-
AA
+
🡀
|
🡂
ယေရမိ အနာဂတ္တိ
၃၁
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေရမိ အနာဂတ္တိ
အခန်းကြီး ၃၁


ဣသရေလ၏ ဘုရားဖြစ်မည်

ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလာ၌ ငါသည် ဣသရေလ အဆွေအမျိုးအပေါင်းတို့၏ ဘုရားသခင် ဖြစ်၍၊ သူတို့သည် ငါ၏လူ ဖြစ်ကြလိမ့်မည်။ တဖန် မိန့်တော်မူသည်ကား၊ ဓါးဘေးနှင့် လွတ်သောသူတို့သည် တော၌ ကျေးဇူးကို ခံရကြပြီ။ ငါသည် ကြွသွား၍ ဣသရေလ အမျိုးကို ချမ်းသာပေးမည်။ ထာဝရဘုရားသည် အဝေးက ထင်ရှား၍၊ မိန့်တော်မူသည်ကား၊ အကယ်စင်စစ် ထာဝရမေတ္တာနှင့် သင့်ကိုငါချစ်၏။ ထိုကြောင့်၊ ကရုဏာကျေးဇူးကို သင်၌ ကြာမြင့်စွာပြ၏။


ဣသရေလကို တဖန်တည်ဆောက်မည်

အိုဣသရေလ သတို့သမီးကညာ၊ သင့်ကို တဖန် ငါတည်ဆောက်သောကြောင့်၊ သင်သည် တည်ဆောက်ခြင်းသို့ရောက်လိမ့်မည်။ သင်သည် တဖန်ပတ်သာနှင့် တန်ဆာဆင်လျက်၊ ရွှင်မြူးခြင်းကို ပြုသောသူတို့နှင့်အတူ ကခုန်လျက် သွားလိမ့်မည်။ ရှမာရိတောင်ပေါ်မှာ စပျစ်ဥယျာဉ်ကို တဖန်စိုက်လိမ့်မည်။ ဥယျာဉ်လုပ်သော သူတို့သည်စိုက်၍၊ အသီးကိုကိုယ်အလိုအလျောက် စားရလိမ့်မည်။ ဧဖရိမ်တောင်ပေါ်မှာ ကင်းစောင့်တို့က၊ ထကြလော့။ ငါတို့ ဘုရားသခင် ထာဝရဘုရား ရှိတော်မူရာ ဇိအုန်တောင်သို့ သွားကြကုန်အံ့ဟု ကြွေးကြော်ရသော အချိန်ကာလသည် ရောက်လိမ့်မည်။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယာကုပ်အမျိုးအား၊ ရွှင်လန်းစွာ သီချင်းဆိုကြလော့။ လူမျိုးတို့၏ အထွဋ်၌ ကြွေးကြော်ကြလော့။ အိုထာဝရဘုရား၊ ကိုယ်တော်၏ လူမျိုးတည်းဟူသော၊ ကျန်ကြွင်းသော ဣသရေလ အမျိုးသားကို ကယ်တင်တော်မူပြီဟု မြွက်ဆိုလျက် သိတင်းကြားလိုက်၍ ချီးမွမ်းကြလော့။


ဣသရေလအမျိုးကို ပြန်ဆောင်မည်

သူတို့ကိုမြောက်ပြည်မှ ငါဆောင်ခဲ့၍၊ မြေကြီးစွန်းမှ စုသိမ်းမည်။ မျက်စိကန်းသောသူ၊ ​ခြေဆွံ့သောသူ၊ ကိုယ်ဝန်ဆောင်သောမိန်းမ၊ သားဖွားခြင်းဝေဒနာကို ခံရသော မိန်းမများလည်းပါလျက်၊ ကြီးစွာသော အစည်းအဝေးတို့သည် ပြန်လာကြလိမ့်မည်။ ငိုကြွေးလျက် လာကြလိမ့်မည်။ ဆုတောင်းပဌနာပြုလျက် ရှိသောထိုသူတို့ကို ငါပို့ဆောင်မည်။ မြစ်နားမှာရှောက်သောလမ်း၊ ထိမိ၍မလဲရသော လမ်း​ဖြောင့်တို့၌ ငါသွေးဆောင်မည်။ အကြောင်းမူကား၊ ငါသည် ဣသရေလ အမျိုး၏အဘဖြစ်၏။ ဧဖရိမ်အမျိုးသည် ငါ၏ သားဦးဖြစ်၏။


ယာကုပ်အမျိုးကို ပြန်စုသိမ်း၍ ကောင်းကြီးပေးမည်

၁၀ အိုလူမျိုးတို့၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။ ဝေးသော အရပ်ရပ်တို့၌ ကြွေးကြော်၍၊ ဣသရေလ အမျိုးသားတို့ကို အရပ်ရပ်သို့ ကွဲပြားစေသောသူသည် တဖန်စုသိမ်းပြီးလျှင်၊ သိုးထိန်းသည် မိမိသိုးစုကို စောင့်တတ်သကဲ့သို့ စောင့်တော်မူမည်ဟု ကြားပြောကြလော့။ ၁၁ အကြောင်းမူကား၊ ထာဝရဘုရားသည် ယာကုပ်အမျိုးကို ရွေးနှုတ်တော်မူပြီ။ သူ့ထက်အား ကြီးသောသူ၏လက်မှ ကယ်လွှတ်တော်မူပြီ။ ၁၂ ထိုကြောင့် အမျိုးသားတို့သည် လာ၍၊ ဇိအုန်တောင်ထိပ်၌ သီချင်းဆိုကြလိမ့်မည်။ ထာဝရဘုရား ပြုတော်မူခြင်း ကျေးဇူးတည်းဟူသော ဆန်စပါး၊ စပျစ်ရည်၊ ဆီ၊ သိုးသငယ်၊ နွားသငယ်တို့ကို ရအံ့သောငှါစည်း ဝေးကြလိမ့်မည်။ သူတို့စိတ်ဝိညာဉ်သည် ရေလောင်းသော ဥယျာဉ်ကဲ့သို့ဖြစ်၍၊ နောက်တဖန် ညှိုးငယ်ခြင်း မရှိရ။ ၁၃ ထိုအခါ သမီးကညာသည် ကခုန်လျက်၊ လူပျို၊ လူအိုတို့နှင့်တကွ ပျော်မွေ့လိမ့်မည်။ သူတို့ ညည်းတွားခြင်းအရာ၌ ဝမ်းမြောက်ခြင်းကို ငါဖြစ်စေမည်။ သူတို့သည် ဝမ်းနည်းခြင်းကို ခံရသောနောက်၊ စိတ်သက်သာ၍ ရွှင်လန်းမည်အကြောင်းကို ငါပြုမည်။၁၄ ယဇ်ပုရောဟိတ် တို့ကိုလည်း ဆူဖြိုးသော အမဲသားနှင့် ဝစွာ​ကျွေးမည်။ ငါ၏လူတို့သည်လည်း ငါ့ကျေးဇူးနှင့် ဝပြောကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။


ရာမအရပ်၌ ငိုကြွေးသံ

၁၅ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ရာမအရပ်၌ သည်းစွာသော ညည်းတွား ငိုကြွေးခြင်းအသံကို ကြားရ၍၊ ရာခေလသည် မိမိသားတို့ မရှိသောကြောင့်၊ ငို၍စိတ်မပြေနိုင်။ [A]၁၆ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည်ငို ကြွေးသံကိုချုပ်လော့၊ မျက်ရည်မကျစေနှင့်။ သင်သည် ကိုယ်ကျင့်သော အကျင့်၏အကျိုးကို ခံရလိမ့်မည်။ သင်၏သားတို့သည် ရန်သူပြည်မှ ပြန်လာကြလိမ့်မည်။၁၇ သင်၏အဆုံး၌ မြော်လင့်စရာအကြောင်းရှိ၏။ သင်၏သားတို့သည် နေရင်းပြည်သို့ပြန် လာကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။


ဧဖရိမ်

၁၈ ဧဖရိမ်က၊(a) ကိုယ်တော်သည် အ​ကျွန်ုပ်ကို ဆုံးမတော်မူပြီ။ အ​ကျွန်ုပ်သည် ရိုင်းသော နွားလားကဲ့သို့ ဆုံးမခြင်းကိုခံရပါပြီ။ အ​ကျွန်ုပ်ကို သွေးဆောင်တော်မူပါ။ သို့ပြုလျှင်၊ အ​ကျွန်ုပ်သည် ပြန်လာပါမည်။ အိုထာဝရဘုရား၊ ကိုယ်တော်သည် အ​ကျွန်ုပ်၏ဘုရား သခင် ဖြစ်တော်မူ၏။ ၁၉ ပြန်လာသောနောက်၊ အ​ကျွန်ုပ်သည် အမှန်နောင်တရပါ၏။ ဆုံးမတော်မူခြင်းကို ခံရသောနောက်၊ အ​ကျွန်ုပ်သည် ကိုယ်ပေါင်ကို ရိုက်ပါ၏။ အသက်ငယ်စဉ် ပြုမိသောအပြစ်ကြောင့်အသရေပျက်ခြင်းကို ခံရသဖြင့်၊ ရှက်ကြောက်၍ မှိုင်တွေလျက်ရှိပါ၏ဟု ကိုယ်ကိုအပြစ်တင်၍ မြည်တမ်းသော စကားကိုငါသည် ဆက်ဆက်ကြားရပါပြီ။ ၂၀ ဧဖရိမ်သည် ငါ၏ ချစ်သားဖြစ်သလော။ ချစ်ဘွယ်သော သူငယ်ဖြစ်သလော။ သူ၏အကြောင်းကို ငါပြောလေရာရာ၌ ငါသည် အလွန်တရာ အောက်မေ့လျက်နေ၏။ ထိုကြောင့်၊ ငါသည် သူ့အတွက် စိတ်ကြင်နာခြင်းရှိ၏။ အကယ်စင်စစ် သူ့ကို ငါကယ်မသနားမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။


ဣသရေလအမျိုး ပြန်လာလော့

၂၁ လမ်း၌ မှတ်တိုင်တို့ကိုစိုက်လော့၊ အလံတိုင်တို့ကို ထူလော့။ လိုက်သွားသော လမ်းမကို စိတ်စွဲလမ်းလော့။ အိုဣသရေလ သတို့သမီးကညာ၊ ပြန်လာလော့။ သင်၏နေရာ ဤမြို့များသို့ ပြန်လာလော့။ ၂၂ အိုဖေါက်ပြန်သော သတို့သမီး၊ သင်သည် အဘယ်မျှ ကာလပတ်လုံး လှည့်လည်၍ နေလိမ့်မည်နည်း။ ထာဝရဘုရားသည် မြေကြီးပေါ်မှာ ထူးဆန်းသောအမှုကို စီရင်တော်မူ၍၊ မိန်းမသည် ယောက်ျားကို ပတ်ဝိုင်းလိမ့်မည်။


ငတ်မွတ်သောသူတို့ကို ငါကျွေးမည်

၂၃ ဣသရေလ အမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်​ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သိမ်းသွားခြင်းကိုခံရသောသူတို့ကို ငါဆောင်ခဲ့ပြန်သောအခါ၊ ယုဒပြည်၏ မြို့ရွာတို့၌ နေသောသူတို့က၊ အို​ဖြောင့်မတ်ခြင်း နေရာအရပ်၊ အိုသန့်ရှင်းခြင်း နေရာတောင်၊ ထာဝရဘုရားသည် သင့်ကို ကောင်းကြီး ပေးတော်မူစေသတည်းဟူသော စကားကို တဖန်သုံးကြလိမ့်မည်။ ၂၄ ထိုအရပ်၌ ယုဒပြည်သူ၊ ယုဒမြို့ရွာသားအပေါင်းတို့သည် လယ်လုပ်သောသူနှင့် သိုးထိန်းသောသူများပါလျက်၊ အတူနေရကြလိမ့် မည်။ ၂၅ ငတ်မွတ်သောသူ အပေါင်းတို့ကို ငါ​ကျွေးမွေးမည်။ ညှိုးငယ်သောသူ အပေါင်းတို့ကို ငါသက်သာစေမည်ဟု မိန့်တော်မူ၏။ ၂၆ ထိုနောက်၊ ငါသည်နိုး၍ ကြည့်ရှုသောအခါ အိပ်ပျော်ခြင်းအားဖြင့် အားရလျက်ရှိ၏။


ငါသည် ဖြိုချဖျက်ဆီးခဲ့သလို တည်ဆောက်ခြင်းပြုမည်

၂၇ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် ဣသရေလပြည်၊ ယုဒပြည်၌ လူမျိုးစေ့နှင့် တိရစ္ဆာန်မျိုးစေ့ကို ကြဲရသော အ ချိန်ကာလ ရောက်လိမ့်မည်။ ၂၈ ငါသည် သူတို့ကို နှုတ်ပယ်ဖြိုချ၊ မှောက်လှန် ဖျက်ဆီးညှဉ်းဆဲခြင်းအမှုကိုပြုဘူးသည်နည်းတူ၊ တဖန် တည်ဆောက်စိုက်ခြင်းအမှုကို ပြုဦးမည်ဟု မိန့်တော်မူ၏။ ၂၉ ထိုကာလ၌ အဘသည်ချဉ်သော စပျစ်သီးကို စားသောကြောင့်၊ သားသည် သွားကျိန်းခြင်းကိုခံရ၏ဟု မဆိုရကြ။ ၃၀ လူတိုင်းမိမိအပြစ်ကြောင့် မိမိသေရမည်။ ချဉ်သော စပျစ်သီးကို စားသောသူတိုင်း သွားကျိန်းခြင်းကို ခံရမည်။


ပဋိညာဉ်တရားသစ်ပေးမည် ဘုရားကသူ့မိန်းမပြန်လက်ထပ်မည်
CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES






၃၁ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် ဤလူမျိုး၏ဘိုးဘေးတို့ကို လက်ဆွဲ၍ အဲဂုတ္တုပြည်မှ ဆောင်သွားသောအခါ၊ သူတို့၌ ငါပေးသော ပဋိညာဉ်တရား [B]နှင့် ခြားနားသော ပဋိညာဉ်တရားသစ် [C]ကို ဣသရေလအမျိုးသား၊ ယုဒအမျိုးသားတို့၌ ငါပေးသောအချိန်ကာလ ရောက်လိမ့်မည်။ ၃၂ ငါသည် သူတို့၏လင် ဖြစ်ဘူးသော်လည်း [D] (b) အရင်ငါပေးဘူးသော ပဋိညာဉ်တရားကို သူတို့သည် ဖျက်၍၊ ငါသည်လည်း သူတို့ကို ရွံရှာ၏။ ၃၃ နောင်ကာလအခါ ဣသရေလ အမျိုးသားတို့၌ ငါပေးအံ့သော ပဋိညာဉ် တရားဟူမူကား၊ [E] ငါထာဝရဘုရားသည် ငါ၏ပညတ်တရားကို သူတို့အတွင်းထဲသို့ သွင်းမည်။ သူတို့နှလုံးပေါ်မှာ ရေးထားမည်။ ငါသည်သူတို့၏ ဘုရားဖြစ်မည်။ သူတို့သည်လည်း ငါ၏လူ ဖြစ်ကြလိမ့်မည်။ [F] ၃၄ ထိုသူတို့က၊ ထာဝရ ဘုရားကို သိလော့ဟု အမျိုးသားချင်း၊ ညီအစ်ကိုအချင်းချင်း တယောက်ကို တယောက် ဆုံးမဩဝါဒမပေးရကြ။ အကြောင်းမူကား၊ အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသောသူ တိုင်အောင်၊ ထိုသူအပေါင်းတို့သည် ငါ့ကို သိကြလိမ့်မည်။ ထိုအခါ ငါသည် သူတို့အပြစ်များကို သည်းခံမည်။ သူတို့ပြုသော ဒုစရိုက်များကို မအောက်မေ့ဘဲ နေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။


ဣသရေလ အမျိုးမပျောက်နိုင်

၃၅ နေ့အချိန်၌ လင်းစရာဘို့ နေကိုခန့်ထား၍၊ ညအချိန်၌ လင်းစရာဘို့ လနှင့် ကြယ်တို့ကို စီရင်တော်မူထသော၊ သမုဒ္ဒ​ရာကိုဆုံး မ၍ လှိုင်းတံပိုးကို ဟုန်းစေတော်မူထသော၊ ကောင်းကင် ဗိုလ်ခြေ အရှင်ထာဝရဘုရား ဟူသော ဘွဲ့နာမရှိတော်မူသော ထာဝရဘုရား မိန့်တော်မူသည်ကား၊ ၃၆ ထိုတရားတို့သည် ငါ့ရှေ့မှာ ကွယ်ပျောက်လျှင်၊ ဣသရေလအမျိုးသည် ငါ့ရှေ့မှာ အမျိုးတိမ်မြုပ်၍ အစဉ် ကွယ်ပျောက်လိမ့်မည်ဟု မိန့်တော်မူ၏။ ၃၇ တဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ အထက်မိုးကောင်းကင်ကို တိုင်းထွာနိုင်လျှင်၎င်း၊ မြေကြီးအောက်ဆုံး အမြစ်တို့ကိုလိုက်၍ စစ်နိုင်လျှင်၎င်း၊ ဣသရေလ အမျိုးသား အပေါင်းတို့ကို သူတို့ပြုမိသမျှသော အပြစ်တို့ကြောင့် ငါစွန့်ပစ်မည်ဟု မိန့်တော်မူ၏။


ပြန်တည်ထောင်လိမ့်မည်

၃၈ တဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဟာနနေလရဲတိုက်မှစ၍ မြို့ထောင့်တံခါးတိုင်အောင်၊ မြို့တော်ကိုထာဝရဘုရား အဘို့ တည်ထောင်ရသော အချိန်ကာလသည် ရောက်လိမ့်မည်။ ၃၉ ဂါရက်တောင်ကိုလွန်၍ မျဉ်းကြိုးနှင့် တန်းချလိမ့်မည်။ ဂေါသတောင်ကိုလည်း ဝိုင်းမိလိမ့်မည်။ ၄၀ အရှေ့ဘက်မြင်းတံခါးရှိသော မြို့ထောင့်တိုင်အောင် အသေကောင်များ၊ ပြာများစွန့်ပစ်ရာ ချိုင့်တရှောက်လုံးနှင့်၊ ကေ​ဒြုန်ချောင်းအတွင်းတွင်၊ လယ်ပြင်ရှိသမျှတို့သည် ထာဝရဘုရားအဘို့ သန့်ရှင်းကြလိမ့်မည်။ နောက်တဖန် နှုတ်ပယ်ဖြိုချခြင်း အလျှင်းမရှိရဟု မိန့်တော်မူ၏။

_________________________
Footnotes


(a) v၁၈ ဧဖရိမ်သည် ဣသရေလကို ဆိုလိုခြင်းဖြစ်သည်။

_________________________
Footnotes


(b) v၃၂ ဟေဗြဲကျမ်းစာနှင့် အင်္ဂလိပ်ကျမ်းစာများတွင်၊ "ငါသည်သူတို့၏ လင်ဖြစ်ဘူးသော်လည်း"ဟု ပါသော်လည်း၊ မြန်မာကျမ်းစာအုပ်၌ မပါချေ။ အခန်းငယ် ၃၁ နှင့် ၃၂ ခွဲသောနေရာလည်းမမှန်ပါ။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.