၃၃ ငါတို့ ဘုရားသခင် ထာဝရဘုရားသည် ထိုမင်းကိုငါတို့၌ အပ်တော်မူသဖြင့် သူမှစ၍ သားများ၊ လူများအပေါင်းတို့ကို ငါတို့သည် လုပ်ကြံကြ၏။
၃ ထိုသို့ ငါတို့ ဘုရားသခင် ထာဝရဘုရားသည်၊ ဗာရှန် ရှင်ဘုရင်ဩဃနှင့် သူ၏လူအပေါင်းတို့ကို ငါတို့လက်၌ အပ်တော်မူသဖြင့်၊ တယောက်မျှ မကြွင်းစေခြင်းငှာ၊ လုပ်ကြံကြ၏။
၂ တဖန် သင့်လက်၌ အပ်တော်မူသောအခါ၊ သူတို့ကို လုပ်ကြံ၍ အကုန်အစင် သုတ်သင် ပယ်ရှင်းရမည်။ သူတို့နှင့် မိဿဟာယမဖွဲ့ရ၊ ကရုဏာကို မပြရ။
၁၃ သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင့်လက်၌ အပ်တော်မူသောအခါ၊ ယောကျ်ားရှိသမျှတို့ကို ဓားနှင့် လုပ်ကြံရမည်။
၁၀ သင်သည် ရန်သူတို့ကို စစ်တိုက်သွား၍၊ သင်၏ ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို သင့်လက်၌ အပ်တော်မူသဖြင့်၊ သင်သည် ဖမ်းယူသောအခါ၊
၅ ထာဝရဘုရားသည် သူတို့ကို သင်တို့၌ အပ်တော်မူသဖြင့်၊ ငါမှာထားသမျှသော ပညတ်တို့အတိုင်း၊ သူတို့၌ ပြုရကြလိမ့်မည်။
၇ ထိုအခါ သင်တို့သည် ကင်းထိုးလျက် နေရာအရပ်မှ ထ၍ မြို့ကိုတိုက်လျှင်၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် သင်တို့လက်၌ အပ်တော်မူမည်။
၁၂ ထိုသို့ အာမောရိလူတို့ကို ဣသရေလ အမျိုးသားတို့၌ အပ်တော်မူသောနေ့မှာ၊ ယောရှုသည် ထာဝရဘုရားကို ဆုတောင်းပြီးလျှင်၊ အိုနေ၊ သင်သည် ဂိဗောင်မြို့၌၎င်း၊ အိုလ၊ သင်သည် အာယလုန်ချိုင့်၌၎င်း၊ ငြိမ်ဝပ်စွာနေလော့၊ ဟုဣသရေလ အမျိုးသားများရှေ့တွင် မြွက်ဆိုသည်အတိုင်း၊
၈ ထာဝရဘုရားသည် သူတို့ကို ဣသရေလ အမျိုးသားတို့လက်၌ အပ်တော်မူသဖြင့်၊ သူတို့ကို လုပ်ကြံ၍ ဇိဒုန်ရဗ္ဗာမြို့၊ မိသရ ဖေါသမိမ်မြို့ အရှေ့မျက်နှာ မိဇပါချိုင့် တိုင်အောင် လိုက်၍ တယောက်ကိုမျှ မကျန်ကြွင်းစေခြင်းငှာ လုပ်ကြံကြ၏။
၄၄ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသမျှ အတိုင်း၊ ပတ်ဝန်းကျင်အရပ်၌ ငြိမ်ဝပ်ရာ အခွင့်ကို ပေးတော်မူသဖြင့်၊ သူတို့ရှေ့မှာ အဘယ်ရန်သူမျှ မရပ်နိုင်။ ရန်သူအပေါင်းတို့ကို သူတို့လက်သို့ အပ်တော်မူ၏။
၄ ယုဒချီသွား၍ ထာဝရဘုရားသည် ခါနနိလူ၊ ဖေရဇိလူတို့ကို အပ်တော်မူသဖြင့်၊ ဗေဇက်မြို့၌ လူတထောင်ကို သတ်လေ၏။
၁၀ ထာဝရဘုရား၏ ဝိညာဉ်တော်သည် သူ့အပေါ်သို့ သက်ရောက်သဖြင့်၊ သူသည် ဣသရေလ အမျိုးကို အုပ်စိုး၍၊ စစ်ချီလေ၏။ မေသောပေါတာမိ ရှင်ဘုရင် ခုရှံရိရှသိမ်ကို သူ့လက်၌ ထာဝရဘုရား အပ်တော်မူသဖြင့်၊ သူသည် ထိုရှင်ဘုရင်ကို အောင်လေ၏။
၁၄ ဒေဗောရကလည်း ထလော့။ ယနေ့က ထာဝရဘုရားသည် သိသရကို သင့်လက်၌ အပ်တော်မူသောနေ့ ဖြစ်၏။ ထာဝရဘုရားသည် သင့်ရှေ့မှာ ကြွတော်မူပြီ မဟုတ်လော၊ ဟုဆိုလေသော်၊ ဗာရက်သည် လူတသောင်းနှင့်တကွ တာဗော်တောင်ပေါ်က ဆင်းလေ၏။
၁ တဖန် ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကို ပြုသောကြောင့်၊ သူတို့ကို မိဒျန်အမျိုးလက်၌ ခုနစ်နှစ်ပတ်လုံး အပ်တော်မူသဖြင့်၊
၁၄ သူ၏ အပေါင်းအဖေါ်က၊ ထိုမုန့်ပြားသည် အခြားမဟုတ်၊ ဣသရေလအမျိုး ယောရှသား ဂိဒေါင်၏ဓား ဖြစ်၏။ ထိုသူလက်၌ ဘုရားသခင်သည်၊ မိဒျန်အမျိုး မိဒျန်ဗိုလ်ခြေအပေါင်းကို အပ်တော်မူမည်၊ ဟုပြန်ပြော၏။
၃ ဘုရားသခင်သည် မိဒျန် ဗိုလ်ချုပ် ဩရဘနှင့် ဇေဘတို့ကို သင်တို့လက်၌ အပ်တော်မူပြီ။ သင်တို့ပြုသကဲ့သို့ ငါသည် အဘယ်သို့ ပြုနိုင်သနည်း၊ ဟုပြန်ပြောသော စကားကို သူတို့သည် ကြားသောအခါ၊ စိတ်ပြေကြ၏။
sသုကုတ်မြို့နှင့် ပေနွေလမြို့သားတို့က ဂိဒေါင်ကို မကူညီချင်
၉ ယေဖသက၊ အမ္မုန် လူတို့ကို စစ်တိုက်စေခြင်းငှာ၊ သင်တို့သည် ငါ့ကိုပြန်ပို့၍ ထာဝရဘုရားသည် သူတို့ကို ငါ့ရှေ့မှာ အပ်တော်မူလျှင်၊ ငါသည် သင်တို့အထွဋ် ဖြစ်ရသောအခွင့်ကို ပေးမည်လော၊ ဟုဂိလဒ်ပြည်သား အသက်ကြီးသူတို့အား မေးလေသော်၊
၃ မကယ်မနှုတ်ကြောင်းကို ငါသည် သိမြင်သောအခါ၊ ကိုယ်အသက်ကို စွန့်စားလျက် အမ္မုန်အမျိုးသားတို့ကို တိုက်ခြင်းငှာ သွား၍၊ ထာဝရဘုရားသည် သူတို့ကို ငါ့လက်၌ အပ်တော်မူ၏။ သင်တို့သည် ငါ့ကို တိုက်ခြင်းငှာ အဘယ်ကြောင့် ယနေ့လာကြသနည်း၊ ဟုပြောဆိုပြီးလျှင်၊
၁ တဖန် ဣသရေလ အမျိုးသားတို့သည်၊ ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကို ပြုသောကြောင့်၊ ထာဝရဘုရားသည် သူတို့ကို ဖိလိတ္တိလူတို့ လက်သို့ အနှစ် လေးဆယ်ပတ်လုံး အပ်တော်မူ၏။
၂၃ ဖိလိတ္တိမင်းတို့ကို၊ ငါတို့ဘုရားသည် ငါတို့ ရန်သူကို ငါတို့လက်သို့ အပ်တော်မူပြီ၊ ဟုဆိုလျက်၊ သူတို့ဘုရား ဒါဂုန်အား ယဇ်ကြီးကို ပူဇော်၍ ပျော်မွေ့ခြင်းကို ပြုအံ့သောငှာ စည်းဝေးကြ၏။
၁၀ သွားလျှင် သတိမရှိသော လူမျိုးနှင့် ကျယ်ဝန်းသောပြည်ကို တွေ့ကြလိမ့်မည်။ ဘုရားသခင်သည် သင်တို့လက်၌ အပ်တော်မူမည်။ ထိုပြည်၌ မြေကြီး ဥစ္စာစုံလင်လျက် ရှိသည်၊ ဟုပြောဆိုကြ၏။
sစူးစမ်းသောသူတို့က မိက္ခာအိမ်သို့ အဖော်များကိုခေါ်
၁၀ သို့မဟုတ်၊ လာကြဟုဆိုလျှင် သွားကြမည်။ ထာဝရဘုရားသည် သူတို့ကို ငါတို့လက်သို့ အပ်တော်မူ၏။ ထိုသို့သော ပုပ္ပနိမိတ်ရှိရ၏၊ ဟုဆိုသည်နှင့်အညီ၊
၄၆ ထာဝရဘုရားသည် သင့်ကို ငါ့လက်၌ ယနေ့အပ်တော်မူသဖြင့်၊ သင့်ကိုငါသတ်၍ လည်ပင်းကို ဖြတ်မည်။ ဖိလိတ္တိ ဗိုလ်ခြေ အသေကောင်များကို မိုးကောင်းကင်ငှက်နှင့် တောသားရဲတို့အား ယနေ့ငါပေးမည်။ ဣသရေလအမျိုး၌ ဘုရားသခင် ရှိတော်မူသည်ကို မြေကြီးသား အပေါင်းတို့သည် သိရကြလိမ့်မည်။
၁၀ ယနေ့ ထာဝရဘုရားသည် ဥမင်ထဲမှာ ကိုယ်တော်ကို ကျွန်တော်လက်၌ အပ်တော်မူကြောင်းကို ကြည့်ရှုတော်မူပါ။ အသက်တော်ကို သတ်စေခြင်းငှာ အချို့တို့သည် တိုက်တွန်းသော်လည်း၊ ကျွန်တော်သည် နှမြောသော စိတ်ရှိ၍၊ ငါ့အရှင်သည် ထာဝရဘုရား၏ ဘိသိက်ခံသူ ဖြစ်တော်မူသောကြောင့်၊ ထိုအရှင်ကို ထိခိုက်ခြင်းငှာ ငါသည်လက်ကို မဆန့်၊ ဟုအကြံရှိပါ၏။
၈ အဘိရှဲကလည်း၊ ဘုရားသခင်သည် ကိုယ်တော်၏ ရန်သူကို ကိုယ်တော်လက်၌ ယနေ့အပ်တော်မူပြီ။ ထိုကြောင့် ကျွန်တော်သည် မြေတိုင်အောင် လှံနှင့်တချက်တည်း ထိုးပါရစေ၊ ဟုကျွန်တော် တောင်းပန်ပါ၏။ နှစ်ချက်တိုင်အောင် မထိုးပါ၊ ဟုဒါဝိဒ်ကို လျှောက် သော်လည်း၊
၁၉ ထိုမှတပါး သင်နှင့် ဣသရေလ အမျိုးကို ဖိလိတ္တိလူတို့ လက်၌ အပ်တော်မူမည်။ နက်ဖြန်နေ့ သင်နှင့် သင်၏သားတို့သည် ငါနှင့်အတူ ရှိလိမ့်မည်။ ထာဝရဘုရားသည် ဣသရေလ လူအလုံးအရင်းကို ဖိလိတ္တိလူတို့လက်၌ အပ်တော်မူမည်၊ ဟုဆို၏။
s နတ်ဝင်မိန်းမက နွားကလေးသတ်၍ ရှောလုကိုကျွေး
၂၃ ဒါဝိဒ်ကလည်း၊ ငါ့ညီအစ်ကိုတို့ ငါတို့ကို စောင့်မ၍ ငါတို့ကို တိုက်လာသော အလုံးအရင်းကို ငါတို့လက်သို့ အပ်တော်မူသော ထာဝရဘုရား ပေးသနားတော်မူသော ဥစ္စာကို ထိုသို့မပြုရ။
၁၉ ဒါဝိဒ်ကလည်း အကျွန်ုပ်သည် ဖိလိတ္တိ လူတို့ရှိရာသို့ သွားရပါမည်လော။ အကျွန်ုပ်လက်၌ အပ်တော်မူမည်လောဟု ထာဝရဘုရားကို မေးလျှောက်လျှင်၊ ထာဝရဘုရားက သွားလော့။ ငါသည် ဖိလိတ္တိလူတို့ကို သင့်လက်သို့ ဆက်ဆက်အပ်မည် ဟု မိန့်တော်မူသည်အတိုင်း
၂၈ အဟိမတ်ကလည်း ချမ်းသာရပါ၏၊ ဟုဟစ်ပြီး ရှင်ဘုရင်ရှေ့ မြေပေါ်မှာ ပြပ်ဝပ်လျက် အရှင်မင်းကြီးကို ပုန်ကန်သောလူတို့ကို အပ်တော်မူသော ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာ ရှိတော်မူစေသတည်းဟု လျှောက်လေ၏။
၄၆ မပြစ်မှားတတ်သော လူတယောက်မျှ မရှိသည်ဖြစ်၍၊ ကိုယ်တော်၏လူတို့သည် ကိုယ်တော်ကို ပြစ်မှားသောကြောင့်၊ အမျက်တော်ထွက်၍ ရန်သူလက်သို့ အပ်တော်မူသဖြင့်၊ ရန်သူတို့သည် ဝေးသောပြည်၊ နီးသောပြည်၊ အခြားတပါးသောပြည်သို့ သိမ်းသွားလျှင်၎င်း၊
၁၄ အာဟပ်ကလည်း၊ အဘယ်သူအားဖြင့် အပ်တော်မူမည်နည်း၊ ဟုမေးလျှင်၊ မြို့ဝန်များ၏ လုလင်တို့အားဖြင့် အပ်မည်၊ ဟုထာဝရဘုရား မိန့်တော်မူကြောင်းကို ဆင့်ဆို၏။ စစ်မှုကို အဘယ်သူ စီရင်ရမည်နည်း၊ ဟုမေးပြန်သော်၊ မင်းကြီးကိုယ်တိုင် စီရင်ရမည်၊ ဟုဆို၏။
၁၈ ထိုအမှုသည် ထာဝရဘုရား ရှေ့တော်၌ သာမညအမှု ဖြစ်သေး၏။ မောဘလူတို့ကိုလည်း သင်တို့လက်သို့ အပ်တော်မူမည်။
၃ ထိုကြောင့် ထာဝရဘုရားသည် ဣသရေလ အမျိုးကို အမျက်ထွက်၍ ယောခတ်မင်း လက်ထက်ကာလပတ်လုံး၊ ရှုရိရှင်ဘုရင် ဟာဇေလနှင့် သူ၏သား ဗယ်ာဒဒ်လက်သို့ ဣသရေလ အမျိုးကို အပ်တော်မူ၏။
၂၀ ထာဝရဘုရားသည်လည်း၊ ဣသရေလ အမျိုးရှိသမျှကို ရွံ့ရှာ၍ မျက်မှောက်တော်မှ မနှင်ထုတ်မှီ တိုင်အောင် ဒဏ်ခတ်တော်မူ၏။ လုယက်သော သူတို့လက်၌ အပ်တော်မူ၏။
၁၄ ထာဝရဘုရားကို မမေးမြန်းဘဲ နတ်ဝင်မိန်းမကို ရှာဖွေ မေးမြန်းသောကြောင့်၎င်း၊ ထာဝရဘုရားသည် သူ့ကိုကွပ်မျက်၌ နိုင်ငံတော်ကို ယေရှဲသား ဒါဝိဒ်၌ လွှဲအပ်တော်မူ၏။
၁၀ ဒါဝိဒ်ကလည်း၊ အကျွန်ုပ်သည် ဖိလိတ္တိလူတို့ရှိရာသို့ သွားရပါမည်လော။ အကျွန်ုပ်လက်၌ အပ်တော်မူမည်လော၊ ဟုဘုရားသခင်ကို မေးလျှောက်လျှင်၊ ထာဝရဘုရားက သွားလော့။ သင့်လက်၌ ငါအပ်မည်၊ ဟုမိန့်တော်မူသည်အတိုင်း၊
၁၈ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် သင်တို့နှင့်အတူ ရှိတော်မူသည် မဟုတ်လော။ အရပ်ရပ်၌ ငြိမ်ဝပ်ရသော အမှုကို ပေးတော်မူသည် မဟုတ်လော။ ပြည်သူ ပြည်သားတို့ကို ငါ့လက်၌ အပ်တော်မူသဖြင့်၊ ထာဝရဘုရား၏ရှေ့၊ ထိုဘုရားသခင်၏ လူတို့ရှေ့မှာ တပြည်လုံးသည် နှိမ့်ချလျက်ရှိ၏။
၃၆ မပြစ်မှားတတ်သော သူတယောက်မျှ မရှိသည်ဖြစ်၍၊ ကိုယ်တော်၏လူ တို့သည် ကိုယ်တော်ကို ပြစ်မှားသောကြောင့်၊ အမျက်တော်ထွက်၍ ရန်သူလက်သို့ အပ်တော်မူသဖြင့်၊ ရန်သူတို့သည် ဝေးသောပြည်၊ နီးသောပြည်၊ အခြားတပါးသော ပြည်သို့ သိမ်းသွားလျှင်၎င်း၊
၅ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရားသည် ဆားနှင့်ယှဉ်သော ပဋိညာဉ်အားဖြင့်၊ ဣသရေလ နိုင်ငံကို ဒါဝိဒ်နှင့် သားတော် မြေးတော်တို့၌ အစဉ် အပ်တော်မူကြောင်းကို၊ သင်တို့သိမှတ် သင့်သည် မဟုတ်လော။
၂၄ ယုဒလူတို့သည် ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကို စွန့်သောကြောင့်၊ များပြားသော အလုံးအရင်း ဖြစ်သော်လည်း၊ နည်းသော ရှုရိတပ် အလုံးအရင်းလက်သို့ ထာဝရဘုရား အပ်တော်မူ၍၊ ရှုရိလူတို့သည် ယောရှကို တရားစီရင်ကြ၏။
sယောရှမင်း အသတ်ခံရ
၅ ထို့ကြောင့်၊ သူ၏ ဘုရားသခင် ထာဝရဘုရားသည် သူ့ကို ရှုရိ ရှင်ဘုရင် လက်သို့ အပ်တော်မူသဖြင့်၊ ရှုရိလူတို့သည် လုပ်ကြံလျက်၊ များစွာသော လူတို့ကိုဖမ်းဆီး၍၊ ဒမာသက်မြို့သို့ သိမ်းသွားကြ၏။
s ဣသရေလရှင်ဘုရင် လက်သို့အပ်
၈ ထိုကြောင့်၊ ထာဝရဘုရားသည် ယုဒပြည် ယေရုရှလင်မြို့ကို အမျက်တော်ထွက်၍၊ သင်တို့မြင်သည်အတိုင်း ဆင်းရဲခံခြင်း၊ မိန်းမောတွေဝေခြင်း၊ ကဲ့ရဲ့သံကို ကြားခြင်းအမှု၌ အပ်တော်မူပြီ။
၇ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကို ပြစ်မှားသော သင်တို့၏အဘများ၊ ညီအစ်ကိုများကဲ့သို့ မပြုကြနှင့်။ ပြစ်မှားသော ထိုသူတို့ကို သင်တို့မြင်သည်အတိုင်း၊ သုတ်သင်ပယ်ရှင်းခြင်းသို့ အပ်တော်မူပြီ။
၇ ဗိမာန်တော် တန်ဆာ အချို့တို့ကိုလည်း ယူသွား၍၊ ဗာဗုလုန်မြို့ ဗိမာန်၌ ထားလေ၏။
၁၂ ငါတို့ ဘိုးဘေးတို့သည် ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်၏ အမျက်တော်ကို နှိုးဆော်သောကြောင့်၊ သူတို့ကို ခါလဒဲမင်း၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာလက်သို့ အပ်တော်မူသဖြင့်၊ ထိုရှင်ဘုရင်သည် ဤအိမ်တော်ကို ဖျက်ဆီး၍၊ ပြည်သားတို့ကို ဗာဗုလုန်မြို့သို့ သိမ်းသွား၏။
sဘုရင်၏အလိုတော်ကို တောင်းကြ
c၅
sဗိမာန်တော် ဆောက်ခြင်းပြန်စ
၁ ထိုအခါ ပရောဖက်ဟဂ္ဂဲနှင့် ဣဒေါသား ပရောဖက် ဇာခရိတို့သည် ယုဒပြည်သူ၊ ယေရုရှလင်မြို့သား၊ ယုဒလူတို့အား ထာဝရ ဘုရားအခွင့်နှင့် ဟောကြ၏။ ၂ ထိုသို့ ဘုရားသခင်၏ ပရောဖက်တို့သည် ဝိုင်းသဖြင့်၊ ရှာလသေလသား ဇေရုဗဗေလနှင့် ယောဇဒက်သား ယောရှုသည်ထ၍ ယေရုရှလင်မြို့၏ ဗိမာန်တော်ကို တည်စပြုပြန်ကြ၏။
sရန်သူတို့ နှောင့်ယှက်ပြန်
၃ ထိုအခါ မြစ်အနောက်ဘက် မြို့ဝန်တာတနဲနှင့် ရှေသာဗောဇနဲမှစ၍ သူတို့အပေါင်း အဖေါ်တို့သည် လာ၍၊ ဤအိမ်ကိုတည် ဆောက်ရမည်၊ ဤမြို့ရိုးကို ပြုပြင်ရမည်အကြောင်း အဘယ်သူ မှာထားသနည်းဟူ၍၎င်း၊ ၄ ဤအိမ်ကို တည်ဆောက်သောသူ တို့၏အမည်ကား အဘယ်သို့နည်း ဟူ၍၎င်း၊ မေးစစ်ကြသော်လည်း၊ ၅ ဒါရိမင်း အမိန့်တော် မရောက်မှီ အလုပ်အကိုင် မပျက်စေခြင်းငှါ၊ ဘုရားသခင်သည် ယုဒအမျိုးသား အသက်ကြီးသူတို့ကို ထောက်ရှုတော်မူ၏။ သို့ဖြစ်၍ အထံတော်သို့ လျှောက်စာကို ပေးလိုက်ကြ၏။
sရန်သူများက ဒါရိမင်းထံတိုင်သောစာ
၆ မြစ်အနောက်ဘက် မြို့ဝန်တာတနဲနှင့် ရှေသာဗောဇနဲမှစ၍ သူတို့အပေါင်းအဖေါ်၊ ၇ မြစ်အနောက်ဘက်၌ နေသောအဖာသသက် လူတို့သည်၊ ဒါရိမင်းကြီးထံသို့ ပေးလိုက်သော စာချက်ဟူမူကား၊ ဒါရိမင်းကြီး၌ အစဉ်ချမ်းသာရှိပါစေသော်။ ၈ ကျွန်တော်တို့သည် ယုဒပြည်တွင် ကြီးမြတ်သော ဘုရားသခင်၏ အိမ်တော်သို့ ရောက်၍၊ ထိုအရပ်သားတို့သည် အိမ်တော်ကို ကျောက်ကြီးနှင့် တည်လုပ်လျက်၊ ကျောက်ထရံပေါ်မှာ သစ်သားကို တင်လျက်၊ အလျင်အမြန် လုပ်ဆောင်၍ အကြံထမြောက်ကြောင်းကို သိမှတ်တော်မူပါ။ ၉ ဤအိမ်ကို တည်ဆောက်ရမည်၊ ဤမြို့ရိုးကို ပြုပြင်ရမည်အကြောင်း အဘယ်သူ မှာထားသနည်းဟူ၍၎င်း၊ ၁၀ သူကြီးတို့၏ အမည်များကို စာရင်းယူ၍ အထံတော်သို့ ပေးလိုက်ခြင်းငှါ၊ သူကြီးတို့၏ အမည်များကို၎င်း၊ အသက်ကြီးသူ များ၌ မေးမြန်းသောအခါ၊ ၁၁ သူတို့က၊ ငါတို့သည် ကောင်းကင်နှင့် မြေကြီးအရှင် ဘုရားသခင်၏ ကျွန်တော်ဖြစ်ကြ၏။ ရှေးကာလ၌ ကြီးမြတ်သော ဣသရေလ ရှင်ဘုရင် တည်ထောင်တော်မူသော အိမ်တော်ကို ယခုပြုပြင်ကြ၏။ ၁၂ ငါတို့ ဘိုးဘေးတို့သည် ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်၏ အမျက်တော်ကို နှိုးဆော်သောကြောင့်၊ သူတို့ကို ခါလဒဲမင်း၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာလက်သို့ အပ်တော်မူသဖြင့်၊ ထိုရှင်ဘုရင်သည် ဤအိမ်တော်ကို ဖျက်ဆီး၍၊ ပြည်သားတို့ကို ဗာဗုလုန်မြို့သို့ သိမ်းသွား၏။
sဘုရင်၏အလိုတော်ကို တောင်းကြ
၁၃ ဗာဗုလုန် ရှင်ဘုရင်ကုရုသည်၊ နန်းစံပဌမနှစ်တွင် ဤဗိမာန်တော်ကို ပြုပြင်ရမည်အကြောင်း မိန့်တော်မူ၏။ ၁၄ နေဗုခဒ်နေဇာသည် ယေရုရှလင်မြို့၏ ဗိမာန်တော်ထဲက ထုတ်၍၊ ဘုရားသခင်၏ အိမ်တော်နှင့် ဆိုင်သော်လည်း၊ ဗာဗုလုန်မြို့၏ ဗိမာန်သို့ ဆောင်သွားသော ရွှေတန်ဆာ၊ ငွေတန်ဆာတို့ကို ကုရုမင်းကြီးသည် ဗာဗုလုန်မြို့၏ ဗိမာန်ထဲက တဖန်ထုတ်၍၊ ရှေရှဗာဇာအမည်နှင့် မြို့ဝန်အရာ၌ ခန့်ထားသော သူလက်သို့ အပ်တော်မူလျက်၊ ၁၅ ဤတန်ဆာတို့ကိုယူ၍ ယေရုရှလင်မြို့၏ ဗိမာန်တော်သို့ ဆောင်သွားလော့။ ဘုရားသခင်၏ အိမ်တော်ကို မိမိနေရာ၌ တည်ပြန်စေ၊ ဟုမိန့်တော်မူသည်အတိုင်း၊ ၁၆ ထိုရှေရှဗာဇာသည်လာ၍ ယေရုရှလင်မြို့၏ ဘုရားအိမ်တော်အမြစ်ကို ချထားသဖြင့်၊ ထိုအချိန်မှစ၍ ယခုတိုင်အောင် ငါတို့သည် တည်လုပ်လျက် လက်စမသတ်သေး၊ ဟုပြန်ပြောကြ၏။ ၁၇ သို့ဖြစ်၍၊ ယေရုရှလင်မြို့၌ ဘုရား၏ အိမ်တော်ကို တည်ရမည်အကြောင်း၊ ကုရုမင်းကြီး အမိန့်တော်ရှိသည် မရှိသည်ကို သိလိုသဖြင့်၊ ဗာဗုလုန်မြို့ ဘဏ္ဍာတော်တိုက်၌ ရှာဖွေစေခြင်းငှါ၊ အလိုတော်ရှိလျှင် ရှာဖွေစေတော်မူပါ။ နောက်တဖန် ဤအမှု၌ အလိုတော်ရှိသည်အတိုင်း ကျွန်တော်တို့ဆီသို့ အမိန့်တော်စာကို ပေးလိုက်တော်မူပါ၊ ဟုလျှောက်စာ၌ ပါသတည်း။
၄၈ သူတို့၏ သိုးနွားများကို မိုးသီးဖြင့်၎င်း၊ ပြုစုသော တိရစ္ဆာန်များကို မီး၌၎င်း၊ အပ်တော်မူ၏။
၄၁ သူတို့ကို တပါးအမျိုးသား တို့လက်သို့ အပ်တော်မူသဖြင့်၊ မုန်းသောသူတို့သည် အုပ်စိုးရကြ၏။
၂၄ လုယူရာ ဖြစ်စေခြင်းငှါ၊ ယာကုပ်ကို၎င်း၊ ဓါးပြတို့လက်သို့ ဣသရေလကို၎င်း၊ အဘယ်သူ အပ်သနည်း။ ငါတို့ပြစ်မှားသော အရှင် ထာဝရဘုရား အပ်တော်မူသည် မဟုတ်လော။ သူတို့သည် နောက်တော်သို့ မလိုက် တရားတော်ကို မကျင့်ဘဲ နေကြ၏။
၂၁ ထိုကြောင့်၊ သူတို့ကိုဓါးဘေးသို့၎င်း၊ သူတို့သားသမီးများကို မွတ်သိပ်ခြင်းသို့၎င်း အပ်တော်မူပါ။ သူတို့မိန်းမတို့သည်သားများဆုံး၍ မုဆိုးမဖြစ်ကြပါစေသော်။ လူကြီးတို့သည်အသေသတ်ခြင်းကိုခံရ၍၊ လူတို့လည်းစစ်တိုက်ပွဲ၌ ဓါးဖြင့်ဆုံးကြပါစေသော်။
၃၁ မြေကြီးစွန်းတိုင်အောင် အသံနှံ့ပြားလိမ့်မည်။ ထာဝရဘုရားသည် လူအမျိုးမျိုးတို့နှင့် တရားတွေ့စရာအကြောင်းရှိ၍၊ ခပ်သိမ်းသောသတ္တဝါတို့ကို အမှုလုပ်တော်မူမည်။ ဆိုးသောသူတို့ကို ဓါးနှင့်ကွပ်မျက်စေခြင်းငှါ အပ်တော်မူမည် ဟုထာဝရ ဘုရားမိန့်တော်မူ၏။
sဘေးသည်တပြည်မှတပြည်ကူးဆက်မည်
၂၄ ပြအိုးမြေရိုးတို့ကို ကြည့်ရှုတော်မူပါ။ မြို့တော်ကိုတိုက်ယူခြင်းငှါ ရောက်ကြပါပြီ။ ဓါးဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးတို့ဖြင့် တိုက်သော ခါလဒဲလူတို့လက်သို့ မြို့တော်ကို အပ်တော်မူပြီ။ မိန့်တော်မူသော စကား ပြည့်စုံကြောင်းကိုလည်း ကိုယ်တော်တိုင် မြင်တော်မူ၏။
၇ ထာဝရဘုရားသည် မိမိယဇ်ပလ္လင်တော်ကို ပယ်တော်မူပြီ။ မိမိသန့်ရှင်းရာ ဌာနတော်ကို စက်ဆုပ်တော်မူပြီ။ ဘုံဗိမာန်တော်ကို ရန်သူလက်သို့အပ်တော်မူသဖြင့် ပွဲသဘင်ခံသောနေ့၌ အသံပြုသကဲ့သို့၊ ရန်သူတို့သည် ထာဝရဘုရား၏ အိမ်တော်၌ အသံပြုကြပြီ။
၂၁ လူသားစုထဲက နှင်ထုတ်ခြင်းကိုခံ၍ တိရစ္ဆာန်သဘောနှင့် ပြည့်စုံ၏။ အမြင့်ဆုံးသော ဘုရားသခင်သည် လောကီနိုင်ငံကို အုပ်စိုး၍၊ အလိုတော် ရှိသောသူတို့အား အပ်တော်မူသည်ကို မသိမမှတ်မှီ တိုင်အောင်၊ မြည်းရိုင်းတို့နှင့် ပေါင်းဖေါ်လျက်၊ နွားကဲ့သို့ မြက်ကိုစားလျက်၊ မိုးစွတ်ခြင်းကိုခံ၍ နေရ၏။
sဒံယေလက အနက်ဖွင့် ဗေလရှာဇာအသတ်ခံ
၂ ထာဝရဘုရားသည် ယောသပ်ဘက်၌ ရှိတော်မူသဖြင့် သူသည် အကြံထမြောက်တတ်၏။ အဲဂုတ္တုအမျိုးသား မိမိသခင်၏အိမ်၌ နေရလေ၏။
၂၇ ထိုသို့ ထာဝရဘုရားသည် ယောရှုနှင့် အတူရှိတော်မူ၍၊သူ၏ သတင်းသည် တပြည်လုံး၌ နှံ့ပြားကျော်စောလေ၏။
၁၉ ထာဝရဘုရားသည် ယုဒနှင့်အတူရှိတော်မူ၍၊ သူသည်တောင်ပေါ်မှာ နေသောသူတို့ကို နှင်ထုတ်လေ၏။ ချိုင့်သားတို့ကို မနှင်ထုတ်နိုင်။ အကြောင်းမူကား၊ သူတို့သည် သံရထားရှိကြ၏။