-
AA
+
🡀
|
🡂
ယေရမိ အနာဂတ္တိ
၂၂
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေရမိ အနာဂတ္တိ
အခန်းကြီး ၂၂


တရားသဖြင့်ပြုကြလော့

ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ယုဒရှင်ဘုရင်၏ နန်းတော်သို့သွား၍ ဆင့်ဆိုရမည်မှာ၊ ဒါဝိဒ်မင်းကြီး၏ ရာဇပလ္လင်ပေါ်မှာ ထိုင်သော ယုဒရှင်ဘုရင်၊ သင့်ကိုယ်တိုင်မှစ၍ သင်၏​ကျွန်များနှင့်၊ ဤမြို့တံခါးတို့ဖြင့် ဝင်သော သင်၏လူများတို့၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို နားထောင်ကြလော့။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ တရားသဖြင့်စီရင်၍ ဖြောင့်မတ်စွာ ဆုံးဖြတ်ကြလော့။ လုယူခြင်းခံရသောသူကို ညှဉ်းဆဲသောသူ၏ လက်မှ ကယ်နှုတ်ကြလော့။ ဧည့်သည်ဖြစ်သောသူ၊ မိဘမရှိသောသူ၊ မုဆိုးမတို့ကို မတရားသဖြင့်မပြု၊ မညှဉ်းဆဲကြနှင့်။ အပြစ်မရှိသောသူတို့ကို ဤအရပ်၌ မကွပ်မျက်ကြနှင့်။ အကြောင်းမူကား၊ သင်တို့သည် ဤပညတ်တော်အတိုင်း အမှန်ပြုလျှင်၊ ဒါဝိဒ်မင်းကြီး၏ ရာဇပလ္လင်ပေါ်မှာ ထိုင်သောရထားစီး၊ မြင်းစီးရှင်ဘုရင်တို့သည် ကျွန်များ၊ နိုင်ငံတော်သားများနှင့် တကွ၊ ဤနန်းတော်တံခါးများကို ထွက်ဝင်ရကြလိမ့်မည်။


နားမထောင်လျှင် နန်းတော် လူဆိတ်ညံရာဖြစ်မည်

သို့မဟုတ်၊ သင်တို့သည် ဤအမိန့်တော်ကို နားမထောင်ဘဲ နေလျှင်၊ ဤနန်းတော်သည် လူဆိတ်ညံသော အရပ်ဖြစ်လိမ့်မည်ဟု ငါထာဝရဘုရားသည် ကိုယ်ကိုကိုယ် တိုင်တည်၍ မိန့်တော်မူ၏။ ယုဒရှင်ဘုရင်၏ နန်းတော်ကို ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည်ငါ၌ ဂိလဒ်ပြည်အရပ်ကဲ့သို့၎င်း၊ လေဗနုန်တောင်ထိပ်ကဲ့သို့၎င်း ဖြစ်သော်လည်း၊ အကယ်စင်စစ် ငါသည်သင့်ကို လူမနေသော မြို့ကဲ့သို့ တောဖြစ်စေမည်။ သင့်ကို ဖျက်ဆီးစေခြင်းငှါ၊ ဓါးနှင့် ပုဆိန်ပါသောသူတို့ကို ငါပြင်ဆင်သဖြင့်၊ သူတို့သည်သင်၌ အမြတ်ဆုံးသော အာရဇ်ပင်တို့ကို ခုတ်လှဲ၍ မီးထဲသို့ ချလိုက်ကြလိမ့်မည်။ လူအမျိုးမျိုးတို့သည် ဤမြို့အနားမှာ လျှောက်သွားလျက်၊ ထာဝရဘုရားသည် ဤမြို့ကြီးကို အဘယ်ကြောင့်ဤသို့ပြုတော်မူသနည်းဟု တယောက်ကို တယောက်မေးကြသည်ရှိသော်၊ ဤမြို့သားတို့သည် မိမိတို့ ဘုရားသခင်ထာဝရဘုရား၏ ပဋိညာဉ်ကို စွန့်ပစ်၍၊ အခြားတပါးသော ဘုရားတို့ကို ဝတ်ပြုကိုးကွယ်ကြသောကြောင့်၊ ဤသို့ပြုတော်မူသည်ဟုပြန်ပြောကြလိမ့်မည်။


ယောရှိမင်း၏သား ရှလ္လုံပြန်မလာရ

၁၀ သေသောသူအတွက် ငိုကြွေးမြည်တမ်းခြင်းကို မပြုကြနှင့်။ အခြားတပါးသို့ သွားသောသူအတွက် ငိုကြွေးခြင်းကိုပြုကြလော့။ သူသည် နောက်တဖန်ပြန်၍ မလာရ။ မိမိမွေးဖွားရာဌာနကို မမြင်ရ။ ၁၁ ခမည်းတော် ယောရှိမင်းကြီးအရာ၌ စိုးစံ၍ ဤပြည်မှထွက်သွားသော ယုဒရှင်ဘုရင် ယောရှိမင်းကြီး၏သား ရှလ္လုံကို ရည်မှတ်၍ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုမင်းသည် နောက်တဖန် ဤပြည်သို့ပြန်၍ မလာရ။ ၁၂ ရန်သူတို့သိမ်းသွားရာပြည်၌ ပင်သေရလိမ့်မည်။ ဤပြည်ကို နောက်တဖန် မမြင်ရ။


လောဘလွန်ကျူးပြီး အိမ်ဆောက်သူ

၁၃ မတရားသော အမှုအားဖြင့် မိမိအိမ်ကို၎င်း၊ အဓမ္မပြု၍ အထက်ခန်းတို့ကို၎င်း ဆောက်သောသူ၊ အိမ်နီးချင်းကို အခမပေးဘဲ စေစား၍၊ အလုပ်လုပ်သည်အတွက် ဆုမချသောသူသည် အမင်္ဂလာရှိ၏။ ၁၄ ကြီးသောအိမ်၊ ကျယ်သော အထက်ခန်းတို့ကို ငါဆောက်မည်ဟု ဆိုလျက်၊ ပြတင်းပေါက်ကို ဖောက်၍၊ အာရဇ်သစ်သားနှင့် မိုးပြီးမှ၊ ဟင်းသပြတားနှင့်ချယ်လှယ်ပြီတကား။ ၁၅ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် အာရဇ်သစ်သား၏ ဂုဏ်ကို ကိုးစားသောကြောင့်စိုးစံရမည်လော။ သင်၏ အဘသည် ဝစွာစားသောက်ရသည် မဟုတ်လော။ တရားသဖြင့် စီရင်ဆုံးဖြတ်သည် မဟုတ်လော။ ထိုသို့ပြု၍ ကောင်းစားခြင်းရှိ၏။ ၁၆ သူသည် ဆင်းရဲငတ်မွတ်သောသူတို့အမှုကို စောင့်၍ တရားသဖြင့် စီရင်၏။ ထိုသို့ပြု၍ ကောင်းစားခြင်းရှိ၏။ ငါ့ကိုသိသော အကျိုးမဟုတ်လော။ ၁၇ သင်၏မျက်စိနှင့် သင်၏နှလုံးမူကား၊ လောဘလွန်ကျူးခြင်း၊ အပြစ်မရှိသောသူကို သတ်ခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်းမှတပါး၊ အဘယ်အမှုကိုမျှ မမှတ်တတ်။


ယောရှိမင်း၏သား ယောယကိမ်နှမျောခြင်းမရှိဘဲ သေမည်

၁၈ ထိုကြောင့်၊ ထာဝရဘုရားသည် ယုဒရှင်ဘုရင် ယောရှိမင်းကြီး၏သား ယောယကိမ်ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ ထိုမင်းသေသောအခ ါလူများတို့က၊ ဩငါ့အစ်ကို၊ ဩငါ့နှမဟူ၍ မငိုကြွေးရကြ။ သူ၏အတွက်လည်း၊ ဩသခင်၊ ဩအရှင်မ၏ဘုန်းဟူ၍ မမြည်တမ်းရကြ။ ၁၉ ယေရုရှလင်မြို့ပြင်သို့ ဆွဲသွား၍ ပစ်ထားသဖြင့်၊ မြည်းကို သင်္ဂြိုလ်သကဲ့သို့ထိုမင်းကို သင်္ဂြိုလ်ရလိမ့်မည်။


နာကျင်ခြင်း ဝေဒနာခံသောအခါ သနားဘွယ်ဖြစ်မည်

၂၀ လေဗနုန်တောင်ပေါ်သို့ တက်၍ ကြွေးကြော်လော့။ ဗာရှန်ပြည်၌ အော်ဟစ်လော့။ အာဗရိမ်အရပ်မှ အသံကို လွှင့်လော့။ အကြောင်းမူကား၊ သင်၏မိတ်ဆွေအပေါင်းတို့သည် ပျက်စီးခြင်းသို့ ရောက်ကြပြီ။ ၂၁ သင်သည် ကောင်းစားသောအခါငါ သတိပေး၏။ သင်က၊ ငါနားမထောင်ဟု ပြန်ပြော၏။ ငယ်သောအရွယ်မှစ၍ ငါ့စကားကို နားမထောင်ဘဲ နေမြဲရှိ၏။ ၂၂ သင့်ကိုကျွေးမွေးသောသူ အပေါင်းတို့ကို လေသည် စားလိမ့်မည်။ သင်၏မိတ်ဆွေတို့ကို ရန်သူတို့သည် သိမ်းသွားကြလိမ့်မည်။ ထိုအခါ သင်သည် ကိုယ်ပြုသမျှသော ဒုစရိုက်တို့ကြောင့်၊ အမှန်ရှက်ကြောက်၍ စိတ်ပျက်ခြင်း ရှိလိမ့်မည်။ ၂၃ အာရဇ်ပင်တို့၌ အသိုက် လုပ်တတ်သော လေဗနုန်တောင်သား၊ သားဖွားခြင်းဝေဒနာကို မိန်းမခံရသကဲ့သို့၊ သင်သည် နာကျင်ခြင်းဝေဒနာကို ခံရသောအခါ၊ အဘယ်မျှလောက် သနားဘွယ် ဖြစ်လိမ့်မည်တကား။


ခေါနိကိုဗာဗုလုန်လက်သို့အပ်မည်

၂၄ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယုဒရှင်ဘုရင် ယောယကိမ်မင်းကြီး၏သား ခေါနိသည် ငါ့လက်ျာလက်၌ ပါသော တံဆိပ် လက်စွပ်မှန်သော်လည်း၊ ငါအသက်ရှင်သည်အတိုင်း သင့်ကို ငါပယ်ပစ်မည်။ ၂၅ သင့်အသက်ကို သတ်ချင်သောသူ၊ သင်အလွန်ကြောက်သောသူ တည်းဟူသော ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ မင်းမှစ၍ ခါလဒဲလူတို့လက်သို့ငါအပ်မည်။ ၂၆ သင့်ကို၎င်း၊ သင့်ကိုဖွားမြင်သော သင်၏အမိကို၎င်း၊ မွေးဖွားရာဌာနမဟုတ်သော ပြည်သို့ ငါနှင်ထုတ်သဖြင့်၊ ထိုပြည်၌ သင်တို့သည် သေကြလိမ့်မည်။ ၂၇ ပြန်လိုသောပြည်သို့ နောက်တဖန်ပြန်၍ မလာရကြ။ ၂၈ ဤမင်းသားခေါနိသည် ရိုသေဘွယ် မဟုတ်၊ ကျိုးပဲ့သောရုပ်တုဖြစ်သလော။ အဘယ်သူမျှ မနှစ်သက်သော တန်ဆာဖြစ်သလော။ သူနှင့်တကွသူ၏ သားမြေးတို့ကို နှင်ထုတ်၍၊ သူတို့မသိဘူးသော ပြည်၌ အဘယ်ကြောင့် ချပစ်ရသနည်း။ ၂၉ အိုမြေကြီး၊ မြေကြီး၊ မြေကြီး၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်လော့။ ၃၀ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤမင်းကို သားမရှိသောသူဟူ၍၎င်း၊ တသက်လုံး မကောင်းစားသောသူဟူ၍၎င်း ရေးမှတ်လော့။ သူ၏သားမြေးတစုံတယောက်မျှ ဒါဝိဒ်မင်းကြီး၏ ရာဇပလ္လင်ပေါ်မှာ ထိုင်ရသောအခွင့်နှင့်၊ ယုဒပြည်ကို စိုးစံရသောအခွင့်မရှိရ။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.