-
AA
+
🡀
|
🡂
၂ ရာဇဝင်ချုပ်
၁၀
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၂ ရာဇဝင်ချုပ်
အခန်းကြီး ၁၀


ရောဗောင်မင်း အသက်ကြီးသူတို့၏ အကြံတောင်း

ဣသရေလ အမျိုးသား အပေါင်းတို့သည် ရောဗောင်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှါ ရှေခင်မြို့သို့ သွားကြ၏၊ သူသည်လည်း သွား၏။ ရှောလမုန်မင်းကြီးထံမှ၊ အဲဂုတ္တုပြည်သို့ ပြေးသော နေဗတ်၏သား ယေရောဗောင်သည်၊ ထိုသိတင်းကို ကြား၍ အဲဂုတ္တုပြည်မှ ပြန်လာ၏။ ဣသရေလ လူတို့သည် သူတို့ထံသို့ လူကိုစေလွှတ်၍ ခေါ်သဖြင့်၊ လူအပေါင်းတို့သည် သူနှင့်အတူ ရောဗောင်ထံသို့ ဝင်လျက်၊ ခမည်းတော်သည် ​ကျွန်တော်တို့၌ လေးသော ထမ်းပိုးကို တင်ပါပြီ။ ခမည်းတော်ထံမှာ ပင်ပန်းစွာ ဆောင်ရွက်ရ သောအမှု၊ တင်တော်မူသော ထမ်းပိုးလေးကို ပေါ့စေတော်မူပါ။ ထိုသို့ ပြုတော်မူလျှင်၊ ​ကျွန်တော်တို့သည် အမှုတော်ကို ထမ်းပါမည်၊ ဟုရှောက်ဆိုကြ၏။ ရောဗောင်ကလည်း၊ သုံးရက်လွန်မှ တဖန် လာကြဦးလော့၊ ဟုမိန့်တော်မူလျှင်၊ သူတို့သည် သွားကြ၏။ ထိုအခါ ရောဗောင် မင်းကြီးသည်ခ မည်းတော် ရှောလမုန် အသက်ရှင်စဉ်အခါ အထံတော်၌ ခစားသော အသက်ကြီးသူတို့နှင့် တိုင်ပင်၍၊ ဤသူတို့အား ငါပြန် ပြောရမည်အကြောင်း၊ အဘယ်သို့ အကြံပေး ကြမည်နည်း၊ ဟုမေးသော်၊ သူတို့က ကိုယ်တော်သည် ဤသူတို့၌ ကျေးဇူးပြုလျက်၊ သူတို့စိတ်ကိုဖြေ၍ ကောင်းသော စကားကို ပြောတော်မူလျှင်၊ သူတို့သည် အစဉ် ကိုယ်တော်၏ကျွန် ခံရပါလိမ့်မည်၊ ဟုလျှောက်ထားကြ၏။


ရောဗောင်မင်း သူငယ်ချင်းများထံ အကြံတောင်း

အသက်ကြီးသူတို့ ပေးသော အကြံကို ရောဗောင်သည် မလိုက်၊ ခစားမြဲခစားသော မိမိသူငယ်ချင်း တို့နှင့် တိုင်ပင်လျက်၊ ပြည်သားတို့က ခမည်းတော် တင်သော ထမ်းပိုးကို ပေါ့စေတော်မူပါ၊ ဟုလျှောက်ဆိုကြသည်ဖြစ်၍၊ သူတို့အား ငါပြန် ပြောရမည်အကြောင်း အဘယ်သို့ အကြံပေး ကြမည်နည်း၊ ဟုမေးသော်၊ ၁၀ ထိုသူငယ်ချင်း လုလင်တို့က၊ ခမည်းတော်သည် ​ကျွန်တော်တို့၌ ထမ်းပိုးကို လေးစေပါပြီ၊ ပေါ့စေတော်မူပါ၊ ဟုလျှောက်သော ပြည်သားတို့အား ကိုယ်တော်က၊ ငါ့လက်သန်းသည် ငါ့ခမည်းတော် ခါးထက်သာ၍ ကြီးလိမ့်မည်။ ၁၁ ငါ့ခမည်းတော်သည် သင်တို့အပေါ်မှာ လေးသော ထမ်းပိုးကို တင်လေပြီ။ ငါသည်လည်း ထပ်၍ တင်ဦးမည်။ ငါ့ခမည်းတော်သည် သင်တို့ကို ကြိမ်လုံးနှင့် ရိုက်လေပြီ။ ငါသည်လည်း ကင်းမြီးကောက်နှင့် ရိုက်ဦးမည်၊ ဟုပြန်ပြောတော်မူပါ၊ ဟုလျှောက်ထားကြ၏။


ရောဗောင်မင်းသူငယ်ချင်းများအကြံလက္ခံ

၁၂ ရှင်ဘုရင်က၊ သုံးရက်မြောက်သောနေ့၌ တဖန် လာကြဦးမည်၊ ဟုနေ့ရက်ကို ချိန်းချက်သည်အတိုင်း သုံးရက် မြောက်သောနေ့၌ ယေရောဗောင်နှင့် လူအပေါင်းတို့သည် ရောဗောင်ထံသို့ ရောက်လာကြ၏။ ၁၃ ထိုအခါ ရောဗောင်မင်းကြီးသည် အသက် ကြီးသူတို့ ပေးသောအကြံကို မလိုက်၊ လူပျိုတို့ပေးသော အကြံကို လိုက်လျက်၊ ၁၄ ခမည်းတော်သည် သင်တို့အပေါ်မှာ လေးသော ထမ်းပိုးကို တင်လေပြီ။ ငါသည်လည်း ထပ်၍ တင်ဦးမည်။ ငါ့ခမည်းတော်သည်လည်း သင်တို့ကို ကြိမ်လုံးဖြင့် ရိုက်လေပြီ။ ငါသည်လည်း ကင်းမြီးကောက်နှင့် ရိုက်ဦးမည်၊ ဟုကြမ်းတမ်းစွာ ပြန်ပြောတော်မူ၏။


ဣသရေလလူများ ရောဗောင်မင်းကို စွန့်

၁၅ ရှင်ဘုရင်သည် ပြည်သားတို့ စကားကို နားမထောင် ရသည်အကြောင်းကား၊ ထာဝရဘုရားသည် ရှိလောသား အဟိရအားဖြင့် နေဗတ်၏သား ယေရောဗောင်အား မိန့်တော်မူသော စကားကို ပြည့်စုံ စေတော်မူမည် အကြောင်းတည်း။ ၁၆ ဣသရေလ အမျိုးသား အပေါင်းတို့သည် ရှင်ဘုရင် နားမထောင်ကြောင်းကို သိမြင်လျှင်၊ ငါတို့သည် ဒါဝိဒ်နှင့် အဘယ်သို့ ဆက်ဆံသနည်း။ ယေရှဲ၏သားနှင့် အဘယ်သို့ အမွေခံ ရသေးသနည်း။ အိုဣသရေလအမျိုး၊ သင်တို့နေရာသို့ အသီးအသီးသွားကြ။ အိုဒါဝိဒ်၊ သင်၏အိမ်ကို ကြည့်ရှုလော့၊ ဟုရှင်ဘုရင်အား ပြန်ပြောလျက်၊ ဣသရေလလူ အပေါင်းတို့သည် မိမိတို့နေရာသို့ ပြန်သွားကြ၏။ ၁၇ သို့ရာတွင် ယုဒမြို့ရွာတို့၌ နေသော ဣသရေလလူတို့ကို၊ ရောဗောင်သည် အုပ်စိုးရသေး၏။ ၁၈ ထိုအခါ ရောဗောင် မင်းကြီးသည်၊ အခွန် တော်ဝန် အဒေါနိရံကို စေလွှတ်၍ ဣသရေလ အမျိုးသားတို့သည် သူ့ကို သေအောင် ကျောက်ခဲနှင့် ပစ်ကြ၏။ ၁၉ ယေရောဗောင် မင်းကြီးသည် ရထားတော်ကို အလျှင်အမြန် တက်၍ ယေရုရှလင်မြို့သို့ ပြေးလေ၏။ ထိုသို့ ဣသရေလ အမျိုးသည် ယနေ့တိုင်အောင် ဒါဝိဒ်မင်းမျိုးကို ပုန်ကန်ကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.