-
AA
+
🡀
|
🡂
သုတ္တံကျမ်း
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


သုတ္တံကျမ်း
အခန်းကြီး ၄


အဘစကား နားထောင်လော့

ငါသားတို့၊ အဘ၏ နည်းဥပဒေသကို နားထောင်၍၊ ဥာဏ်သဘောကို နားလည်ခြင်းငှါ စေ့စေ့မှတ်ကြလော့။ ကောင်းသောဩဝါဒကို ငါပေး၏။ ငါ့ပညတ်တရားကို မပယ်ကြနှင့်။ ငါမူကား၊ အဘ၏ရင်နှစ်၊ အမိရှေ့မှာနူးညံ့၍ အချစ်ဆုံးသော သားဖြစ်၏။ ငါ့အဘ သွန်သင်၍ မြွတ်ဆိုလေသည်ကား၊ ငါ့စကားကို သင်၏နှလုံး၌ သွင်းမိ၍၊ [A] ငါ့ပညတ်တို့ကို ကျင့်စောင့်သဖြင့် အသက်ရှင်လော့။


ပညာကို ဆည်းဖူးလော့

ပညာကိုဆည်းဖူးလော့။ ဥာဏ်ကိုဆည်းဖူးလော့။ သတိမလစ်စေနှင့်။ ငါ၏ နှုတ်ထွက်စကားကို မလွှဲမရှောင်နှင့်။ ပညာကိုမစွန့်နှင့်။ သူသည် သင့်ကို ထိန်းသိမ်းလိမ့်မည်။ သူ့ကိုချစ်လော့။ သင့်ကို စောင့်မလိမ့်မည်။ ပညာသည် အမြတ်ဆုံးသော အရာဖြစ်၏။ ပညာကို ဆည်းဖူးလော့။ ဆည်းဖူးသမျှသော ဥစ္စာတို့တွင် ဥာဏ်ကို ဆည်းဖူးလော့။ သူ့ကိုအမြတ်ထားလော့။ သူသည် သင့်ကို ချီးမြောက်လိမ့်မည်။ သူ့ကိုဘက်ယမ်းလျှင် ဂုဏ်သရေကို ပေးလိမ့်မည်။ သင်၏ခေါင်းကို တင့်တယ်သော ဦးရစ်နှင့်ပတ်ရစ်၍၊ ဘုန်းကြီးသော သရဖူကို အပ်နှံလိမ့်မည်။


ငါ့သား ငါ့စကားကို နားထောင်လော့

၁၀ ငါ့သား၊ ငါ့စကားကို နားထောင်နာယူလော့။ သို့ပြုလျှင် သင့်အသက် နှစ်ပေါင်းများလိမ့်မည်။ ၁၁ ပညာလမ်းကို ငါပြသ၍၊ မှန်သော လမ်းခရီးတို့၌ သင့်ကို ငါပို့ဆောင်၏။ ၁၂ လျှောက်သွားလျှင် ကျဉ်းမြောင်းရာသို့ မရောက်၊ ပြေးသောအခါ တိုက်မိ၍ မလဲရ။ ၁၃ ဥပဒေသကို ကိုင်ဆွဲလော့။ မလွှတ်နှင့်။ စောင့်ထားလော့။ အသက်ရှင်ခြင်း၏ အကြောင်းဖြစ်၏။


အဓမ္မလူတို့လမ်း မလိုက်နှင့်
CROSS REFERENCES






၁၄ အဓမ္မလူတို့ လမ်းထဲသို့မဝင်နှင့်။ ဆိုးယုတ်သော သူတို့နှင့်အတူ မလိုက်နှင့်။ ၁၅ သူတို့လမ်းကို ကြဉ်ရှောင်လော့။ လိုက်မသွားနှင့်။ လွှဲ၍သွားလော့။ ၁၆ သူတို့သည် သူတပါး၌ အပြစ်မပြုရလျှင် မအိပ်တတ်။ တစုံတယောက်သောသူကို မလဲစေလျှင် အိပ်၍မပျော်တတ်။ ၁၇ ဒုစရိုက်နှင့်ဆိုင်သော မုန့်ကိုစား၍ ညှဉ်းဆဲခြင်းနှင့် ဆိုင်သော စပျစ်ရည်ကို သောက်တတ်ကြ၏။ ၁၈ ​ဖြောင့်မတ်သောသူတို့၏ လမ်းသည် တက်သော အာရုဏ်ကဲ့သို့ဖြစ်၍၊ နေထွက်သည့် တိုင်အောင် တိုးပွားထွန်းလင်းတတ်၏။ [B] ၁၉ မတရားသောသူတို့၏ လမ်းမူကား မှောင်မိုက်သကဲ့သို့ဖြစ်၍ သူတို့သည် လဲသောအခါ၊ အဘယ်အရာကို တိုက်မိသည်၊ ဟုမသိရကြ။


သင့်နှလုံးစောင့်ရှောက်လော့
CROSS REFERENCES






၂၀ ငါ့သား၊ ငါ့စကားကို နားထောင်လော့။ ငါဟောပြောချက်တို့ကို နားသွင်းလော့။ ၂၁ သင့်မျက်မှောက်မှ မကွာစေနှင့်။ နှလုံးသွင်း၌ စောင့်ထားလော့။ [C]၂၂ အကြောင်းမူကား၊ ထိုတရားစကားကို တွေ့ရသောသူတို့သည် အသက်ရှင်ခြင်း၊ တကိုယ်လုံး ကျန်းမာခြင်းအကြောင်းကို တွေ့ရပြီ။ ၂၃ နှလုံးသည် အသက်၏ အခြေအမြစ်ဖြစ်သောကြောင့်၊ သင်၏နှလုံးကို အထူးသဖြင့် စောင့်ရှောက်လော့။ ၂၄ ကောက်သော စကားတို့ကို၎င်း၊ ငြင်းဆန်တတ်သော နှုတ်ခမ်းတို့ကို၎င်း၊ ဝေးစွာပယ်ရှောင်လော့။ ၂၅ သင်၏မျက်စိသည် ရှေ့ရှုကြည့်၍၊ မျက်ခမ်းတို့သည် တည့်တည့်အာရုံပြုစေလော့။ ၂၆ သင်သွားရာလမ်းကို စူးစမ်း၍၊ သွားလေရာ၌ တည်ကြည်ခြင်း ရှိစေလော့။ ၂၇ လကျ်ာဘက်၊ လက်ဝဲဘက်သို့ မတိမ်းမလွှဲနှင့်။ ဒုစရိုက်ပြုရာလမ်းကို ရှောင်လော့။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.