-
A
A
+
🡀
|
🡂
နာဟုံ အနာဂတ္တိ
၁
၁
ပဋိညာဉ်တရားဟောင်း
ကမ္ဘာဦးကျမ်း
ထွက်မြောက်ရာကျမ်း
ဝတ်ပြုရာကျမ်း
တောလည်ရာကျမ်း
တရားဟောရာကျမ်း
ယောရှုမှတ်စာ
တရားသူကြီးမှတ်စာ
ရုသ၀တ္ထု
၁ ဓမ္မရာဇဝင်
၂ ဓမ္မရာဇဝင်
၃ ဓမ္မရာဇဝင်
၄ ဓမ္မရာဇဝင်
၁ ရာဇဝင်ချုပ်
၂ ရာဇဝင်ချုပ်
ဧဇရမှတ်စာ
နေဟမိမှတ်စာ
ဧသတာ၀တ္ထု
ယောဘ၀တ္ထု
ဆာလံကျမ်း
သုတ္တံကျမ်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
ရှင်မဿဲခရစ်ဝင်
ရှင်မာကုခရစ်ဝင်
ရှင်လုကာခရစ်ဝင်
ရှင်ယောဟန်ခရစ်ဝင်
တမန်တော်၀တ္ထု
ရောမ ဩဝါဒစာ
၁ ကောရိန္သု ဩဝါဒစာ
၂ ကောရိန္သု ဩဝါဒစာ
ဂလာတိ ဩဝါဒစာ
ဧဖက် ဩဝါဒစာ
ဖိလိပ္ပိ ဩဝါဒစာ
ကောလောသဲ ဩဝါဒစာ
၁ သက်သာလောနိတ်
၂ သက်သာလောနိတ်
၁ တိမောသေ ဩဝါဒစာ
၂ တိမောသေ ဩဝါဒစာ
တိတု ဩဝါဒစာ
ဖိလေမုန်ဩဝါဒစာ
ဟေဗြဲဩဝါဒစာ
ယာကုပ်ဩဝါဒစာ
၁ ပေတရု ဩဝါဒစာ
၂ ပေတရု ဩဝါဒစာ
၁ ယောဟန် ဩဝါဒစာ
၂ ယောဟန် ဩဝါဒစာ
၃ ယောဟန် ဩဝါဒစာ
ယုဒ ဩဝါဒစာ
ဗျာဒိတ်ကျမ်း
Book in English
အခန်းကြီး
၁
၂
၃
အခန်းငယ်
၁
၂
၃
၄
၅
၆
၇
၈
၉
၁၀
၁၁
၁၂
၁၃
၁၄
၁၅
နာဟုံ အနာဂတ္တိ
အခန်းကြီး ၁
၁
ဧလခေါရှရွာသားနာဟုံခံရ၍၊ နိနေဝေမြို့နှင့် ဆိုင်သော ဗျာဒိတ်တော်အချက်ဟူမူကား၊
၂
ထာဝရ ဘုရားသည် သဝန်တို၍ ဒဏ်ပေးသောဘုရား ဖြစ်တော်မူ၏။ ထာဝရဘုရားသည် ဒဏ်ပေး၍ အမျက်ပြင်းထန်တော်မူ၏။ ထာဝရဘုရားသည် ရန်ဘက်ပြုသောသူတို့ကို ဒဏ်ပေး၍၊ ရန်သူတို့ကို အငြိုးထားတော်မူ၏။
၃
ထာဝရဘုရားသည် စိတ်ရှည်တော်မူ၏။ တန်ခိုးလည်း ကြီးတော်မူ၏။ သို့ရာတွင် အပြစ်တည်သောသူတို့ကို အပြစ်မှလွှတ်တော်မမူ။ ထာဝရဘုရားသည် လေဘွေ၌၎င်း၊ မိုးသက်မုန်တိုင်း၌၎င်း၊ ကြွတော်မူ၍၊ မိုးတိမ်တို့သည် စက်တော်အောက်၌ မြေမှုန့်ကဲ့သို့ဖြစ်ကြ၏။
၄
ပင်လယ်ကိုဆုံးမ၍ ခန်းခြောက်စေတော်မူ၏။ ခပ်သိမ်းသောမြစ်ရေကိုလည်း ကုန်စေတော်မူ၏။ ဗာရှန်တောင်နှင့် ကရမေလတောင်တို့သည် ညှိုးနွမ်းကြ၏။ လေဗနုန်အပွင့်လည်း ညှိုးနွမ်း၏။
၅
ကိုယ်တော်ကြောင့် တောင်တို့သည် တုန်လှုပ်လျက်၊ ကုန်းတို့သည် အရည်ကျိုလျက်၊ ရှေ့တော်၌ မြေကြီးနှင့်လောကဓါတ်မှစ၍ လောကသားအပေါင်းတို့သည် ရွေ့လျက်ရှိကြ၏။
၆
အမျက်တော်ရှေ့မှာ အဘယ်သူရပ်နိုင်သနည်း။ အမျက်တော်အရှိန်ကို အဘယ်သူဆီးတားနိုင်သနည်း။ မီးလောင်သကဲ့သို့ အမျက်ထွက်၍၊ ကျောက်တို့ကို ဖြိုချတော်မူ၏။
၇
ထာဝရဘုရားသည် ကောင်းတော်မူ၏။ အမှုရောက်သောအခါ ရဲတိုက်ဖြစ်တော်မူ၏။ ခိုလှုံသောသူတို့ကို သိမှတ်တော်မူ၏။
၈
ရန်သူနေရာကို လွှမ်းမိုးသောမြစ်ရေနှင့် ဆုံးရှုံးစေတော်မူသဖြင့်၊ ရန်သူတို့ကို မှောင်မိုက်လိမ့်မည်။
၉
ထာဝရဘုရားတဘက်၌ အဘယ်သို့ ကြံစည်ကြသနည်း။ အပြီးဆုံးရှုံးစေတော်မူမည်။ တဖန်နှိပ်နင်းစရာအကြောင်း မရှိရ။
၁၀
သူတို့သည် ဆူးပင်ကဲ့သို့ အချင်းချင်း ညိတွယ်လျက်၊ စပျစ်ရည်နှင့် ယစ်မူးသကဲ့သို့ ဖြစ်လိမ့်မည်၊ သွေ့ခြောက်သောအမှိုက်ကဲ့သို့ မီးလောင်ခြင်းကို ခံရကြလိမ့်မည်။
၁၁
ထာဝရဘုရားတဘက်၌ မကောင်း သောအကြံကို ကြံစည်သော အဓမ္မတိုင်ပင်အမတ်သည် သင့်အထဲကပေါ်လာပြီ။
၁၂
ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူတို့သည် စုံလင်၍ အရေအတွက်အားဖြင့် များပြားသော်လည်း၊ ဆုံးရှုံး၍ ကွယ်ပျောက်ရကြလိမ့်မည်။ သင့်ကို ငါညှဉ်းဆဲဘူးသော်လည်း နောက်တဖန်မညှဉ်းဆဲ။
၁၃
ယခုမှာသင်၌ သူတင်သော ထမ်းပိုးကို ငါချိုးပယ်၍၊ ချည်နှောင်သော ကြိုးတို့ကို လည်းဖြတ်မည်။
၁၄
သင်၏အမှု၌ ထာဝရဘုရား စီရင်တော်မူသည်ကား၊ သင်၏ အမျိုးမဆက်မနွယ်ရ။ ထုသောရုပ်တုနှင့် သွန်းသောရုပ်တုတို့ကို သင်၏ဘုရားကျောင်းမှ ငါပယ်ရှင်းမည်။ သင်သည် ယုတ်မာသောကြောင့် သင်၏သင်္ချိုင်ကို ငါလုပ်မည်။
၁၅
ငြိမ်သက်ခြင်း၏ ဝမ်းမြောက်စရာ သိတင်းစကားကို ကြားပြောသောသူ၏ ခြေတို့ကိုတောင်ပေါ်မှာ ကြည့်ကြလော့။ အိုယုဒအမျိုး၊ သင်၏ဓမ္မပွဲကိုခံလော့။ သစ္စာဂတိထားသည်အတိုင်း သစ္စာဝတ်ကိုဖြေလော့။ အဓမ္မလူသည် ရှင်းရှင်းပယ်ဖျက်ခြင်းကို ခံရသောကြောင့်၊ နောက်တဖန်သင့်ကို မကျော်မနင်းရ။
S E A R C H
Books
Old Testament
New Testament
Both
Display Results
Book & chapter only
Book & chapter plus text
Keyboard Mode
English. (Or turn on your unicode)
GMB native မြန်မာယူနီကုဒ်
eg. (1) John 3:16 (2) John 3:16-18 (3) ယောဟန် ၃း၁၆ (4) ထာဝရအသက်
S E T T I N G S
Font Size
Small
Regular
Big
Large
View Mode
Paragraph
Verse
Screen Width
Half
Full
Save settings?
YES
CANCEL
By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.
About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.