၄ အဆင်းလှ၍ ပြုစားတတ်လျက်၊ မတရားသောမေထုန်အမှုနှင့် စုန်းမအတတ်အားဖြင့်၊ လူအမျိုးမျိုးအနွယ်နွယ်တို့ကို ကုန်သွယ်လုပ်တတ်သော ပြည်တန်ဆာမိန်းမသည် မတရားသောမေထုန်ကို ပြုဖန်များပြားသောကြောင့်၊
၂၉ သူတို့သည်အလုံးစုံသော အဓမ္မကျင့်ခြင်း၊ မတရားသောမေထုန်ကိုပြုခြင်း၊ ဆိုးညစ်ခြင်း၊ လောဘလွန်ကျူးခြင်း၊ မနာလိုခြင်း၊ ငြူစူခြင်း၊ လူ့အသက်ကိုသတ်ခြင်း၊ ရန်တွေ့ခြင်း၊ လှည့်ဖြားခြင်း၊ သူတပါးကိုမြင်ပျင်းခြင်းတို့နှင့်ပြည့်စုံသောသူ၊ ချောစားသောသူ၊
၅ ထိုကြောင့်မတရားသောမေထုန်၌ မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာပူပန်ခြင်း၊ ဆိုးညစ်သောတပ်မက်ခြင်း၊ ရုပ်တုကို ကိုးကွယ်ခြင်း ဖြစ်သော လောဘလွန်ကျူးခြင်း တည်းဟူသော၊ မြေကြီးပေါ်မှာ ရှိသောသင်တို့၏ ကိုယ်အင်္ဂါတို့ကို သေစေကြလော့။
၃ ဘုရားသခင်၏ အလိုတော်ဟူမူကား၊ သင်တို့သည် မတရားသောမေထုန်ကို ကြဉ်ရှောင်၍ သန့်ရှင်းစေခြင်းငှါ၎င်း၊
၁၀ ဘုရားကို မကိုးကွယ်သောသူ၊ အပြစ်ထင်ရှားသောသူ၊ မသန့်ရှင်းသောသူ၊ ဘုရားတရားကို မရိုမသေပြုသောသူ၊ မိဘကို ညှဉ်းဆဲသောသူ၊ လူအသက်ကို သတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ ယောကျ်ားချင်း မေထုန်ကိုပြုသောသူ၊ လူကိုခိုးသွားသောသူ၊ မုသာစကားကို သုံးသောသူ၊ မဟုတ်မမှန်ဘဲ ကျိန်ဆိုသောသူမှစ၍၊ စင်ကြယ်သောဩဝါဒနှင့် ဆန့်ကျင်ဘက် ဖြစ်သမျှတို့အဖို့၊ ပညတ်တရားကို ထားသည်၊ ဟုသိမှတ်၍၊ ထိုတရားကို တရားသဖြင့် သုံးသောသူ၌ ပညတ်တရားသည် အကျိုးကို ပေးတတ်သည်၊ ဟုငါတို့သိကြ၏။
၇ ထိုနည်းတူ၊ သောဒုံမြို့နှင့် ဂေါမောရမြို့ မှစ၍ပတ်ဝန်းကျင်၌ ရှိသော(အာဒမာမြို့၊ ဇေဘိုင်မြို့) မြို့တို့သည်၊ အထက်က ဆိုခဲ့ပြီးသော လူဆိုးကဲ့သို့၊ မတရားသောမေထုန်ကို အလွန်ပြု၍၊ ကိုယ်ခင်ပွန်း မဟုတ်သောသူ(strange flesh ကောင်းကင်တမန်) တို့နှင့်မှားယွင်းခြင်းအမှု၌ ၊ ကျင်လည်သောကြောင့်၊ ထာဝရမီးနှင့် ကျွမ်းလောင်ခြင်း ဒဏ်ကိုခံရ၍ ပုံသက်သေ ထင်ရှားလျက် ရှိကြ၏။
s အဓ္ဓမလူတို့သည်နားမလည်သောအရာတို့ကိုကဲ့ရဲ့တတ်
၂၅ ထိုသူလင်မယား နှစ်ဦးတို့သည်၊ အဝတ်မဝတ်ဘဲနေ၍၊ ရှက်ကြောက်ခြင်းနှင့် %fo(a) ကင်းလွတ်ကြ၏။
%ln
၇ ထိုသူနှစ်ယောက်တို့သည် မျက်စိပွင့်လင်း၍၊ မိမိတို့၌အဝတ်အချည်းစည်း ရှိသည်ကိုသိမြင်လျှင်၊မိမိတို့ဝတ်ရန်ဖို့ သင်္ဘောသဖန်းပင် အရွက်တို့ကို ချုပ်စပ်၍ ခါးစည်းကိုလုပ်ကြ၏။s လူလင်မယားထံဘုရားရှင်လာ
၂၀ နောဧသည် လယ်လုပ်သော အတတ်ကိုပြုစု၍၊ စပျစ်ဥယျာဉ်ကို စိုက်လေ၏။
၄၈ ထာဝရဘုရား စေလွှတ်တော်မူသော ရန်သူ၏ အမှုကို သင်သည် မွတ်သိပ်ခြင်း၊ ရေငတ်ခြင်း၊ အဝတ်အချည်းစည်းရှိခြင်းနှင့်တကွ၊ အရာရာ၌ ဆင်းရဲစွာ ဆောင်ရွက်ရလိမ့်မည်။ သင်သည် မပျက်စီးမှီ တိုင်အောင် သင့်လည်ပင်း၌ သံထမ်းပိုးကို တင်ထားတော်မူမည်။
၂၀ ထိုနောက် ဒါဝိဒ်သည် နန်းတော်သားတို့ကို ကောင်းကြီးပေးခြင်းငှာ သွား၍ ရောက်သောအခါ၊ ရှောလု၏သမီး မိခါလသည် ဆီး၍ ကြိုလျက်၊ လျှပ်ပေါ်သောသူသည် အရှက်မရှိဘဲ ကိုယ်အဝတ်ကို ချွတ်သကဲ့သို့၊ ယနေ့ ကျွန်ယောကျ်ား ကျွန်မိန်းမများရှေ့တွင် အဝတ်တော်ကို ချွတ်သော ဣသရေလ ရှင်ဘုရင်သည်၊ ယနေ့ အဘယ်မျှလောက် ဘုန်းကြီး တော်မူပါသည်တကား၊ ဟုဆို၏။
၂၀ ထိုအခါ ယောဘသည် ထ၍၊ မိမိဝတ်လုံကို ဆုတ်လေ၏၊၊ ဆံပင်ကိုလည်းရိတ်၍ မြေပေါ်မှာဝပ်လျက်ကိုးကွယ်ပြီးလျှင်၊ ငါသည်အဝတ်မပါဘဲ အမိဝမ်းထဲကထွက်လာ၏၊၊
၇ ချမ်းသောကာလ၌ ကိုယ်ကို ဖုံးလွှမ်းစရာအဝတ်မရှိ၊၊ အချည်းစည်း အိပ်ရကြ၏၊၊
၂ ထာဝရဘုရားက၊ သင်သည်သွား၍ ခါးစည်းသော လျှော်တေအဝတ်နှင့် ခြေနင်းကို ချွတ်လော့ ဟုအာမုတ်သား ဟေရှာယကို မိန့်တော်မူသည်အတိုင်း၊ သူသည်ပြု၍ အဝတ်ကိုမဝတ်၊ ခြေနင်းကို မစီးဘဲ သွားလာလျက်နေ၏။
၃ သင်သည် အဝတ်အချည်းစည်းရှိ၍၊ အရှက်ကွဲခြင်းကိုခံရမည်။ ငါသည် အပြစ်ဒဏ်ကိုပေးမည်။ အဘယ်သူနှင့်မျှ မိဿဟာယမဖွဲ့။%fo(a)
၈ ယေရုရှလင်မြို့ပြစ်မှားသောအပြစ်သည် အလွန်များသောကြောင့်၊ ရွံရှာဖွယ်ဖြစ်လေ၏။ သူ့ကိုရိုသေဘူးသောသူအပေါင်းတို့သည် သူ၌အချည်းစည်းရှိခြင်းကိုမြင်သောကြောင့် မထီမဲ့မြင်ပြုကြ၏။ သူသည်လည်းညည်းတွား၍နောက်သို့ပြန်သွားလေ၏။
၈ တဖန်ငါသည်လျှောက်သွား၍ သင့်ကိုမြင်သောအခါ၊ သင်၌ချစ်လိုဘွယ်သောအချိန် အရွယ်ရှိသောကြောင့်၊ ငါသည်ကိုယ်အဝတ်စွန်းကိုဖြန့်၍၊ သင်၌အချည်းစည်းရှိခြင်းကိုဖုံးအုပ်၏။ ကျိန်ဆိုခြင်းပြု၍သင်နှင့်ပဋိညာဉ်ဖွဲ့သဖြင့်၊ သင်သည်ငါ၏ခင်ပွန်းဖြစ်လေ၏။%fo(b)
၃၆ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်၏ရည်းစားများ၊ စက်ဆုပ်ရွံ့ရှာဘွယ်သော ရုပ်တုအပေါင်းတို့နှင့် မှားယွင်းခြင်းအားဖြင့်၎င်း၊ သူတို့အားပေးသော သားသမီးတို့၏အသွေးအားဖြင့်၎င်း၊ သင်သည်ကိုယ်ရှက်ကြောက်ခြင်း၊ အဝတ်အချည်းစည်းရှိခြင်းကိုထင်ရှားစွာဖေါ်ပြသောကြောင့်၊
၁၈ ထိုသို့မတရားသောမေထုန်ကိုပြုခြင်း၊ အဝတ်အချည်းစည်းရှိခြင်း ကိုထင်ရှားဖော်ပြသောကြောင့်၊ ငါသည်သူ့အစ်မကို ရွံရှာသကဲ့သို့၊ သူ့ကိုလည်းရွံရှာ၏။
၃ မရှောင်လျှင် သူ၏ အဝတ်ရှိသမျှကို ငါချွတ်၍၊ သူဖွားသော နေ့၌ အဝတ်မရှိသကဲ့သို့၊ အဝတ်မပါ၊ ပြင်၌ထုတ်ထားမည်။ လွင်ပြင်ကဲ့သို့ သုတ်သင်မည်။ သွေ့ခြောက်သောမြေကဲ့သို့ဖြစ်စေလျက် ရေအငတ်ထား၍ သေစေမည်။
၈ ထိုအမှုကြောင့် ငါသည် ငိုကြွေးမြည်တမ်းမည်။ အဝတ်ကိုချွတ်၍ အချည်းစည်းလည်သွားမည်။ မြေခွေးကဲ့သို့အူလျက်၊ ကုလားအုပ်ငှက်ကဲ့သို့ မြည်လျက်နေမည်။
၅ ထိုအမှုသည် ယာကုပ်လွန်ကျူး၍၊ ဣသရေလအမျိုး ပြစ်မှားသောကြောင့် ရောက်သတည်း။ ယာကုပ်လွန်ကျူးရာ ကားအဘယ်သို့နည်း။ ရှမာရိမြို့မဟုတ်လော။ ယုဒ၏ မြင့်ရာအရပ်ကား အဘယ်မှာရှိသနည်း။ ယေရုရှလင်မြို့၌ ရှိသည်မဟုတ်လော။
၁၅ မိမိအိမ်နီးချင်း၌ အဝတ်အချည်းစည်းရှိခြင်းကိုမြင်လို၍၊ သူ့ကိုယစ်မူးစေခြင်းငှါ သေရည်သေရက်ကို လောင်း၍သောက်စေသောသူသည်အမင်္ဂလာရှိ၏။
၃၆ ငါသည် အဝတ်အချည်းစည်း ရှိသောအခါ၊ သင်တို့သည် အဝတ်နှင့် ဖုံးလွှမ်းကြ၏။ ငါသည် အနာရောဂါ စွဲသောအခါ၊ သင်တို့သည် ကြည့်ရှုပြုစုကြ၏။ ငါသည် ထောင်ထဲမှာ နေရသောအခါ၊ သင်တို့သည် ငါ့ထံသို့ လာကြ၏၊ ဟုမိန့်တော်မူလျှင်၊
၁၅ ညီအစ်ကိုနှမတို့သည် အဝတ်အချည်းစည်းရှိ၍၊ နေ့တိုင်းစားရသောအစာမရှိသောအခါ၊
၁၅ အထံတော်သို့ ရောက်သောအခါ၊ နတ်ဆိုး လေဂေါင်စွဲသောသူသည် အဝတ်ကိုဝတ်၍ ပကတိစိတ်နှင့် ထိုင်နေသည်ကို မြင်လျှင်၊ ကြောက်ရွံ့ခြင်းသို့ ရောက်ကြ၏။
၃၆ အကယ်စင်စစ် ကိုယ်တော်အတွက် အကျွန်ုပ်တို့သည်၊ အစဉ်မပြတ် အသေသတ်ခြင်းကို ခံရကြပါ၏။ သတ်ဖို့ရာ ထားသော သိုးကဲ့သို့၊ အကျွန်ုပ်တို့ကို သူတပါး မှတ်တတ်ကြပါ၏၊၊ ဟုကျမ်းစာလာသည် နှင့်အညီ၊ ဆင်းရဲငြိုငြင်ခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်း၊ မွတ်သိပ်ခြင်း၊ အဝတ်အချည်းစည်းရှိခြင်း၊ ဘေးနှင့်တွေ့ကြုံခြင်း၊ ကွပ်မျက်ခြင်းကို ခံရသော်လည်း၊ ထိုအမှုတို့တွင် အဘယ်အမှုသည်၊ ခရစ်တော်၏ ချစ်ခြင်း မေတ္တာတော်နှင့်၊ ငါတို့ကို ကွာစေမည်နည်း။
၁၇ သင်ကလည်း၊ ငါသည် ဥစ္စာရတတ်၏။ ဘဏ္ဍာများကိုဆည်းဖူးပြီ။ တစုံတခုကိုမျှ မလိုဟုပြောဆို၍၊ ကိုယ်တိုင်ပင်ပန်းခြင်း၊ သနားဘွယ်ဖြစ်ခြင်း၊ ဆင်းရဲခြင်း၊ မျက်စိကန်းခြင်း၊ အဝတ်အချည်းစည်း ရှိခြင်းဖြစ်သည်ကို၊ မသိပါတကား။
၁၆ အသံတော်ကား သူခိုးကဲ့သို့ ငါလာ၏။ အဝတ် အချည်းစည်းနှင့် သွားလာ၍၊ သူတပါးရှေ့၌ ရှက်စရာအကြောင်းမရှိ စေခြင်းငှာ နိုးလျက်နေ၍၊ ကိုယ်အဝတ်ကို စောင့်သောသူသည် မင်္ဂလာရှိ၏။
s သတ္တမဖလား အလွန်ပြင်းထန်သောမြေလှုပ်