-
AA
+
🡀
|
🡂
ယေရမိ အနာဂတ္တိ
၄၁
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေရမိ အနာဂတ္တိ
အခန်းကြီး ၄၁


မင်းမျိုးဣရှမေလက ဂေဒလိအပေါင်းပါများကိုသတ်

သတ္တမလတွင် ဆွေတော်မျိုးတော်ဖြစ်သော မင်းသား ဧလိရှမာသား၊ နာသနိ၏သား ဣရှမေလသည်၊ လူတကျိပ်နှင့်တကွ၊ အဟိကံသား ဂေဒလိရှိရာမိဇပါမြို့သို့လာ၍၊ ထိုမြို့၌ တစုတည်းစားသောက်ကြ၏။ ထိုအခါ၊ နာသနိသား ဣရှမေလနှင့် ထိုလူတကျိပ်တို့သည် ထ၍၊ ဗာဗုလုန် ရှင်ဘုရင် အခွင့်နှင့် ပြည်အုပ်လုပ်သော ရှာဖန်၏သား ဖြစ်သော အဟိကံ၏သား ဂေဒလိကို ဓါးနှင့်ခုတ်၍ သတ်ကြ၏။ ဣရှမေလသည်လည်း၊ မိဇပါမြို့တွင် ဂေဒလိထံ၌ ရှိသော ယုဒလူအပေါင်းတို့ကို၎င်း၊ တွေ့သမျှသော ခါလဒဲ စစ်သူရဲတို့ကို၎င်း သတ်လေ၏။ ဂေဒလိကိုသတ်၍၊ နှစ်ရက်လွန်သော်လည်း၊ ထိုအမှုကို အဘယ်သူမျှ မသိသေးသဖြင့်၊ ရှေခင်မြို့၊ ရှိလော၊ ရှမာရိမြို့မှ ထွက်လာသော လူရှစ်ကျိပ်တို့သည်မိမိတို့ မုတ်ဆိတ်ကို ရိတ်ပြီးလျှင်၊ အဝတ်စုတ်ကိုဝတ်၍ ရှနသော ကိုယ်ရှိလျက်၊ ပူဇော်သက္ကာနှင့် နံ့သာပေါင်းကို ဗိမာန်တော်သို့ ဆောင်ခဲ့လျက် ရောက်လာကြ၏။ ထိုသူတို့ကို ကြိုဆိုအံ့သောငှါ၊ နာသနိသား ဣရှမေလသည် ငိုကြွေးလျက်၊ မိဇပါလမြို့မှထွက်၍ တွေ့သောအခါ၊ အဟိကံသား ဂေဒလိထံသို့ လာကြလော့ဟု ခေါ်လေ၏။ မြို့ထဲသို့ရောက်ပြီးလျှင်၊ နာသနိသား ဣရှမေလနှင့် သူ၏လူများတို့သည် ထိုသူတို့ကိုသတ်၍၊ မြေတွင်းထဲသို့ ပစ်ချကြ၏။ ထိုသူတို့တွင်ပါသောလူတကျိပ်တို့က၊ အ​ကျွန်ုပ်တို့ကို မသတ်ပါနှင့်။ အ​ကျွန်ုပ်တို့ သိုထားသော ဥစ္စာတည်းဟူသော ဂျုံ၊ မုယော၊ ဆီ၊ ပျားရည်သည်တော၌ ရှိပါ၏ဟု ဣရှမေလအား ပြောဆိုသောကြောင့်၊ ထိုသူတို့ကို သူတို့ညီအစ်ကိုများနှင့်အတူ မသတ်ဘဲ နေ၏။ ဣရှမေလသည် ဂေဒလိနှင့်အတူ သတ်သောသူ အသေကောင်များကို ပစ်ချသောတွင်းသည် အခြားတွင်းမဟုတ်၊ အာသမင်းကြီးသည် ဣသရေလ ရှင်ဘုရင် ဗာရှာကို ကြောက်၍တူးသော တွင်းဖြစ်သတည်း။ ထိုတွင်းကို နာသနိသား ဣရှမေလသည်အသေကောင်များနှင့် ပြည့်စေ၏။ ၁၀ ထိုအခါ အဟိကံသားဂေဒလိ၌ ကိုယ်ရံတော်မှူး နေဗုဇာရဒန်အပ်သော မင်းသမီးများအစရှိသော၊ မိဇပါမြို့၌ ကျန်ကြွင်းသမျှသောသူတို့ကို နာသနိသား ဣရှမေလသည် သိမ်းယူ၍၊ အမ္မုန် အမျိုးသားတို့ထံသို့ ထွက်သွားလေ၏။


ယောဟနန်နှင့် တပ်မှူးများကြောက်၍ ဣရှမေလပြေး

၁၁ ထိုသို့နာသနိသား ဣရှမေလပြုသော အမှုအလုံးစုံတို့ကို၊ ကာရာသား ယောဟနန်နှင့်သူ့ထံ၌ ရှိသမျှသောတပ်မှူးတို့သည်ကြားလျှင်၊ ၁၂ လူအပေါင်းတို့ကိုခေါ်၍၊ နာသနိသား ဣရှမေလကို တိုက်ခြင်းငှါ ထွက်သွားသဖြင့်၊ ဂိဗောင်ကန်နားမှာတွေ့လေ၏။ ၁၃ ဣရှမေလ၌ ပါသောသူအပေါင်းတို့သည် ကာရာသား ယောဟနန်နှင့်သူ၌ ပါသော တပ်မှူးအပေါင်းတို့ကို မြင်သောအခါ၊ ဝမ်း မြောက်ခြင်းသို့ ရောက်ကြ၏။ ၁၄ ထိုအခါ မိဇပါမြို့မှာ ဣရှမေလ သိမ်းသွားသော လူအပေါင်းတို့သည် သူ့ထံမှထွက်၍၊ ကာရာသား ယောဟနန်ထံသို့ ကူးသွားကြ၏။ ၁၅ နာသနိသား ဣရှမေလသည်လူရှစ်ယောက်နှင့်တကွ၊ ယောဟနန်လက်မှ လွတ်ပြေး၍၊ အမ္မုန် အမျိုးသားတို့ထံသို့ သွားလေ၏။ ၁၆ ထိုသို့အဟိကံသား ဂေဒလိကို သတ်ပြီးသည်နောက်၊ ကာရာသား ယောဟနန်နှင့် သူ့ထံ၌ ရှိသော တပ်မှူးအပေါင်းတို့သည် နာသနိသား ဣရှမေလလက်မှ၎င်း၊ မိဇပါမြို့မှ၎င်း၊ နှုတ်၍ကျန်ကြွင်းသော သူတည်းဟူသော၊ အားကြီးသော စစ်သူရဲများ၊ မိန်းမများ၊ သူငယ်များ၊ မိန်းမစိုးများအပေါင်းတို့ကို ဂိဗောင်မြို့မှ ဆောင်ခဲ့ပြန်၍၊ ၁၇ ခါလဒဲလူတို့ကြောင့် အဲဂုတ္တုပြည်သို့ ပြောင်းမည်အကြံရှိလျက်၊ ဗက်လင်မြို့နှင့် နီးသော ခိမဟံရွာသို့သွား၍ နေကြ၏။ ၁၈ အကြောင်းမူကား၊ ပြည်အုပ်အရာ၌၊ ဗာဗုလုန်ရှင်ဘုရင်ခန့်ထားသော အဟိကံသား ဂေဒလိကို၊ နာသနိသား ဣရှမေလ သတ်သောကြောင့်၊ ခါလဒဲလူတို့ကို ကြောက်ကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.