-
AA
+
🡀
|
🡂
ယေရမိ အနာဂတ္တိ
၃၃
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေရမိ အနာဂတ္တိ
အခန်းကြီး ၃၃


ငါ့ကိုခေါ်လော့ ငါထူးမည်
CROSS REFERENCES






ယေရမိသည် ထောင်ဝင်းထဲမှာ အချုပ်ခံလျက် နေရသောအခါ၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဒုတိယအကြိမ်ရောက်လာ၍၊ ဤအမှုကို ပြုသောဘုရား၊ ဤအမှုကို ဖန်ဆင်းစီရင်သောဘုရား၊ ယေဟောဝါအမည်ရှိသော ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ့ကိုခေါ်လော့။ ငါထူးမည်။ [A] ကြီးသောအရာ၊ သင်မသိနိုင်အောင် နက်နဲသောအရာတို့ကို ငါပြမည်။


သူတို့၏ အပြစ်ကြောင့် ဘုရားကဆုံးရှုံးစေ

ပြအိုးမြေရိုးဖြင့်၎င်း၊ ဓါးဖြင့်၎င်းပြိုပျက်သော ဤမြို့၏အိမ်များ၊ ယုဒရှင်ဘုရင်၏ ဘုံဗိမာန်များကို ရည်မှတ်၍၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ခါလဒဲလူတို့သည် စစ်တိုက်ခြင်းငှါ လာကြ၏။ ငါသည် ပြင်းစွာ အမျက်ထွက်၍ ကွပ်မျက်သော သူတို့၏ အသေကောင်များနှင့် ထိုအိမ်များကို ပြည့်စေခြင်းငှါ လာကြ၏။ ထိုသူတို့၏ ဒုစရိုက်များကြောင့်၊ ဤမြို့မှ ငါသည် မျက်နှာကိုလွှဲပြီ။


ယုဒနှင့် ဣသရေလတို့ကို ပြန်ဆောင်မည်

သို့ရာတွင်၊ ငါသည်ဤမြို့၏ အနာကို ဆေးအုံ၍ ပျောက်စေမည်။ မြို့သားတို့သည် ကျန်းမာမည်အကြောင်း၊ မြဲသောစည်း စိမ်ချမ်းသာနှင့် ပြည့်စုံမည်အကြောင်းကို ငါပြမည်။ သိမ်းသွားခြင်းကိုခံရသော ယုဒအမျိုးနှင့် ဣသရေလအမျိုးသားတို့ကို တဖန်ငါဆောင်ခဲ့၍ အရင်ကဲ့သို့ တည်ဆောက်မည်။ သူတို့သည် ငါ့ကိုပြစ်မှားသမျှသော အပြစ်တို့ကိုငါ​ဖြေရှင်းမည်။ ငါ့ကိုပြစ် မှား၍ ငါ၏တရားကို လွန်ကျူးသမျှသော အပြစ်တို့ကို ငါလွှတ်မည်။ ဤမြို့သည်ငါဝမ်းမြောက်စရာအကြောင်း၊ မြေပေါ်မှာ ခပ်သိမ်းသော လူမျိုးတို့တွင် ချီးမွမ်းစရာအကြောင်း၊ ဂုဏ်အသရေတော် ကျော်စောစရာအကြောင်းဖြစ်လိမ့်မည်။ ဤမြို့သားတို့အား ငါပြုသမျှသော ကျေးဇူးကို လူအမျိုးမျိုးတို့သည် ကြားသိကြလိမ့်မည်။ ဤမြို့၌ ငါပြုသမျှသော စည်းစိမ်းချမ်းသာကို ထောက်၍ ကြောက်ရွံ့တုန်လှုပ်ကြလိမ့်မည်။


ပြန်လည်စိုပြေစေမည်

၁၀ ထာဝရဘုရား မိန့်တော်မူသည်ကား၊ လူမရှိ၊ တိရစ္ဆာန်မရှိ၊ ဆိတ်ညံပြီဟု သင်တို့ ဆိုတတ်သော ဤအရပ်၌၎င်း၊ လူမရှိ၊ တိရစ္ဆာန်မရှိ၊ နေသောသူမရှိ၊ ဆိတ်ညံသော ယုဒမြို့များ၊ ယေရုရှလင် လမ်းများတို့၌၎င်း၊ ၁၁ နောက်တဖန်ဝမ်းမြောက်သောအသံ၊ ရွှင်လန်းသောအသံ၊ မင်္ဂလာဆောင် သတို့သားအသံ၊ မင်္ဂလာဆောင် သတို့သမီးအသံ၊ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍ ကရုဏတော်သည် အစဉ်အမြဲ တည်သောကြောင့်၊ ကောင်းကင် ဗိုလ်​ခြေအရှင် ထာဝရဘုရား ကိုချီးမွမ်းကြလော့ဟု ဆိုသောသူတို့၏အသံ၊ ချီးမွမ်းရာ ပူဇော်သက္ကာကို ဗိမာန်တော်သို့ ဆောင်ခဲ့သောသူတို့၏ အသံကို ကြားရကြလိမ့်မည်။ အကြောင်းမူကား၊ သိမ်းသွားခြင်းကို ခံရသော ပြည်သားတို့ကို ငါဆောင်ခဲ့၍၊ အရင်ကဲ့သို့ နေစေမည်ဟု မိန့်တော်မူ၏။


သိုးစုတို့ ပြန်လျှောက်သွားရလိမ့်မည်

၁၂ ကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ လူမရှိ၊ တိရစ္ဆာန်မရှိ၊ ဆိတ်ညံသောဤအရပ်တွင်၊ မြို့ရွာရှိသမျှတို့၌ သိုးစုကို ထိန်းသော သိုးထိန်းနေရာရှိလေဦးမည်။ ၁၃ တောင်ပေါ်မြို့၊ ချိုင့်ထဲမြို့၊ တောင်ဘက်မြို့၊ ဗင်္ယာမိန်ပြည်၊ ယေရုရှလင်မြို့ ပတ်ဝန်းကျင်အရပ်၊ ယုဒမြို့များတို့၌၊ သိုးစုကို ရေတွက်သောသူ၏ လက်အောက်မှာ၊ သိုးစုတို့သည် တဖန် လျှောက်သွားကြလိမ့်မည်ဟု မိန့်တော်မူ၏။


ဒါဝိဒ်၏အညွန့်ပြန်ပေါက်မည်
CROSS REFERENCES






၁၄ တဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလ အမျိုးနှင့် ယုဒအမျိုးသားတို့၌ ငါထားသော ကတိအတိုင်းကျေးဇူး ပြုရသော အချိန်ကာလသည် ရောက်လိမ့်မည်။ ၁၅ ထိုကာလအခါ သန့်ရှင်းသော အညွန့်ကို ဒါဝိဒ်အဘို့ငါပေါက်စေ၍။ [B]သူသည် မြေကြီးပေါ်မှာ တရားသဖြင့်​ ဖြောင့်မတ်စွာ စီရင်လိမ့်မည်။ ၁၆ ထိုကာလ၌ ယုဒပြည်သည် ကယ်တင်ခြင်းသို့ရောက်၍၊ ယေရုရှလင်မြို့သည်လည်း ငြိမ်ဝပ်ခြင်း ရှိလိမ့်မည်။ ထိုမြို့သည် ယေဟောဝါ ဇေဒကနုဟူသော ဘွဲ့နာမရှိလိမ့်သတည်း။ ၁၇ ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ ဣသရေလ နန်းတော်ပေါ်မှာ ထိုင်ရသော ဒါဝိဒ်မင်း ရိုးမင်းစဉ်သည် အလျှင်းမပျက်ရ။ ၁၈ ငါ့ရှေ့မှာ မီးရှို့ရာယဇ်ကို ပူဇော်လျက်၊ ဘောဇဉ် ပူဇော်သက္ကာကို မီးရှို့လျက်၊ ယဇ်ပူဇော်ရာဝတ်ကို အစဉ်ပြုရသော လေဝိသားယဇ်ပုရော ဟိတ်မျိုးရိုးလည်း အလျှင်းမပြတ်ရဟု မိန့်တော်မူ၏။


နေ့နှင့်ည တည်သကဲ့သို့ ဒါဝိဒ်မင်းမျိုးတည်မည်

၁၉ တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ရောက်၍၊ ၂၀ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါထားသော နေ့ပဋိညာဉ်နှင့် ညပဋိညာဉ်တရားကို သင်တို့သည် ဖျက်၍၊ နေ့ည အပိုင်းအခြားမရှိစေခြင်းငှါ တတ်နိုင်လျှင်၊ ၂၁ ငါ၏ ​ကျွန်ဒါဝိဒ်၌ ငါထားသော ပဋိညာဉ်ပျက်၍၊ ဒါဝိဒ်၏ ရာဇပလ္လင်ပေါ်မှာ စိုးစံရသော ဒါဝိဒ်မင်းရိုးသည် ပြတ်လိမ့်မည်။ ငါ၏အမှုထမ်း လေဝိသား ယဇ်ပုရောဟိတ် ရိုးလည်းပြတ်လိမ့်မည်။ ၂၂ မိုးကောင်းကင် တန်ဆာတို့ကို မရေတွက်နိုင်၊ သမုဒ္ဒ​ရာသဲလုံးတို့ကို တောင်းတင်းနှင့် မခြင်နိုင်အောင် များပြားသကဲ့သို့၊ ငါ့​ကျွန် ဒါဝိဒ်၏ အမျိုးကို၎င်း၊ ငါ၏အမှုထမ်းလေဝိသားတို့ကို၎င်း၊ ငါများပြားစေမည်ဟု မိန့်တော်မူ၏။ ၂၃ တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ရောက်လာသည်ကား၊ ၂၄ ထာဝရ ဘုရား ရွေးကောက်သော လူမျိုးနှစ်မျိုးကို တဖန်ပယ်တော်မူပြီဟု ဤလူတို့ပြောတတ်သော စကားကိုသင်သည် ဆင်ခြင်ပြီလော။ ထိုသို့သူတို့သည် ငါ၏လူမျိုးကို လူမျိုးကဲ့သို့မမှတ်၊ မထီမဲ့မြင်ပြုကြပြီ။ ၂၅ ထာဝရဘုရား မိန့်တော်မူသည်ကား၊ နေ့နှင့်ညအဘို့ ငါ၏ ပဋိညာဉ်မရှိလျှင်၎င်း၊ မိုးကောင်းကင်နှင့် မြေကြီးတရားတို့ကိုငါမစီရင်လျှင်၎င်း၊ ၂၆ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်အမျိုးကို အုပ်စိုးရသော မင်းအရာ၌၊ ယာကုပ်အမျိုးနှင့် ငါ့​ကျွန် ဒါဝိဒ်နှင့် အမျိုးသား စဉ်မြေးဆက်ထဲကငါရွေး၍ မခန့်ထားဘဲ စွန့်ပစ်မည်။ သို့မဟုတ် သိမ်းသွားခြင်းကို ခံရသော ထိုသူတို့ကိုတဖန်ငါဆောင်ခဲ့၍ ကယ်မသနားမည်ဟု မိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.