင့် စီရင်သောသူ၊ ငါ့ကို မကြောက်ရွံ့သောသူတို့ တဘက်၌၊ [D] ငါသည်လျှင်မြန်သော သက်သေဖြစ်မည်၊ ဟုကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။ ငါသည် ထာဝရဘုရားဖြစ်၏၊ ပြောင်းလဲခြင်းမရှိ။ [E] ထိုကြောင့် ယာကုပ်အမျိုးသားတို့၊ သင်တို့သည် ဆုံးရှုံးခြင်းသို့ မရောက်ကြ။


ဆယ်ဘို့တဘို့ကို ပေးကြလော့
CROSS REFERENCES






ဘိုးဘေးတို့ လက်ထက်မှစ၍၊ သင်တို့သည် ငါစီရင်ထုံးဖွဲ့ချက်တို့ကို မစောင့်၊ တိမ်းရှောင်ကြပြီ။ ငါ့ထံသို့ ပြန်လာကြလော့။ [F] ငါသည်လည်း သင်တို့ဆီသို့ ပြန်လာမည်၊ ဟုကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။ အ​ကျွန်ုပ်တို့သည် အဘယ်သို့ ပြန်လာရပါမည်နည်း၊ ဟုသင်တို့မေးကြသည်တကား။ လူသည် ဘုရားသခင်၏ ဥစ္စာတော်ကို လုယူရမည်လော။ သို့သော်လည်း သင်တို့သည် ငါဥစ္စာကို လုယူကြပြီ။ အ​ကျွန်ုပ်တို့သည် အဘယ်သို့ လုယူပါသနည်း၊ ဟုသင်တို့မေးလျှင်၊ ဆယ်ဘို့တဘို့ကို၎င်း၊ ပူဇော်သက္ကာတို့ကို၎င်း၊ လုယူကြပြီ။ သင်တို့သည် ကျိန်ခြင်း အမင်္ဂလာကို ခံရကြ၏။ အကြောင်းမူကား၊ ပြည်သူ ပြည်သား အပေါင်းတို့သည်၊ ငါ့ဥစ္စာကို လုယူကြပြီ။ ၁၀ ဆယ်ဘို့တဘို့ ရှိသမျှကို ဘဏ္ဍာတိုက်ထဲသို့ သွင်း၍၊ ငါ့အိမ်တော်၌ စားစရာရှိစေခြင်းငှါ၊ ပြုကြလော့။ [G] ငါသည် မိုးကောင်းကင် ပြတင်းပေါက်တို့ကို ဖွင့်၍၊ ကောင်းကြီး မင်္ဂလာကို အကုန်အစင် သွန်းလောင်းမည်၊ မသွန်းလောင်းမည်ကို ထိုသို့စုံစမ်းကြလော့၊ ဟုကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။ ၁၁ ကိုက်စားတတ်သော အကောင်ကို သင်တို့အတွက် ငါဆုံးမ၍၊ သင်တို့၏ မြေအသီးအနှံကို မဖျက်ဆီးရ။ သင်တို့၏ စပျစ်ဥယျာဉ်သည် အသီးမသီးဘဲ မနေရ၊ ဟုကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။ ၁၂ လူမျိုးအပေါင်းတို့သည် သင်တို့ကို မင်္ဂလာရှိသောသူ ဟူ၍၊ ခေါ်ဝေါ်ကြလိမ့်မည်။ သင်တို့ပြည်သည်လည်း နှစ်သက်ဘွယ်သော ပြည်ဖြစ်လိမ့်မည်၊ ဟုကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။


ဘုရားအမှုဆောင်သော်လည်း အကျိုးမရှိဟုဆို

၁၃ သင်တို့သည် ငါ့တဘက်၌ ရဲရင့်စွာ ပြောကြပြီ၊ ဟုထာဝရဘုရား မိန့်တော်မူ၏။ သို့ရာတွင်၊ အ​ကျွန်ုပ်သည် ကိုယ်တော် တဘက်၌ အဘယ်သို့ ပြုမိတော်မူပါသနည်း၊ ဟုသင်တို့ မေးကြသည်တကား။ ၁၄ ထာဝရဘုရား၏ အမှုကို ဆောင်ရွက်သော်လည်း အကျိုးမရှိ။ စီရင် ထုံးဖွဲ့တော်မူချက်ကို စောင့်၍၊ ကောင်းကင်ဗိုလ်​ခြေ အရှင်ထာဝရဘုရား ရှေ့မှာ ညှိုးငယ်စွာ ကျင့်ကြံပြုမူခြင်းအားဖြင့် အဘယ်ကျေးဇူးရှိသနည်း။ ၁၅ မာန ထောင်လွှားသောသူတို့ကို မင်္ဂလာရှိသောသူဟူ၍ ငါတို့သည် ခေါ်ဝေါ်ကြ၏။ အကယ်စင်စစ် ဒုစရိုက်ကို ပြုသောသူတို့သည် အောင်တတ်ကြ၏။ အကယ်စင်စစ် ဘုရားသခင်ကို စုံစမ်းသော်လည်း ချမ်းသာရတတ်ကြ၏၊ ဟုသင်တို့သည်ပြောကြပြီ။


အမှုဆောင်သောသူ မဆောင်သောသူ ပိုင်းခြား၍သိမည်

၁၆ ထိုအခါ ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့သည်၊ တယောက်ကို တယောက် နှုတ်ဆက်၍ ပြောဆိုကြ၏။ ထာဝရ ဘုရားသည်လည်း နားထောင်၍ ကြားတော်မူ၏။ ထာဝရဘုရားကို ကြောက်ရွံ့၍၊ နာမတော်ကို အောက်မေ့သောသူတို့အဘို့၊ ရှေ့တော်တွင် စာရင်း၌ မှတ်သားလျက်ရှိ၏။ ၁၇ ထိုသူတို့သည် ငါစီရင်သော နေ့ရက်၌ ငါပိုင်ထိုက်သော ဘဏ္ဍာတော် ဖြစ်ကြလိမ့်မည်။ အဘ၏အမှုကို ဆောင်သောသားကို အဘနှမြောသကဲ့သို့၊ ထိုသူတို့ကို ငါနှမြောမည်၊ ဟုကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။ ၁၈ တဖန်သင်တို့သည် ပြောင်းလဲ၍​ဖြောင့်မတ်သောသူ၊ မ​ဖြောင့်မတ်သောသူ၊ ဘုရားသခင်၏ အမှုတော်ကို ဆောင်သောသူ၊ မဆောင်သောသူတို့ကို ပိုင်းခြား၍ သိရကြလိမ့်မည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.