-
AA
+
🡀
|
🡂
ယေရမိ အနာဂတ္တိ
၄၂
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေရမိ အနာဂတ္တိ
အခန်းကြီး ၄၂


ကျန်ကြွင်းသောယုဒလူတို့ကယေရမိထံဆုတောင်းပေးခိုင်း

ထိုအခါကာရာသားဟောဟနန်၊ ဟောရှဲသားယေဇနိအစရှိသောတပ်မှူးရှိသမျှတို့နှင့်လူအကြီးအငယ်အပေါင်းတို့သည်၊ ပရောဖက်ယေရမိထံသို့ချဉ်းကပ်၍၊ အ​ကျွန်ုပ်တို့သည်အထက်ကများသော်လည်း၊ ယခုကိုယ်တော်မြင်သည်အတိုင်း အနည်းငယ်သာကျန်ကြွင်းပါသည်ဖြစ်၍၊ အ​ကျွန်ုပ်တို့အသနားတော်ခံသောစကားကိုမပယ်ပါနှင့်။ အ​ကျွန်ုပ်တို့သွားရသောလမ်းနှင့် ပြုရသောအမှုကို ကိုယ်တော်၏ဘုရားသခင်ထာဝရဘုရားသည်၊ အ​ကျွန်ုပ်တို့အား ပြတော်မူမည်အကြောင်း၊ ကျန်ကြွင်းသမျှသောသူ၊ အ​ကျွန်ုပ်တို့အဘို့ ကိုယ်တော်၏ဘုရားသခင် ထာဝရဘုရားထံတော်၌၊ ဆုတောင်းပါလော့၊ ဟုတောင်း ပန်ကြ၏။ ပရောဖက်ယေရမိကလည်း၊ ငါကြား၏။ သင်တို့ပြောသည်အတိုင်းသင်တို့၏ဘုရားသခင်ထာဝရဘုရားအားဆုတောင်းမည်။ ထာဝရဘုရားသည်သင်တို့အားမိန့်တော်မူသမျှတို့ကိုပြန်ပြောမည်။ အဘယ်အရာကိုမျှမထိမ်မဝှက်ဟုပြောဆို၏။ သူတို့ကလည်း၊ ကိုယ်တော်၏ဘုရားသခင်ထာဝရဘုရားသည်၊ ကိုယ်တော်အားဖြင့်အ​ကျွန်ုပ်တို့ကိုမှာထားတော်မူသမျှအတိုင်း၊ အ​ကျွန်ုပ်တို့သည်ပြုပါမည် ၊ ဟုထာဝရဘုရားသည်အ​ကျွန်ုပ်တို့၌ မှန်ကန်၍၊ သစ္စာစောင့်သောသက်သေဖြစ်တော်မူစေသတည်း။ အ​ကျွန်ုပ်တို့သည်အ​ကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၏အမိန့်တော်ကိုနားထောင်သောအခါ၊ ချမ်းသာရပါမည်အကြောင်း၊ အ​ကျွန်ုပ်တို့သည်၊ ကိုယ်တော်ကိုစေလွှတ်ရာအ​ကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၏အမိန့်တော်သည်ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ၊ နားထောင်ပါမည်ဟုယေရမိအားပြောဆိုကြ၏။


ယေရမိကကျန်ကြွင်းသောယုဒလူများအဲဂုတ္တုသို့မသွားဘို့ပြော

ထိုနောက်ဆယ်ရက်ကြာသောအခါ၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည်ယေရမိသို့ရောက်လျှင်၊ ယေရမိသည်ကာရာသား၊ ယောဟနန်မှစ၍၊ သူ၌ ပါသမျှသောတပ်မှူးတို့နှင့်လူအကြီးအငယ်အပေါင်းတို့ကိုခေါ်၍၊ သင်တို့သည်ငါ့ကိုစေလွှတ်၍အသနားတော်ခံသောဣသရေလအမျိုး၏ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ၁၀ အကယ်စင်စစ်သင်တို့သည်ဤပြည်၌ နေလျှင်၊ ငါသည်သင်တို့ကိုမဖြိုမဖျက်၊ တည်ဆောက်မည်။ သင်တို့ကိုမနှုတ်၊ စိုက်မည်။ ငါသည်သင်တို့၌ ရောက်စေသောဘေးဒဏ်ကြောင့်နောင်တရ၏။ ၁၁ သင်တို့ကြောက်တတ်သောဗာဗုလုန်ရှင်ဘုရင်ကိုမကြောက်ကြနှင့်။ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုရှင်ဘုရင်ကိုမကြောက်ကြနှင့်။ ငါသည်သင်တို့ကိုကယ်တင်၍၊ ထိုမင်းလက်မှနှုတ်ယူခြင်းငှါသင်တို့ဘက်၌ ရှိ၏။ ၁၂ သင်တို့ကိုငါကယ်မသနားသောအားဖြင့်၊ ထိုရှင်ဘုရင်သည်သင်တို့ကိုသနား၍၊ နေရင်းပြည်သို့ပြန် စေရလိမ့်မည်။


အဲဂုတ္တုပြည်သို့သွားလျှင်ပျက်စီးလိမ့်မည်

၁၃ သို့မဟုတ်၊ သင်တို့က၊ ငါတို့သည်ဤပြည်၌ မနေ၊ ငါတို့ဘုရားသခင်၏ထာဝရဘုရား၏အမိန့်တော်ကိုနားမထောင်ဘဲ၊ ၁၄ စစ်မှုကိုမတွေ့မမြင်၊ တံပိုးမှုတ်သံကိုမကြား၊ မငတ်မမွတ်ရာအရပ်၊ အဲဂုတ္တုပြည်ကိုသွား၍နေမည်ဟုဆိုလျှင်၊ ၁၅ ကျန်ကြွင်းသောယုဒအမျိုးသားတို့၊ ထာဝရဘုရား၏အမိန့်တော်ကိုကြားကြလော့။ ဣသရေလအမျိုး၏ဘုရား သခင်၊ ကောင်းကင်ဗိုလ်​ခြေအရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့သည်အဲဂုတ္တုပြည်သို့သွားခြင်းငှါ၊ ကျပ်ကျပ်မျက်နှာ ပြုလျက်၊ ထိုပြည်သို့အမှန်သွား၍တည်းခိုလျှင်၊ ၁၆ သင်တို့ကြောက်သောဓါးဘေးသည်အဲဂုတ္တုပြည်၌ သင်တို့ကိုမှီလိမ့်မည်။ သင်တို့ကြောက်သောမွတ်သိပ်ခြင်းဘေးသည်လည်း၊ အဲဂုတ္တုပြည်၌ သင်တို့ကိုကျပ်ကျပ်လိုက်၍၊ ထိုပြည်၌ သင်တို့သည်သေကြလိမ့်မည်။ ၁၇ အဲဂုတ္တုပြည်သို့သွား၍တည်းခိုခြင်းငှါမျက်နှာပြုသောသူအပေါင်းတို့သည်ဓါးဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးဖြင့်သေကြလိမ့်မည်။ သူတို့အပေါ်သို့ငါရောက်စေသောဘေးဒဏ်နှင့်တယောက်မျှမလွတ်ရ။ ကျန်ကြွင်းသောသူတယောက်မျှမရှိရ။ ၁၈ ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်​ခြေအရှင်ထာဝရဘုရားအမိန့်တော်မူသည်ကား၊ ယေရုရှလင်မြို့သားတို့အပေါ်သို့ငါ့အမျက်အရှိန်ကိုငါသွန်းလောင်းသည်နည်းတူ၊ သင်တို့သည်အဲဂုတ္တုပြည်သို့ဝင်သောအခါ၊ သင်တို့ အပေါ်သို့သွန်းလောင်းသဖြင့်၊ သင်တို့သည်ဆဲရေးခြင်း၊ အံ့ဩခြင်း၊ ကျိန်ခြင်း၊ ကဲ့ရဲ့ခြင်းကိုခံဘို့ရာဖြစ်ကြလိမ့်မည်။ ဤအရပ်ကိုနောက်တဖန်မမြင်ရ။ ၁၉ ကျန်ကြွင်းသောယုဒအမျိုးသားတို့၊ အဲဂုတ္တုပြည်သို့မသွားကြနှင့်ဟုသင်တို့အားထာဝရဘုရားအမိန့်တော်ရှိ၏။ ငါသည်သင်တို့ကိုယနေ့သက်သေခံကြောင်းကိုသိမှတ်ကြလော့။ ၂၀ အကယ်စင်စစ်သင်တို့က၊ အ​ကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရားအားအ​ကျွန်ုပ်တို့အဘို့ဆုတောင်းပါလော့။ အ​ကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသမျှတို့ကိုကြားပြောပါလော့။ အ​ကျွန်ုပ်တို့သည်နားထောင်ပါမည်ဟုဆို၍၊ ငါ့ကိုသင်တို့၏ဘုရားသခင်ထာဝရဘုရားထံတော်သို့စေလွှတ်သောအခါ၊ ကိုယ်စိတ်ကိုကိုယ်လှည့်စားကြပြီ။ ၂၁ ငါသည်သင်တို့အားယနေ့ကြားပြော၏။ သင်တို့မူကား၊ သင်တို့ဘုရား သခင်ထာဝရဘုရား၏အမိန့်တော်ကို၎င်း၊ ငါ့အားဖြင့်မှာလိုက်တော်မူသမျှတို့ကို၎င်း၊ နားမထောင်ဘဲနေကြ၏။ ၂၂ ထိုကြောင့်သင်တို့သည်သွား၍၊ တည်းခိုချင်သောအရပ်၌ ၊ ဓါးဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးတို့ဖြင့်သေကြလိမ့်မည် အကြောင်းကိုအမှန်သိမှတ်ကြလော့ဟုယေရမိသည်ပြန်ပြောလေ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.