-
AA
+
🡀
|
🡂
ယေရမိ အနာဂတ္တိ
၄၄
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေရမိ အနာဂတ္တိ
အခန်းကြီး ၄၄


အဲဂုတ္တုရောက် ယုဒလူတို့ထံဘုရားက ဒဏ်ပေးခြင်းအကြောင်းပြော
CROSS REFERENCES






အဲဂုတ္တုပြည်၊ မိဂဒေါလမြို့၊ တာပနက်မြို့၊ နောဖမြို့၊ ပါသရုအရပ်၌ နေသော ယုဒလူအပေါင်းတို့ကို ရည်မှတ်၍ ယေရမိ သို့ရောက်လာသော နှုတ်ကပတ်တော်အားဖြင့်၊ ဣသရေလ အမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်​ခြေအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယေရုရှလင်မြို့အစရှိသော ယုဒမြို့ရွာအရပ်ရပ်တို့အပေါ်သို့ငါရောက်စေသောဘေးဒဏ်ကိုသင်တို့သည်မြင်ကြပြီ။ ကြည့်ရှုကြလော့။ ယနေ့မှာထိုမြို့ရွာတို့သည်၊ နေသောသူမရှိ၊ လူဆိတ်ညံသော အရပ်ဖြစ်ကြ၏။ အကြောင်းမူကား၊ အရင်နေသောသူတို့သည် ကိုယ်တိုင်မသိ၊ ဘိုးဘေးတို့မသိ၊ အခြားတပါးသော ဘုရားတို့အား နံ့သာပေါင်းကိုမီးရှို့၍ ဝတ်ပြုသဖြင့်၊ ငါ၏ အမျက်တော်ကို နှိုးဆော်ခြင်းငှါ၊ ပြုကြသော ဒုစရိုက်ကြောင့် ဤအမှုရောက်သတည်း။ ငါ၏​ကျွန် ပရောဖက် အပေါင်းတို့ကို ငါသည် စောစောထ၍ သင်တို့ရှိရာသို့ အထပ်ထပ် စေလွှတ်လျက်၊ [A]ငါမုန်းသောအမှု၊ ဤစက်ဆုပ်ရွံရှာဘွယ်သော အမှုကိုမပြုပါနှင့်ဟု ပြောသော်လည်း၊ သူတို့သည် အခြားတပါးသော ဘုရားအား နံ့သာပေါင်းကို မီးမရှို့၊ ဒုစရိုက်ကို ရှောင်မည်အကြောင်းနား ထောင်ခြင်းကိုမပြု၊ မနာမယူဘဲ နေကြ၏။ ထိုကြောင့်၊ ငါ၏အမျက်အရှိန်ကို ငါသွန်းလောင်း၍၊ ယုဒမြို့များ၊ ယေရုရှလင်လမ်းများတို့၌ အမျက်မီးရှို့သဖြင့်၊ သူတို့သည် ယနေ့၌ ဖြစ်သကဲ့သို့ သုတ်သင်ပယ်ရှင်းရာအရပ် ဖြစ်ကြ၏။


အဲဂုတ္တုပြည်၌ တည်းခိုသော ယုဒများ သေကြေပျက်စီးကြမည်

ယခုမှာ ဣသရေလ အမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်​ခြေ အရှင်ဘုရားသခင်၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် ကိုယ်ကိုကိုယ် ပယ်ဖျက်လိုသောငှါ၎င်း၊ မြေကြီးပေါ်မှာ လူအမျိုးမျိုးတို့သည် ကဲ့ရဲ့ကျိန်ဆဲရာဖြစ်လိုသောငှါ၎င်း၊ သွား၍နေသော အဲဂုတ္တုပြည်၌ အခြားတပါးသော ဘုရားတို့အား နံ့သာပေါင်းကို မီးရှို့လျက်၊ ကိုယ်တိုင်ပြုသောအမှုနှင့် ငါ၏အမျက်ကို နှိုးဆော်သဖြင့်၊ သင်တို့တွင် တယောက်မျှမကြွင်း၊ ယုဒအမျိုး ယောက်ျားမိန်းမ၊ သူငယ်စို့နို့ကလေးအပေါင်းတို့ကို ပယ်ဖျက်မည်အ ကြောင်း၊ ကြီးစွာသော ဒုစရိုက်ကို ကိုယ်စိတ်ဝိညာဉ်တဘက်၌ အဘယ်ကြောင့် ပြုကြသနည်း။ ယုဒပြည်၌ ၎င်း၊ ယေရုရှလင်လမ်းတို့၌ ၎င်း၊ သင်တို့ဘိုးဘေးများ ပြုသောဒုစရိုက်၊ ယုဒရှင်ဘုရင်များ ပြုသောဒုစရိုက်၊ မိဖုရားများပြုသော ဒုစရိုက်၊ သင်တို့ကိုယ် တိုင်ပြုသောဒုစရိုက်၊ သင်တို့မယားများ ပြုသော ဒုစရိုက်တို့ကိုမေ့လျော့ကြပြီလော။ ၁၀ ယနေ့တိုင်အောင် သင်တို့သည် နှိမ့်ချသောစိတ်မရှိ၊ ကြောက်ရွံ့သော စိတ်မရှိ၊ ငါ၏တရားလမ်းသို့မလိုက်၊ သင်တို့မှစ၍ သင်တို့ဘိုးဘေးတို့ရှေ့မှာ ငါထားသော ပညတ်များကို မစောင့်ရှောက်ကြ။ ၁၁ သို့ဖြစ်၍ ဣသရေလ အမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ကို အပြစ်ပြု၍၊ ယုဒအမျိုးသားအပေါင်းတို့ကို ပယ်ဖျက်ခြင်းငှါ ငါသည် မျက်နှာထားမည်။ ၁၂ အဲဂုတ္တုပြည်သို့သွား၍ တည်းခိုခြင်းငှါ မျက်နှာပြုသော ယုဒအမျိုးသား အကျန်အကြွင်းတို့ကို ငါသည်ယူ၍၊ သူတို့သည် ထိုပြည်၌ သေ​ကြေပျက်စီးကြလိမ့်မည်။ ဓါးဘေး၊ မွတ်သိပ်ခြင်းဘေးဖြင့် ပျက်စီးခြင်းသို့၎င်း၊ အငယ်ဆုံးသော သူမှစ၍ အကြီးဆုံးသော သူတိုင်အောင်၊ ဓါးဘေး၊ မွတ်သိပ်ခြင်းဘေးဖြင့်၊ သေ​ကြေပျက်စီးခြင်း ဘေးသို့၎င်း ရောက်၍၊ ဆဲရေးခြင်း၊ အံ့ဩခြင်း၊ ကျိန်ခြင်း၊ ကဲ့ရဲ့ခြင်းကိုခံဘို့ရာဖြစ် ကြလိမ့်မည်။ ၁၃ ယေရုရှလင်မြို့သားတို့ကို ဓါးဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးတို့ဖြင့် ငါသည် ဒဏ်ပေးသည့်နည်း တူ၊ အဲဂုတ္တုပြည်၌ နေသောသူတို့ကို ငါသည်ဒဏ်ပေးသဖြင့်၊ ၁၄ အဲဂုတ္တုပြည်သို့သွား၍ တည်းခိုသော ယုဒအမျိုးသား အကျန်အကြွင်းတို့သည် ယုဒပြည်သို့ပြန်၍ နေချင်သော်လည်း၊ တယောက်မျှဘေးနှင့် မလွတ်ရ၊ တယောက်မျှမကျန် ကြွင်းရကြ။ ဘေးလွတ်သောသူသာလျှင် ပြန်ရကြလိမ့်မည်ဟု မိန့်တော်မူ၏။


ယုဒလူများက ယေရမိပြောသော စကားကို နားမထောင်ဟုဆို

၁၅ ထိုအခါ မိမိမယားတို့သည် အခြားတပါးသော ဘုရားအား၊ နံ့သာပေါင်းနှင့် မီးရှို့ကြောင်းကို သိသောလူများ၊ အနား၌ ရပ်နေသော မိန်းမများ၊ ကြီးစွာသော အလုံးအရင်းတည်းဟူသော၊ အဲဂုတ္တုပြည် ပါသရုအရပ်၌ နေသောသူအပေါင်းတို့သည်၊ ယေရမိကို ပြန်ပြောကြသည်ကား၊ ၁၆ သင်သည် ထာဝရဘုရား၏ နာမတော်ကို အမှီပြု၍၊ ငါတို့အား ဟောပြောသောစကားကို ငါတို့သည် နားမထောင်။ ၁၇ ငါတို့မှစ၍ ငါတို့ဘိုးဘေး၊ ရှင်ဘုရင်၊ မှူးမတ်တို့သည် ယုဒမြို့များ၊ ယေရုရှလင်လမ်းများ၌ ပြုဘူးသကဲ့သို့၊ ကောင်းကင် မိဖုရားအဖို့ နံ့သာပေါင်းကိုမီးရှို့၍၊ သွန်းလောင်းရာ ပူဇော်သက္ကာကို ပြုခြင်းငှါ၊ ကိုယ့်အလိုအလျောက် စီရင်သည်အ တိုင်း၊ ဆက်ဆက်ပြုမည်။ အထက်က ဝစွာစားရကြသည်။ ဘေးနှင့်လွတ်၍ ချမ်းသာစွာနေရကြ၏။ ၁၈ ကောင်းကင် မိဖုရားအဘို့ နံ့သာပေါင်းကို မီးမရှို့၊ သွန်းလောင်းရာ ပူဇော်သက္ကာကိုမပြုဘဲ နေပြန်သောအခါ၊ အလွန်ဆင်းရဲခြင်း၊ ဓါးဘေး၊ မွတ်သိပ်ခြင်းဘေးဖြင့် ပျက်စီးခြင်းသို့ ရောက်ကြပြီ။ ၁၉ ကောင်းကင် မိဖုရားအဘို့ နံ့သာပေါင်းကိုမီးရှို့၍ သွန်းလောင်းရာ ပူဇော်သက္ကာကို မပြုဘဲနေပြန်သောအခါ၊ ငါတို့၏ ယောကျ်ားမပါဘဲ မုန့်ပြားတို့ကိုလုပ်၍၊ သွန်းလောင်းရာ ပူဇော်သက္ကာပြုလျက် ကိုးကွယ်သလောဟု ပြန်ပြောကြ၏။


ယုဒလူတို့သည် ဘုရားထံ ပြစ်မှားသောကြောင့် ပြည်နှင်ဒဏ်ခံကြ

၂၀ ထိုသို့ပြန်ပြောသော ယောကျာ်း မိန်းမအပေါင်းတို့အား ယေရမိ ပြန်ပြောသည်ကား၊ ၂၁ သင်တို့မှစ၍ သင်တို့ဘိုးဘေး၊ ရှင်ဘုရင်၊ မှူးမတ်၊ ပြည်သူပြည်သားတို့သည် ယုဒမြို့များ၊ ယေရုရှလင် လမ်းများ၌ မီးရှို့သော နံ့သာပေါင်းကို ထာဝရဘုရားသည် မအောက်မေ့၊ နှလုံးမသွင်းဘဲ နေတော်မူသလော။ ၂၂ သင်တို့ပြုသော ဒုစရိုက်၊ စက်ဆုပ်ရွံရှာဘွယ်သောအမှုတို့ကို ထာဝရ ဘုရားသည် သည်းခံတော် မမူနိုင်သောကြောင့်၊ သင်တို့ပြည်သည်၊ ယနေ့၌ ဖြစ်သည်အတိုင်း၊ နေသောသူမရှိ၊ လူဆိတ်ညံရာ၊ အံ့ဩဘွယ်ရာ၊ ကျိန်ဆဲရာ ဖြစ်လေပြီတကား။ ၂၃ သင်တို့သည် နံ့သာပေါင်းကို မီးရှို့၍၊ ထာဝရဘုရားကို ပြစ်မှားသောကြောင့်၎င်း၊ ထာဝရဘုရား၏ အမိန့်တော်ကို နားမထောင်၊ ထုံးဖွဲ့ချက်၊ သက်သေခံချက်၊ ပညက်တရားတော်လမ်းသို့ မလိုက်သောကြောင့်၎င်း၊ ဤဘေးသည် ယနေ့၌ ရှိသည်အတိုင်း၊ သင်တို့၌ ရောက်လေပြီတကားဟုပြောဆို၏။


အဲဂုတ္တုရောက် ယုဒလူများ ပျက်စီးမည်

၂၄ တဖန် မိန်းမအပေါင်းတို့နှင့် လူခပ်သိမ်းတို့အား ယေရမိဟောပြောသည်ကား၊ အဲဂုတ္တုပြည်၌ ရှိသော ယုဒလူအပေါင်းတို့၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။ ၂၅ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်​ခြေအရှင်၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့နှင့် သင်တို့မယားတို့က၊ ငါတို့သည် ကောင်းကင် မိဖုရားအဖို့ နံ့သာပေါင်းကိုမီးရှို့၍သွန်း လောင်းပူဇော်သက္ကာပြုခြင်းငှါ၊ သစ္စာဂတိထားသည်နှင့်အညီ ဆက်ဆက်ပြုမည်ဟု နှုတ်နှင့်ပြော၍ လက်နှင့်ပြုသည်အတိုင်း သင်တို့သည် ကိုယ်ထားသော သစ္စာကတိကို ဆက်ဆက်စောင့်၍၊ သစ္စာဂတိထားသည် အတိုင်းပြုကြလိမ့်မည်။ ၂၆ သို့ဖြစ်၍ အဲဂုတ္တုပြည်၌ နေသော ယုဒလူအပေါင်းတို့၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ အရှင်ထာဝရဘုရား အသက်ရှင်တော်မူသည်ဟူ၍ အဲဂုတ္တုပြည် တရှောက်လုံးတွင်၊ ယုဒလူတယောက်မျှ ငါ၏နာမကို မြွက်ဆိုရမည်အ ကြောင်း၊ ငါသည် ကိုယ်မဟာနာမကို တိုင်တည်၍ ကျိန်ဆိုမည်။ ၂၇ သူတို့ကို ကျေးဇူးပြုခြင်းငှါ မဟုတ်၊ အပြစ်ပြုခြင်းငှ ါငါစောင့်သည်ဖြစ်၍၊ အဲဂုတ္တုပြည်၌ ရှိသော ယုဒလူအပေါင်းတို့သည် ဆုံးရှုံးခြင်းသို့ မရောက်မှီတိုင်အောင် ဓါးဘေး၊ မွတ်သိပ်ခြင်းဘေးနှင့် ပျက်စီးကြလိမ့်မည်။ ၂၈ သို့ရာတွင်၊ ဓါးဘေးနှင့်လွတ်၍၊ အဲဂုတ္တုပြည်မှ ယုဒပြည်သို့ ပြန်ရသောသူတို့သည် နည်းကြလိမ့်မည်။ ငါ့စကားတည်မည်၊ သူတို့စကားတည်မည်ကို၊ အဲဂုတ္တုပြည်၌ တည်းခိုခြင်းငှါ သွားသော ယုဒလူအကျန်အကြွင်းတို့သည် သိကြလိမ့်မည်။ ၂၉ ဤရပ်၌ သင်တို့ကို ငါဆုံးမ၍၊ သင်တို့၌ အပြစ်ရောက်စေခြင်းငှါ၊ ငါ့စကားသည် ဆက်ဆက် တည်လိမ့်မည်ဟု သင်တို့သိမည်အကြောင်း၊ ငါပေးသော နိမိတ်လက္ခဏာဟူမူကား၊ ၃၀ ယုဒရှင်ဘုရင် ဇေဒကိမင်း အသက်၏ ရန်သူတည်းဟူသော ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာမင်း၏ လက်သို့ ဇေဒကိမင်းကို ငါအပ်သည်နည်းတူ၊ အဲဂုတ္တုရှင်ဘုရင် ဖာရောဟောဖရာအသက်ကို ရှာသော ရန်သူလက်သို့ထိုမင်းကို ငါအပ်သည်ဟု ထာဝရဘုရား မိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.