-
AA
+
🡀
|
🡂
၁ ရာဇဝင်ချုပ်
၂၈
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၁ ရာဇဝင်ချုပ်
အခန်းကြီး ၂၈


ဗိမာန်တော်ဆောက်ဘို့ ဒါဝိဒ်က မှာသောစကား

တဖန် ဒါဝိဒ်မင်းသည် ဣသရေလ မင်းများတည်းဟူသော အမျိုးအသီးအသီးကို အုပ်သောမင်း၊ အလှည့်လှည့် အမှုတော်ကို စောင့်သော တပ်မှူးဗိုလ်မင်း၊ လူတထောင်အုပ်၊ တရာအုပ်၊ ရှင်ဘုရင်၏ ဘဏ္ဍာစိုး၊ သားတော်၏ ဘဏ္ဍာစိုး၊ ခွန်အားရှိသော သူရဲ အကြီးအကဲ အရာရှိ အပေါင်းတို့ကို ယေရုရှလင်မြို့မှာ စုဝေးစေတော်မူ၏။ ထိုအခါ ဒါဝိဒ်မင်းကြီးသည် ရပ်၍၊ ငါ့ညီအစ်ကို၊ ငါ့လူတို့ နားထောင်ကြလော့။ ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော် ငြိမ်ဝပ်ရာ အိမ်တည်းဟူသော ဘုရားသခင်၏ ခြေတော် တင်ရာခုံကို တည်လုပ်မည်၊ ဟုငါအကြံရှိ၍ တည်လုပ်ခြင်းငှါ ပြင်ဆင်နှင့်ပြီ။ သို့ရာတွင် ဘုရားသခင်က သင်သည် စစ်တိုက်သောသူ၊ လူအသက်ကို သတ်သောသူ ဖြစ်၍၊ ငါ့နာမအဘို့ အိမ်တော်ကို မတည်ဆောက်ရ၊ ဟုမိန့်တော်မူ၏။ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရားသည် ငါ့အဆွေအမျိုး များထဲက ငါ့ကိုရွေးကောက်၍ ဣသရေလ ရှင်ဘုရင်အရာ၌ အမြဲ ချီးမြောက်တော်မူ၏။ ယုဒအမျိုးကို ရွေးကောက်၍ အခြားသော အမျိုးတို့ကို အုပ်စိုးရသော အခွင့်ကို ပေးတော်မူ၏။ ယုဒအမျိုးတွင် ငါ့အဘ၏ အိမ်ထောင်ကို၎င်း၊ ငါ့အဘ၏သားတို့တွင် ငါ့ကို၎င်း၊ နှစ်သက်၍ ဣသရေလ နိုင်ငံလုံးကို စိုးစံရသော အခွင့်ကို ပေးတော်မူ၏။ ထာဝရဘုရားသည် ငါ့အားများစွာသော သားတို့ကို ပေးတော်မူသည်ဖြစ်၍၊ ငါ့သားအပေါင်းတို့တွင် သားရှောလမုန်ကို ရွေးကောက်၍၊ [A]ဣသရေလ အမျိုးကို အုပ်စိုးလျက်၊ ထာဝရဘုရား၏ နိုင်ငံတော် ရာဇပလ္လင် ပေါ်မှာ ထိုင်စေခြင်းငှါ ခန့်ထားတော်မူပြီ။ ငါ့အားလည်း သင့်သား ရှောလမုန်သည် ငါ့အိမ်နှင့် ငါ့တံတိုင်းတို့ကို တည်ရမည်။ [B] ငါသည် ထိုသူကိုသား အရာ၌ ခန့်ထားခြင်းငှါ ရွေးကောက်ပြီ။ ငါသည် သူ၏အဘ ဖြစ်မည်။ သူသည် ငါစီရင်ချက် ပညတ်တရားတို့ကို ယနေ့ကဲ့သို့ အမြဲကျင့်လျှင် သူ၏နိုင်ငံကို ငါတည်စေမည်၊ ဟုမိန့်တော်မူ၏။ [C] သို့ဖြစ်၍ သင်တို့သည် ဤကောင်းမြတ်သော ပြည်ကိုပိုင်၍ သင်တို့၏သား မြေးအစဉ်အဆက် အမွေခံရာအဘို့ ချန်ထားလိုသောငှါ၊ ထာဝရဘုရား၏ ပညတ်တည်းဟူသော၊ ဣသရေလ အမျိုးသား အပေါင်းတို့ရှေ့ ၌၎င်း၊ ငါတို့ဘုရားသခင့် အထံတော်၌၎င်း၊ သင်တို့ ဘုရားသခင် ထာဝရဘုရား၏ ပညတ်တော် ရှိသမျှတို့ကို ရှာ၍ စောင့်ရှောက်ကြလော့။


ဒါဝိဒ်မင်းကသား ရှောလမုန် ဗိမာန်ဆောက်ဘို့မှာ
CROSS REFERENCES






ငါ့သားရှောလမုန်၊ သင့်အဘ၏ ဘုရားသခင်ကို သိလော့။ စုံလင်သောနှလုံး၊ ကြည်ညိုသော စိတ်သဘောနှင့် ဝတ်ပြုလော့။ ထာဝရဘုရားသည် ခပ်သိမ်းသော စိတ်နှလုံးတို့ကို စစ်၍ အကြံအစည် ရှိလေသမျှတို့ကို သိတော်မူ၏။ ကိုယ်တော်ကို ရှာလျှင် အတွေ့ခံတော်မူမည်။ ကိုယ်တော်ကိုစွန့်လျှင် သင့်ကို အစဉ်အမြဲ စွန့်တော်မူမည်။ [D] ၁၀ သတိပြုလော့။ သန့်ရှင်းရာဌာနအဘို့ အိမ်တော်ကို တည်ဆောက်စေခြင်းငှါ သင့်ကို ထာဝရဘုရား ရွေးကောက် တော်မူသောကြောင့်၊ အားယူ၍ တည်ဆောက်လော့၊ ဟုမှာထားတော်မူသတည်း။


ဒါဝိဒ်က ဗိမာန်တော်အတွက် ပုံနှင့် ပစ္စည်းများအပ်အားပေး
CROSS REFERENCES






၁၁ ထိုအခါ အိမ်တော်ဦး၊ အဆောင်ကြီး၊ ဘဏ္ဍာတိုက်၊ အထက်ခန်း၊ အတွင်းခန်း၊ သေတ္တာတော် အဖုံးထားရာပုံကို၎င်း၊ ၁၂ ထာဝရဘုရား၏ အိမ်တော်တံတိုင်းများ၊ ပတ်လည်၌ ကာသောအခန်းများ၊ ဘုရားသခင်၏ အိမ်တော် ဘဏ္ဍာတိုက်များ၊ ပူဇော်သော အရာသိုထားရာ တိုက်များတို့၏ ပုံကို၎င်း၊ မိမိကြံစည်သမျှအတိုင်း၊ ဒါဝိဒ်သည် သားတော် ရှာလမုန်အား အပ်တော်မူ၏။ ၁၃ ယဇ်ပုရောဟိတ်၊ လေဝိသားသင်းဖွဲ့ခြင်း၊ ထာဝရဘုရား၏ အိမ်တော်၌ အမှုတော်ကို ဆောင်ရွက်ခြင်း၊ ဆောင်ရွက်စရာ တန်ဆာရှိသမျှတို့ကိုလည်း စီရင်တော်မူ၏။ ၁၄ အမှုတော် အမျိုးမျိုးကို ဆောင်ရွက်စရာ ရွှေတန်ဆာ ရှိသမျှအဘို့ ရွှေကို၎င်း၊ ငွေတန်ဆာ ရှိသမျှအဘို့ ငွေကို၎င်းချိန်၍ အပ်တော်မူ၏။ ၁၅ ရွှေမီးခုံနှင့် ရွှေမီးခွက် အသီးအသီးအဘို့ ရွှေမီးခုံနှင့် ရွှေမီးခွက် အသီးအသီး သုံးစရာရှိသည် အတိုင်း ရွှေငွေကိုချိန်၍ အပ်တော်မူ၏။ ၁၆ ရှေ့တော်မုန့် တင်စရာ ရွှေစားပွဲနှင့် ငွေစားပွဲ အသီးအသီးအဘို့ ရွှေငွေကိုချိန်၍ အပ်တော်မူ၏။ ၁၇ အမဲသားချိတ်၊ အင်တုံ၊ ဖလားများအဘို့ ရွှေစင်ကို၎င်း၊ ရွှေလင်ပန်းနှင့် ငွေလင်ပန်း အသီးအသီးအဘို့ ရွှေငွေကို၎င်း၊ ချိန်၍ အပ်တော်မူ၏။ ၁၈ နံ့သာပေါင်း မီးရှို့ရာ ယဇ်ပလ္လင်အဘို့ ရွှေစင်ကို၎င်း၊ အတောင်တို့ကိုဖြန့်၍ ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော်ကို လွှမ်းမိုးသော ခေရုဗိမ် ရထားတော်အဘို့ ရွှေကို၎င်း၊ ချိန်၍ အပ်တော်မူ၏။ ၁၉ ထိုပုံများရှိသမျှတို့ကို ရေးထားသည် အတိုင်း၊ နားလည်နိုင်သော ဥာဏ်ပညာကို ထာဝရဘုရားသည် ပေးတော်မူ၏။၂၀ သားတော် ရှောလမုန်အားလည်း၊ သင်သည် အားယူ၍ ရဲရင့်သောစိတ်နှင့် လုပ်ဆောင်လော့။ မစိုးရိမ်နှင့်။ [E] စိတ်မပျက်နှင့်။ ငါ၏ ဘုရားသခင် ထာဝရအရှင် ဘုရားသခင်သည် သင်နှင့်အတူ ရှိတော်မူလိမ့်မည်။ ထာဝရဘုရား၏ အိမ်တော်အမှုကို ဆောင်ရွက်ရာဘို့ လုပ်ဆောင်၍ လက်စမသတ်မှီ တိုင်အောင် သင့်ကို စွန့်တော်မမူ။ ပစ်ထားတော်မမူ။ ၂၁ သင်းဖွဲ့သော ယဇ်ပုရောဟိတ်၊ လေဝိ သားတို့သည်လည်း ဘုရားသခင်၏ အိမ်တော်အမှုကို ဆောင်ရွက်ရာဘို့ ရှိကြ၏။ လိမ္မာသော ဆရာသမား အမျိုးမျိုးတို့သည်လည်း အရာရာတို့ကို လုပ်ဆောင်စေဘို့ ရှိကြ၏။ မင်းများနှင့် ပြည်သူပြည်သားများ အပေါင်းတို့သည်လည်း သင့်လက်၌ ရှိကြသည်၊ ဟုမိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.