-
AA
+
🡀
|
🡂
ယေရမိ အနာဂတ္တိ
၁၅
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေရမိ အနာဂတ္တိ
အခန်းကြီး ၁၅


မောရှေနှင့် ရှမွေလတို့ ဆုတောင်းပေးသော်လည်း မရ

တဖန်ထာဝရဘုရားသည် ငါ့အား မိန့်တော်မူသည်ကား၊ မောရှေနှင့် ရှမွေလသည် ငါ့ရှေ့မှာ ဆုတောင်းသော်လည်း၊ ငါ့လူမျိုးကို ငါမသနား။ ငါ့ထံမှ ထွက်သွားစေခြင်းငှါ နှင်ထုတ်လော့။ အ​ကျွန်ုပ်တို့သည် အဘယ်အရပ်သို့ ထွက်သွားရပါမည်နည်းဟု မေးမြန်းလျှင်၊ သင်ကလည်း၊ သေတန်သောသူတို့သည် သေခြင်းသို့၎င်း၊ ကွပ်မျက်တန်သောသူတို့သည် ကွပ်မျက်ခြင်းသို့၎င်း၊ ငတ်မွတ်တန်သောသူတို့သည် ငတ်မွတ်ခြင်းသို့၎င်း၊ သိမ်းသွား ချုပ်ထားတန်သောသူတို့သည် သိမ်းသွားချုပ်ထားခြင်းသို့၎င်း၊ ထွက်သွားကြဟု ထာဝရဘုရား မိန့်တော်မူကြောင်းကို သူတို့အား ဆင့်ဆိုလော့။ သူတို့ကို သတ်ရသောထား၊ ဆွဲဖြတ်ရသောခွေး၊ ကိုက်စားရသော မိုးကောင်းကင်ငှက်နှင့် သားရဲတည်းဟူသော ရန်သူလေးမျိုးကို၊ သူတို့တဘက်၌ ငါခန့်ထားမည်။ ယုဒရှင်ဘုရင် ဟေဇကိသား မနာရှေမင်းသည် ယေရုရှလင်မြို့၌ ပြုသောအမှုကြောင့်၊ ထိုသူတို့ကို မြေကြီးပေါ်မှာ အတိုင်းတိုင်းအပြည် ပြည်တို့၌ အနှောင့်အရှက်ကို ခံစေမည်။ အိုယေရုရှလင်မြို့၊ သင့်ကိုအဘယ်သူ သနားလိမ့်မည်နည်း။ သင်နှင့်အတူ အဘယ်သူ ညည်းတွားလိမ့်မည်နည်း။ သင့်ကို ကျန်းမာ၏လောဟု မေးအံ့သောငှါ၊ အဘယ်သူ လမ်းလွှဲမည်နည်း။


ငါ့ကိုစွန့်သောကြောင့် သူတို့ကို ဖျက်ဆီးမည်

ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် င့ါကိုစွန့်ပစ်၍ ဆုတ်သွားပြီ။ ထိုကြောင့်၊ ငါသည် လက်ကိုဆန့်၍ သင့်ကို ဖျက်ဆီးမည်။ ငါသည် နောင်တရ၍ ငြီးငွေ့ပြီ။ ပြည်တံခါးဝ၌ သူတို့ကို စံကောနှင့်ငါလှေ့မည်။ [A] သူတို့သားသမီးများကို ငါရှုံးစေမည်။ ငါ၏လူမျိုးသည် မိမိလိုက်သွားသော လမ်းမှ မပြန်လာသောကြောင့်၊ သူတို့ကို ငါဖျက်ဆီးမည်။ သူတို့မုဆိုးမတို့သည် သမုဒ္ဒ​ရာသဲလုံးနှင့် အမျှမက၊ ငါ့ရှေ့မှာ များပြားကြလိမ့်မည်။ မွန်းတည့်ချိန်၌ အမိကို တိုက်ဖျက်သော လုလင်ကို ငါခေါ်ခဲ့၍၊ ကြောက်မက်ဘွယ်သော လုပ်ကြံခြင်းကို ချက်ချင်း ဖြစ်စေမည်။ သားခုနစ်ယောက်ကို ဖွားမြင်သော မိန်းမသည် အားလျော့၍ အသက်ချုပ်လေ၏။ ညအချိန်မရောက်မှီ သူ၏ နေဝင်လေ၏။ သူသည် ရှက်ကြောက်မှိုင်တွေလျက် နေရ၏။ ကျန်ကြွင်းသောသူတို့ကိုလည်း၊ ရန်သူတို့ရှေ့မှာ၊ ထား၌အပ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။


ငါ၌အမင်္ဂလာ

၁၀ အိုအကျွန်ုပ်၏မိခင်၊ ငါ၌အမင်္ဂလာရှိ၏။ အကျွန်ုပ်၏ မိခင်သည် တပြည်လုံးရန်တွေ့သောသူ၊ ငြင်းဆန်သောသူဖြစ်သော ငါ့ကို ဖွားမြင်ပါပြီ။ [B] ငါသည် သူတပါးကို အတိုးနှင့်မချေး။ သူတပါးသည်လည်း ငါ့ကိုအတိုးနှင့် မချေး။ သို့သော်လည်း၊ လူခပ်သိမ်းတို့သည် ငါ့ကို ကျိန်ဆဲတတ်ကြ၏။ ၁၁ ထာဝရဘုရား မိန့်တော်မူသည်ကား၊ အကယ် စင်စစ် သင့်ကို ငါချမ်းသာပေးမည်။ အမှုရောက်သောကာလ၊ ညှဉ်းဆဲခြင်းကို ခံရသောကာလ၌၊ ရန်သူသည် သင့်ထံမှာ တောင်းပန်မည်အကြောင်း၊ အကယ်စင်စစ် ငါစီရင်မည်။ ၁၂ သံကို ချိုးနိုင်သောသူ ရှိသလော။ မြောက်ဖက်မှ သံသို့မဟုတ် ကြေးဝါကို ချိုးနိုင်သောသူ ရှိသလော။(a) ၁၃ သင်၏ ပြည်တရှောက်လုံး၌ သင်ပြုသော အပြစ်များကြောင့်၊ သင်၏ဥစ္စာဘဏ္ဍာကို အဘိုးမခံဘဲ လုယူသောလက်သို့ ငါပေးမည်။ ၁၄ သင်မသိသော ပြည်သို့ ရန်သူနှင့်အတူ သင့်ကိုငါသွားစေမည်။ သင်တို့ကို လောင်သောမီးသည် ငါ့အမျက်အားဖြင့် ရှို့လျက်ရှိ၏။


အကျွန်ုပ်ကို သုတ်သင်ပယ်ရှင်းတော် မမူပါနှင့်

၁၅ အိုထာဝရဘုရား၊ ကိုယ်တော်သည် သိတော်မူ၏။ အ​ကျွန်ုပ်ကို အောက်မေ့လျက် အကြည့်အရှုကြွလာ၍၊ အ​ကျွန်ုပ်ကို ညှဉ်းဆဲသောသူတို့ကို တရားသဖြင့် ဒဏ်ပေးတော်မူပါ။ သူတို့ကို သည်းခံ၍၊ အ​ကျွန်ုပ်ကို သုတ်သင် ပယ်ရှင်းတော်မမူပါနှင့်။ အ​ကျွန်ုပ်သည် ကိုယ်တော်အတွက် ကဲ့ရဲ့ခြင်းခံရကြောင်းကို အောက်မေ့တော်မူပါ။ ၁၆ ကောင်းကင် ဗိုလ်​ခြေအရှင်ဘုရားသခင် ထာဝရဘုရား၊ အ​ကျွန်ုပ်တွေ့သော နှုတ်ကပတ်စကားကို ခံယူပါပြီ။ နှုတ်ကပတ်တော်သည် အ​ကျွန်ုပ် ဝမ်းမြောက်ရွှင်လန်းစရာ အကြောင်းဖြစ်ပါ၏။ နာမတော်ဖြင့် အ​ကျွန်ုပ်ကို ခေါ်ဝေါ် ပါ၏။ ၁၇ ပွဲခံသောသူ အစည်းအဝေး၌ အ​ကျွန်ုပ် မထိုင်ပါ။ ပျော်ရွှင်ခြင်းအမှုကို မပြုပါ။ လက်တင်တော်မူသောကြောင့်၊ တယောက်တည်း ထိုင်ပါပြီ။ အ​ကျွန်ုပ်ကို ဒေါသအမျက်နှင့် ပြည့်စေတော်မူပြီ။ ၁၈ အ​ကျွန်ုပ်ခံရသော ဝေဒနာသည် အဘယ်ကြောင့် မြဲပါသနည်း။ မပျောက်လို၊ မပျောက်နိုင်သော အနာကို အဘယ်ကြောင့်ခံရပါသနည်း။ အကယ်စင်စစ် ကိုယ်တော်သည် ကြောက်တတ်၍၊ လှည့်စားသော ရေကဲ့သို့ ကျွန်ုပ်၌ ဖြစ်တော်မူပါသည်တကား။


သင့်ဘက်၌ငါနေမည်

၁၉ ထိုကြောင့်၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ပြန်လာလျှင်၊ သင့်ကို ငါဆောင်ခဲ့၍၊ သင်သည် ငါ၏အမှုကို ထမ်းရလိမ့်မည်။ သင်သည် မြတ်သောအရာနှင့် ယုတ်သောအရာတို့ကို ပိုင်းခြားခွဲထားလျှင် ငါ့နှုတ်ကဲ့သို့ ဖြစ်ရလိမ့်မည်။ သူတို့သည် သင့်ထံသို့ ပြန်လာကြလိမ့်မည်။ သင်သည် သူတို့ရှိရာသို့ပြန်၍ မသွားရ။ ၂၀ ငါသည်လည်း သင့်ကို ဤလူမျိုးတဘက်၌ ခိုင်ခံ့သော ကြေးဝါမြို့ရိုးဖြစ်စေမည်။ သူတို့သည် သင့်ကိုတိုက်၍ မနိုင်ရကြ။ ငါသည် သင့်ကို နှုတ်ယူကယ်တင်ခြင်းငှါ သင့်ဘက်၌ နေမည်။ ၂၁ လူဆိုးလက်မှ သင့်ကိုငါနှုတ်၍၊ ကြောက်မက်ဘွယ်သော သူတို့လက်မှ ရွေးယူမည်ဟုထာဝရဘုရား မိန့်တော်မူ၏။

_________________________
Footnotes


(a) v၁၂ မြန်မာကျမ်းစာအုပ်၌ "သံချင်းတိုက်သောအခါ မြောက်ပြည်သံကို၎င်း၊ သံမဏိကို၎င်း ချိုးနိုင်သလော။" ဟုရေးထားသည်။ “Can anyone smash iron, Iron from the north, or bronze?


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.