-
AA
+
🡀
|
🡂
ဧဇရမှတ်စာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး
၁၀





ဧဇရမှတ်စာ
အခန်းကြီး ၈


ဧဇရနှင့်ပြန်လာသောသူများ
CROSS REFERENCES






အာတဇေရဇ် မင်းကြီးလက်ထက်၌ ၊ ငါနှင့်အတူ ဗာဗုလုန်မြို့မှ ထွက်သွားသောသူ အဆွေအမျိုး သူကြီးတို့၏ သားစဉ်မြေး ဆက်စာရင်းဟူမူကား။ ဖိနဟတ်အမျိုး ဂေရရှုံ၊ ဣသမာအမျိုး ဒံယေလ၊ ဒါဝိဒ်အမျိုး ဟတ္တုတ်၊ ရှေခနိအမျိုး ဖာရုတ်အနွယ်ထဲက ဇာခရိနှင့် စာရင်းဝင်သူ ယောက်ျားပေါင်း တရာငါးကျိပ်။ ပါဟတ်မောဘအမျိုး၊ ဇေရာယသား ဧလျောနဲနှင့် ယောက်ျားပေါင်း နှစ်ရာ၊ ရှေခနိအမျိုး ယဟာဇေလသားနှင့် ယောက်ျားပေါင်း သုံးရာ၊ အာဒိန်အမျိုး ယောနသန်သား ဧဗက်နှင့် ယောက်ျားပေါင်း ငါးကျိပ်၊ ဧလံအမျိုး၊ အာသလိသား ယေရှာယနှင့် ယောက်ျားပေါင်း ခုနစ်ကျိပ်၊ ရှေဖတိအမျိုး မိက္ခေလ [A] အသား ဇေဗဒိနှင့် ယောကျ်ားပေါင်း ရှစ်ကျိပ်၊ ယွာဘအမျိုး ယေဟေလသား ဩဗဒိနှင့် ယောက်ျားပေါင်း နှစ်ရာ တကျိပ်ရှစ်ယောက်၊ ၁၀ ရှေလောမိတ်အမျိုး ယောသိဖိသားနှင့် ယောက်ျားပေါင်း တရာ​ခြောက်ကျိပ်၊ ၁၁ ဗေဗဲအမျိုး၊ ဗေဗဲသား ဇာခရိနှင့် ယောက်ျားပေါင်း နှစ်ကျိပ်ရှစ်ယောက်၊ ၁၂ အာဇဂဒ်အမျိုး၊ ဟက္ကတန်သား ယောဟနန်နှင့် ယောက်ျားပေါင်း တရာတကျိပ်၊ ၁၃ အဒေါနိကံ အမျိုးသားတို့တွင်၊ နောက်ကျသောသူ၊ ဧလိဖလက်၊ ယေယေလ၊ ရှေမာယနှင့် ယောက်ျားပေါင်း ​ခြောက်ကျိပ်၊ ၁၄ ဗိဂဝဲအမျိုးသားဥသဲ၊ ဇဗ္ဗုဒ်နှင့် ယောက်ျားပေါင်း ခုနစ်ကျိပ်တည်း။


ဧဇရတို့အဟာဝမြစ်နားမှာ သုံးရက်စုဝေးကြ

၁၅ ထိုလူများတို့ကို အဟာဝမြို့သို စီးသော မြစ်နားမှာ ငါစုဝေးစေ၍ သုံးရက်ပတ်လုံးတဲ၌ နေကြ၏။ လူများနှင့် ယဇ်ပုရောဟိတ် များတို့ကို ငါစစ်ဆေး၍၊ လေဝိသား တယောက်ကိုမျှ မတွေ့သောအခါ၊ ၁၆ လူကြီးဧလျေဇာ၊ အရေလ၊ ရှေမာယ၊ နာသန်၊ ဇာခရိ၊ မေရှုလံ၊ ပညာရှိယာရိပ်၊ ဧလနာသန်တို့ကို ခေါ်၍၊ ၁၇ ကသိဖိမြို့သူကြီး ဣဒေါထံသို့ မှာစာနှင့် စေလွှတ်လျက်၊ ဣဒေါနှင့် ကသိဖိမြို့မှာ နေသောသူ၏ ညီအစ်ကို ဘုရား​ကျွန်တို့သည်၊ ငါတို့ဘုရားသခင့် အိမ်တော် အမှုစောင့်များကို ပေးစေခြင်းငှါ၊ သူတို့အား အဘယ်သို့ ပြောဆိုရမည်ကို ငါမှာလိုက်၏။ ၁၈ ထိုသူတို့သည် ငါတို့၏ ဘုရားသခင့် တန်ခိုးကျေးဇူးတော်ကြောင့်၊ ဣသရေလသား လေဝိ၏သား မဟာလိအမျိုးသား၊ ပညာရှိတယောက်၊ ရှေရဘိနှင့် သူ၏ပေါက်ဖေါ် တကျိပ်ရှစ်ယောက်၊ ၁၉ ဟာရှဘဲနှင့် မေရာရိ အမျိုးယေရှာယနှင့် သူ၏ ပေါက်ဖေါ်နှစ်ကျိပ်၊ ၂၀ လေဝိသားတို့အမှုကို ဆောင်ရွက်စေခြင်းငှါ၊ ဒါဝိဒ်နှင့် မှူးတော်မတ်တော် ခန့်ထားသော ဘုရားကျွန်များ၊ စာရင်းဝင်သည်အတိုင်၊ နှစ်ရာ နှစ်ကျိပ်တို့ကို ခေါ်ခဲ့ကြ၏။


ဧဇရတို့ အစာရှောင် ဆုတောင်းကြ

၂၁ ထိုအခါ ဥစ္စာများမှစ၍ သူငယ်များနှင့်တကွ၊ ငါတို့သွားစရာ မှန်သောလမ်းကို ဘုရားသခင်၌ ရှာ၍ ရှေ့တော်၌ ခြိုးခြံစွာကျင့်ခြင်းငှါ၊ အဟာဝမြစ်နားတွင်၊ အစာရှောင်ရာအချိန်ကို ငါကြော်ငြာ၏။ ၂၂ အကြောင်းမူကား၊ ​ကျွန်တော်တို့ ဘုရားသခင်ကို ရှာသောသူ အပေါင်းတို့သည် တန်ခိုး ကျေးဇူးတော်ကို ခံရကြလိမ့်မည်။ ကိုယ်တော်ကို စွန့်သောသူ အပေါင်းတို့ကို၊ တန်ခိုးတော်ဆီး တား၍ အမျက်တော် သက်ရောက်လိမ့်မည်၊ ဟုငါတို့သည် ရှင်ဘုရင်အား လျှောက်ထားသောကြောင့်၊ လမ်းတွင် ရန်သူလက်နှင့် လွတ်ခြင်းငှါ လိုက်၍ ပို့ရသောစစ်သူရဲ၊ မြင်းစီးသူရဲ တတပ်ကို ရှင်ဘုရင်၌ မတောင်းဝံ့၊ ရှက်ကြ၏။ ၂၃ ထိုအမှုကြောင့်၊ ငါတို့သည် အစာရှောင်၍၊ ငါတို့ဘုရားသခင်ကို ဆုတောင်းလျက် နေကြ၏။ ဘုရားသခင်လည်း နားထောင်တော်မူ၏။


ယဇ်ပုရောဟိတ်များထံရွှေငွေများအပ်

၂၄ ထိုအခါ ယဇ်ပုရောဟိတ် အကြီးတကျိပ်နှစ်ပါး၊ ရှေရဘိ၊ ဟာရှဘိနှင့် သူတို့ညီအစ်ကို တစ်ကျိပ်ကို ငါရွေးထားပြီးလျှင်၊ ၂၅ ရှင်ဘုရင်မှစ၍ အတွင်းဝန်၊ မှူးတော်မတ်တော်၊ စည်းဝေးသော ဣသရေလ အမျိုးသား အပေါင်းတို့သည်၊ ငါတို့၏ ဘုရားသခင့် အိမ်တော်အဘို့ လှူသောပူဇော်သက္ကာ၊ ရွှေ၊ ငွေ၊ တန်ဆာတည်းဟူသော၊ ၂၆ ငွေအခွက် ခြောက်ထောင်ငါးပိဿာ၊ ငွေတန်ဆာ အခွက်တထောင်၊ ရွှေအခွက်တထောင်၊ ၂၇ ရွှေဒင်္ဂါးတထောင် အချိန်ရှိသော ရွှေအင်တုံနှစ်ဆယ်၊ ရွှေနှင့်အမျှမြတ် သောရွှေ​ကြေးဝါစစ် ဖလားနှစ်လုံးတို့ကို ငါချိန်၍ အပ်လျက်၊ ၂၈ သင်တို့သည် ထာဝရဘုရားအဘို့ သန့်ရှင်းကြ၏။ ဤတန်ဆာ တို့သည်လည်း သန့်ရှင်းသော တန်ဆာဖြစ်ကြ၏။ ဤငွေနှင့် ဤရွှေသည်လည်း၊ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားအား ကြည်ညိုသောစိတ်နှင့် လှူသော ရွှေငွေဖြစ်၏။ ၂၉ ယေရုရှလင်မြို့၊ ထာဝရဘုရား၏ အိမ်တော်အခန်းတို့တွင် ယဇ်ပုရောဟိတ် အကြီး၊ လေဝိသား၊ ဣသရေလ အဆွေအမျိုး သူကြီးတို့ရှေ့မှာ မချိန်မှီတိုင်အောင် ကြည့်ရှု စောင့်ရှောက်ကြလော့၊ ဟုမှာထား၏။ ၃၀ ထိုသို့ချိန်သောရွှေ၊ ငွေတန်ဆာတို့ကို ယေရုရှလင်မြို့၊ ငါတို့၏ ဘုရားသခင် အိမ်တော်သို့ ပို့ဆောင်ခြင်းငှါ၊ ယဇ်ပုရောဟိတ်နှင့် လေဝိသားတို့သည် ခံယူကြ၏။


လမ်းတွင် ဘေးကင်းလုံခြုံ

၃၁ ပဌမလ တဆယ်နှစ်ရက်နေ့တွင်၊ ငါတို့သည် အဟာဝမြစ်မှ ထွက်၍၊ ယေရုရှလင်မြို့သို့ ခရီးသွားကြ၏။ လမ်းနား၌ ချောင်း၍ နေသော ရန်သူလက်မှ၊ ငါတို့၏ ဘုရားသခင့် တန်ခိုးတော်ကြောင့် လွတ်လျက်၊ ၃၂ ယေရုရှလင်မြို့သို့ ရောက်၍ သုံးရက်နေကြ၏။


ဘုရားထံပူဇော်ကြ

၃၃ စတုတ္ထနေ့တွင် ငါတို့ ဘုရားသခင်၏ အိမ်တော်၌ ၊ ဖိနဟတ်သား ဧလာဇာနှင့် လေဝိအမျိုး ယောရှုသား၊ ယောဇဗဒ်၊ ဗိနွိသား နောဒိတို့သည် ဝိုင်း၍ ကြည့်ရှုလျက်၊ ၃၄ ဥရိသား ယဇ်ပုရောဟိတ် မေရမုတ်သည် ထိုရွှေငွေတန်ဆာ ရှိသမျှတို့ကို ရေတွက်ချိန် တွယ်၍၊ တနေ့ခြင်းတွင် အချိန်ပေါင်းကို မှတ်သားလေ၏။ ၃၅ သိမ်းသွားခြင်းကို ခံရသော လူစုထဲက ထွက်လာသော သူတို့သည်လည်း၊ ဣသရေလ အမျိုးများတို့အဘို့ နွားတဆယ်နှစ်ကောင်၊ သိုးထီးကိုးဆယ်​ခြောက်ကောင်၊ သိုးသငယ် ခုနစ်ဆယ်ခုနစ်ကောင်၊ အပြစ်​ဖြေရာယဇ်ဘို့ ဆိတ်တဆယ် နှစ်ကောင်တို့ကို၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားအား၊ မီးရှို့ရာယဇ်ကို ပူဇော်ကြ၏။ ၃၆ ရှင်ဘုရင် အမိန့်တော် အမှာတော်တို့ကို ကိုယ်စားတော်မင်း၊ မြစ်အနောက်ဘက် မြို့ဝန်တို့၌ အပ်၍၊ သူတို့သည် ဣသရေလ အမျိုးနှင့် ဘုရားသခင့် အိမ်တော်ကို ပြုစုကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.