-
AA
+
🡀
|
🡂
ယေရမိ အနာဂတ္တိ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေရမိ အနာဂတ္တိ
အခန်းကြီး ၇


ထာ၀ရဘုရား၏ ဗိမာန်တော်ဟု ဆိုကြ

ထာဝရဘုရား၏ အထံတော်က နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာ၍၊ သင်သည် ဗိမာန်တော်တံခါးဝ၌ ရပ်လျက် ကြွေးကြော်ရမည့် စကားဟူမူကား၊ ထာဝရဘုရားကို၊ ကိုးကွယ်ခြင်းငှါ၊ ဤတံခါးတို့အတွင်းသို့ ဝင်သောယုဒအမျိုးသား အပေါင်းတို့၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို နားထောင်ကြလော့။ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်​ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ဘာသာဓလေ့နှင့် သင်တို့အကျင့်များကို ပြုပြင်ကြလော့။ သို့ပြုလျှင် သင်တို့ကို ဤအရပ်၌ ငါနေစေမည်။ ဤသည်ကား၊ ထာဝရဘုရား၏ ဗိမာန်တော်၊ ထာဝရဘုရား၏ ဗိမာန်တော်၊ ထာဝရဘုရား၏ ဗိမာန်တော်ဖြစ်သတည်းဟု (a) [A] မုသာစကားကို ပြောသောသူတို့၌ မမှီဝဲကြနှင့်။ သင်တို့ဘာသာဓလေ့နှင့် သင်တို့အကျင့်များကို စုံလင်စွာ ပြုပြင်လျှင်၎င်း၊ အမှုသည်ချင်းတို့ကိုသေချာစွာတရားသဖြင့်စီရင်လျှင်၎င်း၊ ဧည့်သည်အာဂန္တု၊ မိဘမရှိသောသူငယ်၊ မုဆိုးမကိုမညှဉ်းဆဲ၊ အပြစ်မရှိသောသူ၏အသက်ကိုဤအရပ်၌ မသတ်၊ ကိုယ်အကျိုးကိုဖျက်၍ အခြားတပါးသော ဘုရားတို့ကို မချဉ်းကပ်ဘဲနေလျှင်၎င်း၊ သင်တို့ဘိုးဘေးတို့အား၊ ငါသည် အစဉ်မပြတ်ပေးသော ပြည်တည်းဟူသော၊ ဤအရပ်ဌာန၌ သင်တို့ကို ငါနေစေမည်။


ငါ့အိမ်တော်ကို ဓါးပြတွင်းထင်ကြ
CROSS REFERENCES






အကျိုးမရှိဘဲ မုသာစကားကို ပြောသောသူတို့၌ သင်တို့သည် ခိုလှုံကြ၏။ သင်တို့သည် သူ့ဥစ္စာကိုခိုးလျက်၊ လူအသက်ကိုသတ်လျက်၊ သူ့မယားကို ပြစ်မှားလျက်၊ မဟုတ်မမှန်ဘဲ ကျိန်ဆိုလျက်၊ ဗာလဘုရားရှေ့၌ နံ့သာပေါင်းကိုမီးရှို့လျက်၊ ကိုယ်မသိဘူးသော အခြားတပါးသော ဘုရားတို့ နောက်သို့လိုက်လျက်နှင့်၊ ၁၀ ငါ၏နာမဖြင့် သမုတ်သော ဤအိမ်တော်၌၊ ငါ့ရှေ့မှာဝင် ၍ရပ်လျက်၊ ဤရွံရှာဘွယ်သော အမှုအလုံးစုံတို့ကို ပြုသောကြောင့်၊ အ​ကျွန်ုပ်တို့သည် ကယ်နှုတ်တော်မူခြင်း ကျေးဇူးတော်ကို ခံရပါပြီဟု လျှောက်ရကြမည်လော။ ၁၁ ငါ၏နာမဖြင့်သမုတ်သော ဤအိမ်တော်ကို၊ သင်တို့သည် ဓားပြတွင်းကဲ့သို့ ထင်ကြသလော။ [B] ဤအမှုကို ငါကိုယ်တိုင်မြင်ပြီဟု ထာဝရဘုရား မိန့်တော်မူ၏။


ဘုရားသခင်က ဗိမာန်တော်ကိုလည်း စွန့်မည်
CROSS REFERENCES






၁၂ ရှေ့ဦးစွာ ငါ၏နာမကို ငါတည်စေသောအရပ်၊ ရှိလော(c) ၌ ရှိသော ငါ့အရပ်ဌာနသို့ သွား၍၊ ငါ၏အမျိုးဣသရေလလူတို့၏ အပြစ်ကြောင့်၊ ထိုအရပ်ကို အဘယ်သို့ ငါပြုဘူးသည်ကို ကြည့်ရှုကြလော့။ ၁၃ ယခုတွင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် ဤအမှုအလုံးစုံတို့ကို ပြုသောကြောင့်၎င်း၊ ငါသည် စောစောထ၍ အထပ်ထပ်ပြောသော်လည်း၊ [C] သင်တို့သည် နားမထောင်၊ ငါခေါ်၍ သင်တို့သည်မထူးသောကြောင့်၎င်း၊ ၁၄ ရှိလောရွာကို ငါပြုသကဲ့သို့၊ ငါ၏နာမဖြင့် သမုတ်သော၊ သင်တို့ခိုလှုံသော ဤအိမ်တော်၊ သင်တို့နှင့်ဘိုးဘေးတို့အား ငါပေးသောအရပ်ဌာနကို ငါပြုမည်။ ၁၅ သင်တို့ညီအစ်ကိုဧဖရိမ် (b) အမျိုးသားရှိသမျှတို့ကို ငါနှင်ထုတ်သကဲ့သို့၊ သင်တို့ကို ငါ့ထံမှ ငါနှင့်ထုတ်မည်။


ယေရမိကို ဣသရေလအတွက် ဆုမတောင်းဘို့မြစ်တား

၁၆ သင်သည်လည်း ဤလူမျိုးအဘို့ ပဌနာမပြုနှင့်။ သူတို့အဘို့ အော်ဟစ်ခြင်း၊ ဆုတောင်းခြင်းကို မပြုနှင့်။ [D] ငါ့ကို မသွေးဆောင်နှင့်။ သင်၏စကားကို ငါနားမထောင်။ ၁၇ သူတို့သည် ယုဒမြို့များ၊ ယေရုရှလင်လမ်း များတို့၌ ပြုကြသောအမှုကို မမြင်သလော။ ၁၈ ငါ့ကို နှောင့်ရှက်မည်အကြံနှင့်၊ ကောင်းကင် မိဖုရားအဘို့ မုန့်ပြားတို့ကိုလုပ်၍၊ အခြားတပါးသော ဘုရားတို့ရှေ့မှာ သွန်းလောင်းရာ ပူဇော်သက္ကာကို ပြုခြင်းငှါ၊ သားတို့သည် ထင်းခွေကြ၏။ အဘတို့သည် မီးထည့်ကြ၏။ မိန်းမတို့သည် မုန့်နယ်ကြ၏။ ၁၉ ထိုသို့ပြု၍ ငါ့ကိုနှောင့်ရှက်ကြသလော။ မိမိတို့မျက်နှာကို ဖျက်မည်အကြောင်း၊ မိမိတို့ကိုယ်ကိုသာ နှောင့်ရှက်ကြသည် မဟုတ်လောဟု ထာဝရဘုရားမိန့်တော်မူ၏။ ၂၀ သို့ဖြစ်၍၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤအရပ်၌ ရှိသောလူ၊ တိရစ္ဆာန်၊ သစ်ပင်၊ မြေအသီးအနှံအပေါ်မှာ ငါသည် ဒေါသအမျက်မီးကို သွန်းလောင်း၍၊ ထိုမီးသည် မငြိမ်းဘဲ လောင်လိမ့်မည်။


ယဇ်ပူဇော်ဘို့မဟုတ် စကားနားထောင်ဘို့မှာထား
CROSS REFERENCES






၂၁ ဣသရေလ အမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့မီးရှို့ရာယဇ်များကို အခြားသော ယဇ်များနှင့်အတူ ထား၍၊ အမဲသားကို စားကြလော့။ ၂၂ အကြောင်းမူကား၊ သင်တို့ ဘိုးဘေးများကို အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သောအခါ၊ မီးရှို့ရာယဇ် အစရှိသော ယဇ်များအတွက် သူတို့ကို ငါမှာထားသည်မဟုတ်။ [E] ၂၃ ငါမှာထားသော အရာဟူမူကား၊ ငါ့စကားကို နားထောင်ကြလော့။ သို့ပြုလျှင်၊ ငါသည် သင်တို့၏ ဘုရားသခင် ဖြစ်မည်။ [F] သင်တို့သည်လည်း ငါ၏လူမျိုး ဖြစ်ကြလိမ့်မည်။ သင်တို့သည် ကိုယ်အကျိုးကို စောင့်လိုသောငှါ၊ ငါစီရင်သမျှသော တရားလမ်းသို့လိုက်ရကြမည်ဟု မှာထား၏။


နားမထောင်၊ နှလုံးခိုင်မာ၊ ကျောခိုင်း

၂၄ သို့ရာတွင်၊ သူတို့သည်နားမထောင်၊ နားကိုမလှည့်ဘဲဆိုးညစ်သောနှလုံးခိုင်မာသည်နှင့်အညီကျင့်ကြံပြုမူ၍မျက်နှာမပြု၊ ကျောခိုင်းလျက်နေကြ၏။ ၂၅ သင်တို့အဘများသည် အဲဂုတ္တုပြည်မှ ထွက်သွားသောနေ့မှစ၍ ယနေ့တိုင်အောင်၊ ငါသည်နေ့တိုင်း စောစောထ၍၊ ငါ၏​ကျွန် ပရောဖက်အပေါင်းတို့ကို သင်တို့ရှိရာသို့ အထပ်ထပ် စေလွှတ်သော်လည်း၊ ၂၆ သင်တို့သည် ငါ့စကားကိုနားမထောင်၊ မနာမယူဘဲနေ၍ မိမိတို့လည်ပင်းကို ခိုင်မာစေသဖြင့်၊ အဘများထက်သာ၍ ဆိုးသွမ်းကြ၏။ ၂၇ သင်သည် ဤစကားအလုံးစုံကို သူတို့အား ပြောသော်လည်း၊ သူတို့သည် နားမထောင်ကြ။ ခေါ်သော်လည်း မထူးကြ။ ၂၈ သို့ဖြစ်၍ သင်ကလည်း၊ ဤလူမျိုးသည် မိမိတို့ဘုရားသခင် ထာဝရဘုရား၏ စကားတော်ကို နားမထောင်၊ ဆုံးမ၍မနိုင်သော အမျိုးဖြစ်၏။ သစ္စာစကားကိုမပြော၊ သစ္စာပျက်သောအမျိုးဖြစ်သည်ဟု သူတို့အား ပြောဆိုရမည်။ ၂၉ သင်၏ သစ္စာဆံပင်ကိုရိတ်၍ ပစ်လိုက်လော့။ မြင့်သောအရပ်၌ မြည်တမ်းခြင်းကို ပြုလော့။ အကြောင်းမူကား၊ ထာဝရဘုရားသည် မိမိလူမျိုးကို ပယ်တော်မူပြီ။ အမျက်တော်သင့်ရောက်သော အမျိုးကို စွန့်ပစ်တော်မူပြီ။


တပြည်လုံး လူဆိတ်ညံရာအရပ် ဖြစ်လိမ့်မည်

၃၀ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယုဒအမျိုးသားတို့သည် ငါ့ရှေ့မှာ ဆိုးသောအမှုကို ပြုကြပြီ။ ငါ၏နာမဖြင့်သမုတ်သော အိမ်တော်ကို ညစ်ညူးစေခြင်းငှါ၊ ရွံရှာဘွယ်သော အရာတို့ကို သွင်းထားကြပြီ။ ၃၁ ငါမမှာထား၊ ငါအလျှင်းအလိုမရှိသော်လည်း၊ သူတို့သားသမီးများကို မီးရှို့ခြင်းငှါ ဟိန္နုံသား၏ချိုင့်၌ ရှိသော တောဖက်ကုန်းတို့ကို တည်ကြပြီ။ ၃၂ သို့ဖြစ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုချိုင့်ကို တောဖက်ချိုင့်ဟူ၍ မခေါ်၊ ဟိန္နုံသား၏ချိုင့်ဟူ၍မခေါ်၊ ကွပ်မျက်ရာချိုင့်ဟူ၍ ခေါ်ရသောအချိန်ကာလ ရောက်လိမ့်မည်။ တောဖက်၌ မြေလွတ်မရှိသည်တိုင်အောင် သင်္ဂြိုလ်ကြလိမ့်မည်။ ၃၃ ဤလူမျိုး အသေကောင်တို့သည် မိုးကောင်းကင်ငှက်နှင့် တောသားရဲစားစရာဘို့ ဖြစ်ကြလိမ့်မည်။ ထိုတိရစ္ဆာန်တို့ကို အဘယ်သူမျှ မမောင်းရ။ ၃၄ ယုဒမြို့များ၊ ယေရုရှလင်လမ်းများတို့၌ ဝမ်းမြောက်သောအသံ၊ ရွှင်လန်းသောအသံ၊ မင်္ဂလာဆောင် သတို့သားအသံနှင့် မင်္ဂလာဆောင်သတို့သမီး အသံကို ငါစဲစေမည်။ တပြည်လုံးသည် လူဆိတ်ညံရာအရပ် ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။

_________________________
Footnotes


(a) အဘယ်ကြောင့် ဣသရေလလူများက၊ ဤသည်ကား၊ ထာဝရဘုရား၏ ဗိမာန်တော်ဟုဆို ကြသနည်းဟူမူကား၊ ၃ ဓမ္မ ၉း၃ ၌ ထာ၀ရဘုရားက ရှောလမုန်ထံ၊ သင်သည် ငါ့ရှေ့မှာ ဆုတောင်းပဌနာပြုသောစကားကို ငါကြားပြီ။ သင်တည်ဆောက်သောဤ အိမ်ကိုငါသန့်ရှင်းစေ၍၊ ငါ့နာမကို အစဉ်တည်စေမည်။ အစဉ် ငါကြည့်ရှုလျက် နှလုံးစွဲလမ်းလျက်နေမည်ဟု ဆိုသောကြောင့် ဖြစ်သည်။ ပရောဖက်ယေရမိက၊ ယေရုရှလင်မြို့နှင့် ယုဒပြည်ကို ဗာဗုလုန်များက တိုက်ခိုက်သိမ်းပိုက်မည်ဟု ပြောသောအခါ၊ ဘုရားသခင်အနေဖြင့် သူ၏ဗိမာန်တော်ကို အဖျက်မခံ၊ စောင့်ရှောက်မည်ဟု ယူဆကြသည်။ ထိုသို့ဗိမာန်တော်ကိုစောင့်ရှောက်သော အခါ၊ သူတို့ကိုလည်း စောင့်ရှောက်မည်ဟု ယူဆကြသည်။ ဘုရားသခင်၏ စကားနားမထောင်ဘဲ၊ သူ၏ဗိမာန်တော်ကို အားကိုးကြ သည်။

_________________________
Footnotes


(b) ဧဖရိမ်သည် ဣသရေလကို ဆိုလိုခြင်းဖြစ်သည်။ ဣသရေလသည် မြောက်ဖက်နိုင်ငံဖြစ်၍ ရုပ်တုကိုသာ ကိုးကွယ်သော ကြောင့်၊ ဘုရားသခင်က အာရှုရိလက်ထဲတွင်ပေးကာ၊ သူတို့နိုင်ငံသို့ ခေါ်ဆောင်သွားခဲ့သည်။

_________________________
Footnotes


(c) မြန်မာကျမ်းစာအုပ်၌ "ရှိလောရွာ" ဟုတွေ့ရသည်။ မူရင်းကျမ်း၌ ရှိလောရွာဟုမတွေ့ရပါ။ "ရှိလော" ဟုသာလျှင်တွေ့ရသည်။




S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.