-
AA
+
🡀
|
🡂
ယေရမိ အနာဂတ္တိ
၁၆
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေရမိ အနာဂတ္တိ
အခန်းကြီး ၁၆


ယေရမိမိန်းမယူရ

တဖန်ငါ့ဆီသို့ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော် ဟူမူကား၊ သင်သည် ဤအရပ်၌ စုံဘက်ခြင်းကို မပြုရ။ သားသမီးကို မဖွားမမြင်ရ။


သေသောသူများ မသင်္ဂြိုလ်ရ

ဤအရပ်၌ ဖွားမြင်သော သားသမီးများကို၎င်း၊ သူတို့မိဘများကို၎င်း၊ ထာဝရဘုရား ရည်မှတ်၍ မိန့်တော်မူသည်ကား၊ ထိုသူတို့သည် ဆိုးသောသေခြင်းဖြင့် သေရကြလိမ့်မည်။ သူတို့ကို မြည်တမ်း၍ မသင်္ဂြိုလ်ရ။ မြေပေါ်မှာ မစင်ကဲ့သို့ဖြစ်ကြလိမ့်မည်။ သူတို့သည် ဓါးဘေးနှင့် မွတ်သိပ်ခြင်းဘေးဖြင့် ဆုံးခြင်းသို့ရောက်၍၊ အသေကောင်တို့သည် မိုးကောင်းကင်ငှက်နှင့် တောသားရဲစားစရာဘို့ ဖြစ်ကြလိမ့်မည်။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ မသာအိမ်သို့ မဝင်နှင့်။ သေသောသူတို့အတွက် ငိုကြွေးမြည်တမ်းခြင်းငှါ မသွားနှင့်။ ငါ၏ ငြိမ်သက်ခြင်းတည်းဟူသော မေတ္တာကရုဏာကို ဤလူမျိုးမှ ငါပယ်ရှင်းမည်ဟု မိန့်တော်မူ၏။ ပြည်သူပြည်သား အကြီးအငယ်တို့သည် သေရကြလိမ့်မည်။ သို့သော်လည်း၊ မသင်္ဂြိုလ်ရ။ သူတို့အတွက် မြည်တမ်းခြင်းကို မပြုရ။ ကိုယ်ကိုကိုယ် ရှနခြင်း၊ ဆံပင်ရိတ်ခြင်းကိုလည်း မပြုရ။ သေသော သူတို့အတွက် စိတ်မသာ ညည်းတွားသောသူတို့ကို နှစ်သိမ့်စေခြင်းငှါ၊ မသာပွဲကို မလုပ်ရ။ မိဘသေသော်လည်း၊ နှစ်သမ့်စေသော ခွက်ဖလားကို မပေးရ။


ပွဲခံရာအိမ်သို့မသွားနှင့်

ထိုနည်းတူ၊ စားသောက်ပွဲခံရာအိမ်သို့မဝင်နှင့် သူတို့နှင့် ပေါင်းဖေါ်၍ မစားမသောက်နှင့်။ ဣသရေလအမျိုး၏ ဘုရားသခင် ကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤအရပ်၌ ဝမ်းမြောက်သောအသံ၊ ရွှင်လန်းသော အသံ၊ မင်္ဂလာဆောင် သတို့သားအသံ၊ မင်္ဂလာဆောင် သတို့သမီးအသံကို သင်တို့လက်ထက်၊ သင်တို့ မျက်မှောက်တွင်ငါစဲစေမည်။


ငါတို့ပြုသောဒုစရိုက်ကားအဘယ်သို့နည်း

၁၀ သင်သည် ဤစကားအလုံးစုံတို့ကို ဤလူများအား ကြားပြော၍ သူတို့ကလည်း၊ ထာဝရဘုရားသည် ဤမျှလောက်ကြီးစွာသော ဘေးဒဏ်ကို ငါတို့အား အဘယ်ကြောင့် စီရင်တော်မူသနည်း။ ငါတို့ပြုသော ဒုစရိုက်ကား အဘယ်သို့နည်း။ ငါတို့ဘုရားသခင် ထာဝရဘုရားကို ငါတို့ပြစ်မှားသော အပြစ်ကား၊ အဘယ်သို့နည်းဟု မေးကြသောအခါ၊


အခြားဘုရား ကိုးကွယ်သောကြောင့်

၁၁ သင်သည် ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ သင်တို့၏ ဘိုးဘေးတို့သည် ငါ့ကိုစွန့်၍၊ အခြားတပါးသော ဘုရားနောက်သို့ လိုက်လျက်၊ ဝတ်ပြုကိုးကွယ်သဖြင့် ငါ့ကိုစွန့်ပစ်၍၊ ငါ့တရားကို မစောင့်သောကြောင့်၎င်း၊ ၁၂ ဘိုးဘေးကျင့်သော အကျင့်ထက်၊ သင်တို့သည်သာ၍ ဆိုးသောအကျင့်ကို ကျင့်သဖြင့်၊ ငါ့စကားကို နားမထောင်၊ မိမိတို့ဆိုးသော စိတ်နှလုံး၊ ခိုင်မာသော သဘောသို့ လိုက်သောကြောင့်၎င်း၊ ၁၃ သင်တို့နှင့် သင်တို့၏ ဘိုးဘေးမသိသော ပြည်သို့ဤပြည်ထဲက သင်တို့ကို ငါနှင်လိုက်မည်။ ထိုပြည်၌ သင်တို့သည် ငါ၏ကျေးဇူးကို မခံရ။ အခြားတပါးသော ဘုရားတို့ကို နေ့ည မပြတ် ဝတ်ပြုရကြမည်။


အဲဂုတ္တုမှ မဟုတ်ပြည်ရှိသမျှမှ နှုတ်ဆောင်တော်မူသောဘုရား

၁၄ သို့ဖြစ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလ အမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော ထာဝရ ဘုရား အသက်ရှင်တော်မူသည် ဟူ၍၊ မကျိန်ဆိုဘဲ၊ ၁၅ ဣသရေလ အမျိုးသားတို့ကို မြောက်ပြည်မှစ၍၊ နှင်ထုတ်ဘူးသော ပြည်ရှိသမျှတို့မှ နှုတ်ဆောင်သော ထာဝရဘုရား အသက်ရှင်တော်မူသည်ဟူ၊ ကျိန်ဆိုရသော ကာလသည် နောက်တဖန် ရောက်လိမ့်မည်။ သူတို့ဘိုးဘေးတို့အား ငါပေးသော ပြည်သို့သူတို့ကို ငါတဖန် ဆောင်ခဲ့ဦးမည်။


တံငါသည်နှင့် မုဆိုးများရှာခိုင်းမည်

၁၆ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် တံငါအများတို့ကို စေလွှတ်၍၊ ဤလူမျိုးကို မျှားစေမည်။ ထိုနောက်၊ မုဆိုးအများတို့ကို စေလွှတ်၍၊ ခပ်သိမ်းသော တောင်ကြီးတောင်ငယ်၊ ချောက်ကြားတို့၌ ရှာစေမည်။ ၁၇ သူတို့သွားသမျှသော လမ်းတို့ကို ငါသည် ကြည့်ရှုလျက် နေ၏။ သူတို့သည် ငါ့မျက်ကွယ်၌ သွားကြသည်မဟုတ်။ သူတို့၏ ဒုစရိုက်ကို ငါ့ရှေ့မှာဝှက်၍ မထားနိုင်။ ၁၈ သူတို့သည် ငါ့ပြည်ကို ညစ်ညူးစေ၍၊ ငါအမွေခံသော မြေကိုသူတို့သည် စက်ဆုပ်ရွံရှာဘွယ်သော အသေကောင်တို့နှင့် ပြည့်စေသောကြောင့်၊ သူတို့၌ နှစ်ဆသော အပြစ်ဒဏ်ကို ငါပေးမည်။


တပါးအမျိုးသားတို့ ကိုယ်တော်ထံ လာကြလိမ့်မည်
CROSS REFERENCES






၁၉ အ​ကျွန်ုပ်အစွမ်းသတ္တိ၊ အ​ကျွန်ုပ်ရဲတိုက်၊ အမှုရောက်သောနေ့၌ အ​ကျွန်ုပ်ခိုလှုံရာ ဖြစ်တော်မူသော ထာဝရဘုရား၊ တပါးအမျိုးသားတို့က၊ အကယ်စင်စစ် အ​ကျွန်ုပ်တို့ ဘိုးဘေးတို့သည် မုသာ၊ အနတ္တ၊ [A] အချည်းနှီးသော အရာတို့ကို အမွေခံကြပါပြီဟု မြေကြီးစွန်းမှ ကိုယ်တော်ထံသို့လာ၍ လျှောက်ကြပါလိမ့်မည်။


ငါသည် ထာ၀ရဘုရား ဖြစ်ကြောင်း သိကြမည်

၂၀ လူသည် ဘုရားမဟုတ်သော ဘုရားတို့ကို ကိုယ်အဘို့လုပ်ရမည်လော။ ၂၁ သို့ဖြစ်၍၊ ငါသည် ယခုတခါ သူတို့ကိုသတိပေး၍ ငါ့လက်နှင့် ငါ့တန်ခိုးကို ဖေါ်ပြသောအားဖြင့်၊ ငါ့နာမသည် ထာဝရဘုရား ဖြစ်ကြောင်းကို သိရကြလိမ့်မည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.