-
AA
+
🡀
|
🡂
ယေရမိ အနာဂတ္တိ
၂၆
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေရမိ အနာဂတ္တိ
အခန်းကြီး ၂၆


ငါ့စကားနားမထောင်လျှင်ဗိမာန်တော်ကိုဖျက်ဆီးမည်
CROSS REFERENCES






ယုဒရှင်ဘုရင်ယောရှိသားယောယကိမ်နန်းထိုင်စက၊ ထာဝရဘုရား၏နှုတ်ကပတ်တော်ရောက်လာ၍၊ ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ ဗိမာန်တော်၌ ကိုးကွယ်အံ့သောငှါ၊ ရောက်လာသောယုဒမြို့သူရွာသားအပေါင်းတို့အားဆင့်ဆိုစေခြင်းငှါ၊ ငါသည်သင်၌ မှာထားသမျှသောစကားတို့ကို၊ ဗိမာန်တော်တံတိုင်းထဲမှာရပ်လျက်၊ သူတို့အားပြန်ပြောလော့။ တခွန်းကိုမျှမထိမ်မဝှက်နှင့်။ သူတို့သည်နားထောင်၍၊ အသီးအသီးမိမိတို့အဓမ္မလမ်းမှလွှဲရှောင်ကောင်းလွှဲရှောင်ကြလိမ့်မည်။ ငါသည်လည်းသူတို့ပြုသောဒုစရိုက်ကြောင့်အပြစ်ပေးမည်ဟုကြံစည်ခြင်းကိုနောင်တရမည်။ သို့ဖြစ်၍၊ သင်သည်ဆင့်ဆိုရမည်မှာ၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့သည်ငါ့စကားကိုနားမထောင်၊ သင်တို့၌ ငါထားသောပညတ်တရားလမ်းသို့မလိုက်၊ ငါသည်စောစောထ၍သင်တို့ရှိရာသို့အထပ်ထပ်စေလွှတ်သောငါ၏ကျွန်ပရောဖက်တို့၏စကားကိုနားမထောင်ဘဲနေသကဲ့ သို့၊ [A] ယခုလည်းနားမထောင်ဘဲနေလျှင်၊ ဤအိမ်ကိုရှိလောရွာကဲ့သို့ငါဖြစ်စေမည်။ ဤမြို့ကိုလည်း၊ မြေပေါ်မှာလူအမျိုးမျိုးကျိန်ဆဲသောမြို့ဖြစ်စေမည်ဟုမိန့်တော်မူ၏။


ယဇ်ပုရောဟိတ်နှင့်ပရောဖက်တို့ကယေရမိကိုသတ်ချင်ကြ

ထိုစကားကိုဗိမာန်တော်၌ ယေရမိဟောပြောသည်ကိုယဇ်ပုရောဟိတ်များ၊ ပရောဖက်များ၊ လူများအပေါင်းတို့သည်ကြားကြ၏။ လူများအပေါင်းတို့အားဆင့်ဆိုစေခြင်းငှါ၊ ထာဝရဘုရားမှာထားတော်မူသမျှသောစကားတော်ကို၊ အကုန်အစင်ဟောပြောပြီးမှ၊ ယဇ်ပုရောဟိတ်၊ ပရောဖက်၊ လူများအပေါင်းတို့သည်ယေရမိကိုဖမ်းဆီး၍၊ သင်သည်အသေသတ်ခြင်းကိုအ မှန်ခံရမည်။ ဤအိမ်တော်သည်ရှိလောရွာကဲ့သို့ဖြစ်လိမ့်မည်။ ဤမြို့သည်လူမရှိ၊ ဆိတ်ညံရာအရပ်ဖြစ်လိမ့်မည် ၊ ဟုသင်သည်ထာဝရဘုရား၏နာမတော်ကိုအမှီပြု၍အဘယ်ကြောင့်ဟောသနည်းဟုပြောဆိုလျက်၊ လူများအပေါင်းတို့သည်ဗိမာန်တော်တွင်ယေရမိတဘက်၌ စုဝေးကြ၏။ ၁၀ ယုဒမှူးမတ်တို့သည်ထိုအမှုကိုကြားသိသောအခါ၊ နန်းတော်မှဗိမာန်တော်သို့လာ၍၊ ဗိမာန်တော်တံခါးသစ်အတွင်း၌ ထိုင်ကြ၏။ ၁၁ ယဇ်ပုရောဟိတ်နှင့်ပရောဖက်တို့က၊ ဤသူသည်အသေခံထိုက်ပေ၏။ သင်တို့သည်ကိုယ်နားနှင့်ကြားသည်အတိုင်း၊ ဤမြို့ကိုဆန့်ကျင်ဘက်ပြု၍ဟောပြောပါပြီတကား ၊ ဟုမှူးမတ်အစရှိသောလူများအ ပေါင်းတို့အားပြောဆိုကြ၏။


ယေရမိကအသတ်ခံမည့်အရာမကြောက်

၁၂ ယေရမိကလည်း၊ သင်တို့ကြားသမျှအတိုင်း၊ ဤအိမ်တော်နှင့်ဤမြို့တော်ကိုဆန့်ကျင်ဘက်ပြု၍ဟောပြောစေခြင်းငှါ၊ ထာဝရဘုရားသည်ငါ့ကိုစေလွှတ်တော်မူပြီ။ ၁၃ ယခုမှာသင်တို့၏ကျင့်ကြံပြုမူခြင်းတို့ကိုပြောင်းလဲကြလော့။ သင်တို့၏ ဘုရားသခင်ထာဝရဘုရား၏စကားတော်ကိုနားထောင်ကြလော့။ သို့ပြုလျှင်၊ ထာဝရဘုရားသည်ဘေးဥပဒ်ရောက်စေမည်၊ ဟုခြိမ်းတော်မူသော်လည်း၊ တဖန်နောင်တရတော်မူလိမ့်မည်။ ၁၄ ငါမူကား၊ သင်တို့လက်၌ ရှိပါ၏။ သင်တို့စိတ်၌ ​ဖြောင့်မတ်လျောက်ပတ်သည်ဟုထင်သည်အတိုင်း၊ ငါ့ကိုယ်ပြုကြလော့။ ၁၅ သို့ရာတွင်၊ ငါ့ကိုသတ်လျှင်အပြစ်မရှိသောအသွေးကိုသင်တို့သည်ကိုယ်အပေါ်သို့၎င်း၊ ဤမြို့နှင့်မြို့သားတို့အပေါ်သို့၎င်း၊ စင်စစ်ရောက်စေလိမ့်မည် ၊ ဟုဧကန်အမှန်သိမှတ်ကြလော့။ ဤစကားအလုံးတို့ကိုသင်တို့အားကြားပြောမည်အကြောင်း၊ ထာဝရဘုရားသည်ငါ့ကိုစင်စစ်စေလွှတ်တော်မူပြီ ၊ ဟုမှူးမတ်အစရှိသောလူများအပေါင်းတို့အားပြောဆိုလေ၏။


မှုးမတ်တို့ကယေရမိကိုမသတ်လိုကြ
CROSS REFERENCES






၁၆ ထိုအခါမှူးမတ်အစရှိသောလူများအပေါင်းတို့က၊ ဤသူသည်အသေခံထိုက်သည်မဟုတ်။ ငါတို့ဘုရားသခင်ထာဝရ ဘုရား၏နာမတော်ကိုအမှီပြု၍၊ ငါတို့အားဟောပြောလေပြီ ၊ ဟုယဇ်ပုရောဟိတ်နှင့်ပရောဖက်တို့အားပြောဆိုကြ၏။ ၁၇ ပြည်သားအသက်ကြီးသူအချို့ကလည်း၊ ၁၈ ယုဒရှင်ဘုရင်ဟေဇကိလက်ထက်၊ မောရရှရွာသားမိက္ခာသည် ပရောဖက်ပြုလျက်၊ ကောင်းကင်ဗိုလ်​ခြေအရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဇိအုန်တောင်သည်လယ်ကဲ့သို့ထွန်ခြင်းကိုခံရလိမ့်မည်။ ယေရုရှလင်မြို့သည်လည်း၊ မြေပုံများဖြစ်လိမ့်မည်။ ဗိမာန်တော်တောင်သည်လည်း၊ တောတောင်ကဲ့သို့ဖြစ်လိမ့်မည်ဟုယုဒပြည်သားအပေါင်းတို့အားဟောပြော၏။ [B] ၁၉ ထိုအခါယုဒပြည်သားအပေါင်းတို့နှင့်တကွ၊ ယုဒရှင်ဘုရင်ဟေဇကိသည်ထိုပရောဖက်ကိုသတ်သလော။ ထိုမင်းသည်ထာဝရဘုရားကိုကြောက်ရွံသည်မဟုတ်လော။ [C] ရှေ့တော်၌ တောင်းပန်သည်မဟုတ်လော။ ထာဝရဘုရားသည်သူတို့၌ ဘေးဥပဒ်ကိုရောက်စေမည်ဟုခြိမ်းတော်မူသော်လည်း၊ တဖန်နောင်တရတော်မူသည်မဟုတ်လော။ ငါတို့မူကား၊ ကိုယ်အကျိုးကိုဖျက်ဆီးခြင်းငှါပြုကြသည်တကားဟုစည်းဝေးသောသူအပေါင်းတို့အားပြောဆိုကြ၏။


ယောယကိမ်မင်းသည်ပရောဖက်ဥရိယကိုသတ်

၂၀ ကိရယတ်ယာရိမ်မြို့နေ၊ ရှေမာယ၏သားဥရိယသည်လည်း၊ ထာဝရဘုရား၏နာမတော်ကိုအမှီပြု၍၊ ထိုမြို့နှင့်ထိုပြည် တဘက်၌ ပရောဖက်ပြု၍၊ ယေရမိဟောပြောသောစကားနှင့်တညီတည်းဟောပြော၏။ ၂၁ ယောယကိမ်မင်းကြီးနှင့်မင်းများ၊ မှူးမတ်များအပေါင်းတို့သည်ထိုပရောဖက်၏စကားကိုကြားသောအခါ၊ သူ့ကိုသတ်အံ့သောငှါမင်းကြီးသည်ရှာကြံ၏။ ထိုသိတင်းကိုကြားလျှင်၊ ဥရိယသည်ကြောက်၍၊ အဲဂုတ္တုပြည်သို့ပြေးသွားလေ၏။ ၂၂ ယောယကိမ်မင်းကြီးသည်အာခဗော်သား ဧလနာသန်နှင့်တကွလူအချို့တို့ကိုအဲဂုတ္တုပြည်သို့စေလွှတ်၍၊ ၂၃ ထိုသူတို့သည်ဥရိယကိုအဲဂုတ္တုပြည်မှယောယကိမ်မင်းထံသို့ပို့ဆောင်သဖြင့်၊ မင်းကြီးသည်ဥရိယကိုဓါးနှင့်သတ်၍၊ အသေကောင်ကိုဆင်းရဲသားတို့၏သင်္ချိုင်း၌ ပစ်ထားလေ၏။ ၂၄ သို့သော်လည်း၊ ရှာဖန်သားအဟိကံသည်ယေရမိကိုမစသောကြောင့်၊ အသေခံစေခြင်းငှါ၊ လူများတို့လက်သို့မအပ်ရ။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.