-
AA
+
🡀
|
🡂
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





မာလခိအနာဂတ္တိ
အခန်းကြီး ၂

ထာ၀ရဘုရားကို မချီးမွမ်းလျှင် အမင်္ဂလာ

အိုယဇ်ပုရောဟိတ်တို့၊ ကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရားသည် သင်တို့အား မိန့်တော်မူသော ပညတ်စကားဟူမူကား၊ ငါ၏နာမတော်ကို ချီးမွမ်းလိုသောငှါ၊ သင်တို့သည် နားမထောင်၊ နှလုံးမသွင်းဘဲ နေလျှင်၊ ကျိန်ခြင်းဘေးကို သင်တို့အပေါ်သို့ ငါလွှတ်လိုက်မည်။ သင်တို့၏ မင်္ဂလာကို အမင်္ဂလာဖြစ်စေမည်။ ထိုမျှမက၊ နှလုံးမသွင်းဘဲ နေသောကြောင့် ယခုပင် အမင်္ဂလာ ဖြစ်စေပြီ။ သင်တို့မျိုးစေ့ကို ငါဖျက်မည်။ တိရစ္ဆာန် ချေးတည်းဟူသော သင်တို့ဓမ္မပွဲ၏ တိရစ္ဆာန်ချေးကို သင်တို့မျက်နှာပေါ်၌ ငါကြဲမည်။ သူတပါးတို့သည် သင်တို့ကို ထိုတိရစ္ဆာန်ချေးနှင့်အတူ ယူသွားကြလိမ့်မည်။


ဘုရား၏ ပဋိညာဉ် လေဝိအမျိုး၌ ရှိ
CROSS REFERENCES






ငါ၏ပဋိညာဉ်ကို လေဝိအမျိုး၌ တည်စေခြင်းငှါ၊ ဤပညတ်စကားကို သင်တို့ဆီသို့ ငါပေးလိုက်ကြောင်းကို သင်တို့ သိရကြလိမ့်မည်၊ ဟုကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။ ငါဖွဲ့သောအသက် ပဋိညာဉ်၊ ငြိမ်ဝပ်ခြင်းပဋိညာဉ် [A]သည် ထိုအမျိုး၌ရှိ၏။ ငါ့ကိုကြောက်ရွံ့၍ ငါ၏နာမတော်ရှေ့၌ ထိတ်လန့်သောကြောင့် ငါဖွဲ့၍ ပေး၏။ ထိုအမျိုးသည် သမ္မာတရား [B]စကားကို ပြောတတ်၏။ သူ့နှုတ်၌ အပြစ်ကိုရှာ၍ မတွေ့။ ငြိမ်ဝပ်ခြင်းတရား၊ ​ဖြောင့်မတ်ခြင်းတရားအတိုင်း၊ ငါနှင့်အတူ သွားလာ၍၊ များစွာသောသူတို့ကို ဒုစရိုက်အပြစ်မှ လွှဲရှောင်စေတတ်၏။


ယဇ်ပုရောဟိတ်နှုတ်၌ တရားတော်ရှာရမည်
CROSS REFERENCES






ယဇ်ပုရောဟိတ် နှုတ်ခမ်းသည် ပညာကို စောင့်ရမည်။ သူ၏နှုတ်၌ လူတို့သည် တရားတော်ကို ရှာရကြမည်။ [C] အကြောင်းမူကား၊ သူသည် ကောင်းကင်ဗိုလ်​ခြေ အရှင်ထာဝရဘုရား စေလွှတ်တော်မူသော တမန်ဖြစ်၏။ [D] သင်တို့မူကား လမ်းလွှဲကြပြီ။ လူများတို့သည် တရားတော်ကို ထိမိ၍ လဲစေခြင်းငှါ ပြုကြပြီ။ လေဝိအမျိုးနှင့်ဖွဲ့သော ပဋိညာဉ်ကို ဖျက်ကြပြီ၊ ဟုကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။ သို့ဖြစ်၍၊ သင်တို့သည် ငါ့လမ်းတို့ကိုမလိုက်၊ တရားအမှုတွင် လူမျက်နှာကို ထောက်သောကြောင့် လူခပ်သိမ်းတို့သည် သင်တို့ကို မထိမဲ့မြင်ပြု၍၊ ရှုတ်ချစေခြင်းငှါ ငါစီရင်မည်။


တပါးအမျိုးသားများကိုယူခြင်းဖြင့်သစ္စာဖျက်

၁၀ ခပ်သိမ်းသောငါတို့၌ တပါးတည်းသော အဘရှိသည်မဟုတ်လော။ တပါးတည်းသော ဘုရားသခင်သည် ငါတို့ကိုဖန်ဆင်းတော်မူသည် မဟုတ်လော။ ဘိုးဘေးတို့နှင့် ဖွဲ့တော်မူသောပဋိညာဉ်ကို ရှုတ်ချ၍၊ ငါတို့သည် အဘယ်ကြောင့် တယောက်ကို တယောက် သစ္စာဖျက်ကြသနည်း။ ၁၁ ယုဒအမျိုးသည် သစ္စာပျက်၏။ ဣသရေလပြည်သူ၊ ယေရုရှလင်မြို့သားတို့သည် ရွံ့ရှာဘွယ်သောအမှုကို ပြုကြ၏။ ယုဒအမျိုးသည် ထာဝရဘုရား ချစ်တော်မူသော သန့်ရှင်းခြင်းတရားကို ရှုတ်ချ၍၊ တပါးအမျိုး ဘုရား၏သမီးနှင့် လက်ထပ်ပါသည်တကား။ ၁၂ ထိုသို့ပြုသောဆရာနှင့် တပည့်ကို၎င်း၊ ကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရား ထံတော်သို့ ပူဇော်သက္ကာကို ဆောင်ခဲ့သောသူကို၎င်း၊ ယာကုပ်တဲတို့မှ ပယ်ဖျက်တော်မူမည်။ ၁၃ တဖန်သူတို့ပြုသော အမှုဟူမူကား၊ ထာဝရဘုရား၏ ယဇ်ပလ္လင်ကို မျက်ရည်ကျခြင်း၊ ငိုကြွေး မြည်တမ်းခြင်းနှင့် ဖုံးအုပ်ကြပြီ။ ထိုကြောင့်၊ ပူဇော်သက္ကာကို မှတ်တော်မမူ။ သင်တို့လက်မှ နှစ်သက်သောစိတ်နှင့် ခံတော်မမူ။


တဦးတည်းကိုသာ ဖန်ဆင်း

၁၄ အဘယ်ကြောင့်နည်း၊ ဟုသင်တို့မေးလျှင်၊ သင့်အသက်ပျိုစဉ်အခါ လက်ထပ်၍၊ နောက်တဖန် သစ္စာမစောင့်၊ ပြစ်မှားသော မယားတဘက်နှင့် သင့်တဘက်၌ ထာဝရဘုရားသည် သက်သေ ဖြစ်တော်မူ၏။ ထိုမယားသည် သင်၏အဆွေခင်ပွန်း၊ သင်ဖွဲ့သော ပဋိညာဉ်နှင့် ဆိုင်သော မယားဖြစ်သတည်း။ ၁၅ တဦးတည်းကိုသာ ဖန်ဆင်းတော်မူပြီ မဟုတ်လော။ သို့သော်လည်း၊ ကိုယ်တော်၌ ပဋိညာဉ်ဝိညာဉ် အကျန်အကြွင်းရှိ၏။ အဘယ်ကြောင့် တဦးတည်းကိုသာ ဖန်ဆင်းတော်မူသနည်းဟူ မူကား၊ (a) ဘုရားသခင်နှင့် ထိုက်တန်သော အမျိုးကိုရှာ၍ ထိုသို့ ဖန်ဆင်းတော်မူ၏။ သို့ဖြစ်၍၊ ကိုယ်စိတ်သဘောကို ချုပ်တည်းကြလော့။ အသက်ပျိုစဉ်အခါ လက်ထပ်သော မယားကို သစ္စာဖျက်၍ မပြစ်မှားကြနှင့်။


မယားကိုစွန့်ခြင်းအမှု ငါမုန်းသည်

၁၆ မယားကို စွန့်ခြင်းအမှု၊ မိမိခင်ပွန်း၌ ပြစ်မှားသောအပြစ်ကို ဖုံးအုပ်ခြင်းအမှုကို ငါမုန်းသည်၊ ဟုဣသရေလ အမျိုး၏ဘုရားသခင်၊ ကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။ ထိုကြောင့် ကိုယ်စိတ်သဘောကို ချုပ်တည်းကြလော့။ သစ္စာကို မဖျက်ကြနှင့်။ ၁၇ သင်တို့သည် ထာဝရဘုရား၏ နားတော် ငြီးသည်တိုင်အောင် စကားများကြ၏။ နားတော်ငြီးသည် တိုင်အောင် အဘယ်သို့ ပြုမိသနည်း၊ ဟုမေးသော်၊ ဒုစရိုက်ကို ပြုသောသူတိုင်း ထာဝရဘုရား ရှေ့တော်၌ ကောင်း၏။ ထိုသို့သော သူတို့ကို နှစ်သက်တော်မူ၏ဟူ၍၎င်း၊ စစ်ကြောစီရင်တော်မူသော ဘုရားသခင်ကား အဘယ်မှာ ရှိသနည်းဟူ၍၎င်း၊ ဆိုတတ်ကြသည်တကား။

_________________________
Footnotes


၁၅ (a) ဘုရားသခင်က အာဒံနှင့်ဧ၀ကို ဖန်ဆင်း၍ လင်မယားဖြစ်သောအခါ တဦးတည်းဖြစ်သည် (ကမ္ဘာ ၂း၂၄၊ မဿဲ ၁၉း၄-၆)။





S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.