-
AA
+
🡀
|
🡂
ယေရမိ အနာဂတ္တိ
၁၁
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေရမိ အနာဂတ္တိ
အခန်းကြီး ၁၁


ပဋိညာဉ်စကားကို နားထောင်ကြလော့
CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES






ယေရမိသို့ ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊ ဤပဋိညာဉ်စကားကို နားထောင်ကြလော့။ သင်သည် ယုဒပြည်သူ၊ ယေရုရှလင် မြို့သားတို့အား၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ အမိန့်တော်ကို ဟောပြောဆင့်ဆိုရမည်မှာ၊ ယနေ့ဖြစ်သည်နှင့်အညီ၊ နို့နှင့်ပျားရည် စီးသောပြည် [A]ကိုငါပေးမည်ဟု သင်တို့၏ ဘိုးဘေးများ၌ ငါကျိန်ဆိုသော သစ္စာဂတိကို စောင့်ရသောအခွင့် ရှိစေခြင်းငှါ၊ သင်တို့သည် ငါ၏လူဖြစ်၍၊ ငါသည်လည်း သင်တို့၏ ဘုရား ဖြစ်မည်အကြောင်း၊ ငါ့စကားကို နားထောင်၍၊ ငါမှာထားသမျှအတိုင်း ကျင့်ကြလော့ဟု သံမီးဖိုတည်းဟူသော အဲဂုတ္တုပြည်မှ [B] သင်တို့၏ ဘိုးဘေးများကို နှုတ်ဆောင်သောအခါ၊ သူတို့၌ ငါထားသော ပဋိညာဉ်တရားစကားကို နားမထောင်သောသူသည်၊ ကျိန်တော်မူခြင်းကို ခံစေဟု မိန့်တော်မူလျှင်၊ ငါက၊ အိုထာဝရဘုရား၊ အာမင်ဟု လျှောက်၏။ ထာဝရဘုရားကလည်း၊ သင်သည် ယုဒမြို့များနှင့် ယေရုရှလင်မြို့လမ်းများတို့၌ ဟစ်ကြော်ရမည် စကားဟူမူကား၊ သင်တို့သည် ဤပဋိညာဉ်စကားကို နားထောင်၍ ကျင့်ကြလော့။ အကြောင်းမူကား၊ ငါ့စကားကို နားထောင်ကြလော့ဟု သင်တို့၏ဘိုးဘေးများကို အဲဂုတ္တုပြည်က ငါနှုတ်ဆောင်သော နေ့မှစ၍ ယနေ့တိုင်အောင်၊ ငါသည် စောစောထ၍ အထပ်ထပ်ဆုံးမသော်လည်း၊ [C] သူတို့သည် နားမထောင်၊ နားကိုမလှည့်ဘဲ ဆိုးညစ်သော မိမိတို့စိတ်နှလုံး ခိုင်မာခြင်းရှိသည်အတိုင်း၊ တယောက်မျှ မကြွင်း၊ လိုက်သွားကြသောကြောင့်၊ ငါမှာထား၍၊ သူတို့မကျင့်သော ဤပဋိညာဉ် စကားအလုံးစုံတို့ကို၊ သူတို့အပေါ်၌ ငါသက်ရောက်စေမည်ဟု မိန့်တော်မူ၏။


ပဋိညာဉ် ဖျက်ကြသောကြောင့် မလွတ်နိုင်သော ဘေးရောက်စေမည်

တဖန် ထာဝရဘုရားသည် ငါ့အား မိန့်တော်မူသည်ကား၊ ယုဒပြည်သူ၊ ယေရုရှလင် မြို့သားတို့သည် သင်းဖွဲ့ကြ၏။ ၁၀ ငါ့စကားကို ငြင်းပယ်သော ဘိုးဘေးတို့၏ ဒုစရိုက်များကို ပြုအံ့သောငှါ ပြန်သွားကြပြီ။ အခြားတပါးသော ဘုရားတို့ကို ဝတ်ပြုအံ့သောငှါ လိုက်သွားကြပြီ။ သူတို့၏ ဘိုးဘေးများနှင့် ငါဖွဲ့သော ပဋိညာဉ်တရားကို ဣသရေလ အမျိုးနှင့် ယုဒအမျိုးတို့သည် ဖျက်ကြပြီ။ ၁၁ သို့ဖြစ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူတို့မလွတ်နိုင်သော ဘေးအန္တရာယ်ကိုသူတို့အပေါ်၌ ငါသက်ရောက်စေမည်။ သူတို့သည် ငါ့ကို အော်ဟစ်သော်လည်း၊ ငါနားမထောင်ဘဲ နေမည်။ ၁၂ ထိုအခါယုဒမြို့သူရွာသားနှင့် ယေရုရှလင် မြို့သားတို့သည် နံ့သာပေါင်းကိုမီးရှို့၍၊ ပူဇော်ဘူးသော ဘုရားများထံသို့သွား၍ အော်ဟစ်သော်လည်း၊ ဘေးရောက်ရာကာလ၌ ထိုဘုရားတို့သည် အလျှင်းချမ်းသာမပေးဘဲ နေကြလိမ့်မည်။


ဤလူမျိုးအဘို့ ဆုမတောင်းနှင့်

၁၃ အိုယုဒပြည်၊ သင်သည် မြို့များ အရေအတွက်ရှိသည်အတိုင်း၊ သင်၏ ဘုရားများ ရှိပါသည်တကား။ ယေရုရှလင်မြို့လမ်း များအရေအတွက် ရှိသည်အတိုင်း၊ ရှက်ဘွယ်သော ရုပ်တုအဘို့၊ ယဇ်ပလ္လင်များ၊ ဗာလဘုရားရှေ့မှာ နံ့သာပေါင်းရှို့ရာယဇ်ပလ္လင်များကို တည်ကြပြီ။ ၁၄ သို့ဖြစ်၍ သင်သည် ဤလူမျိုးအဘို့ ပဌနာမပြုနှင့်။ သူတို့အဘို့ အော်ဟစ်ခြင်း၊ ဆုတောင်းခြင်းကို မပြုနှင့်။ [D] ဘေးရောက်သည်ကာလ၊ သူတို့အော်ဟစ်သော စကားကို ငါနားမထောင်။ ၁၅ ငါချစ်သော အစ်မသည် များစွာသောသူတို့နှင့် မတရားသဖြင့် ပေါင်းဖေါ်၍၊ ဆိုးညစ်စဉ်တွင်၊ ငါ့အိမ်နှင့်အဘယ် သို့ဆိုင်သနည်း။ သင်သည် သန့်ရှင်းသော အမဲသားကို မပူဇော်ရ။ ဒုစရိုက်ကို ပြုစဉ်တွင်ပင်၊ ဝမ်းမြောက်ပါသည်တကား၊ ၁၆ စိမ်းလန်းလှပ၍ ကောင်းသော အသီးကို သီးသောသံလွင်ပင်ဟု သင့်ကို ထာဝရဘုရား သမုတ်တော်မူ၏။ ကြီးသောအသံဗလံနှင့် ထိုအပင်ကို မီးရှို့တော်မူ၍၊ အခက်အလက်တို့သည်​ ကျွမ်းလောင်ကြ၏။ ၁၇ ဣသရေလ အမျိုးနှင့် ယုဒအမျိုးသားတို့သည်၊ ဗာလဘုရားရှေ့မှာ နံ့သာပေါင်းကို မီးရှို့၍၊ ငါ့အမျက်ကို နှိုးဆော်ခြင်းငှါ မိမိတို့အဘို့မကောင်းသော အမှုကို ပြုသောကြောင့်၊ သင့်ကိုစိုက်တော်မူသော ကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရားသည်၊ သင်၌ အမှုရောက်မည်အကြောင်း မိန့်တော်မူပြီ။


အာနသုတ်မြို့သားတို့က ယေရမိကို သတ်ဘို့ကြံ

၁၈ ထာဝရဘုရားသည် ငါ့အား ဗျာဒိတ်ပေးတော်မူသောကြောင့် ငါသိရ၏။ သူတို့ပြုသော အမှုများကို ကိုယ်တော်သည် ပြတော်မူပြီ။ ၁၉ အသေသတ်ခြင်းငှါ ဆောင်သွားသော သိုးသငယ်ယဉ်ကဲ့သို့ ငါဖြစ်၏။ သူတို့က၊ သူ၏နာမကို ရှင်းရှင်းပျောက်စေ ခြင်းငှါ၊ အသီးအကင်းနှင့်တကွ အပင်ကို ရှင်းရှင်းဖျက်၍၊ အသက်ရှင်သော သူတို့၏နေရာမှ သူ့ကို ပယ်ဖြတ်ကြကုန်အံ့ဟု ငါ့တဖက်၌ မကောင်းသောအကြံနှင့် ကြံစည်ကြောင်းကို ငါမသိ။ ၂၀ နှလုံးကျောက်ကပ်ကို စစ်ကြော၍၊ တရားသဖြင့် စီရင်တော်မူသော ကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ထိုသူတို့အား အပြစ်ပေးတော်မူကြောင်းကို အ​ကျွန်ုပ် မြင်လိုပါ၏။ အ​ကျွန်ုပ်အမှုကို ကိုယ်တော်အား ကြားလျှောက်ပါပြီ။ ၂၁ ထာဝရဘုရား မိန့်တော်မူသည်ကား၊ အာနသုတ်မြို့သားတို့က၊ သင်သည် ငါတို့လက်ဖြင့် မသေရမည်အကြောင်း၊ ထာဝရဘုရား၏ နာမတော်အားဖြင့်ပရောဖက်မပြုနှင့် ဆိုလျက်၊ သင်၏အသက်ကို ရှာကြသောကြောင့်၊ ၂၂ ငါသည် သူတို့ကို စစ်ကြောသဖြင့်၊ လူတို့သည်ဓါးဖြင့်သေကြလိမ့်မည်။ သားသမီးတို့သည် ငတ်မွတ်၍ သေကြလိမ့်မည်။ ၂၃ တစုံတယောက်မျှ မကြွင်းရ။ ထိုသို့စစ်ကြောရာ ကာလတည်းဟူသော ဘေးဥပဒ်ကို အာနသုတ်မြို့သားတို့ အပေါ်သို့ ငါသက်ရောက်စေမည်ဟု ကောင်းကင်ဗိုလ်​ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.