-
AA
+
🡀
|
🡂
၄ ဓမ္မရာဇဝင်
၂၃
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၄ ဓမ္မရာဇဝင်
အခန်းကြီး ၂၃


ယောရှိမင်း ဗိမာန်တော် ယေရုရှလင်မြို့နှင့် တိုင်းပြည်သန့်ရှင်းရေးပြုလုပ်

ထိုအခါ ရှင်ဘုရင်သည် ယုဒပြည်သူ ယေရုရှလင်မြို့သား အသက်ကြီးသူ အပေါင်းတို့ကိုခေါ်၍၊ ယုဒပြည်သူ ယေရုရှလင်မြို့သား ယဇ်ပုရောဟိတ်၊ ပရောဖက်၊ လူအကြီး အငယ်အပေါင်းတို့နှင့်တကွ ဗိမာန်တော်သို့တက်၍၊ ဗိမာန်တော်၌ တွေ့သော ပဋိညာဉ် ကျမ်းစာရှိသမျှကို သူတို့ရှေ့မှာ ဖတ်တော်မူ၏။ ရှင်ဘုရင်ကလည်း၊ ထာဝရဘုရားကို ဆည်းကပ်ပါမည်။ စီရင် ထုံးဖွဲ့ချက် ပညတ်တရားကို စိတ်နှလုံးအကြွင်းမဲ့ စောင့်ရှောက်ပါမည်။ ဤကျမ်းစာ၌ ပါသော ပဋိညာဉ်စကားအတိုင်း ကျင့်ပါမည်၊ ဟုတိုင်နားမှာရပ်၍ အဓိဋ္ဌာန်ပြု၏။ လူအပေါင်းတို့သည်လည်း ထိုအဓိဋ္ဌာန်ကို ဝန်ခံကြ၏။ နောက်တဖန် ယဇ်ပုရောဟိတ် မင်းဟိလခိ၊ ဒုတိယယဇ်ပုရောဟိတ်များနှင့် တံခါးစောင့်များတို့သည် ဗာလဘုရား၊ အာရှရပင်၊ မိုးကောင်းကင် တန်ဆာအဘို့ လုပ်သမျှသော အသုံးအဆောင်တို့ကို ဗိမာန်တော်ထဲက ထုတ်မည်အကြောင်း၊ ရှင်ဘုရင် စီရင်သဖြင့် ယေရုရှလင်မြို့ပြင်၊ ကေဒြုန်တော၌ မီးရှို့၍ ပြာကို ဗေသလမြို့သို့ ဆောင်သွားကြ၏။ ယေရုရှလင်မြို့ ပတ်လည်အစရှိသော ယုဒမြို့ရွာ၌ မြင့်သော အရပ်တို့အပေါ်မှာ နံ့သာပေါင်းကို မီးရှို့စေခြင်းငှါ၊ ယုဒရှင်ဘုရင် ခန့်ထားသော ယဇ်ပုရောဟိတ်တို့ကို၎င်း၊ ဗာလဘုရား၊ နေလရာသီစောင့်အစရှိသော မိုးကောင်းကင် တန်ဆာတို့အား နံ့သာပေါင်းကို မီးရှို့သောသူတို့ကို၎င်း၊ သုတ်သင် ပယ်ရှင်းတော်မူ၏။ အာရှရပင်ကိုလည်း၊ ဗိမာန်တော်ထဲက ထုတ်၍ ယေရုရှလင်မြို့ပြင်၊ ကေဒြုန်ချောင်းသို့ ယူသွားသဖြင့်၊ ထိုချောင်းနားမှာ မီးရှို့ပြီးလျှင်၊ ညက်ညက်ချေ၍၊ အမှုန့်ကို ဆင်းရဲသား သင်္ချိုင်းပေါ်မှာ ဖြန့်ဖြူးတော်မူ၏။


မိန်းမတို့သည် အာရှရပင်အဘို့ ကုလားကာကို ရက်ရာအရပ် ဗိမာန်တော်နားမှာ ယောကျာ်းအလိုသို့ လိုက်တတ်သော မိန်းမလျှာတို့ နေရာအိမ်များကိုလည်း ဖျက်တော်မူ၏။ ယဇ်ပုရောဟိတ် အပေါင့်တို့ကို ယုဒမြို့ရွာတို့မှ ခေါ်ခဲ့၍၊ သူတို့သည် နံ့သာ ပေါင်းကို မီးရှို့ရာ မြင့်သော အရပ်များကို ဂေဗမြို့မှစ၍ ဗေရရှေဘ မြို့တိုင်အောင် ညစ်ညူးစေတော်မူ၏။ ယေရုရှလင် မြို့ဝင် ယောရှု၏ တံခါးဝလက်ဝဲ ဘက်နားမှာ တည်သော မြို့တံခါး၏ကုန်းတို့ ကိုလည်း ဖြိုဖျက်တော်မူ၏။ မြင့်သောအရပ်နှင့် ဆိုင်သော ယဇ်ပုရောဟိတ်တို့သည်၊ ယေရုရှလင်မြို့ ဗိမာန်တော် ယဇ်ပလ္လင် နားသို့ မချဉ်းရဘဲ၊ အပေါင်းအဖေါ်တို့နှင့်၊ တဆေးမဲ့မုန့်ကို စားရသော အခွင့်သာရှိကြ၏။ ၁၀ အဘယ်သို့မျှ မိမိသားသမီးကို မောလုတ်ဘုရားအား မီးဖြင့် မပူဇော်နိုင်မည်အကြောင်း ဟိန္နုံသား၏ချိုင့်၌ ရှိသော တောဖက်အရပ်ကိုလည်း ညစ်ညူးစေ တော်မူ၏။ ၁၁ ယုဒရှင်ဘုရင်တို့သည် နေကိုပူဇော်၍၊ ဗိမာန်တော် ဝင်းပြင်အရာရှိ နာသမ္မေလက်အိမ်နား၊ ဝင်းတော်တံခါးဝ၌ ထားသော မြင်းတို့ကိုလည်း ပယ်ရှား၍ နေရထားတို့လည်း မီးရှို့တော်မူ၏။ ၁၂ ယုဒရှင်ဘုရင်တို့သည် အာဟပ်မင်း တိုက်တော် အထက်ဆင့်အပေါ်မှာ တည်ထားသော ယဇ်ပလ္လင်တို့နှင့် မနာရှေမင်းသည် ဗိမာန်တော်တန်တိုင်း နှစ်ရပ်တွင် တည်ထားသော ပလ္လင်တို့ကို ရှင်ဘုရင်ဖြိုချချေဖျက်၍ အမှုန့်ကို ကေဒြုန်ချောင်းထဲသို့ ပစ်တော်မူ၏။ ၁၃ ဣသရေလရှင် ဘုရင်ရှောလမုန်သည် ယေရုရှလင်မြို့၊ ဖျက်ဆီးခြင်း တောင်လကျ်ာဘက်၌ ရွံရှာဘွယ်သော ဇိဒုန်ဘုရားအာရှတရက်၊ ရွံရှာဘွယ်သော မောဘဘုရားခေမုရှ၊ ရွံရှာဘွယ်သော အမ္မုန်ဘုရား မိလကုံအဘို့ တည်သော ကုန်းတို့ကိုလည်း ရှင်ဘုရင် ညစ်ညူးစေတော်မူ၏။ ၁၄ ရုပ်တုဆင်းတုတို့ကို ချိုးဖဲ့၍ အာရှရပင်တို့ကို ခုတ်လှဲပြီးမှ သူတို့တည်ရာ အရပ်များကို လူသေအရိုးတို့နှင့် ပြည့်စေတော်မူ၏။ ၁၅ ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ်၏သား ယေရောဗောင်သည်၊ ဗေသလမြို့၌ တည်သော ကုန်းနှင့် ယဇ်ပလ္လင်ကိုလည်း ဖြိုချ၍ မီးရှို့ပြီးမှ ညက်ညက်ချေတော်မူ၏။ အာရှရပင်ကိုလည်း မီးရှို့တော်မူ၏။ ၁၆ ယောရှိမင်းသည် လှည့်လည်၍ ကြည့်ရှုလျက်၊ ထိုတောင်ပေါ်မှာ ရှိသော သင်္ချိုင်းကို မြင်သောအခါ၊ လူကိုစေလွှတ်၍ ထိုသင်္ချိုင်းထဲက လူသေအရိုးတို့ကို ထုတ်ပြီးလျှင်၊ ထိုအမှုကိုအထက်က ဖေါ်ပြသော ဘုရားသခင်၏လူ ဆင့်ဆိုသော ထာဝရဘုရား၏ စကားတော်အတိုင်း၊ အရိုးတို့ကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့၍ ညစ်ညူးစေတော်မူ၏။ ၁၇ ယောရှိမင်းကလည်း၊ ငါမြင်သော ထိုမှတ်ကျောက်ကား၊ အဘယ်သို့နည်း၊ ဟုမေးလျှင်၊ မြို့သားတို့က၊ ကိုယ်တော်သည် ဗေသလယဇ်ပလ္လင်၌ ပြုတော်မူသော အမှုကို ယုဒပြည်မှလာ၍၊ ဖေါ်ပြသော ဘုရားသခင်၏လူ သင်္ချိုင်းဖြစ်ပါသည်၊ ဟုပြန်လျှောက်ကြသော်၊ ၁၈ ရှင်ဘုရင်က၊ ရှိစေလော့။ ထိုသူ၏အရိုးတို့ကို အဘယ်သူမျှ မရွှေ့စေနှင့်၊ ဟုမိန့်တော်မူသည်အတိုင်း သူ၏ရိုးတို့နှင့် ရှမာရိမြို့မှလာသော ပုရောဖက်အရိုးတို့ကို ရှိစေကြ၏။ ၁၉ ဣသရေလ ရှင်ဘုရင်တို့သည် အမျက်တော်ကို နှိုးဆော်ခြင်းငှါ၊ ရှမာရိမြို့ရွာတို့၌ မြင့်သော အရပ်ပေါ်မှာ တည်လုပ်သော အိမ်ရှိသမျှတို့ကိုလည်း၊ ယောရှိမင်းသည် ပယ်ရှား၍၊ ဗေသလမြို့၌ ပြုသမျှအတိုင်း၊ ပြုတော်မူ၏။ ၂၀ မြင့်သောအရပ်နှင့် ဆိုင်သော ယဇ်ပုရောဟိတ် အပေါင်းတို့ကိုလည်း ယဇ်ပလ္လင်ပေါ်မှာ ကွပ်မျက်၍ လူသေအရိုးတို့ကို မီးရှို့ပြီးမှ ယေရုရှလင်မြို့သို့ ပြန်တော်မူ၏။
CROSS REFERENCES






၂၁ တဖန် ရှင်ဘုရင်ကလည်း၊ ဤပဋိညာဉ်ကျမ်းစာ၌ လာသည်အတိုင်း၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားအား ပသခါပွဲကို [A] ဆောင်ကြလော့၊ ဟုလူအပေါင်းတို့ကို မိန့်တော်မူ၏။ ၂၂ အကယ်၍ ဣသရေလ အမျိုးကို အုပ်စိုးသော တရားသူကြီး လက်ထက်မှစ၍၊ ဣသရေလ ရှင်ဘုရင်နှင့် ယုဒရှင်ဘုရင် ကာလပတ်လုံး ထိုသို့သော ပသခါပွဲကို တခါမျှမဆောင်ကြ။ ၂၃ ယောရှိမင်းကြီး နန်းစံဆယ်ရှစ်တွင် ထိုပွဲကို ယေရုရှလင်မြို့၌ ထာဝရဘုရားအား ဆောင်ကြသတည်း။


၂၄ ထိုမှတပါး၊ ဗိမာန်တော်၌ ယဇ်ပုရောဟိတ် ဟိလခိတွေ့သော ကျမ်းစာ၌ ပါသောစကားအတိုင်း ကျင့်လိုသောငှါ၊ ယောရှိမင်းသည် စုန်း၊ နတ်ဝင်၊ တေရပ် ရုပ်တုမှစ၍ ရုပ်တုဆင်းတုများကို၎င်း၊ ယေရုရှလင်မြို့နှင့် ယုဒပြည်လုံးတွင် ရွံရှာဘွယ်သောအရာ တွေ့သမျှတို့ကို၎င်း၊ သုတ်သင်ပယ်ရှင်းတော်မူ၏။ ၂၅ မောရှေတရား၌ ပါသမျှကိုကျင့်သဖြင့် စိတ်နှလုံးအကြွင်းမဲ့ အစွမ်းသတ္တိရှိသမျှနှင့် ထာဝရဘုရား အထံတော်သို့ ပြောင်းလဲ၍ ယောရှိမင်းနှင့်တူသော ရှင်ဘုရင်တယောက်မျှ မဖြစ်စဖူး။ နောင်ကာလ၌လည်း မပေါ်မရှိ။ ၂၆ သို့ရာတွင် မနာရှေသည် ထာဝရဘုရား၏ အမျက်တော်ကို နှိုးဆော်ခြင်းငှါ၊ ပြစ်မှားသော အပြစ်ရှိသမျှတို့ကြောင့်၊ ယုဒအမျိုး၌ ပြင်းစွာ အမျက်ထွက်၍ စိတ်တော်မပြေ။ ၂၇ ဣသရေလ မျိုးကို ငါ့မျက်မှောက်မှ ပယ်ရှားသကဲ့သို့ ယုဒအမျိုးကိုလည်း ငါပယ်ရှားမည်။ ငါရွေးချယ်သော ယေရုရှလင်မြို့ကို၎င်း၊ အကြင်ဗိမာန်၌ ငါ့နာမကို ငါတည်စေမည်၊ ဟုငါဆိုသောဗိမာန်ကို၎င်း၊ ငါစွန့်ပစ်မည်၊ ဟုမိန့်တော်မူ၏။


၂၈ ယောရှိပြုမူသော အမှုအရာ ကြွင်းလေသမျှတို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။ ၂၉ ထိုမင်းလက် ထက်၌ အဲဂုတ္တု ဖာရောဘုရင် နေခေါသည် ဥဖရတ်မြစ်တိုင်အောင် အာရှုရိရှင်ဘုရင်ကို စစ်ချီ၍၊ ယောရှိမင်းကြီးသည် ဆီးတားခြင်းငှါ ထွက်ရာတွင်၊ မေဂိဒ္ဒေါမြို့မှာ မင်းချင်းတွေ့သောအခါ၊ ယောရှိမင်းသည် အသက်ဆုံးလေ၏။ ၃၀ ​ကျွန်တို့သည် ရထားပေါ်မှာ တင်ပြီးလျှင်၊ မင်းကြီးသေစဉ်တွင် မေဂိဒ္ဒေါမြို့မှ ယေရုရှလင်မြို့သို့ ဆောင်သွား၍သင်္ချိုင်းတော်၌ သင်္ဂြိုလ်ကြ၏။ ပြည်သူပြည်သားတို့သည် ယောရှိသားယောခတ်ကိုယူ၍ ဘိသိက်ပေးလျက် ခမည်းတော်အရာ၌ နန်းတင်ကြ၏။


၃၁ ယောခတ်သည် အသက် နှစ်ဆယ်သုံးနှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ သုံးလစိုးစံလေ၏။ မယ်တော်ကား၊ လိဗနမြို့သား ယေရမိ၏ သမီးဟာမုတာလ အမည်ရှိ၏။ ၃၂ ထိုမင်းသည် ဘိုးဘေးပြုသမျှအတိုင်း ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကိုပြု၏။ ၃၃ ဖာရောနေခေါသည် ထိုမင်းကို ယေရုရှလင်မြို့မှာ မင်းမပြုစေခြင်းငှါ ဟာမတ်ပြည်၊ ရိဗလမြို့မှာ အကျဉ်းထား၍၊ ယုဒပြည်၌ ငွေအခွက်တထောင်နှင့် ရွှေအခွက်တဆယ်ကို အခွန်တောင်းလေ၏။ ၃၄ ဖာရောနေခေါသည်လည်း၊ ယောရှိသား ဧလျာကိမ်ကို ခမည်းတော်အရာ၌ နန်းတင်၍ ယောယကိမ် အမည်သစ်ကိုပေး၏။ ယောခတ်ကို အဲဂုတ္တု ပြည်သို့ယူသွား၍ ထိုပြည်၌ ယောခတ်သည်သေ၏။ ၃၅ ယောယကိမ်သည်လည်း ဖာရောဘုရင် အမိန့်တော် အတိုင်း၊ တပြည်လုံးတွင် ရွှေငွေခွဲ၍ ဖာရောဘုရင်အား အခွန်ဆက်ရ၏။ ပြည်သူပြည်သား အသီးအသီးတို့ကို ရွှေငွေခွဲသည် အတိုင်း၊ ကျပ်တည်းစွာတောင်း၍ ဖါရောနေခေါအား ဆက်လေ၏။ ၃၆ ယောယကိမ်သည် အသက် နှစ်ဆယ်ငါးနှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ တဆယ်တနှစ်စိုးစံလေ၏။ မယ်တော်က၊ ရုမမြို့သားပေဒဲယ၏ သမီးဇေဗုဒအမည်ရှိ၏။ ၃၇ ထိုမင်းသည် ဘိုးဘေးပြုသမျှအတိုင်း ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကိုပြု၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.