-
AA
+
🡀
|
🡂
ယေရမိ အနာဂတ္တိ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေရမိ အနာဂတ္တိ
အခန်းကြီး ၂


ဣသရေလအမျိုးသည် ထာဝရဘုရားအဘို့သန့်ရှင်းခဲ့
CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES






တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်၍၊ သင်သည် ယေရုရှလင်မြို့သို့သွားပြီးလျှင်၊ အော်ဟစ်ရမည့်အရာဟူမူကား၊ ထာဝရဘုရားက၊ လယ်မလုပ်သော တောအရပ်၌ သင်သည် ငါ့နောက်သို့ လိုက်သောအခါ၊ အသက်အရွယ်နုငယ်၍ ခံရသောကျေးဇူးကို၎င်း၊ ထိမ်းမြားပေးစားခြင်းနှင့် ယှဉ်သော ချစ်ခြင်းမေတ္တာကို၎င်း၊ [A]ငါအောက်မေ့၏။ ထိုအခါ ဣသရေလအမျိုးသည် ထာဝရဘုရားအဘို့ သန့်ရှင်း၏။ [B] စီးပွါးတော်အဘို့ အဦးသီးသောအသီးဖြစ်၏။ [C] သူတို့ကိုလုယူသော သူအပေါင်းတို့သည် အပြစ်ရှိကြ၏။ ထိုသူတို့အပေါ်မှာ ဘေးဥပဒ်ရောက်ရသည်၊ [D]ဟု ထာဝရဘုရား မိန့်တော်မူ၏။


ငါ့ထံမှဝေးစွာထွက်၍ အနတ္တလမ်းလိုက်ကြ
CROSS REFERENCES





CROSS REFERENCES






အိုယာကုပ်အမျိုးနှင့် ဣသရေလအမျိုးအနွယ် အပေါင်းတို့၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို နားထောင်ကြလော့။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့၏ဘိုးဘေးတို့သည် ငါ့ထံမှဝေးစွာထွက်သွား၍၊ အနတ္တလမ်းသို့လိုက်လျက်၊ အနတ္တသက်သက် [E]ဖြစ်ရမည်အကြောင်း၊ ငါ၌အဘယ်မည်သောအပြစ်ကို တွေ့ကြသနည်း။ [F] သူတို့က၊ ငါတို့ကိုအဲဂုတ္တု ပြည်မှကယ်နှုတ် ၍၊ တောတရှောက်လုံး၊ လွင်ပြင်၊ မြေတွင်းနှင့်ပြည့်စုံသောပြည်၊ သွေ့​ခြောက်၍ သေမင်းအရိပ် လွှမ်းမိုးသောပြည်၊ ခရီးသွားသောသူ၊ နေရာကျသောသူ မရှိသောပြည် တရှောက်လုံးသို့ ပို့ဆောင်သော ထာဝရဘုရားသည် အဘယ်မှာရှိတော်မူသနည်း၊ [G] ဟုမမေးကြ။ ဝပြောသောပြည်၏ အသီးအနှံ ဆီဥဆီကြည်ကို စားစေခြင်းငှါ သင်တို့ကိုငါဆောင် သွား၍၊ သင်တို့သည် ဝင်စားသောအခါ၊ ငါ့ပြည်ကို ညစ်ညူးစေ၍၊ ငါ၏အမွေကို ရွံ့ရှာဘွယ်ဖြစ်စေကြသည်တကား။


ခေါင်းဆောင်များမသိကြ

ယဇ်ပုရောဟိတ်တို့က၊ ထာဝရဘုရားသည် အဘယ်မှာရှိတော်မူသနည်းဟု မမေးကြ။ ကျမ်းတတ်တို့သည် ငါ့ကိုမသိကြ။ [H] အုပ်ချုပ်သူတို့သည် ငါ့ကိုပြစ်မှားကြ၏။ ပရောဖက်တို့သည် ဗာလကိုအမှီပြု၍ ဟောပြောလျက်၊ ကျေးဇူးမဲ့သောလမ်းသို့လိုက်ကြ၏။ ထိုကြောင့်၊ သင်တို့နှင့်သင်တို့သားသမီးများကို၊ ငါစစ်ကြောမည်၊ ဟုထာဝရဘုရားမိန့်တော်မူ၏။


ငါလူတို့ဒုစရိုက်နှစ်ပါးပြုကြ
CROSS REFERENCES






၁၀ ခိတ္တိမ်ကျွန်းတို့သို့ကူး၍ ကြည့်ရှုကြလော့။ ကေဒါပြည်သို့လူကို စေလွှတ်၍၊ ထိုသို့ဖြစ်ဖူးပြီလော၊ ဟုစေ့စေ့ကြည့်ရှုဆင်ခြင်ကြလော့။ ၁၁ အခြားတပါးသောလူမျိုး ကိုးကွယ်သော ဘုရားသည် ဘုရားမဟုတ်သော်လည်း၊ ပြောင်းလဲဘူးပြီလော။ ငါ၏လူမျိုးသည် ကျေးဇူးမပြုနိုင်သောအရာဘို့၊ မိမိတို့ဘုန်းကို ပြောင်းလဲကြပြီတကား။ ၁၂ ထာဝရဘုရား မိန့်တော်မူသည်ကား၊ အိုမိုးကောင်းကင်တို့၊ ထိုအမှုကို မိန်းမောတွေဝေ၍၊ ကြက်သီးမွေးညှင်း ထသည်တိုင်အောင် ထိတ်လန့်လျက်နေကြလော့။ ၁၃ ငါ၏လူတို့သည်၊ အသက်စမ်းရေတွင်းတည်းဟူသော၊ ငါ့ကို [I]စွန့်ပယ်၍၊ ရေမလုံ၊ ပဲ့ပျက်သောရေကျင်း [J]တို့ကို တူးသောအားဖြင့် ဒုစရိုက်နှစ်ပါးကို ပြုကြပြီ။


ဘုရားစွန့်သောအမှု
CROSS REFERENCES






၁၄ ဣသရေလသည် ကျွန်ဖြစ်သလော။ ​ကျွန်သားပေါက်ဖြစ်သလော။ အဘယ်ကြောင့် လုယူခြင်းကိုခံရသနည်း။ ၁၅ ခြင်္သေ့တို့သည် သူ့ကိုဟောက်၍ အသံမြည်ကြပြီ။ သူ၏ပြည်ကို ဖျက်ဆီးကြပြီ။ သူ၏မြို့တို့သည် မီးလောင်သောကြောင့်၊ အဘယ်သူမျှ မနေရ။ ၁၆ နောဖမြို့သားနှင့် တာပနက်မြို့သားတို့သည် သင်၏ဦးထိပ်ကို စားကြပြီ။ ၁၇ သင့်ကိုပို့ဆောင်တော်မူသော သင်၏ ဘုရားသခင် ထာဝရဘုရားကို သင်သည် စွန့်သောကြောင့်၊ ထိုသို့သော အပြစ်ရောက်သည် မဟုတ်လော။ ၁၈ ယခုမှာသင်သည် ရှိဟောရမြစ်ရေကို သောက်အံ့သောငှါ၊ အဲဂုတ္တုလမ်းသို့ အဘယ်ကြောင့် လိုက်သနည်း။ ဥဖရတ်မြစ်ရေကို သောက်အံ့သောငှါ၊ အာရှုရိလမ်းသို့ အဘယ်ကြောင့် လိုက်သနည်း။ ၁၉ သင်၏ဒုစရိုက်သည် သင့်ကိုဆုံးမမည်။ သင်၏ဖောက်ပြန်ခြင်းသည် သင့်ကိုအပြစ်ပေးမည်။ သို့ဖြစ်၍ သင်၏ ဘုရားသခင် ထာဝရဘုရားကို စွန့်ပစ်သောအမှု၊ ငါ့ကိုမကြောက်ဘဲ နေသောအမှုသည်၊ မကောင်းသောအမှု၊ ခါးသောအမှုဖြစ်သည်ကို သိမြင်ရမည်၊ [K]ဟုကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။


ပြည်တန်ဆာလုပ်
CROSS REFERENCES






၂၀ ရှေးကာလ၌ သင်ထမ်းရသောထမ်းပိုး၊ သင်၌ချည်သော နှောင်ဖွဲ့ခြင်းကို ငါချိုးချွတ်၍သင်က၊ အ​ကျွန်ုပ်သည် မမှားယွင်းဘဲ နေပါမည်ဟု ဂတိထားသော်လည်း၊ မြင့်သောတောင် ရှိသမျှအပေါ်၌၎င်း၊ စိမ်းသောသစ်ပင် ရှိသမျှအောက်၌၎င်း၊ ကိုယ်ကိုချ၍ ပြည်တန်ဆာလုပ်လေ၏။ ၂၁ အကောင်းဆုံးသော စပျစ်နွယ်ပင် အမျိုးစစ်ဖြစ်သော သင့်ကိုငါစိုက်သော် လည်း၊ သင်သည်ငါ့ရှေ့မှာ အဘယ်မျှလောက် ဖောက်ပြန်၍၊ အမျိုးမစစ်သော စပျစ်နွယ်ပင်ဖြစ်ပါသည်တကား။ [L]


ပေါက်ဆပ်ပြာနှင့် ရေချိုးသော်လည်း

၂၂ သင်သည်ပေါက်ဆပ်ပြာနှင့် ရေချိုး၍၊ ချက်သော ဆပ်ပြာအများကို သုံးသော်လည်း၊ သင်၏အပြစ်သည် ငါ့ရှေ့မှာထင်ရှားသည်၊ ဟုအရှင်ထာဝရဘုရား မိန့်တော်မူ၏။


မြည်းရိုင်းမ

၂၃ သင်ကလည်း၊ ငါသည် ညစ်ညူးခြင်းမရှိ၊ ဗာလဘုရားတို့ နောက်သို့မလိုက်ဟု အဘယ်သို့ဆိုနိုင်သနည်း။ ချိုင့်၌သင်လိုက်သောလမ်းကို ကြည့်ရှုလော့။ သင်ပြုသောအမှုတို့ကို ဝန်ခံလော့။ လျှင်မြန်စွာပြေး၍ လှည့်လည်တတ်သော ကုလားအုပ်မပါတကား။ ၂၄ တော၌လှည့်လည်၍ ကိလေသာ ရာဂစိတ်နှင့် လေကိုရှူတတ်သော မြည်းရိုင်းမပါတကား။ အချိန်ရောက်သောအခါ အဘယ်သူဆီးတားနိုင်သနည်း။ သူ့ကိုရှာအံ့သောငှါ အဘယ်သူမျှ ပင်ပန်းခြင်းကိုမခံရ။ အချိန်စေ့သောအခါ သူ့ကိုတွေ့လိမ့်မည်။ ၂၅ သင်၏ခြေနင်းကို မပျက်စေနှင့်။ ရေငတ်ခြင်းအကြောင်းကို မပြုနှင့်ဟုဆိုသော်လည်း၊ သင်ကမြော်လင့်စရာမရှိ၊ အလျှင်းမရှိ။ သူတပါးတို့ကို ငါချစ်၍၊ သူတို့နောက်သို့လိုက်မည်၊ ဟုပြန်ပြော၏။


သစ်တုံးများ ကျောက်များအားကိုးကြ
CROSS REFERENCES





CROSS REFERENCES






၂၆ ဖမ်းမိသောသူခိုးသည် ရှက်သကဲ့သို့၊ ဣသရေလအမျိုး၏ ရှင်ဘုရင်၊ မင်းသား၊ ယဇ်ပုရောဟိတ်၊ ပုရောဖက်နှင့်တကွ အမျိုးသားများတို့သည် ရှက်ကြ၏။ [M] ၂၇ သစ်တုံးအား၊ ကိုယ်တော်သည် အ​ကျွန်ုပ်အဘဖြစ်တော်မူ၏ ဟူ၍၎င်း၊ ကျောက်အားလည်း၊ ကိုယ်တော်သည် အ​ကျွန်ုပ်ကိုဖွားမြင်တော်မူပြီဟူ၍၎င်း၊ ဆိုလျက်စင်စစ်ငါ့ကိုမျက်နှာမပြု၊ ကျောခိုင်းကြသော် လည်း၊ အမှုရောက်လျှင်မူကား၊ ထတော်မူပါ၊ အ​ကျွန်ုပ်တို့ကို ကယ်မတော်မူပါ၊ [N]ဟု လျှောက်တတ်ကြ၏။ ၂၈ ကိုယ်အဘို့ သင်လုပ်သောဘုရားတို့သည် အဘယ်မှာရှိကြသနည်း။ အမှုရောက်သောအခါ သူတို့သည်တတ်နိုင်လျှင် ထ၍ကယ်ကြပါလေစေ။ အိုယုဒပြည်၊ သင်သည် မြို့များအရေအတွက် ရှိသည်အတိုင်း၊ သင်၏ဘုရားများ ရှိပါသည်တကား။ ၂၉ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် အဘယ်အကျိုးအလိုငှါ ငါနှင့်တရားတွေ့ကြမည်နည်း။ သင်တို့ရှိသမျှသည် ငါ့ကိုပြစ်မှားကြပြီ။ ၃၀ ငါသည် သင်တို့သားများကို အချည်းနှီးဒဏ်ပေးပြီ။ သူတို့သည်ဆုံးမခြင်းကို မခံကြ။ သင်တို့၏ဓါးသည် လုယူဖျက်ဆီးတတ်သော ခြင်္သေ့ကဲ့သို့၊ သင်တို့၏ပုရောဖက်များကို ဖျက်ဆီးလေပြီ။


အပျိုမသည် မိမိတန်ဆာကို မေ့လျော့နိုင်သလော

၃၁ ယခုဖြစ်သောအမျိုးသားတို့၊ ထာဝရဘုရား၏ အမိန့်တော်ကို ဆင်ခြင်ကြလော့။ ငါသည် ဣသရေလအမျိုး၌ တောကဲ့၎င်း၊ မှောင်မိုက်နိုင်ငံကဲ့သို့၎င်း၊ ဖြစ်ဘူးသလော။ ငါ၏လူတို့က၊ ငါတို့သည် အရပ်ရပ်သို့လည်မည်၊ ကိုယ်တော်ထံသို့ နောက်တဖန်မချဉ်းကပ်ဟု အဘယ်ကြောင့်ဆိုကြသနည်း။ ၃၂ အပျိုမသည် မိမိ၌ဆင်သောတန်ဆာကို၎င်း၊ မင်္ဂလာဆောင်သတို့ သမီးသည် မိမိခါးပန်းကို၎င်း၊ မေ့လျော့နိုင်သလော။ သို့သော်လည်း၊ ငါ၏လူတို့သည် မရေတွက်နိုင်အောင် များစွာသောကာလပတ်လုံး ငါ့ကိုမေ့လျော့ကြပြီ။ ၃၃ သင်သည်ရည်းစားကိုရှာခြင်းငှါ၊ သင်တို့ဘာသာဓလေ့တို့ကို အဘယ်ကြောင့် ပြုပြင်သနည်း။ သင်၏အသိအ​ကျွမ်းတို့ကို သွေးဆောင်လေပြီတကား။


သင်၏အပြစ်ကို ငါစစ်ကြောစီရင်မည်
CROSS REFERENCES






၃၄ ထိုမှတပါး၊ အနိုင်အထက်ပြုသည်ကို သင်မတွေ့။ အပြစ်မရှိသော ဆင်းရဲသားတို့ကို အသေသတ်၍၊ သွန်းသောအသွေးသည် သင်၏အဝတ်စွန်း၌ ထင်ရှား၏။ ၃၅ ထိုသို့သောအပြစ်များ ရှိသော်လည်းသင်က၊ ငါ၌အပြစ်မရှိသောကြောင့်၊ ဘုရားသခင်၏ အမျက်တော်သည် ငါမှလွှဲသွားလိမ့်မည်၊ ဟုဆိုပါသည်တကား။ ငါ၌အပြစ်မရှိဟုဆိုသောကြောင့်၊ သင့်ကိုငါစစ် ကြောစီရင်မည်။ ၃၆ သင်သည်အရပ်ရပ်သို့ ပြောင်းလဲခြင်းငှါ၊ အဘယ်ကြောင့် ဤမျှလောက်လှည့်လည်သနည်း။ အာရှုရိပြည်ကို ရှက်ကြောက်သည်နည်းတူ၊ အဲဂုတ္တုပြည်ကို ရှက်ကြောက်လိမ့်မည်။ [O] ၃၇ သင်သည်မိမိလက်ကို မိမိခေါင်းပေါ်မှာတင်လျက်၊ ထိုပြည်မှအမှန်ထွက်သွားရလိမ့်မည်။ အကြောင်းမူကား၊ သင်ခိုလှုံသောအရာတို့ကို ထာဝရဘုရားသည် ပယ်တော်မူသောကြောင့်၊ ခိုလှုံ၍အကျိုးကိုမရနိုင်ရာ။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.