၁၀ သင်နှင့်တကွ သင့်နောက်၌ သင်၏အမျိုးအနွယ်သည်၊ ငါ့ရှေ့မှာ စောင့်ရှောက်ရသော ငါ၏ပဋိညာဉ်ဟူမူကား၊ သင်တို့တွင် ယောကျ်ားတိုင်း အရေဖျားလှီးမင်္ဂလာကို ခံရမည်။
၂၃ အာဗြဟံသည်လည်း၊ သားဣရှမေလမှစ၍၊ ကိုယ်အိမ်၌ ဖွားသောသူအပေါင်း၊ ကိုယ်ငွေနှင့်ဝယ်သောသူ အပေါင်းတည်းဟူသော၊ အာဗြဟံအိမ်နှင့်ဆိုင်သော ယောကျ်ား အပေါင်းတို့ကိုယူ၍၊ ဘုရားသခင် မိန့်တော်မူသည်အတိုင်း၊ တစ်နေ့ခြင်းတွင် အရေဖျားလှီးမင်္ဂလာကိုပေးလေ၏။
၄ ဘုရားသခင် မှာထားတော်မူသည်အတိုင်း၊ အာဗြဟံသည် ရှစ်ရက်မြောက်သောနေ့၌ ၊ သားဣဇာက်ကို အရေဖျားလှီးမင်္ဂလာ ပေးလေ၏။
၁၄ ကျွန်ုပ်တို့နှမကို အရေဖျားလှီးမင်္ဂလာကို မခံသောသူအား မပေးစားနိုင်ပါ။ ပေးစားလျှင်၊ ကဲ့ရဲ့ဘွယ်သော အကြောင်းဖြစ်ပါ၏။
၂၂ သို့ရာတွင် သူတို့သည် အရေဖျားလှီးမင်္ဂလာကို ခံသကဲ့သို့၊ ငါတို့တွင် ယောက်ျားတိုင်း အရေဖျားလှီးမင်္ဂလာကို ခံမှသာ၊ ထိုလူတို့သည် ငါတို့တွင်နေ၍ တမျိုးတည်း ဖြစ်စေခြင်းငှာ ဝန်ခံကြလိမ့်မည်။
၂၆ ထိုအခါ မောရှေကို လွှတ်တော်မူ၏။ မယားကလည်း၊ အရေဖျားလှီး မင်္ဂလာကြောင့်၊ သင်သည် အကျွန်ုပ်၌ အသွေးနှင့်ယှဉ်သော လင်ဖြစ်၏၊ ဟုဆိုသတည်း။
sအာရုန်က မောရှေကိုကြိုဆို
၁၂ မောရှေကလည်း၊ ဣသရေလ အမျိုးသားတို့သည် အကျွန်ုပ်ပြောသော စကားကို နားမထောင်ဘဲ နေသည်ဖြစ်၍၊ အရေဖျားလှီးခြင်းကိုမခံသောနှုတ်နှင့် ပြောတတ်သော အကျွန်ုပ်၏စကားကို ဖာရောမင်းသည် အဘယ်သို့ နားထောင်ပါမည်နည်း၊ ဟုထာဝရဘုရားရှေ့မှာ လျှောက်ဆို၏။
၃၀ မောရှေကလည်း၊ အကျွန်ုပ်သည် အရေဖျားလှီးခြင်းကို မခံသော နှုတ်ရှိသည်ဖြစ်၍၊ ဖာရောဘုရင်သည် အကျွန်ုပ်စကားကို အဘယ်သို့ နားထောင်ပါလိမ့်မည်နည်း၊ ဟုထာဝရဘုရားရှေ့မှာ လျှောက်ဆို၏။
၄၄ သို့ရာတွင် ငွေနှင့်ဝယ်သော ကျွန်သည် အရေဖျားလှီး မင်္ဂလာကို ခံပြီးလျှင် စားရ၏။
၄၈ သင်တို့ထံမှာ တည်းခိုသော တပါးအမျိုးသားသည်၊ ထာဝရဘုရားအဖို့ ပသခါပွဲ ကို ခံခြင်းငှာ အလိုရှိလျှင်၊ သူ၌ရှိသော ယောကျ်ားအပေါင်းတို့သည် အရေဖျားလှီးမင်္ဂလာကို ခံကြစေ။ သို့ပြီးမှ ထိုသူသည် ပြည်သားသကဲ့သို့ ဖြစ်သောကြောင့်၊ ချဉ်း၍ ထိုပွဲသို့ဝင်စေ။ အရေဖျားလှီးမင်္ဂလာကို မခံသောသူ မည်သည်ကား၊ ထိုပွဲ၌ ဝင်၍မစားရ။
၃ အဌမနေ့၌ သားယောကျ်ားအား အရေဖျားလှီးခြင်းကို ပြုရမည်။
၂၃ သင်တို့သည် ငါပေးသော ပြည်သို့ရောက်၍၊ စားအပ်သော အပင်အမျိုးမျိုးကို စိုက်ပြီးမှ၊ သုံးနှစ်ပတ်လုံး သီးသောအသီးကို၊ အရေဖျားလှီးခြင်းကို မခံသောအသီးဟူ၍ မှတ်ရမည်။ ထိုအသီးကို မစားရ။
၄၁ ငါသည် သူတို့ကို ဆန့်ကျင့်ဘက်ပြု၍ ရန်သူပြည်သို့ ပို့ဆောင်သော အကြောင်းများနှင့် တကွ၊ ကိုယ်အပြစ်၊ ဘိုးဘတို့အပြစ်များကို ဖော်ပြ တောင်းပန်လျှင်၎င်း၊ အရေဖျားလှီးခြင်းကို မခံသော မိမိတို့နှလုံးကို နှိမ့်ချ၍၊ မိမိတို့အပြစ်ကြောင့် ခံရသောဒဏ်ကို ဝန်ခံလျှင်၎င်း၊
၂ ထိုအခါ ထာဝရဘုရားသည် ယောရှုကို ခေါ်၍၊ သင်သည် ကျောက်ထားများကို လုပ်ပြီးလျှင်၊ ဣသရေလ အမျိုးသားတို့အား အရေဖျားလှီး မင်္ဂလာကို တဖန်ပေးလော့၊ ဟုမိန့်တော်မူသည်အတိုင်း၊
၇ သူတို့ ကိုယ်စား ဖြစ်စေတော်မူသော သူတို့၏သားများတို့သည်၊ လမ်း၌ အရေဖျားလှီး မင်္ဂလာကို မခံရသေးသောကြောင့်၊ ယောရှုသည် အရေဖျားလှီး မင်္ဂလာကို ပေးလေ၏။
၃ မိဘတို့က သင်သည် အရေဖျားလှီးခြင်းကို မခံသော ဖိလိတ္တိလူတို့တွင် မယားကိုသွား၍ ယူရမည်အကြောင်း၊ သင်၏ ညီအစ်ကိုသမီး၊ ငါတို့အမျိုးသားချင်း သမီးတို့တွင်၊ မိန်းမတစ်ယောက်မျှ မရှိသလော၊ ဟုဆိုသော်လည်း၊ ရှံဆုန်က၊ ထိုမိန်းမကို တောင်း၍ပေးပါ။ အလွန်နှစ်သိမ့်ပါသည်၊ ဟုအဘအား ပြောဆို၏။
၁၈ အလွန်ရေငတ်၍ ထာဝရဘုရားကို ဆုတောင်းလျက်၊ ကိုယ်တော်သည် ဤကြီးစွာသော ကယ်တင်ခြင်းကို ကိုယ်တော်၏ ကျွန် လက်၌ ပေးတော်မူပြီးမှ၊ ယခုအကျွန်ုပ်သည် ရေငတ်သဖြင့် သေ၍ အရေဖျားလှီးခြင်းကို မခံသောသူတို့ လက်သို့ ရောက်ရပါမည်လော၊ ဟုလျှောက်သော်၊
၆ ယောနသန်က၊ အရေဖျားလှီးခြင်းကို မခံသော ထိုတပ်သားတို့ဆီ သွားကြကုန်အံ့။ ထာဝရ ဘုရားသည် ငါတို့အမှုကို စောင့်ကောင်း စောင့်တော်မူလိမ့်မည်။ လူများသော်၎င်း၊ နည်းသော်၎င်း ထာဝရဘုရား ကယ်တင်တော် မူခြင်းကို အဆီးအတားမရှိနိုင်၊ ဟုလက်နက်ဆောင် လုလင်အား ပြောဆိုလျှင်၊
၂၆ ဒါဝိဒ်ကလည်း၊ ထိုဖိလိတ္တိလူကို သတ်၍ ဣသရေလ အမျိုး ခံသော အရှက်ကွဲခြင်းကို ပယ်ရှင်းသောသူသည် အဘယ်အကျိုးကို ရလိမ့်မည်နည်း။ အသက်ရှင်တော်မူသော ဘုရားသခင်၏ ဗိုလ်ခြေတို့ကို ကြိမ်းပရမည် အကြောင်း၊ အရေဖျားလှီးခြင်းကို မခံသော ထိုဖိလိတ္တိလူသည် အဘယ်သို့သောသူ ဖြစ်သနည်း၊ ဟုမိမိအနားမှာ ရှိသောသူတို့အား မေးမြန်းလျှင်၊
၄ လက်နက်ဆောင် လုလင်ကိုခေါ်ပြီးလျှင်၊ သင့်ဓားကို ထုတ်၍ ငါ့ကိုထိုးလော့။ သို့မဟုတ် အရေဖျားလှီးခြင်းကို မခံသောလူတို့သည် လာ၍၊ ငါ့ကိုထိုးပြီးမှ မရိုမသေ ညှဉ်းဆဲကြလိမ့်မည်၊ ဟုဆိုသော်လည်း၊ လက်နက်ဆောင်လုလင်သည် အလွန်ကြောက်၍ မပြုဘဲနေသောကြောင့်၊ ရှောလုသည် ထိုဓားကိုယူ၍ ထောင်ပြီးလျှင်၊ ဓားဖျားပေါ်မှာ လှဲ၍ သေလေ၏။
၂၀ ထိုသတင်းကို ဂါသမြို့၌ မပြောကြနှင့်။ အာရှကေလုန်မြို့လမ်းတို့၌ မကြားမပြောကြနှင့်။ ဖိလိတ္တိ အမျိုးသမီးတို့သည် ဝမ်းမြောက်၍ အရေဖျားလှီးခြင်းကို မခံသော အမျိုးသမီးတို့သည် ရွှင်လန်းကြလိမ့်မည်၊ ဟုစိုးရိမ်စရာရှိ၏။
၄ လက်နက်ဆောင် လုလင်ကို ခေါ်ပြီးလျှင်၊ သင့်ဓါးကိုထုတ်၍ ငါ့ကိုထိုးလော့။ သို့မဟုတ် အရေဖျားလှီးခြင်းကို မခံသော လူတို့သည်လာ၍၊ ငါ့ကို မရိုမသေ ညှဉ်းဆဲကြလိမ့်မည်၊ ဟုဆိုသော်လည်း၊ လက်နက်ဆောင် လုလင်သည် အလွန်ကြောက်၍ မပြုဘဲ နေသောကြောင့်၊ ရှောလုသည် ထိုဓါးကိုယူ၍ ထောင်ပြီးလျှင်၊ ဓားဖျားပေါ်မှာ လှဲ၍ သေ၏။
၁ အိုဇိအုန်မြို့ နိုးလော့။ နိုး၍ ခွန်အားကို ယူလော့။ အိုယေရုရှလင်မြို့ တည်းဟူသော၊ သန့်ရှင်းသောမြို့ သင်၏ တင့်တယ်သော အဝတ်တန်ဆာတို့ကို ဝတ်ဆင်လော့။ အကြောင်းမူကား နောက်တဖန် အရေဖျားလှီးခြင်းကို မခံသောသူနှင့် ညစ်ညူးသော သူတို့သည် သင်၏အထဲသို့ မဝင်ရကြ။
၄ အိုယုဒပြည်သူ ယေရုရှလင် မြို့သားတို့၊ ထာဝရဘုရားအဘို့ အလိုငှါ၊ အရေဖျားလှီး မင်္ဂလာကိုခံ၍၊ သင်တို့ နှလုံးအရေဖျားကို လှီးဖယ်ကြလော့။ သို့မဟုတ်၊ သင်တို့၏ အကျင့်မကောင်းသောကြောင့်၊ ငါ့အမျက်သည် မီးကဲ့သို့ထွက်၍ အဘယ်သူမျှ မငြိမ်းနိုင်အောင် လောင်လိမ့်မည်။
sကြီးစွာသော ပျက်စီးခြင်း မြောက်မျက်နှာမှ ဆောင်ခဲ့မည်
၁၀ သူတို့သည် နားထောင်မည်အကြောင်း၊ အဘယ်သူကိုငါပြော၍ သတိပေးရမည်နည်း။ သူတို့နားသည်အရေဖျားလှီးခြင်းမခံသောနားဖြစ်၍၊ သူတို့သည် နားမထောင်နိုင်ကြ။ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် သူတို့ ကဲ့ရဲ့စရာဖြစ်၏။ ထိုနှုတ်ကပတ်တော်ကိုမနှစ်သက်ကြ။
၂၅ ထာဝရဘုရား မိန့်တော်မူသည်ကား၊ အရေဖျားလှီးခြင်း ကိုခံသောသူ၊ အရေဖျားလှီးခြင်းကို မခံသောသူ၊
၁၀ အရေဖျားလှီးခြင်း မခံသော လူသေသကဲ့သို့၊ သင်သည် တစ်ကျွန်းတနိုင်ငံ သားတို့လက်ဖြင့် သေရမည်။ ငါပြောပြီ၊ ဟုအရှင်ထာဝရဘုရား မိန့်တော်မူ၏။
s တုရုရှင်ဘုရင်နောက်ကွယ်ရှိ စာတန်၏အစ
၁၈ သင်သည် ဘုန်းတန်ခိုးအာနုဘော်အားဖြင့် အဘယ်မည်သော ဧဒင်သစ်ပင်နှင့်တူသနည်း။ သင်သည်ဧဒင်သစ်ပင်တို့နှင့်အတူ မြေအောက်အရပ်သို့ နှိမ့်ချခြင်းကိုခံရမည်။ အရေဖျားလှီးခြင်းကိုမခံသောသူ၊ ဓါးဖြင့်အသေခံရသောသူတို့နှင့် အတူလဲ၍နေရမည်။ ထိုသို့ဖာရောဘုရင်နှင့် သူ့အလုံးအရင်းရှိသမျှတို့သည် ဖြစ်ရကြမည်၊ ဟုအရှင်ထာဝရဘုရားမိန့်တော်မူ၏။
၁၉ သင်သည် သူတပါးထက် သာ၍လှသလော။ အရေဖျားလှီးခြင်းကို မခံသောသူတို့နှင့်အတူ ဆင်းသက်၍ နေရာကျလော့။
၂၁ ခွန်အားအကြီးဆုံးသော သူရဲတို့သည် မရဏာနိုင်ငံထဲက သူနှင့်သူ၏ အခြံအရံတို့ကို နှုတ်ဆက်ကြလိမ့်မည်။ သူတို့သည်လည်း ဆင်းသွားကြပြီ။ ဓါးနှင့်သေ၍၊ အရေဖျားလှီးခြင်းမခံသောအဖြစ်၌ လဲနေလျက်ရှိကြသည်။
၂၄ ထိုအရပ်၌ ဧလံနှင့် သူ၏သင်္ချိုင်းပတ်လည်၌ သူ၏လူအလုံးအရင်း ရှိသမျှတို့သည် ဓါးဖြင့်သေ၍ လဲလျက်ရှိကြ၏။ အသက်ရှင်သော သူတို့၏နေရာ၌ သူတပါးကိုကြောက်စေတတ်သော်လည်း၊ အရေဖျားလှီးခြင်းကို မခံရသောလူဖြစ်၍ ဓါးဖြင့်မြေအောက်အရပ်သို့ ဆင်းသွားရသဖြင့်၊ မြေတွင်းထဲသို့ ဆင်းသွားသောသူတို့နှင့်အတူ၊ အရှက်ကွဲလျက် သေသောသူတို့နှင့် အတူနေရာကျကြ၏။
၃၀ ထိုအရပ်၌ မြောက်ပြည်မင်း၊ ဇိဒုန်မင်းအပေါင်းတို့သည် ရှိကြ၏။ ကိုယ်တန်ခိုးကိုရှက်လျက် ထိတ်လန့်လျက် သေသောသူတို့နှင့်အတူ အရေဖျားလှီးခြင်းကို မခံသောလူဖြစ်၍အိပ်ကြ၏။ မြေတွင်းထဲသို့ ဆင်းသွားသောသူတို့နှင့်အတူ အရှက်ကွဲလျက်နေကြ၏။
၃၂ အသက်ရှင်သော သူတို့၏နေရာ၌ သူသည်သူတပါးတို့ကို ကြောက်စေသောအခွင့်ကို ငါပေးသော်လည်း၊ ဖာရောဘုရင်နှင့် သူ၏အလုံးအရင်းရှိသမျှတို့သည် ဓါးဖြင့်သေသောသူတို့နှင့်အတူ အရေဖျားလှီးခြင်းကို မခံသော လူတို့အလယ်၌ လဲ၍နေကြလိမ့်မည်၊ ဟုအရှင်ထာဝရဘုရား မိန့်တော်မူ၏။
၇ သင်တို့သည်ငါ့ဘောဇဉ်တည်းဟူသော ဆီဥနှင့်အသွေးကို ပူဇော်သောအခါ ငါ့ဗိမာန်ကို ညစ်ညူးစေခြင်းငှါ အရေဖျားလှီးခြင်းကိုမခံသောစိတ်နှင့် အရေဖျားလှီးခြင်းကို မခံသောကိုယ်ရှိ သောတပါးအမျိုးသားတို့ကို ငါ၏သန့်ရှင်းရာဌာနထဲသို့သွင်း၍ နေရာချသဖြင့်စက်ဆုပ်ရွံရှာဖွယ်သောအမှုများကအားဖြင့်ငါ့ပဋိညာဉ်ကိုဖျက်ကြပြီ။
၉ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား ဣသရေလအမျိုးသားတို့တွင်နေ၍ အရေဖျားလှီးခြင်းကိုမခံသောစိတ်နှင့်အရေဖျားလှီးခြင်းကိုမခံသောကိုယ်ရှိသောတပါးအမျိုးသားသည်ငါ၏သန့်ရှင်းရာဌာနထဲသို့မဝင်ရ။
၅၉ ရှစ်ရက်မြောက်သောနေ့၌၊ အရေဖျားလှီးခြင်းကိုသူငယ်အားပေးအံ့သောငှါလာကြ၍၊ အဘ၏အမည်ဖြစ်သောဇာခရိအမည်ဖြင့်မှည့်သောအခါ၊ အမိကထိုသို့မမှည့်ရ။
၂၁ ထိုသူငယ်အား အရေဖျားလှီးခြင်းကို ပေးရသောနေ့တည်းဟူသော ရှစ်ရက်မြောက်သော နေ့ရောက်လျှင်၊ ပဋိသန္ဓေစွဲတော်မမူမှီ ကောင်းကင်တမန် မှည့်သောယေရှုအမည်ဖြင့် မှည့်ကြ၏။
၂၂ မောရှေသည် အရေဖျားလှီးခြင်း တရားကို သင်တို့အားပေး၏။ ထိုသို့ဆိုသော် မောရှေမှအစစွာခံရသည်ဟုမဆိုလို။ ဘိုးဘေးများမှ ဆက်ခံရသတည်း။ ထိုကြောင့် ဥပုသ်နေ့၌ သင်တို့သည် အရေဖျားလှီးခြင်းကို ပေးကြ၏။
၈ ဘုရားသခင်သည်လည်း အာရေဖျားလှီးခြင်းနှင့် ဆိုင်သော ပဋိညာဉ်တရားကို၊ အာဗြဟံအား ပေးတော်မူ၏။ ထိုသို့ဣဇာက်ကို ဖွားမြင်၍ ရှစ်ရက်မြောက်သောနေ့၌၊ အရေဖျားလှီးခြင်းကို ပေးလေ၏။ ဣဇာက်သားယာကုပ်၊ ယာကုပ်သားများကား၊ အမျိုး၏အဘတကျိပ်နှစ်ပါးတည်း။
၄၅ တပါးအမျိုးသားတို့ အပေါ်သို့၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ကျေးဇူးကို သွန်းလောင်းသောကြောင့်၊ အရေဖျားလှီးခြင်းကို ခံသောသူတည်းဟူသော၊ ပေတရုနှင့် ပါသမျှသော တပည့်တော်တို့သည်၊ မိန်းမောတွေဝေခြင်း ရှိကြ ၏။
၂ ပေတရုသည် ယေရုရှလင်မြို့သို့ တက်လာသောအခါ၊ အရေဖျားလှီးခြင်းကို ခံသောသူတို့က၊
၁ ယုဒပြည်မှ အန္တိအုတ်မြို့သို့ ရောက်လာသော သူအချို့တို့က၊ သင်တို့သည် မောရှေ၏ တရားအတိုင်း အရေဖျားလှီးခြင်းကိုမခံလျှင်၊ ကယ်တင်တော်မူခြင်းသို့ မရောက်နိုင် ၊ ဟုညီအစ်ကိုတို့အား ဆုံးမဩဝါဒပေးကြ၏။
၅ ဖာရိရှဲစုထဲက ယုံကြည်သောသူ အချို့တို့သည်၊ အရေဖျားလှီးခြင်းကို ပေးရမည်။ မောရှေ၏တရားကို ကျင့်စေခြင်းငှါ ဆုံးမရမည်၊ ဟုဆိုကြ၏။
၂၄ လူအချို့တို့သည် ငါတို့အခွင့်မရှိဘဲ၊ ငါတို့ထံမှ ထွက်သွား၍၊ သင်တို့သည် အရေဖျားလှီးခြင်းကိုခံရမည်၊ ပညတ်တရားကို ကျင့်ရမည်ဟူသော စကားဖြင့်၊ သင်တို့၏ စိတ်နှလုံးကို နှောင့်ယှက်ဖျက်ဆီးသည်ကို၊ ငါတို့ကြားရသည် ဖြစ်၍၊
၃ ပေါလုသည် ထိုသူကိုခေါ်ခြင်းငှါ အလိုရှိ၍၊ သူ၏အဘသည် ဟေလေသလူ ဖြစ်သည်ကို ထိုအရပ်တို့၌ရှိသော ယုဒလူအပေါင်းတို့သည် သိသောကြောင့်၊ အရေဖျားလှီးခြင်းကို သူ့အားပေးလေ၏။
၂၁ တပါးအမျိုးသားတို့တွင် နေသော ယုဒလူအပေါင်းတို့သည်၊ သူငယ်တို့အား အရေဖျားလှီးခြင်းကို မပေးရကြ။ ရှေးထုံးတမ်းအတိုင်း မကျင့်ရကြ၊ ဟုသင်သည်ဆိုလျက်၊ သူတို့သည် မောရှေတရားကို စွန့်စေခြင်းငှါ ဆုံးမဩဝါဒ ပေးတတ်သည်ကို၊ ဤလူတို့သည် သိတင်းကြားကြပြီ။
၂၅ သင်သည် ပညတ်တရားကို ကျင့်လျှင်၊ အရေဖျားလှီးခြင်းအားဖြင့် အကျိုးရှိ၏။ ပညတ်တရားကို လွန်ကျူးလျှင်၊ သင်၏ အရေဖျားလှီးခြင်းသည် အရေဖျားမလှီးဘဲ ဖြစ်ပြန်၏။
၁ ထိုသို့ဖြစ်လျှင်၊ ယုဒလူသည် အဘယ်သို့သာသနည်း။ အရေဖျားလှီးခြင်းအားဖြင့် အဘယ်အကျိုးရှိသနည်း။
၃၀ အကြောင်းမူကား၊ အရေဖျားလှီးခြင်းကို ခံသောသူနှင့် မခံသောသူနှစ်ဦးကို၊ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာ၌ တည်စေတော်မူသော၊ ဘုရားသခင် တဆူတည်းရှိတော်မူ၏။
၉ အရေဖျားလှီးခြင်းကို ခံသောသူတို့သာလျှင်၊ ထိုမင်္ဂလာကို ရကြသလော။ သို့မဟုတ် အရေဖျားလှီးခြင်းကို မခံသောလူတို့သည်လည်း၊ ရကြသလော။ အဘယ်ကြောင့် မေးသနည်းဟူမူကား၊ ယုံကြည်ခြင်းကို အာဗြဟံ၌ ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်သည်၊ ဟုဆိုကြ၏။
၉ အရေဖျားလှီးခြင်းကို ခံသောသူတို့၏အမှုကို၊ ဆောင်ရွက်တော်မူ၏။ တပါးအမျိုးသားတို့သည်လည်း၊ ဘုရားသခင်၏ ကရုဏာတော်ကို အံ့ဩချီးမွမ်းကြလိမ့်မည်။ ထိုသို့နှင့်အညီ ကျမ်းစာလာသည်ကား၊ ထိုကြောင့် တပါးအမျိုးသားတို့တွင်၊ ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်း၍၊ နာမတော်ကို ထောမနာသီချင်းဆိုပါမည်။ ဟုလာသတည်း။
၁၈ အရေဖျားလှီးခြင်းကို ခံသောသူသည်၊ ခေါ်တော်မူခြင်း ကျေးဇူးကိုခံရလျှင်၊ အရေဖျားလှီးခြင်းကို မစွန့်စေနှင့်။ အရေဖျားလှီးခြင်းကို မခံသောသူသည်လည်း၊ ခေါ်တော်မူခြင်း ကျေးဇူးကိုခံရလျှင်၊ အရေဖျားလှီးခြင်းကို မခံစေနှင့်။
၃ သို့သော်လည်း ငါနှင့်အတူပါသော ဟေလသ(ဂရိတ်)အမျိုး တိတု(Titus)ကို၊ အရေဖျားလှီးခြင်းကို မခံစေကြ။
၇ အရေဖျားလှီးခြင်းကို ခံသောသူတို့တွင်၊ ပေတရုကို တမန်တော်ဖြစ်စေခြင်းငှါ၊ ပေတရု၌ ပြုပြင်တော်မူသောသူသည်၊ တပါးအမျိုးသားတို့တွင်၊ ငါ့ကိုတမန်တော်ဖြစ်စေခြင်းငှါ၊ ငါ၌လည်း ပြုပြင်တော်မူသည်ဖြစ်၍၊
၁၂ အကြောင်းမူကား၊ လူအချို့တို့သည် ယာကုပ်ထံက မရောက်မလာမှီ၊ ပေတရုသည် တပါးအမျိုးသားတို့နှင့် အတူစား၏။ သူတို့ရောက်လာသောနောက်၊ ပေတရုသည် အရေဖျားလှီးခြင်းကို ခံရသောသူတို့၏ မျက်နှာကိုထောက်၍၊ တပါးအမျိုးသားတို့နှင့် မပေါင်းဝံ့။ တယောက်တခြားစီနေ၏။
၂ ငါပေါလုဆိုသည်ကား၊ သင်တို့သည် အရေဖျားလှီးခြင်း ကိုခံလျှင်၊ ခရစ်တော်အားဖြင့် အဘယ်အကျိုးကိုမျှ မရနိုင်ကြ။
၆ ယေရှုခရစ်ထံ၌ အရေဖျားလှီးခြင်းအကျိုးမရှိ၊ မခံဘဲနေခြင်းလည်း အကျိုးမရှိ။ မေတ္တာအားဖြင့် ပြုပြင်တတ်သော ယုံကြည်ခြင်းသာ အကျိုးရှိ၏။
s ကောင်းစွာပြေးပြီးမှ အဘယ်သူဆီးတားသနည်း
၁၁ တဖန်တုံ၊ ညီအစ်ကိုတို့၊ ငါသည် အရေဖျားလှီးခြင်းတရားကို ဟောပြောသေးသည်မှန်လျှင်၊ အဘယ်ကြောင့် ညှဉ်းဆဲခြင်းကို ခံရသေးသနည်း။ ထိုသို့ဟောပြောလျှင်၊ လက်ဝါးကပ်တိုင်တော်ကို ထိမိ၍၊ လဲစရာအကြောင်း ပယ်ရှင်းလျက်ရှိ၏။
၁၂ မိမိတို့ အသွေးအဆင်းတင့်တယ်စေချင်သောသူရှိသမျှတို့သည်၊ ခရစ်တော်၏လက်ဝါးကပ်တိုင်ကြောင့်ခံရသောညှဉ်းဆဲခြင်းနှင့်၊ မိမိတို့ ကင်းလွှတ်လို၍၊ သင်တို့ကိုအရေဖျားလှီးခြင်းကိုခံစေခြင်းငှါ၊ အနိုင်အထက်သွေးဆောင်တတ်ကြ၏။
၁၅ အကြောင်းမူကား၊ ယေရှုခရစ်ထံ၌ အရေဖျားလှီးခြင်းအကျိုးမရှိ၊ မခံဘဲနေခြင်းလည်းအကျိုးမရှိ။ သတ္တဝါသစ်ဖြစ်ခြင်းသာအကျိုးရှိ၏။
၁၁ ထိုကြောင့်၊ လက်ဖြင့် ကိုယ်ကာယ၌ ပြုသော ဝေါဟာရ အရေဖျားလှီးခြင်းကို၊ ခံရသောသူတို့ ခေါ်ဝေါ်သောအားဖြင့်၊ အရေဖျားလှီးခြင်းကို မခံသောလူဟူ၍၊ ခေါ်ဝေါ်ကြသော သာသနာပလူတို့ အထဲ၌၊ သင်တို့သည် အထက်က ပကတိအတိုင်း ဖြစ်ကြသည်ကို၎င်း၊
၂ ခွေးတို့ကို ရှောင်ကြလော့။ မကောင်း သောအကျင့်ကို၊ ကျင့်သောသူတို့ကို ရှောင်ကြလော့။ အရေဖျားလှီးခြင်းကို ခံယောင်ဆောင်သောသူတို့ကို ရှောင်ကြလော့။
၁၁ ခရစ်တော်၏ အရေဖျားလှီးခြင်းအားဖြင့် ဇာတိပကတိအပြစ်၏ ကိုယ်ကိုပယ်ရှင်း၍၊ လက်ဖြင့်မလုပ်သော အရေဖျားလှီးခြင်းကို ထိုသခင်၌ သင်တို့သည် ခံကြသည်ဖြစ်၍၊
၁၁ ထိုဖန်ဆင်း ပြုပြင်တော်မူရာ၌ ဟေလသလူမရှိ၊ ယုဒလူမရှိ၊ အရေဖျားလှီးမင်္ဂလာခံခြင်း မရှိ၊ မခံခြင်းမရှိ၊ လူရိုင်းမရှိ၊ သကုသိလူမရှိ၊ ကျွန်မရှိ၊ လူလွတ်မရှိ၊ ခရစ်တော်သည် အလုံးစုံတို့၌ အလုံးစုံဖြစ်တော်မူ၏။
s ခရစ်ယာန်အသက်တာ
၁၁ အရေဖျားလှီးခြင်းကို ခံသောသူတို့တွင်၊ ဤသူတို့သာ ဘုရားသခင်၏ နိုင်ငံတော်အဘို့ ငါနှင့်အတူ၊ အမှုဆောင်သောသူဖြစ်၍၊ ငါ့စိတ်ကို သက်သာစေကြ၏။
s ဧပဖြသည် အသင်းတော်များအတွက် စိတ်အားကြီး
၁၀ အကြောင်းမူကား၊ နားမထောင်ဘဲ အချည်းနှီးသောစကားကို ပြော၍၊ လှည့်ဖြားတတ်သောသူ အများရှိကြ၏။ အရေဖျားလှီးခြင်းကို ခံသောသူတို့တွင်လည်း အထူးသဖြင့် ရှိကြ၏။
၁ သင်တို့တွင် ပရောဖက်ပြုသောသူ၊ အိပ်မက်ကို မြင်သောသူသည် ပေါ်လာ၍၊
၂၀ ငါမမှာထားဘဲ ငါ့အခွင့်ကို ဆောင်၍ ရဲရင့်စွာ ဟောပြောသော ပရောဖက်၊ အခြားတစ်ပါးသော ဘုရားအခွင့်နှင့် ဟောပြောသော ပရောဖက်သည် အသေသတ်ခြင်းကို ခံရမည်၊ ဟုငါ့အားမိန့်တော်မူ၏။
၆ ဣသရေလ ရှင်ဘုရင်သည် ပရောဖက် လေးရာတို့ကို စုဝေးစေပြီးလျှင်၊ ငါသည် ဂိလဒ်ပြည် ရာမုတ်မြို့သို့ စစ်ချီကောင်းသလော။ မချီဘဲ နေကောင်းသလော၊ ဟုမေးသော်၊ သူတို့က ချီတော်မူပါ။ ထာဝရဘုရားသည် အရှင်မင်းကြီး၏ လက်တော်သို့ အပ်တော်မူမည်၊ ဟုလျှောက်ကြ၏။
၃၁ ပရောဖက်တို့သည် မဟုတ်မမှန် ဟောပြောကြ၏။ ယဇ်ပုရောဟိတ်တို့သည် ဝန်ခံ၍ အစိုးရကြ၏။ ထိုသို့သော အမှုကိုငါ၏ လူတို့သည် နှစ်သက်ကြ၏။ ထိုအမှုဆုံးသောအခါ သင်တို့သည်အဘယ်သို့ ပြုကြလိမ့်မည်နည်း။
%ln
၁၃ အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသော သူအပေါင်းတို့သည် မတရားသော စီးပွားကိုရှာကြ၏။ ပရောဖက်မှစ၍ ယဇ်ပုရောဟိတ် ရှိသမျှတို့သည် မုသာကိုသုံးကြ၏။
၁၃ ငါကလည်း၊ အိုအရှင် ထာဝရဘုရား၊ ပရောဖက်တို့က၊ သင်တို့သည် ဓါးဘေးကို မတွေ့ရကြ။ မွတ်သိပ်ခြင်းဘေးသည် သင်တို့ရှိရာသို့ မရောက်ရကြ။ ဤအရပ်၌ မြဲသောငြိမ်သက်ခြင်းကို ငါပေးမည်ဟု ဤသူတို့အား ဟောပြောကြောင်းကို ငါလျှောက်သောအခါ၊
၁၆ ကောင်းကင်ဗိုလ်ခြေအရှင် ထာ၀ရဘုရားမိန့်တော်မူသည်ကား၊ ပရောဖက်ပြု၍သင်တို့အား ဟောတတ်သောဆရာတို့၏ စကားကိုနားမထောင်ကြနှင့်။ သူတို့သည်သင်တို့အားအချည်းနှီးဟောတတ်ကြ၏။ ထာဝရဘုရား၏နှုတ်တော်ထွက်သို့မလိုက်၊ ကိုယ်အလိုအလျောက်ရူပါရုံကိုမြင်သည်အတိုင်းဟောပြောတတ်ကြ၏။
၂၅ ငါသည်အိပ်မက်မြင်ပြီ။ အိပ်မက်မြင်ပြီ၊ ဟုငါ့နာမကိုအမှီပြု၍၊ မုသာဖြင့်ဟောပြောသော ပရောဖက်တို့၏စကားကို ငါကြားပြီ။
၉ သို့ဖြစ်၍၊ သင်တို့သည် ဗာဗုလုန် ရှင်ဘုရင်၏ အစေခံကိုမခံရဟု သင်တို့အား ပြောတတ်သော ပရောဖက်၊ အနာဂတ်ဆရာ၊ အိပ်မက်မြင်သောဆရာ၊ နတ်ဝိဇ္ဇာဆရာ၊ ပြုစားတတ်သော ဆရာတို့၏စကားကို နားမထောင်ကြနှင့်။
၁ ထိုနှစ်တည်းဟူသော၊ ယုဒရှင်ဘုရင် ဇေဒကိနန်းစံစတုတ္ထနှစ်၊ ပဥ္စမလတွင်၊ ဂိဗောင်မြို့နယ်၊ အာဇုရသားဟာနနိက၊
၂၀ ထာဝရဘုရားသည် ငါတို့အဘို့ ပရောဖက်များကို ဗာဗုလုန်မြို့၌ ပေါ်ထွန်းစေတော်မူပြီဟု သင်တို့ဆိုကြသည်ဖြစ်၍၊
၃၁ ငါမစေလွှတ်ဘဲ ရှေမာယသည် သင်တို့အား ပရောဖက်ပြု၍ မုသာ၌ ခိုလှုံစေသောကြောင့်၊
၂၈ ပရောဖက်တို့ကလည်း၊ အရှင်ထာဝရဘုရားမိန့်တော်မူသည်၊ ဟုထာဝရဘုရားမိန့်တော်မမူဘဲ၊ အချည်းနှီးသောအရာကိုမြင်၍၊ မုသာစကားကို ဟောပြောလျက်၊ သူတို့ကိုအင်္ဂတေနှင့်မွမ်းမံကြ၏။
၂ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ပြည်တော်တွင် ရှိသော ရုပ်တုတို့၏ နာမများကို နောက်တဖန် အဘယ်သူမျှ မမှတ်မိစေခြင်းငှါ၊ ထိုကာလ၌ ငါသုတ်သင်ပယ်ရှင်းမည်။ ပရောဖက် လုပ်သောသူတို့ကို၎င်း၊ ညစ်ညူးသော ဝိညာဉ်ကို၎င်း၊ ပြည်တော်မှ နှင်ထုတ်မည်။
၁၅ အတွင်း၌ ကြမ်းတမ်းသော တောခွေးဖြစ်လျက်၊ သိုးရေကိုခြုံ၍ သင်တို့ရှိရာသို့ လာသော မိစ္ဆာပရောဖက်တို့ကို သတိနှင့် ရှောင်ကြလော့။
၅ အများသော သူတို့က၊ ငါသည် ခရစ်တော်ဖြစ်၏၊ ဟုဆိုလျက်၊ ငါ၏ အယောင်ကို ဆောင်၍ ပေါ်လာသဖြင့်၊ လူအများတို့ကို လှည့်ဖြားကြလိမ့်မည်။
sစစ်တိုက်မည်
၁၁ အချင်းချင်း မုန်းကြလိမ့်မည်။ မိစ္ဆာပရောဖက် အများတို့သည် ပေါ်လာ၍၊ လူအများတို့ကို လှည့်ဖြားကြလိမ့်မည်။
၂၄ အကြောင်းမူကား၊ ခရစ်တော်၏ အယောင်ကို ဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍၊ရွေးချယ်သော သူတို့ကိုပင် လှည့်ဖြားနိုင်လျှင်၊ လှည့်ဖြား လောက်အောင် ကြီးစွာသော နိမိတ်လက္ခဏာ၊ အံ့ဘွယ်သော အမှုတို့ကို ပြကြလိမ့်မည်။
၂၁ ထိုအခါ သူတပါးက၊ ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ ရှိသည်၊ ဟုဆိုသော်လည်း မယုံကြနှင့်။
၈ ကိုယ်တော်က၊ သင်တို့သည် လှည့်ဖြားခြင်းသို့ မလိုက်မပါမည်အကြောင်း သတိပြုကြလော့။ အများသောသူတို့က၊ ငါသည် ဤမည်သောသူဖြစ်၏၊ အချိန်ကာလလည်း ရောက်လာပြီ၊ ဟုဆိုလျက်၊ ငါ၏အယောင်ကို ဆောင်၍ ပေါ်လာကြလိမ့်မည်။ ထိုသူတို့နောက်သို့ မလိုက်ကြနှင့်။
၇ ဗာယေရှုအမည်ရှိသော ယုဒအမျိုးသား၊ မိစ္ဆာပရောဖက် ဖြစ်သော နတ်ဝိဇ္ဇာအတတ် သမားကို၊ မြို့ဝန်မင်း သေရဂိပေါလုထံ၌ တွေ့ကြ၏။ ထိုမြို့ဝန်သည် ပညာသတိရှိသဖြင့်၊ ဗာနဗနှင့် ရှောလုတို့ကို ခေါ်ပင့်၍၊ ဘုရားသခင်၏ နှုတ်ကပတ် တရားတော်ကို နာလိုသောစိတ်ရှိသော်၊
၂၉ အကြောင်းမူကား၊ ငါမရှိသည်နောက်၊ ကြမ်းတမ်းသော တောခွေးတို့သည်၊ သိုးများကို မသနားဘဲ၊ သင်တို့အထဲသို့ ဝင်မည်ကို၎င်း၊
၁၂ အခွင့်ရလိုသောသူတို့သည် အခွင့်မရစေခြင်းငှါ၎င်း၊ ဝါကြွားခြင်းအရာ၌ သူတို့သည် ငါကဲ့သို့ ထင်ရှားစွာဖြစ်စေခြင်းငှါ၎င်း၊ ငါပြုခဲ့ပြီးသည်အတိုင်း အစဉ်ပြုဦးမည်။
၇ ထိုဧဝံဂေလိတရားသည် ဧဝံဂေလိတရား မဟုတ်။ သင်တို့ကို နှောင့်ယှက်၍၊ ခရစ်တော်၏ ဧဝံဂေလိတရားကို၊ မှောက်လှန်ချင်သောသူ အချို့ရှိကြ၏။
၁ ချစ်သူတို့၊ ခပ်သိမ်းသော ဝိညာဉ်%fo(a) တို့ကို မယုံကြနှင့်။ ဝိညာဉ်တို့သည်၊ ဘုရားသခင်နှင့် စပ်ဆိုင်သည် မစပ်ဆိုင်သည်ကို၊ စုံစမ်းကြလော့။ အကြောင်းမူကား၊ မိစ္ဆာပရောဖက်အများတို့သည် ဤလောကသို့ သွားကြပြီ။
၁ သို့သော်လည်း၊ ယုဒလူတို့တွင် မိစ္ဆာပရောဖက်ရှိကြ၏။ ထိုနည်းတူ ဖျက်ဆီးတတ်သော မိစ္ဆာဒိဌိအယူများကို ပရိယာယ်အားဖြင့်သွင်း၍၊ မိမိတို့ကို ဝယ်တော်မူသောအရှင်ကို ငြင်းပယ်လျက်၊ မိမိတို့အပေါ်သို့ လျင်စွာသော ဖျက်ဆီးခြင်းကို ရောက်စေသော မိစ္ဆာဆရာ တို့သည် သင်တို့တွင် ရှိကြလိမ့်မည်။
၂၂ ရှမွေလကလည်း၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ခြင်း၌ အားရတော်မူ သကဲ့သို့၊ မီးရှို့ရာယဇ် အစရှိသော ယဇ်မျိုးတို့ကို ပူဇော်ခြင်း၌ အားရတော်မူမည်လော။ အလိုတော်သို့ လိုက်ခြင်းသည် ယဇ်မျိုးထက်သာ၍ ကောင်း၏။ နားထောင်ခြင်းသည် သိုးထီးဆီဥထက် သာ၍ကောင်း၏။
၆ ကိုယ်တော်သည် ယဇ်နှင့် ပူဇော်သက္ကာကို အလိုတော်မရှိသည် ဖြစ်၍ အကျွန်ုပ်နားကို ဖွင့်တော်မူပြီ၊ မီးရှို့ရာယဇ်နှင့် အပြစ်ဖြေရာယဇ်များကို တောင်းတော် မမူသောအခါ၊
၈ မီးရှို့သော ယဇ်မှစ၍ ယဇ်ပူဇော်ခြင်း အမျိုးမျိုးအတွက် ငါသည်သင်၌ အပြစ်မတင်။ ထိုယဇ်တို့သည် ငါ့ရှေ့မှာ အစဉ်ရှိကြ၏။
၁၆ ယဇ်ပူဇော်ခြင်းကို အလိုတော်မရှိ။ သို့မဟုတ်လျှင် ယဇ်ပူဇော်ပါမည်။ မီးရှို့သော ယဇ်ပူဇော်ခြင်းကိုပင် နှစ်သက်တော်မမူ။
၁၁ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ပူဇော်သောယဇ်အများကို၊ ငါသည်အဘယ်သို့ဆိုင်သနည်း။ မီးရှို့၍ပူဇော်သောသိုးကောင်၊ ဆူဖြိုးအောင်ကျွေးသော တိရစ္ဆာန်တို့၏ ဆီဥနှင့်ငါဝပြီ။ နွားနှင့်သိုးသငယ်၊ ဆိတ်တို့၏အသွေးကို ငါမနှစ်သက်။
၂၀ ရှေဘပြည်မှ လောဗန်ကို၎င်း၊ ဝေးသောပြည်မှ မွှေးသောကြံကို၎င်း၊ အဘယ်ကြောင့် ငါ့ထံသို့ ဆောင်ခဲ့သနည်း။ သင်တို့ မီးရှို့ရာယဇ်တို့ကို ငါအလိုမရှိ။ ပူဇော်သော ယဇ်အမျိုးမျိုးကို ငါမနှစ်သက်။
sမြောက်မျက်နှာမှ လူမျိုးခေါ်လာမည်
၂၂ အကြောင်းမူကား၊ သင်တို့ ဘိုးဘေးများကို အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သောအခါ၊ မီးရှို့ရာယဇ် အစရှိသော ယဇ်များအတွက် သူတို့ကို ငါမှာထားသည်မဟုတ်။
၂၁ သင်တို့ စောင့်သောပွဲနေ့တို့ကို ငါမုန်း၏။ စက်ဆုပ်ရွံရှာ၏။ ချိုးခြံစွာကျင့်သော နေ့ရက်တို့၌ ငါမမွေ့လျော်၊
၆ ငါသည် ထာဝရဘုရား ရှေ့တော်သို့ အဘယ် ပူဇော်သက္ကာ ပါလျက်ချဉ်းကပ်၍၊ အမြင့်ဆုံးသော ဘုရားသခင် ရှေ့တော်၌ ကိုးကွယ်ရမည်နည်း။ မီးရှို့ရာယဇ်နှင့် အခါလည်သော နွားသငယ်တို့ကို ဆောင်လျက် ချဉ်းကပ်ရမည်လော။
၁၀ သင်တို့တွင် အဘယ်သူသည် ငါတံခါးတို့ကို ပိတ်လိမ့်မည်နည်း။ သင်တို့သည် ငါ့ယဇ်ပလ္လင်ပေါ်မှာ မီးကိုအချည်းနှီးမညှိရကြ။ သင်တို့ကို ငါအလိုမရှိ။ သင်တို့ပြုသော ပူဇော်သက္ကာကို ငါလက်မခံ၊ ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
၅ ထိုကြောင့်၊ ခရစ်တော်သည် ဤလောကသို့ ကြွလာသောအခါ၊ အိုဘုရားသခင်၊ ကိုယ်တော်သည် ယဇ်နှင့် ပူဇော်သက္ကာကို အလိုတော်မရှိသည်ဖြစ်၍၊ အကျွန်ုပ်အဘို့ ကိုယ်ခန္ဓာကို ပြင်ဆင်တော်မူပြီ။
၁၅ အကြောင်းမူကား၊ မြောက်တိုင်းနိုင်ငံသား အမျိုးမျိုးအပေါင်းတို့ကို ငါခေါ်၍၊ သူတို့သည်လာပြီးလျှင်၊ ယေရုရှလင်မြို့ တံခါးဝများတို့၌၎င်း၊ မြို့ရိုးပတ်ဝန်းကျင် အရပ်ရပ်တို့၌၎င်း၊ ယုဒမြို့ ရွာအလုံးစုံတို့၌၎င်း၊ မိမိတို့ရာဇပလ္လင်များကို အသီး အသီး၊ တည်ထားကြလိမ့်မည်။
၄၁ ကြည့်ရှုလော့။ လူမျိုးတမျိုးသည်မြောက်မျက်နှာမှလာ၏။ ကြီးစွာသောလူမျိုးနှင့်များစွာသောရှင်ဘုရင်တို့သည်မြေ ကြီးစွန်းတို့မှပေါ်လာကြ၏။