-
AA
+
🡀
|
🡂
သုတ္တံကျမ်း
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


သုတ္တံကျမ်း
အခန်းကြီး ၆



ငါ့သား၊ သင်သည် အဆွေခင်ပွန်းအတွက် အာမခံမိသော်၎င်း၊ သူတပါးနှင့် လက်ဝါးချင်း ရိုက်မိသော်၎င်း၊ ကိုယ်နှုတ်ထွက်စကားဖြင့် ကျော့မိပြီ။ ကိုယ်နှုတ်ပြောသော စကားကြောင့် အမှုရောက်လေပြီ။ ငါ့သား၊ သင်သည် အဆွေခင်ပွန်းလက်သို့ ရောက်မိလျှင်၊ ကိုယ်ကိုနှုတ်အံ့သောငှါ အဘယ်သို့ ပြုရမည်နည်းဟူမူကား အဆွေခင်ပွန်းထံသွား၍ ကိုယ်ကို နှိမ့်ချလျက် သူ့ကိုနှိုးဆော်လော့။ အိပ်မပျော်နှင့်။ မျက်စိမှိတ်၍ မငိုက်နှင့်။ မုဆိုးလက်မှ သမင်ဒရယ်ကို၎င်း၊ ငှက်ကို၎င်း နှုတ်ရသကဲ့သို့ ကိုယ်ကို နှုတ်လော့။


လူပျင်းပရွတ်ဆိတ်ထံ သင်တန်းတက်ရန်

အချင်းလူပျင်း၊ ပရွက်ဆိတ်ထံသို့သွား၍၊ သူ၏အပြုအမူတို့ကို ဆင်ခြင်သဖြင့် ပညာရှိစေလော့။ ပရွတ်ဆိတ်သည် ဆရာမရှိ၊ ပဲ့ပြင်သောသူမရှိ၊ မင်းမရှိဘဲလျက်၊ နွေကာလနှင့် စပါးရိတ်ရာကာလ၌ မိမိစားစရာအစာကို ရှာဖွေသိုထားတတ်၏။ အိုလူပျင်း၊ သင်သည် အဘယ်မျှကာလပတ်လုံး အိပ်လျက် နေလိမ့်မည်နည်း။ အဘယ်သောအခါ နိုးလိမ့်မည်နည်း။ ၁၀ ခဏအိပ်လျက်၊ ခဏပျော်လျက်၊ အိပ်ပျော်အံ့သောငှါ ခဏလက်ချင်းပိုက်လျက် နေစဉ်တွင်၊ ၁၁ ဆင်းရဲခြင်းသည် ခရီးသွားသောသူကဲ့သို့၎င်း၊ ဥစ္စာပြုန်းတီးခြင်းသည် သူရဲကဲ့သို့၎င်း ရောက်လာလိမ့်မည်။

၁၂ ဆိုးယုတ်သောသူနှင့် မတရားသောသူသည် ကောက်လိမ်သောစကား၌ ကျင်လည်တတ်၏။ ၁၃ မျက်တောင်ခတ်လျက်၊ ​ခြေဖြင့်အမှတ်ပေးလျက်၊ လက်ချောင်းတို့ဖြင့် သွန်သင်လျက် ပြုတတ်၏။ ၁၄ ကောက်သော စိတ်သဘောနှင့် ပြည့်စုံ၍၊ မကောင်းသော အကြံကို အစဉ်အကြံ စည်တတ်၏။ သူတပါးချင်း ရန်တွေ့စေခြင်းငှါ ပြုတတ်၏။ ၁၅ ထိုကြောင့်သူသည် အမှတ်တမဲ့ အမှုရောက်၍၊ ကိုးကွယ်ရာမရဘဲ ချက်ခြင်း ကျိုးပဲ့ ပျက်စီးရလိမ့်မည်။

၁၆ ထာဝရဘုရား မုန်းတော်မူသော အရာခြောက်ပါးမက၊ စက်ဆုပ်ရွံ့ရှာတော်မူသော အရာ ခုနစ်ပါးဟူမှုကား၊ ၁၇ ထောင်လွှားသော မျက်နှာတပါး၊ မုသာ၌ ကျင်လည်သော လျှာတပါး၊ အပြစ်မရှိသောသူ၏ အသက်ကို သတ်သော လက်တပါး၊ ၁၈ မကောင်းသော အကြံကို ကြံစည်သော နှလုံးတပါး၊ အပြစ်ပြုရာသို့ အလျှင်အမြန် ပြေးတတ်သော ခြေတပါး၊ ၁၉ မုသာစကားကိုပြော၍ မမှန်သော သက်သေတပါး၊ အပေါင်းဖေါ်ချင်း ရန်တွေ့စေခြင်းငှါ ပြုတတ်သောသူ တပါးတည်း။

၂၀ ငါ့သား၊ အဘ၏ ပညတ်စကားကို နားထောင်လော့။ အမိပေးသော တရားကို မပယ်နှင့်။ ၂၁ နှလုံးပေါ်မှာ အမြဲချည်၍ လည်ပင်း၌ ဆွဲထားလော့။ ၂၂ သင်သည် အခြားသို့ သွားသောအခါ၊ ထိုပညတ်တရားသည် လမ်းပြလိမ့်မည်။ အိပ်သောအခါ သင့်ကို စောင့်လိမ့်မည်။ နိုးသောအခါ သင်နှင့် နှုတ်ဆက်လိမ့်မည်။ ၂၃ အကြောင်းမူကား၊ ပညတ်တော်သည် မီးခွက်ဖြစ်၏။ တရားတော်သည် အလင်းဖြစ်၏။ အပြစ်ကို ပြတတ်သော ဩဝါဒစကားသည် အသက်လမ်းဖြစ်၏။ ၂၄ ဆိုးသောမိန်းမနှင့်၎င်း၊ အမျိုးပျက်သော မိန်းမ ချော့မော့တတ်သော နှုတ်နှင့်၎င်း လွတ်စေခြင်းငှါ၊ သင့်ကိုစောင့်ဘို့ရာဖြစ်သတည်း။ ၂၅ ထိုသို့သော မိန်းမသည် အဆင်းလှသော်လည်း၊ တပ်မက်သောစိတ်မရှိနှင့်။ သူသည် မျက်ခမ်းတို့ဖြင့် သင့်ကို မကျော့မိစေနှင့်။ ၂၆ အကြောင်းမူကား၊ ပြည်တန်ဆာမကို မှီဝဲသော ယောကျ်ားသည် ဆင်းရဲ၍၊ မုန့်တလုံးကိုသာ ရတတ်၏။ နောက်မီးလင်းသော မိန်းမသည်လည်း မြတ်သောအသက်ကို ဖမ်းတတ်၏။ ၂၇ လူသည် အဝတ်မလောင်ဘဲ မီးကိုပိုက်ဘက်နိုင်သလော။ ၂၈ ​ခြေမလောင်ဘဲ မီးခဲပေါ်မှာ နင်းနိုင်သလော။ ၂၉ သူမယားထံသို့ ဝင်သောသူသည် ထိုနည်းတူဖြစ်၏။ သူ့မယားကို ပြစ်မှားသောသူ မည်သည်ကား၊ အပြစ်နှင့် မကင်းမလွတ်နိုင်ရာ၊ ၃၀ မွတ်သိပ်သော စိတ်ပြေစေခြင်းငှါ၊ ခိုးသောသူပင် အပြစ်မလွတ်ရ။ ၃၁ တွေ့မိလျှင် ခုနစ်ဆပြန်ပေးရမည်။ ကိုယ်အိမ်၌ ရှိသမျှသောဥစ္စာတို့ကို လျော်ရမည်။ ၃၂ သူ့မယားကို ပြစ်မှားသောသူသည် ဥာဏ်မရှိ။ ထိုသို့ပြုသောသူသည် မိမိအသက်ကို ဖျက်ဆီးတတ်၏။ ၃၃ နာကျင်စွာ ထိခိုက်ခြင်းနှင့် အသရေရှုတ်ချခြင်းကို ခံရလိမ့်မည်။ သူ၏အရှက်ကွဲခြင်းသည် မပြေနိုင်။ ၃၄ အကြောင်းမူကား၊ ယောကျ်ားသည် မယားကို မယုံသောစိတ်ရှိလျှင်၊ ပြင်းထန်စွာ အမျက်ထွက်တတ်၏။ အပြစ် ပေးချိန်ရောက်သောအခါ သနားခြင်းမရှိတတ်၏။ ၃၅ လျော်ပြစ်ငွေမည်မျှကို ပမာဏမပြုတတ်။ များစွာသော လက်ဆောင်တို့ကို ပေးသော်လည်း စိတ်မပြေတတ်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.