-
AA
+
🡀
|
🡂
၂ ရာဇဝင်ချုပ်
၃၀
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၂ ရာဇဝင်ချုပ်
အခန်းကြီး ၃၀


ဟေဇကိမင်း ဦးဆောင်၍ ဒုတိယလတွင် ပသခါပွဲကျင်းပ
CROSS REFERENCES






တဖန် ဧဖရိမ်အမျိုး၊ မနာရှေအမျိုးနှင့်တကွ ဣသရေလအမျိုး၊ ယုဒအမျိုးသား အပေါင်းတို့သည် ယေရုရှလင်မြို့၊ ဗိမာန်တော်သို့ လာ၍၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရားအား၊ ပသခါပွဲ [A] ကိုခံစေခြင်းငှါ၊ ဟေဇကိသည် စာရေး၍ ပေးလိုက်လေ၏။ ဒုတိယလတွင်၊ ပသခါပွဲကို ခံခြင်းငှါ ရှင်ဘုရင်သည် တိုင်ပင်၍၊ မှူးတော်မတ်တော်တို့နှင့် ယေရုရှလင်မြို့၌ စည်းဝေးသော သူအပေါင်းတို့သည် စီရင်ကြပြီ။ ယဇ်ပုရောဟိတ် တို့သည် အမှုတော်ကို ဆောင်ရွက်နိုင်မည်အကြောင်း၊ ကိုယ်ကိုသန့်ရှင်စွာ မပြုကြသေး။ ပြည်သူ ပြည်သားတို့သည် ယေရုရှလင်မြို့၌ မစည်းဝေးသောကြောင့် လွန်ခဲ့သော လတွင် ထိုပွဲကိုမခံနိုင်ကြ။ ရှင်ဘုရင်နှင့် စည်းဝေးသော သူအပေါင်းတို့သည် ထိုအမှုကို နှစ်သက်သောကြောင့်၎င်း၊ ကျမ်းစာ၌ လာသည်အတိုင်း၊ ကြာမြင့်စွာသော ကာလပတ်လုံး၊ ပသခါပွဲကို မခံသောကြောင့်၎င်း၊ အရပ်ရပ်တို့က လာ၍၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရာအား၊ ယေရုရှလင်မြို့၌ ပသခါပွဲကို ခံစေခြင်းငှါ၊ ဣသရေလ ပြည်တရှောက်လုံး၊ ဗေရရှေဘမြို့မှစ၍ ဒန်မြို့တိုင်အောင် ကြော်ငြာစေမည် အကြောင်း အမိန့်တော်နှင့် စီရင်ကြ၏။


ရှင်ဘုရင်ပေးလိုက်သောစာ

ရှင်ဘုရင်နှင့် မှူးမတ်တို့ ပေးလိုက်သော စာကို စာပို့လုလင်တို့သည် ယူ၍၊ အမိန့်တော်အတိုင်း ဣသရေလပြည်နှင့် ယုဒပြည် တရှောက်လုံးသို့ ပြေးကြ၏။ စာ၌ ပါသော စကားဟူမူကား၊ အိုဣသရေလ အမျိုးသားတို့၊ အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့၏ ဘုရား သခင် ထာဝရဘုရား ထံတော်သို့ ပြန်လာကြလော့။ အာရှုရိ ရှင်ဘုရင်တို့လက်မှ လွတ်၍၊ ကျန်ကြွင်းသေးသော သူတို့ရှိရာသို့ ပြန်လာတော်မူမည်။ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကို ပြစ်မှားသော သင်တို့၏အဘများ၊ ညီအစ်ကိုများကဲ့ သို့မပြုကြနှင့်။ ပြစ်မှားသော ထိုသူတို့ကို သင်တို့မြင်သည် အတိုင်း၊ သုတ်သင် ပယ်ရှင်းခြင်းသို့ အပ်တော်မူပြီ။ သင်တို့အဘများကဲ့သို့ ခိုင်မာ သောသဘော မရှိကြနှင့်။ ထာဝရဘုရား၌ ကိုယ်ကို အပ်နှံကြလော့။ အစဉ်သန့်ရှင်း စေတော်မူသော သန့်ရှင်းရာဌာနသို့ လာကြလော့။ ပြင်းစွာသော အမျက်တော်သည် သင်တို့မှ လွှဲသွားမည်အကြောင်း၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရား၏ အမှုတော်ကို စောင့်ကြလော့။ သင်တို့သည် ထာဝရဘုရား ထံတော်သို့ ပြန်လာလျှင်၊ သင်တို့၏ ညီအစ်ကို သားသမီးတို့သည် သိမ်းသွားသော သူတို့ထံမှာ၊ ကရုဏာစိတ်နှင့် ပြည့်စုံ၍၊ ဤပြည်သို့ တဖန်ပြန်လာ ကြလိမ့်မည်။ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် ကျေးဇူးပြုချင်သော သဘော၊ သနားတတ်သော သဘောရှိသောကြောင့်၊ သင်တို့သည် အထံတော်သို့ ပြန်လာလျှင်၊ မျက်နှာတော်ကို သင်တို့မှ လွှဲတော်မမူဟု စာ၌ ပါသတည်း။


ပြယ်ယယ် ပြုသူရှိ နှိမ့်ချသောသူများရှိ

၁၀ စာပို့လုလင်တို့သည် ဧဖရိမ်ခရိုင်၊ မနာရှေခရိုင် တရှောက်လုံး ဇာဗုလုန်ခရိုင် တိုင်အောင် တမြို့မှ တမြို့သို့ ပြေးကြ၏။ ပြည်သားတို့သည် ပြက်ယယ်ပြု၍ ကဲ့ရဲ့ကြ၏။ ၁၁ သို့ရာတွင် အာရှာခရိုင်သား၊ မနာရှေ ခရိုင်သား၊ ဇာဗုလုန် ခရိုင်သား အချို့တို့ သည် ကိုယ်ကိုနှိမ့်ချ၍ ယေရုရှလင်မြို့သို့ လာကြ၏။ ၁၂ ယုဒပြည်သားတို့သည် ထာဝရဘုရား အမိန့်တော်အတိုင်း၊ ရှင်ဘုရင်နှင့် မှူးမတ်တို့ စီရင်သည်အတိုင်း၊ တညီတညွတ်တည်း ပြုချင်သော စေတနာစိတ်ကို၊ ဘုရားသခင် တန်ခိုးတော်ကြောင့် ရကြ၏။ ၁၃ ဒုတိယလတွင် အဇုမပွဲကို ခံလိုသောငှါ၊ များစွာသော လူတို့သည် ယေရုရှလင်မြို့၌ စည်းဝေးကြ၍၊ အလွန်ကြီးသော ပရိသတ်ဖြစ်လေ၏။


CROSS REFERENCES






၁၄ သူတို့သည် ထ၍၊ ယေရုရှလင်မြို့၌ ရှိသော ယဇ်ပလ္လင်တို့ကို၎င်း၊ နံ့သာပေါင်း မီးရှို့ရာယဇ် ပလ္လင်ရှိသမျှတို့ကို၎င်း၊ ပယ်ရှင်း၍၊ ဧဒုံချောင်းထဲသို့ ပစ်ချကြ၏။ ၁၅ ဒုတိယလ တဆယ်လေးရက်နေ့တွင်၊ ပသခါ သိုးငယ်တို့ကို သတ်ကြ၏။ ယဇ်ပုရောဟိတ်၊ လေဝိသားတို့သည် သတိရ၍ ကိုယ်ကို သန့်ရှင်းစေလျက်၊ မီးရှို့ရာယဇ်တို့ကို ဗိမာန်တော်ထဲသို့ သွင်းကြ၏။ ၁၆ ဘုရားသခင်၏လူ [B]မောရှေ ပညတ်တရား၌ စီရင်သော ထုံးစံအတိုင်း၊ မိမိတို့နေရာ၌ ရပ်နေလျက်၊ ယဇ်ပုရောဟိတ်တို့သည် လေဝိသားတို့လက်မှ အသွေးကိုယူ၍ ဖြန်းကြ၏။ ၁၇ မသန့်ရှင်းသော သူအများတို့သည် ပရိသတ်၌ ပါသောကြောင့်၊ ထိုမသန့်ရှင်းသော သူရှိသမျှတို့ကို၊ ထာဝရဘုရား အဘို့ သန့်ရှင်းစေခြင်းငှါ၊ ပသခါ သိုးငယ် သတ်ခြင်းအမှုကို၊ လေဝိသားတို့သည် စောင့်ရကြ၏။၁၈ များစွာသောလူ တည်းဟူသော၊ ဧဖရိမ်အမျိုး၊ မနာရှေအမျိုး၊ ဣသခါအမျိုး၊ ဇာဗုလုန် အမျိုးသား အများတို့သည် ကျမ်းစာ၌ ပါသော တရားသို့မလိုက် ကိုယ်ကို မသန့်ရှင်းစေဘဲ၊ ပသခါသိုးသငယ်ကို စားကြ၏။ ၁၉ သို့ရာတွင်၊ ဟေဇကိက၊ သန့်ရှင်းရာ ဌာနထုံးစံအတိုင်း၊ သန့်ရှင်းခြင်း မရှိသော်လည်း၊ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကို ဆည်းကပ်ခြင်းငှါ၊ သဘောကျသော သူအပေါင်းတို့၏ အပြစ်ကို ကောင်းမြတ်သော ထာဝရဘုရားသည် လွှတ်တော်မူပါစေသော်ဟု ထိုသူတို့အဘို့ ဆုတောင်းသဖြင့်၊ ၂၀ ထာဝရဘုရားသည် ဟေဇကိစကားကို နားထောင်တော်မူ၍၊ လူများတို့ကို ချမ်းသာပေးတော်မူ၏။ ၂၁ ယေရုရှလင်မြို့၌ စည်းဝေးစေသော ဣသရေလ အမျိုးသားတို့သည် ခုနစ်ရက်ပတ်လုံး ရွှင်လန်းသော စိတ်နှင့်အဇုမပွဲကို ခံကြ၏။ ယဇ်ပုရောဟိတ် လေဝိသားတို့သည် အသံကျယ်သော တူရိယာမျိုးကို တီးမှုတ်လျက်၊ နေ့ညအပြတ်ထာဝရဘုရားအားထောမနာသီချင်းဆိုကြ၏။ ၂၂ ထာဝရဘုရား၏ တရားတော်မြတ်ကို သွန်သင်သော လေဝိသား အပေါင်းတို့ကို ဟေဇကိသည် အားပေးသော စကားနှင့် နှုတ်ဆက်သဖြင့်၊ သူတို့သည် ခုနစ်ရက်ပတ်လုံး ပွဲခံစဉ်အခါ၊ စားသောက်လျက် မိဿဟာယ ပူဇော်သက္ကာကို ပြုလျက်၊ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားအား တောင်းပန်လျက် နေကြ၏။ ၂၃ စည်းဝေးသော လူအပေါင်းတို့သည် ခုနစ်ရက်ထပ်၍ ပွဲခံခြင်းငှါ တိုင်ပင်ပြီးမှ၊ ရွှင်လန်းသောစိတ်နှင့် ခုနစ်ရက်ထပ်၍ ပွဲခံကြ၏။ ၂၄ ယုဒ ရှင်ဘုရင် ဟေဇကိသည် နွားတထောင်နှင့် သိုးတထောင်တို့ကို၎င်း၊ မှူးမတ်တို့သည် နွားတထောင်နှင့် သိုးတသောင်းကို၎င်း၊ စည်းဝေးသော သူတို့အား ပေးကြ၏။ များစွာသော ယဇ်ပုရောဟိတ်တို့သည် ကိုယ်ကို သန့်ရှင်းစေကြ၏။ ၂၅ ယဇ်ပုရောဟိတ်၊ လေဝိသားတို့နှင့်တကွ ယုဒပရိသတ်များ၊ ဣသရေလ ပြည်မှလာသော ပရိသတ်များ၊ ယုဒပြည်၌ နေသော တပါးအမျိုးသား၊ ဣသရေလ ပြည်မှလာသော တပါးအမျိုးသားတို့သည် ဝမ်းမြောက် ဝမ်းသာကြ၏။ ၂၆ ထိုသို့ ယေရုရှလင်မြို့၌ ကြီးစွာသော ဝမ်းမြောက်ခြင်းရှိ၏။ ဣသရေလ ရှင်ဘုရင် ဒါဝိဒ်သား ရှောလမုန် လက်ထက်မှသည်၊ နောက်တဖန် ယေရုရှလင်မြို့၌ ထိုမျှလောက် ကြီးစွာသော ဝမ်းမြောက်ခြင်းမရှိ။ ၂၇ ထိုအခါ ယဇ်ပုရောဟိတ်၊ လေဝိသားတို့သည် ထ၍ လူများတို့ကို ကောင်းကြီးပေးကြ၏။ သူတို့၏ စကားသံကို ဘုရားသခင် ကြားတော်မူ၏။ သန့်ရှင်းသော ကျိန်းဝပ်တော်မူရာ၊ ကောင်းကင်ဘုံသို့ ပဌနာစကား တက်လေ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.