-
AA
+
🡀
|
🡂
၄ ဓမ္မရာဇဝင်
၁၃
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၄ ဓမ္မရာဇဝင်
အခန်းကြီး ၁၃


ယေဟုသား ယောခတ်ရှမာရိမြို့၌ မင်းပြု

ယုဒရှင်ဘုရင် အာခဇိသား ယောရှ နန်းစံနှစ်ဆယ်သုံးနှစ်တွင်၊ ယေဟုသား ယောခတ်သည် ရှမာရိမြို့၌ မင်းပြု၍ ဣသရေလ နိုင်ငံကို ဆယ်ခုနစ်နှစ်စိုးစံ၏။ ထိုမင်းသည် ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ ဣသရေလ အမျိုးကို ပြစ်မှားစေသော နေဗတ်သား ယေရောဗောင်၏ ဒုစရိုက်အပြစ်တို့ကို မရှောင်၊ လိုက်လေ၏။ ထိုကြောင့် ထာဝရဘုရားသည် ဣသရေလ အမျိုးကို အမျက်ထွက်၍ ယောခတ်မင်း လက်ထက်ကာလပတ်လုံး၊ ရှုရိရှင်ဘုရင် ဟာဇေလနှင့် သူ၏သား ဗယ်ာဒဒ်လက်သို့ ဣသရေလ အမျိုးကို အပ်တော်မူ၏။ တဖန် ယောခတ်သည် ထာဝရဘုရားကို တောင်းပန်လေ၏။ ရှုရိရှင်ဘုရင် ညှဉ်းဆဲ၍ ဣသရေလ အမျိုးသည် အလွန်ခံရကြောင်းကို ထာဝရဘုရားသည် မြင်၍ ယောခတ်စကားကို နားထောင်တော်မူ၏။ ရှုရိရှင်ဘုရင်သည် ဣသရေလ အမျိုးသားတို့ကို ဖျက်ဆီး၍၊ စပါးနင်းရာတွင် လွင့်သော အမှုန့်ကဲ့သို့ ဖြစ်စေသဖြင့်၊ မြင်းစီးသူရဲ၊ ငါးကျိပ်၊ ရထားတဆယ်၊ ခြေသည် သူရဲ တသောင်းကို သာယောခတ်၌ ကြွင်းစေ၏။ ထို့ကြောင့် ထာဝရဘုရားသည် ကယ်တင်သော သခင်ကို ပေးတော်မူသဖြင့်၊ ဣသရေလ အမျိုးသားတို့သည် ရှုရိ လူတို့လက်မှ ထွက်မြောက်၍ အထက်ကနည်းတူ မိမိတို့နေရာ၌ နေရကြ၏။ သို့ရာတွင် ဣသရေလ အမျိုးကို ပြစ်မှားစေသော ယေရောဗောင်မင်းမျိုး၏ ဒုစရိုက်အပြစ်တို့ကို မရှောင်လိုက်ကြ၏။ ရှမာရိမြို့၌လည်း အာရှရပင်ရှိသေး၏။ ယောခတ်ပြုမူသော အမှုအရာ ကြွင်းလေသမျှတို့နှင့် တန်ခိုးကြီးခြင်းအရာသည် ဣသရေလ ရာဇဝင်၌ ရေးထားလျက်ရှိ၏။ ယောခတ်သည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ ရှမာရိမြို့၌ သင်္ဂြိုလ်ခြင်းကို ခံလေ၏။ သားတော် ယဟောရှသည် ခမည်းတော်အရာ၌ နန်းထိုင်၏။


ယောခတ်သား ယဟောရှသည် ရှမာရိမြို့၌ မင်းပြု

၁၀ ယုဒရှင်ဘုရင် ယောရှ နန်းစံသုံးဆယ်ခုနစ်နှစ်တွင်၊ ယောခတ်သား ယဟောရှသည် ရှမာရိမြို့၌ မင်းပြု၍၊ ဣသရေလနိုင်ငံကို ဆယ်ခြောက်နှစ်စိုးစံ၏။၁၁ ထိုမင်းသည် ထာဝရဘုရားရှေ့၌ ဒုစရိုက်ကိုပြု၍ ဣသရေလ အမျိုးကို ပြစ်မှားစေသော နေဗတ်သား ယေရောဗောင်၏ ဒုစရိုက်အပြစ်ကို မရှောင်၊ အကုန်အစင် လိုက်လေ၏။ ၁၂ ယဟောရှ ပြုမူသော အမှုအရာကြွင်းလေသမျှ၊ ယုဒရှင်ဘုရင် အာမဇိကို စစ်တိုက်ရာတွင် တန်ခိုးကြီးခြင်းအရာသည် ဣသရေလ ရာဇဝင်၌ ရေးထားလျက်ရှိ၏။ ၁၃ ယဟောရှသည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ ဣသရေလ ရှင်ဘုရင်တို့နှင့် အတူရှမာရိမြို့၌ သင်္ဂြိုလ်ခြင်းကို ခံလေ၏။ သားတော် ယေရောဗောင်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။


ဧလိရှဲသေ၊ အရိုးဖြင့်လူသေထစေ

၁၄ ထိုအခါ ဧလိရှဲသည် သေနာစွဲ၍ နာနေစဉ်တွင် ဣသရေလ ရှင်ဘုရင် ယဟောရှသည်လာ၍ သူ့ရှေ့မှာ ငိုကြွေးလျက်ငါ့အဘ၊ ငါ့အဘ၊ ဣသရေလရထား၊ ဣသရေလ မြင်းပါတကား၊ ဟုဆို၏။ ၁၅ ဧလိရှဲကလည်း လေးနှင့်မြှားတို့ကို ယူလော့၊ ဟုဆိုသည် အတိုင်းရှင် ဘုရင်ယူ၏။ ၁၆ လေးကိုတင်လော့၊ ဟုတဖန်ဆိုသည်အတိုင်း လေးကိုတင်၍၊ ဧလိရှဲသည် မိမိလက်ကို ရှင်ဘုရင်လက်ပေါ်၌ တင်လျက်၊ ၁၇ အရှေ့ပြတင်းပေါက်ကို ဖွင့်လော့၊ ဟုဆို၍ဖွင့်လေ၏။ ပစ်လော့ဟုဆိုသည်အတိုင်း ရှင်ဘုရင်သည် ပစ်လေ၏။ ဧလိရှဲကလည်း၊ ထာဝရဘုရား ကယ်တင်တော်မူရာမြှား၊ ရှုရိမင်း လက်မှ ကယ်နှုတ်ရာမြှားဖြစ်၏။ အာဖက်မြို့၌ ရှုရိလူတို့ကို အကုန်အစင် လုပ်ကြံရမည်၊ ဟုဆို၏။ ၁၈ မြှားတို့ကိုယူဦးလော့၊ ဟုတဖန်ဆိုသည် အတိုင်း၊ ရှင်ဘုရင်သည် ယူ၏။ မြေပေါ်သို့ ရိုက်လော့ဟုဆို၍ သုံးကြိမ် ရိုက်လေ၏။ ၁၉ ထိုအခါ ဘုရားသခင်၏လူသည် အမျက်ထွက်၍၊ အဘယ်ကြောင့် ငါးကြိမ်​ခြောက်ကြိမ် မရိုက်သနည်း။ ထိုသို့ရိုက်လျှင်၊ ရှုရိလူတို့ကို အကုန်အစင် လုပ်ကြံရလိမ့်မည်။ ယခုမူကား၊ သုံးကြိမ်သာ လုပ်ကြံရလိမ့်မည်၊ ဟုဆို၏။ ၂၀ ဧလိရှဲသေ၍ သင်္ဂြိုလ်ခြင်းကို ခံပြီးမှ၊ နောက်နှစ်တွင် မောဘ တပ်သားတို့သည်၊ ဣသရေလ ပြည်ကို တိုက်လာကြ၏။ ၂၁ ဣသရေလ လူတို့သည် လူတယောက်ကို သင်္ဂြိုလ်စဉ်တွင် မောဘတက်လာသည် ကိုမြင်၍၊ အလောင်းကို ဧလိရှဲသင်္ချိုင်းတွင်း၌ ချထားကြ၏။ သေသောသူသည် အောက်သို့ရောက်၍၊ ဧလိရှဲ အရိုးတို့ကို ထိသောအခါ အသက်ရှင် ပြန်သဖြင့် မတ်တတ်ထ၏။


ဘိုးဘေးတို့ထံဖွဲ့ခဲ့သော ပဋိညာဉ်ကြောင့် မဖျက်ဆီး

၂၂ ရှုရိရှင်ဘုရင် ဟာဇေလသည် ယောခတ်လက်ထက် ကာလပတ်လုံး ဣသရေလ အမျိုးကို ညှဉ်းဆဲ၏။ ၂၃ ထာဝရဘုရားသည် သူတို့ကို သနားစုံမက်၍ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့် ဖွဲ့တော်မူခဲ့သော ပဋိညာဉ်ကို အောက်မေ့လျက် သူတို့ကို မဖျက်ဆီး၊ အထံတော်မှ မနှင်ထုတ်သေးဘဲ ကြည့်ရှုပြုစုတော်မူ၏။ ၂၄ ရှုရိရှင်ဘုရင် ဟာဇေလသေ၍၊ သားတော်ဗင်္ဟာဒဒ်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။ ၂၅ ဟာဇေလသည် စစ်တိုက်၍ ယောခတ်မင်းလက်မှ နှုတ်ယူသော မြို့ရွာတို့ကို ယောခတ်သား ယဟောရှသည် ဟာဇေလသား ဗင်္ဟာဒဒ်လက်မှ တဖန်နှုတ်ယူ၏။ သုံးကြိမ်တိုင်အောင် ယဟောရှသည် နိုင်၍၊ ဣသရေလ မြို့ရွာတို့ကို ရပြန်လေ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.