-
AA
+
🡀
|
🡂
ဧဇရမှတ်စာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး
၁၀





ဧဇရမှတ်စာ
အခန်းကြီး ၃


ပြန်လာသူများ ယဇ်ပလ္လင်တည်၍ ယဇ်ပူဇော်ကြ
CROSS REFERENCES






သတ္တမလရောက်မှ မြို့ရွာအရပ်ရပ်၌ နေသော ဣသရေလ အမျိုးသား လူအပေါင်းတို့သည် ယေရုရှလင်မြို့သို့ တညီတညွတ်တည်း လာ၍ စုဝေးကြ၏။ ထိုအခါ ယောဇဒက်သား ယောရှုနှင့် သူ၏ညီအစ်ကို ယဇ်ပုရောဟိတ်များ၊ ရှာသေလသား ဇေရုဗဗေလနှင့် သူ၏ညီအစ်ကိုများတို့သည် ထ၍ ဘုရားသခင်၏လူ [A] မောရှေရေးထားသော ပညတ္တိကျမ်းစာ၌ ပါသည်အတိုင်း၊ မီးရှို့ရာယဇ်တို့ကို ပူဇော်လိုသောငှါ၊ ဣသရေလ အမျိုး၏ ဘုရားသခင့် ယဇ်ပလ္လင်ကို တည်ကြ၏။ ထိုပြည်အရပ်ရပ်၌ နေသောသူတို့ကို ကြောက်သော်လည်း၊ ယဇ်ပလ္လင်ကို သူ၏အုတ်မြစ် အပေါ်မှာ တည်ထား၍၊ နံနက်ညဦးမပြတ် မီးရှို့ရာယဇ်တို့ကို ထာဝရဘုရား အားပူဇော်ကြ၏။ ကျမ်းစာလာသည် အတိုင်း၊ သကေနေပွဲကိုလည်းခံ၍ တရားနှင့်အညီ နေ့တိုင်းပြုသင့်သော ဝတ်ကိုပြုလျက်၊ နေ့တိုင်း မီးရှို့ရာယဇ်တို့ကို အရေအတွက်နှင့် ပူဇော်ကြ၏။ ထိုနောက်မှ အမြဲပူဇော်ရသောယဇ်၊ လဆန်းနေ့၌၎င်း၊ ထာဝရဘုရားအဘို့ သန့်ရှင်းစေသော ဓမ္မပွဲနေ့၌ ၎င်း၊ ပူဇော်ရသောယဇ်၊ ထာဝရဘုရားအား အလိုလို ပူဇော်သက္ကာကို ဆောင်ခဲ့သော သူအသီးအသီးအဘို့ ပူဇော်ရသော ယဇ်တို့ကို ပူဇော်လျက်နေကြ၏။ ဗိမာန်တော် တိုက်မြစ်ကို မချသေးသော်လည်း၊ သတ္တမလ တရက်နေ့မှစ၍ မီးရှို့ရာယဇ်တို့ကို ထာဝရဘုရားအား ပူဇော်ကြ၏။ ပန်းရန်သမားနှင့် လက်သမားတို့အားလည်း ငွေကို ပေးကြ၏။ ပေရသိရှင်ဘုရင် ကုရုအခွင့် ပေးတော်မူသည်အတိုင်း၊ အာရဇ်သစ်သားကို လေဗနုန်တောင်မှ ယုပ္ပေဆိပ်သို့ ဆောင်စေခြင်းငှါ၊ ဇိဒုန်မြို့သားနှင့် တုရုမြို့သားတို့အား၊ စားစရိတ်နှင့် ဆီများကို ပေးကြ၏။


ဗိမာန်တော်ဆောက်ဘို့ နှိုးဆော်ကြ

ယေရုရှလင်မြို့ ဗိမာန်တော်သို့ ရောက်သော ဒုတိယနှစ်၊ ဒုတိယလတွင် ရှာလသေလသား ဇေရုဗဗေလ၊ ယောဇဒတ်သား ယောရှု၊ ကျန်ကြွင်းသော ညီအစ်ကို၊ ယဇ်ပုရောဟိတ်၊ လေဝိသားများ၊ အချုပ်ခံရသော လူစုထဲက ထွက်၍၊ ယေရုရှလင်မြို့သို့လာသော လူများအပေါင်းတို့သည် ထ၍၊ ဗိမာန်တော်တည် ဆောက်ခြင်းအမှုကို နှိုးဆော်စိမ့်သောငှါ လေဝိသားတို့ကို ခန့်ထားကြ၏။ ထိုအခါ ယုဒအမျိုး၊ ယောရှုနှင့်သူ၏သား ညီများ၊ ကပ်မျေလနှင့် သူ၏သားများ၊ လေဝိအမျိုး ဟေနဒဒ်သားများ၊ သူတို့သားနှင့် ညီများတို့သည်၊ ဗိမာန်တော်ကို တည်ဆောက် လုပ်ဆောင်သောသူတို့ကို နှိုးဆော်ခြင်းငှါ ထကြ၏။



ချီးမွမ်းသံငိုကြွေးသံရော

၁၀ လုပ်ဆောင်သောသူတို့သည် ထာဝရဘုရား၏ ဗိမာန်တော် တိုက်မြစ်ကို ချသောအခါ၊ ဣသရေလ ရှင်ဘုရင် ဒါဝိဒ်စီရင်သည်အတိုင်း၊ ထာဝရဘုရား၏ ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှါ၊ တံပိုးကိုကိုင်သော ယဇ်ပုရောဟိတ်များ၊ ခွက်ကွင်းကိုင်သော လေဝိအမျိုး၊ အာသပ်သားများတို့ကို ခန့်ထားကြ၏။ ၁၁ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၏။ ဣသရေလ အမျိုး၌ ပြတော်မူသော ကရုဏာတော် အစဉ်အမြဲတည်ပါသည် ဟူ၍ ဂုဏ်တော်ကို ချီးမွမ်းလျက်၊ ကျေးဇူးတော်ကို ဝန်ခံလျက်၊ အသံပြိုင်၍ အလှည့်လှည့် သီချင်း ဆိုကြ၏။ ဗိမာန်တော် တိုက်မြစ်ကို ချရသောကြောင့်၊ လူအပေါင်းတို့သည် ထာဝရဘုရား၏ ဂုဏ်တော်ကို ချီးမွမ်းလျက်၊ ကြီးသောအသံနှင့် ကြွေးကြော်ကြ၏။ ၁၂ သို့ရာတွင် အသက်ကြီး၍ အရင်ဗိမာန်တော်ကို မြင်ဘူးသော ယဇ်ပုရောဟိတ်၊ လေဝိသား၊ အဆွေအမျိုး သူကြီးအများတို့သည်၊ နောက်ဗိမာန်တော် တိုက်မြစ်ကျလျက် ရှိသည်ကို မြင်သောအခါ၊ ကြီးစွာသောအသံနှင့် ငိုကြွေးကြ၏။ လူအများတို့သည်လည်း ဝမ်းမြောက်သော စိတ်နှင့် ကြွေးကြော်ကြ၏။ ၁၃ ထိုသို့ပြုသော ကြွေးကြော်သံနှင့် ငိုကြွေးသံကို ကြားသောသူတို့သည် ပိုင်းခြား၍ မသိနိုင်ကြ။ လူများတို့သည် ကြီးစွာသောအသံနှင့် ကြွေးကြော်သောကြောင့်၊ ဝေးသောအရပ်၌ ကြားရလေ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.