-
AA
+
🡀
|
🡂
ယောန၀တ္ထု
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး



အခန်းငယ်
၁၀





ယောန၀တ္ထု
အခန်းကြီး ၃


ယောနိနေဝေမြို့၌ ကြွေးကြော်

နောက်တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယောနသို့ ရောက်လာသည်ကား၊ သင်ထ၍ နိနေဝေမြို့ကြီးသို့ သွားလော့။ ငါမှာထားသည်အတိုင်း ကြွေးကြော်လော့၊ ဟုမိန့်တော်မူ၏။ ထိုအခါ ထာဝရဘုရား၏ အမိန့်တော်အတိုင်း၊ ယောနသည်ထ၍ နိနေဝေမြို့သို့ သွား၏။ နိနေဝေမြို့သည် အလွန်ကြီးသောမြို့၊ သုံးရက်ခရီး ကျယ်ဝန်းသော မြို့ဖြစ်သတည်း။ ယောနသည် မြို့ထဲသို့ဝင်၍ တနေ့ခရီးသွားလျက်၊ အရက်လေးဆယ်လွန်သော်၊ နိနေဝေမြို့သည် ပျက်စီးခြင်းသို့ ရောက်လိမ့်မည်၊ ဟုကြွေးကြော်လေ၏။


နိနေဝေမြို့သားတို့ အစာရှောင်ဆုတောင်းကြ

နိနေဝေမြို့သားတို့သည် ဘုရားသခင်၏ အမိန့်တော်ကို ယုံ၍၊ လူကြီးလူငယ် အပေါင်းတို့သည် အစာရှောင်ရာအချိန်ကို ကြော်ငြာ၍၊ လျော်တေအဝတ်ကို ဝတ်ကြ၏။ နိနေဝေမင်းကြီးသည် ထိုသိတင်းကို ကြားသောအခါ၊ နန်းတော်မှဆင်း၍ မင်းမြောက် တန်ဆာကို ချွတ်ပြီးမှ၊ လျော်တေအဝတ်ကိုဝတ်၍ ပြာထဲ၌ ထိုင်တော်မူ၏။ လူသတ္တဝါ တိရစ္ဆာန် သိုးနွားတို့သည် အလျှင်းမမြည်စေနှင့်။ အစာကိုမစား၊ ရေကိုမသောက်စေနှင့်။ လူသတ္တဝါ တိရစ္ဆာန်တို့သည် လျော်တေအဝတ်ကို ဝတ်ကြစေ။ ကြိုးစား၍ ဘုရားသခင်ကို ဆုတောင်းကြစေ။ အသီးအသီးတို့သည် မိမိတို့လိုက်သော အဓမ္မလမ်း၊ မိမိတို့ပြုသော အဓမ္မအမှုကို ရှောင်ကြစေ။ ငါတို့သည် ပျက်စီးခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ ဘုရားသခင်သည် ပြောင်းလဲ၍ နောင်တရသဖြင့်၊ ပြင်းစွာသော အမျက်တော်ကို ငြိမ်းစေတော်မူမည် မမူမည်ကို အဘယ်သူ ပြောနိုင်သနည်း၊ ဟုမင်းကြီးအာဏာ၊ မှူးမတ်အာဏာနှင့် နိနေဝေတမြို့လုံးတွင် သိတင်းကြားပြော၍ ကြော်ငြာစေတော်မူ၏။ ၁၀ မြို့သားတို့သည် မိမိတို့ လိုက်သော အဓမ္မလမ်းကို လွှဲရှောင်၍၊ ကျင့်သောအကျင့်များကို ဘုရားသခင်သည် မြင်လျှင်၊ အရင်ခြိမ်းသော ဘေးဒဏ်ကိုမပေးဘဲ နေတော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.