-
AA
+
🡀
|
🡂
ယေရမိ အနာဂတ္တိ
၃၉
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေရမိ အနာဂတ္တိ
အခန်းကြီး ၃၉


ယေရုရှလင်မြို့ကိုသိမ်း

ယုဒရှင်ဘုရင် ဇေဒကိမင်းကြီး နန်းစံကိုးနှစ် ဒသမလတွင်၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာသည် ဗိုလ်​ခြေအပေါင်းတို့နှင့်တကွ လာ၍ ယေရုရှလင်မြို့ကို ဝိုင်းထားကြ၏။ ဇေဒကိမင်းကြီး နန်းစံဆယ်တနှစ်၊ စတုတ္ထလ ကိုးရက်နေ့၌ မြို့ကိုဖြိုဖေါက်၍၊ ရွှေထားဝန်နေရဂါလရှရဇော၊ မိန်းမစိုးအုပ်စာသခိမ်၊ မာဂုပညာရှိအုပ် နေရဂါလရှရဇောတည်းဟူသော ဗာဗုလုန်ရှင်ဘုရင်၏ မှူးမတ်အစရှိသော မှူးတော်မတ်တော် အပေါင်းတို့သည် မြို့ထဲသို့ဝင်၍၊ အလယ်ချက် တံခါးဝ၌ ထိုင်ကြ၏။


ဇေဒကိမင်းထွက်ပြေး၍ မျက်စိဖေါက်
CROSS REFERENCES






ယုဒရှင်ဘုရင် ဇေဒကိမင်းနှင့် စစ်သူရဲအပေါင်းတို့သည် ထိုလူများကိုမြင်လျှင်၊ ညအခါပြေး၍ ဥယျာဉ်တော် လမ်းကို လိုက်လျက်၊ မြို့ရိုးနှစ်ထပ်စပ်ကြား တံခါးဖြင့် ထွက်ပြီးမှ လွင်ပြင်သို့သွားကြ၏။ ခါလဒဲ စစ်သူရဲတို့သည် လိုက်လျက်၊ ယေရိခေါလွင်ပြင်၌ ဇေဒကိမင်းကိုမှီ၍ ဖမ်းဆီးပြီးမှ၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာရှိရာ ဟာမတ်ပြည် ရိဗလမြို့သို့ ဆောင်သွားကြ၏။ ဗာဗုလုန်ရှင်ဘုရင်သည် ဇေဒကိမင်း၏အမှုကို စစ်ကြောစီရင်၍၊ ရိဗလမြို့မှာ ဇေဒကိသားတို့ကို အဘမျက်မှောက်၌ သတ်လေ၏။ ယုဒမှူးမတ်အပေါင်းကိုလည်း သတ်လေ၏။ ဇေဒကိမျက်စိကိုလည်း ဖောက်ပြီးမှ၊ [A] သူ့ကို​ကြေးဝါကြိုးနှင့် ချည်နှောင်လေ၏။ ခါလဒဲ လူတို့သည်လည်း၊ နန်းတော်နှင့် ဆင်းရဲသား အိမ်တို့ကို မီးရှို့၍၊ မြို့ရိုးကို ဖြိုဖျက်ကြ၏။ ထိုအခါ ကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် မြို့ထဲမှာ ကျန်ကြွင်းသောသူ၊ ခါလဒဲလူဘက်သို့ကူးသွားနှင့်သောသူ၊ ကျန်ကြွင်းသမျှသော သူတို့ကို ဗာဗုလုန်မြို့သို့ သိမ်းသွားလေ၏။ ၁၀ သို့ရာတွင်၊ ဥစ္စာအလျှင်းမရှိသော ဆင်းရဲသားအချို့တို့ကို ယုဒပြည်၌ ထားခဲ့၍၊ စပျစ်ဥယျာဉ်နှင့် လယ်ယာတို့ကို ပေးလေ၏။


ယေရမိကို ဗာဗုလုန် ဘုရင်ကလွှတ်
CROSS REFERENCES






၁၁ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ယေရမိအမှု၌၊ ကိုယ်ရံတော်မှူး နေဗုဇာရဒန်ကို မှာထားနှင့်သည်ကား၊ ၁၂ ယေရမိကိုယူ၍ ကောင်းမွန်စွာ ကြည့်ရှုလော့။ မညှဉ်းဆဲနှင့်။ သူပြောသည်အတိုင်း သူ့ကိုပြုလော့ဟု မှာထားတော်မူသည်နှင့်အညီ၊ ၁၃ ကိုယ်ရံတော်မှူး နေဗုဇာရဒန်၊ မိန်းမစိုးအုပ် နေဗုရှာဇဗန်၊ မာဂုပညာရှိအုပ် နေရဂါလရှရဇော အစရှိသော ဗာဗုလုန်ရှင်ဘုရင် ၏ မှူးမတ်အပေါင်းတို့သည် လူကိုစေလွှတ်၍၊ ၁၄ ယေရမိကို ထောင်ဝင်းထဲက နှုတ်ယူပြီးလျှင်၊ သူ၏နေရာသို့ ပို့ဆောင်စေခြင်းငှါ၊ ရှာဖန်သားဖြစ်သော အဟိကံ၏သား ဂေဒလိ၌ အပ်ကြ၏။ သို့ဖြစ်၍၊ ယေရမိသည်ပြည်သားများနှင့်အတူ နေရလေ၏။ ၁၅ ယေရမိသည် ထောင်ဝင်းထဲမှာ အချုပ်ခံရသောအခါ၊ ထာဝရဘုရား၏နှုတ်ကပတ်တော် ရောက်၍၊ ၁၆ သင်သည် ကုရှအမျိုးသား ဧဗဒမေလက်ကို ဆင့်ဆိုရမည်မှာ၊ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤမြို့၏ အကျိုးကိုမပြုစု၊ ဖျက်ဆီးခြင်းငှါ ငါ့စကားကိုငါတည်စေမည်။ ကာလအချိန်ရောက်လျှင်၊ သင့်ရှေ့၌ ငါ့စကားပြည့်စုံလိမ့်မည်။ ၁၇ သို့သော်လည်း၊ ထိုကာလ၌ သင့်ကို ငါကယ်နှုတ်မည်။ သင်ကြောက်သော သူတို့လက်သို့ သင်မရောက်ရ။ ၁၈ ငါသည် သင့်ကို စင်စစ်ကယ်နှုတ်မည်။ သင်သည် ဓါးဖြင့်မဆုံးရ။ လက်ရဥစ္စာကဲ့သို့ ကိုယ်အသက်ကို ရလိမ့်မည်။ [B] အကြောင်းမူကား၊ သင်သည် ငါ့ကို ကိုးစားသောကြောင့်တည်းဟု ထာဝရဘုရား မိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.