-
AA
+
🡀
|
🡂
ယေရမိ အနာဂတ္တိ
၃၆
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေရမိ အနာဂတ္တိ
အခန်းကြီး ၃၆


ယေရမိက ဗာရုတ်ကို စာရေးခိုင်း၍ ဗိမာန်တော်၌ ဖတ်ခိုင်း

ယုဒရှင်ဘုရင် ယောရှိသား ယောယကိမ်မင်း နန်းစံလေးနှစ်တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ရောက်လာသည်ကား၊ သင်သည် စာလိပ်ကို ယူပြီးလျှင်၊ ယောရှိမင်းလက်ထက်၌ သင့်အားငါပြောသောနေ့မှစ၍ ယနေ့တိုင်အောင် ဣသရေလပြည်၊ ယုဒပြည်အစရှိသော ခပ်သိမ်းသော တိုင်းပြည်တို့ကို ငါခြိမ်းသမျှသော စကားအတိုင်းရေးထားလော့။ ယုဒအမျိုးတို့၌ ပြုမည်ဟု ငါကြံစည်သမျှသော ဘေးဥပါဒ်တို့ကို သူတို့သည် ကြားသောအခါ၊ သူတို့ဒုစရိုက်အပြစ်ကို ငါလွှတ်မည်အကြောင်း၊ အသီးအသီးလိုက်ဘူးသော အဓမ္မလမ်းတို့ကို ရှောင်ကောင်းရှောင်ကြလိမ့်မည်ဟု မိန့်တော်မူ၏။ ထိုအခါ ယေရမိသည် နေရိသား ဗာရုတ်ကိုခေါ်ပြီးလျှင် ထာဝရဘုရား မိန့်တော်မူသမျှသော စကားတော်တို့ကို ပြန်ပြောသည်အတိုင်း၊ ဗာရုတ်သည် စာလိပ်၌ ရေးထားလေ၏။ ယေရမိကလည်း၊ ငါသည် အချုပ်ခံလျက်နေရသောကြောင့်၊ ဗိမာန်တော်သို့ မသွားနိုင်။ သင်သွားလော့။ ငါပြန်ပြောသည်အတိုင်း၊ သင်သည် စာလိပ်၌ ရေးထားသော ထာဝရဘုရား၏ စကားတော်တို့ကို၊ အစာရှောင်သော နေ့တွင်၊ ဗိမာန်တော်၌ ရှိသောသူတို့အား ဖတ်လော့။ အမြို့မြို့အရွာရွာက လာသော ယုဒလူတို့အားလည်း ဖတ်လော့။ သူတို့သည် အသီးအသီး လိုက်ဘူးသော အဓမ္မလမ်းကို ရှောင်လျက်၊ ထာဝရဘုရားအား ပြပ်ဝပ်၍ ဆုတောင်းကောင်း ဆုတောင်းကြလိမ့်မည်။ ဤလူမျိုး၌ ထာဝရဘုရား ခြိမ်းတော်မူသော အမျက်ဒေါသသည် အလွန်ပြင်းထန်ပေ၏ဟု ဗာရုတ်အား မှာထားလေ၏။ ထိုသို့ ပရောဖက် ယေရမိ မှာထားသမျှအတိုင်း၊ နေရိသား ဗာရုတ်သည်ပြု၍၊ ထာဝရဘုရား၏ စကားတော်ပါသော စာကို ဗိမာန်တော်၌ ဖတ်လေ၏။


ဗာရုတ်သည် ဗိမာန်တော်၌ ယေရမိစာကိုဖတ်

ယုဒရှင်ဘုရင် ယောရှိသား ယောယကိမ်မင်း နန်းစံငါးနှစ်၊ နဝမလတွင် ယေရုရှလင်မြို့သား အပေါင်းတို့နှင့်၊ ယုဒမြို့ရွာမှ ယေရုရှလင်မြို့သို့ ရောက်လာသော သူအပေါင်းတို့သည် ထာဝရဘုရား ရှေ့တော်၌ အစာရှောင်ရာအချိန်ကို ကြော်ငြာကြ၏။ ၁၀ ထိုအခါ ဗာရုတ်သည် ဗိမာန်တော် တံခါးသစ်နားမှာ၊ အထက်တန်တိုင်းအတွင်း၊ စာရေးတော် ရှာဖန်သား ဂေမရိ၏အခန်း၌၊ ယေရမိစီရင်သော စာကို လူအပေါင်းတို့ရှေ့မှာ ဖတ်လေ၏။ ၁၁ ထိုစာ၌ ပါသမျှသော ထာဝရဘုရား၏ စကားတော်တို့ကို ရှာဖန်သား ဖြစ်သော ဂေမရိ၏သား မိက္ခါယသည် ကြားလျှင်၊ ၁၂ နန်းတော်အတွင်း၊ စာရေးတော်အခန်းသို့သွား၍၊ စာရေးတော် ဧလိရှမာ၊ ရှေမာယသား ဒေလာယ၊ အာခဗော်သား ဧလာနာသန်၊ ရှာဖန်သား ဂေမရိ၊ ဟာနနိသား ဇေဒကိအစရှိသော မှူးတော်မတ်တော် အပေါင်းတို့သည် ထိုင်လျက် ရှိကြ၏။ ၁၃ ထိုအခါ ဗာရုတ်သည် လူများတို့အား ဖတ်သောစာထဲက မိက္ခါယကြားသမျှသော စကားတို့ကို ပြန်ပြောလေ၏။


ဗာရုတ်သည် မင်းများရှေ့တွင် ပြန်ဖတ်ပြ

၁၄ ထိုမင်းအပေါင်းတို့သည်လည်း၊ ကုရှိ၊ ရှေလမိ၊ နာသနိတို့မှဆင်းသက်သော ယေဟုဒိကို ဗာရုတ်ထံသို့ စေလွှတ်လျက်၊ သင်သည် လူများတို့အား ဖတ်သော စာလိပ်ကို သင့်လက်နှင့်ကိုင်၍ လာခဲ့ဟု ခေါ်ကြ၏။ နေရိသား ဗာရုတ်သည်လည်း၊ စာလိပ်ကိုကိုင်၍ လာ၏။ ၁၅ သူတို့ကလည်း ထိုင်လော့။ ငါတို့အား ဖတ်လော့ဟု ဆိုသည်အတိုင်း၊ ဗာရုတ်သည် သူတို့ရှေ့မှာ ဖတ်လေ၏။ ၁၆ ထိုစကားအလုံးစုံတို့ကို မင်းများတို့သည် ကြားလျှင်၊ အချင်းချင်း ကြောက်ရွံ့သော စိတ်ရှိ၍၊ ငါတို့သည် ဤစကားအလုံးစုံတို့ကို ရှင်ဘုရင်အား ဆက်ဆက် ကြားလျှောက်ရမည်ဟု ဗာရုတ်ကို ဆိုကြ၏။ ၁၇ တဖန်သင်သည် ဤစကားအလုံးစုံတို့ကို သူ့နှုတ်မြွတ်သည်အတိုင်း၊ အဘယ်သို့ ရေးထားသနည်းဟု မေးမြန်းလျှင်၊ ၁၈ ဗာရုတ်က၊ သူသည် ဤစကားအလုံးစုံတို့ကို နှုတ်မြွတ်၍၊ အ​ကျွန်ုပ်သည် မှင်နှင့် ရေးထားပါ၏ဟု ပြန်ပြောသော်၊ ၁၉ မင်းများတို့က၊ သင်သွားလော့။ ယေရမိနှင့်အတူ ပုန်းရှောင်၍ နေလော့။ အဘယ်မှာနေသည်ကို တစုံတယောက်မျှ မသိစေနှင့်ဟုဗာရုတ်အားမှာခဲ့၍၊ ၂၀ စာလိပ်ကို စာရေးတော် ဧလိရှမာ၏အခန်း၌ ထားပြီးမှ နန်းတော်အတွင်း၊ ရှင်ဘုရင်ထံသို့ဝင်၍၊ ထိုအမှုကိုအကုန်အစင် လျှောက်ကြ၏။


ရှင်ဘုရင်သည် ဗာရုတ်ရေးသော စာကိုမီးရှို့

၂၁ ရှင်ဘုရင်သည် ထိုစာလိပ်ကို ယူချေဟု ယေဟုဒိကို စေလွှတ်သဖြင့်၊ ယေဟုဒိသည် စာရေးတော် ဧလိရှမာ၏အခန်းထဲကယူ၍၊ ရှင်ဘုရင်အစရှိသော အထံတော်၌ ရပ်နေသော မှူးမတ်အပေါင်းတို့ရှေ့မှာ ဖတ်လေ၏။ ၂၂ ထိုအခါနဝမလဖြစ်၍၊ ရှင်ဘုရင်သည် ဆောင်းကာလ၌ စံပျော်ရာ နန်းအခန်းတွင်ထိုင်၍၊ ရှေ့တော်၌ မီးသွေးမီးဖို(a) ပေါ်မှာ မီးခဲပုံရှိ၏။ ၂၃ ယေဟုဒိသည် သုံးလေးခဏ်းလောက် ဖတ်မိလျှင်၊ ရှင်ဘုရင်သည် စာရေး၏ ဓါးနှင့်လှီး၍၊ မီးဖိုပေါ်မှာရှိသော မီးထဲသို့စာလိပ်ကို ချပစ်လျှင်၊ အကုန်အစင် ​ကျွမ်းလောင်လေ၏။ ၂၄ ရှင်ဘုရင်မှစ၍၊ ထိုစကားအလုံးစုံတို့ကို ကြားသော ရှင်ဘုရင်၏ ကျွန်တယောက်မျှ မကြောက်၊ မိမိအဝတ်ကိုလည် မဆုတ်ကြ။ ၂၅ ရှင်ဘုရင်သည် စာလိပ်ကို မီးမရှို့စေခြင်းငှါ၊ ဧလိနာသန်၊ ဒေလာယ၊ ဂေမရိတို့သည် တောင်းပန်သော်လည်း၊ ရှင်ဘုရင်သည် သူတို့စကားကို နားမထောင်။ ၂၆ တဖန်ရှင်ဘုရင်သည် စာရေးဗာရုတ်နှင့် ပရောဖက်ယေရမိကို ဖမ်းဆီးစေခြင်းငှါ၊ သားတော် ယေရမေလ၊ အာဇရေလသား စရာယ၊ အာဗဒေလသား ရှေလမိတို့ကို စေလွှတ်လေ၏။ သို့ရာတွင်၊ ထာဝရဘုရားသည် ထိုသူနှစ်ယောက်တို့ကို ဝှက်ထားတော်မူ၏။


စာမီးရှို့၍ ယောယကိမ်မင်းကို ဒဏ်ခတ်မည်

၂၇ ယေရမိ နှုတ်မြွတ်သည်အတိုင်း ဗာရုတ်ရေးထားသော ထိုစာလိပ်ကို ရှင်ဘုရင် မီးရှို့သောနောက်၊ ထာဝရဘုရား၏နှုတ်က ပတ်တော်သည် ယေရမိသို့ ရောက်လာသည်ကား။ ၂၈ သင်သည် အခြားသော စာလိပ်ကိုယူ၍၊ ယုဒရှင်ဘုရင်ယောယကိမ် မီးရှို့သော အရင်စာလိပ်၌ ပါသမျှသော စကားရင်းအတိုင်း ရေးထားလော့။ ၂၉ သင်သည် ယုဒရှင်ဘုရင်ယောယကိမ်အား ပြောဆိုရမည်မှာ၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဗာဗုလုန်ရှင်ဘုရင်သည် ဆက်ဆက်လာ၍ ဤပြည်ကိုဖျက်ဆီးလိမ့်မည်။ [E] လူနှင့် တိရစ္ဆာန်အပေါင်းတို့ကို သုတ်သင် ပယ်ရှင်းလိမ့်မည်ဟူသော စကားကိုအဘယ်ကြောင့်ရေး ထားသနည်းဟု သင်သည်ဆို၍ စာလိပ်ကိုမီးရှို့ပြီ။ ၃၀ ထိုကြောင့်၊ ထာဝရဘုရားသည် ယုဒရှင်ဘုရင် ယောယကိမ်ကို ရည်မှတ်၍၊ မိန့်တော်မူသည်ကား၊ သူ၏အမျိုးအနွယ်သည် ဒါဝိဒ်၏ ရာဇပလ္လင်ပေါ်မှာ မထိုင်ရ။ သူ၏ အသေကောင်ကို နေ့အချိန်၌ နေပူထဲသို့၎င်း၊ ညအချိန်၌ နှင်းခဲထဲသို့၎င်း၊ ပစ်လိုက်ကြလိမ့်မည်။ ၃၁ သူမှစ၍ သူ၏သားမြေးတို့ကို၎င်း၊ သူ၏​ကျွန်တို့ကို၎င်း၊ အပြစ်နှင့်အလျောက် ငါစီရင်မည်။ သူတို့နှင့် ယေရုရှလင်မြို့သူ ယုဒပြည်သားတို့သည် နားမထောင်၊ သူတို့အပေါ်သို့ ငါခြိမ်းသမျှသော ဘေးဥပါဒ်တို့ကို ရောက်စေမည်ဟု မိန့်တော်မူ၏။ ၃၂ ထိုအခါယေရမိသည် အခြားသော စာလိပ်ကိုယူ၍၊ နေရိသား စာရေးဗာရုတ်အား ပေးသဖြင့်၊ ယုဒရှင်ဘုရင် ယောယကိမ် မီးရှို့သောစာ၌ ပါသမျှသော စကားတို့ကို ယေရမိသည် နှုတ်မြွက်၍၊ ဗာရုတ်သည် ရေးထား၏။ အလားတူသော စကားများကိုလည်းထပ်၍ သွင်းရ၏။

_________________________
Footnotes


(a)

မြန်မာကျမ်းစာအုပ်၌ မီးမယ်ဖျူးဟုရေးထားသည်။ ထိုအရာသည် မီးသွေးမီးဖိုဒယ်အိုးဖြစ်သည်။




S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.