-
AA
+
🡀
|
🡂
တရားသူကြီးမှတ်စာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တရားသူကြီးမှတ်စာ
အခန်းကြီး ၃


စုံစမ်းခြင်းငှာ၎င်း စစ်အတတ်သင် စေခြင်းငှာ၎င်း

ခါနာန်ပြည်၌ တိုက်သော စစ်မှုရှိသမျှတို့ကို မသိသော ဣသရေလ အမျိုးသား အပေါင်းတို့ကို စုံစမ်းခြင်းငှာ၎င်း၊ စစ်မှုကိုမသိသော ဣသရေလ အမျိုးသား အစဉ်အဆက်တို့သည် စစ်အတတ်ကို သင်၍ တတ်စေခြင်းငှာ၎င်း၊ ထာဝရဘုရား ချန်ထားတော်မူသော လူမျိုးများဟူမူကား၊ ဖိလိတ္တိမင်း ငါးပါးအစရှိသော ခါနနိလူ အမျိုးမျိုး၊ ဇိဒုန်လူ၊ ဗာလဟေရမုန် တောင်မှစ၍ ဟာမတ်လမ်းဝတိုင်အောင် လေဗနုန် တောင်ပေါ်မှာ နေသော ဟိဝိလူတို့သည် ကျန်ကြွင်းကြ၏။ ထာဝရဘုရားသည် မောရှေအားဖြင့် ဘိုးဘေးတို့ကို မှာထားတော်မူသော ပညတ်များအတိုင်း ကျင့်မည် မကျင့်မည်ကို ထင်ရှားစေခြင်းငှာ၊ ဣသရေလ အမျိုးကို စုံစမ်းဖို့ရာ ဖြစ်သတည်း။ ဣသရေလ အမျိုးသားတို့သည် ခါနနိလူ၊ ဟိတ္တိလူ၊ အာမောရိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့တွင် နေ၍၊ သူတို့ သမီးများနှင့် စုံဘက်ခြင်းကို ပြုလျက်၊ မိမိတို့ သမီးများကို ပေးစားလျက်၊ သူတို့ဘုရားများကို ဝတ်ပြုကြ၏။


တရားသူကြီး ဩသံယေလ

ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ မိမိတို့ ဘုရားသခင် ထာဝရဘုရားကို မေ့လျော့သဖြင့်၊ ဗာလဘုရားများ၊ အာရှရပင်များကို ဝတ်ပြုသောကြောင့်၊ ထာဝရဘုရားသည် ဣသရေလ အမျိုး၌ ပြင်းစွာ အမျက်တော်ထွက်၍၊ မေသောပေါတာမိ ရှင်ဘုရင် ခုရှံရိရှသိမ်၌ ရောင်းတော်မူသဖြင့်၊ ဣသရေလ လူတို့သည် ရှစ်နှစ်ပတ်လုံး ထိုရှင်ဘုရင်ထံ၌ ​ကျွန်ခံရ၏။ နောက်တဖန် ထာဝရဘုရားကို အော်ဟစ်ကြသောအခါ၊ ကယ်တင်သော သခင်၊ ကာလက်ညီ၊ ကေနတ်၏သား ဩသံယေလကို သူတို့အဖို့ ပေါ်ထွန်းစေတော်မူ၏။ ၁၀ ထာဝရဘုရား၏ ဝိညာဉ်တော်သည် သူ့အပေါ်သို့ သက်ရောက်သဖြင့်၊ သူသည် ဣသရေလ အမျိုးကို အုပ်စိုး၍၊ စစ်ချီလေ၏။ မေသောပေါတာမိ ရှင်ဘုရင် ခုရှံရိရှသိမ်ကို သူ့လက်၌ ထာဝရဘုရား အပ်တော်မူသဖြင့်၊ သူသည် ထိုရှင်ဘုရင်ကို အောင်လေ၏။ ၁၁ အနှစ် လေးဆယ်တိုင်တိုင် တပြည်လုံး ငြိမ်းပြီးမှ ကေနတ်၏သား ဩသံယေလသည် သေလေ၏။


တရားသူကြီး ဧဟုဒ

၁၂ တဖန် ဣသရေလ အမျိုးသည် ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကို ပြုသောကြောင့်၊ မောဘရှင်ဘုရင် ဧကလုန်ကို ဣသရေလ အမျိုးတဘက်၌ ခွန်အားနှင့် ပြည့်စုံစေတော်မူ၏။ ၁၃ ထိုမင်းသည် အမ္မုန်အမျိုးသား၊ အမလက် အမျိုးသားတို့ကို စုဝေးစေလျက် ချီသွား၍၊ ဣသရေလ လူတို့ကို လုပ်ကြံပြီးမှ၊ စွန်ပလွံမြို့ကို သိမ်းယူသဖြင့်၊ ၁၄ ဣသရေလ အမျိုးသားတို့သည် တစ်ဆယ့်ရှစ်နှစ်ပတ်လုံး မောဘရှင် ဘုရင်ဧဂလုန်မင်းထံ၌ ကျွန်ခံရကြ၏။ ၁၅ နောက်တဖန် ထာဝရဘုရားကို အော်ဟစ်သောအခါ၊ ကယ်တင်သော သခင်၊ လက်ယာလက်ကို မသုံးတတ်သော ဗင်္ယာမိန်အမျိုး၊ ဂေရသား ဧဟုဒကို ပေါ်ထွန်းစေတော်မူ၏။ သူ့လက်တွင် ဣသရေလ လူတို့သည် လက်ဆောင်ကို မောဘရှင်ဘုရင် ဧဂလုန်ထံသို့ ပေးလိုက်ကြ၏။ ၁၆ ဧဟုဒသည် အလျား တစ်တောင်ရှိသော သံလျက်ကိုလုပ်၍ လက်ယာဘက် အဝတ်တွင်း၌ စည်းထားပြီးလျှင်၊ ၁၇ မောဘရှင်ဘုရင် ဧဂလုန်ထံသို့ လက်ဆောင်ကို ဆောင်ခဲ့လေ၏။ ဧဂလုန်သည် အလွန်ဝသောသူ ဖြစ်၏။ ၁၈ ဧဟုဒသည် လက်ဆောင်ကို ဆက်ပြီးလျှင်၊ လက်ဆောင်ကို ထမ်းသောသူတို့ကို လွှတ်လိုက်၍၊ ၁၉ ဂိလဂါလနား၌ ရှိသော ကျောက်တိုင်တို့မှ ကိုယ်တိုင်ပြန်လာ၍၊ ဘုရားကျွန်တော်သည် တိတ်ဆိတ်စွာ လျှောက်စရာအကြောင်း ရှိပါသည်၊ ဟုဆိုလျှင်၊ ရှင်ဘုရင်က တိတ်ဆိတ်စွာ နေကြ၊ ဟုအမိန့်တော်ရှိသည်အတိုင်း၊ အထံတော်၌ ခစားသောသူ အပေါင်းတို့သည် ထွက်ကြ၏။ ၂၀ ထိုအခါ ရှင်ဘုရင်သည် ကိုယ်တိုင် တစ်ယောက်တည်း နေတတ်သော နွေနန်းဆောင်၌ ထိုင်နေစဉ်၊ ဧဟုဒသည် ချဉ်းကပ်၍ ကိုယ်တော်နှင့် ဆိုင်သော ဘုရားသခင်၏ အမိန့်တော်ပါပါ၏၊ ဟုလျှောက်သော်၊ ရှင်ဘုရင်သည် ထလေ၏။ ၂၁ ဧဟုဒသည် လက်ဝဲလက်ကို ဆန့်လျက် သန်လျက်ကို လက်ယာပေါင်မှ ထုတ်၍၊ ရှင်ဘုရင်၏ ဝမ်းကို ထိုးသဖြင့်၊ ၂၂ လက်ကိုင်အရိုးနှင့် တကွ၊ သန်လျက်မြုပ်ဝင်၍၊ ဝမ်းထဲ၌ မနှုတ်နိုင်အောင် ဆီဥသည် သန်လျက်ကို လွှမ်းလျက်၊ ချေးနုလည်း ထွက်လျက်ရှိလေ၏။ ၂၃ ထိုအခါ ဧဟုဒသည် အခန်းပြင်သို့ထွက်ပြီးလျှင် နန်းတော်တံခါးတို့ကို ပိတ်၍ သော့ခပ်လေ၏။ ၂၄ ထွက်သွားသောနောက်၊ ​ကျွန်တော်မျိုး အချို့တို့သည်လာ၍ နန်းတော်တံခါး၌ သော့ခတ်လျက် ရှိသည်ကို မြင်လျှင်၊ စင်စစ် နွေနန်းဆောင်၌ စက်တော်ခေါ်သည်၊ ဟုဆိုလျက်၊ ၂၅ ရှက်ကြောက်သည် တိုင်အောင် ငံ့နေပြီးမှ၊ သူတို့အရှင်သည် တံခါးကို မဖွင့်သောကြောင့် သူတို့သည် သော့ကိုယူ၍ ဖွင့်ကြည့်သောအခါ၊ မြေပေါ်မှာလဲ၍ သေလျက်ရှိသော မိမိတို့အရှင်ကို တွေ့မြင်ကြ၏။ ၂၆ ထိုသို့သူတို့သည် ငံ့နေကြစဉ်တွင်၊ ဧဟုဒသည် ဘေးလွတ်သဖြင့် ကျောက်တိုင်တို့ကို လွန်၍ စိရပ်ရွာသို့ ရောက်ပြီးမှ၊ ၂၇ ဧဖရိမ်တောင်ပေါ်မှာ တံပိုးကိုမှုတ်၍၊ ဣသရေလ အမျိုးသားတို့သည် သူ့နောက်သို့ လိုက်လျက် တောင်ပေါ်က ဆင်းကြ၏။ ၂၈ သူကလည်း ငါ့နောက်သို့ လိုက်ကြလော့။ ထာဝရဘုရားသည် သင်တို့၏ ရန်သူ မောဘလူတို့ကို သင်တို့လက်၌ အပ်တော်မူမည်၊ ဟုဆိုသည်အတိုင်း၊ သူ့နောက်မှဆင်း၍ ယော်ဒန်မြစ် ကူးရာ မောဘပြည်သို့ သွားရာလမ်းကို ဆီးတားသဖြင့်၊ လူတစ်စုံတစ်ယောက်ကိုမျှ မကူးစေရ။ ၂၉ ထိုအခါ ခွန်းအားကြီးသော မောဘ စစ်သူရဲ တစ်ယောက်မျှ မလွတ်ဘဲ၊ လူတစ်သောင်းကိုသတ်၍၊ ၃၀ မောဘအမျိုးသည် ဣသရေလ အမျိုးလက်၌ရှုံးသဖြင့်၊ အနှစ်ရှစ်ဆယ် တိုင်တိုင် တပြည်လုံး ငြိမ်းလေ၏။ ၃၁ ဧဟုဒနောက်မှာ အာနတ်သား ရှံဂါပေါ်ထွန်း၍၊ တုတ်ချွန်နှင့် ဖိလိတ္တိလူ​ ခြောက်ရာတို့ကို သတ်သဖြင့်၊ ဣသရေလ အမျိုးသားတို့ကို ကယ်လွှတ်လေ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.