-
AA
+
🡀
|
🡂
သုတ္တံကျမ်း
၂၈
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


သုတ္တံကျမ်း
အခန်းကြီး ၂၈



လိုက်သောသူမရှိသော်လည်း၊ မတရားသောသူသည်ပြေးတတ်၏။ ​ဖြောင့်မတ်သောသူမူကား၊ ခြင်္သေ့ကဲ့သို့ရဲရင့်တတ်၏။ ပြည်သူပြည်သားအပြစ်ကြောင့်၊ မင်းတို့သည်များပြားတတ်ကြ၏။ ဥာဏ်ပညာနှင့်ပြည့်စုံသောသူအားဖြင့်နိုင်ငံတည်တတ်၏။ ဆင်းရဲသားတို့ကိုညှဉ်းဆဲသောဆင်းရဲသားသည်အဘယ်စားစရာမျှမကြွင်းစေဘဲ၊ သုတ်သင်ပယ်ရှင်းသောမိုးရေနှင့်တူ၏။ တရားကိုဖျက်သောသူသည်မတရားသောသူတို့ကိုချီးမွမ်းတတ်၏။ တရားကိုစောင့်သောသူမူကား၊ သူတို့နှင့်ဆန့်ကျင်ဘက်ပြုတတ်၏။ အဓမ္မလူသည်တရားစီရင်ခြင်းကိုနားမလည်တတ်။ ထာဝရဘုရားကိုရှာသောသူမူကားခပ်သိမ်းသောစီရင်ခြင်းကို နားလည်တတ်၏။ မမှန်သောအမှုကိုပြုသောသူသည်ငွေရတတ်သော်လည်း၊ ​ဖြောင့်မတ်ခြင်းလမ်းသို့လိုက်သောဆင်းရဲသားသည်သာ၍မြတ်၏။ တရားကိုစောင့်သောသူသည်ပညာရှိသောသားဖြစ်၏။ စားကြူးသောသူတို့နှင့်ပေါင်းဖေါ်သောသူမူကား၊ မိမိအဘကိုအရှက်ခွဲတတ်၏။ အတိုးစား၍မတရားသောအမြတ်အားဖြင့်ဥစ္စာကိုဆည်းပူးသောသူသည်ဆင်းရဲသားတို့ကိုသနားသောသူအဘို့သာဆည်းပူးတတ်၏။ တရားမနာ၊ လွှဲသွားသောသူသည်ဆုတောင်းသော်လည်းသူ၏ပဌနာစကားသည် စက်ဆုပ်ရွံ့ရှာဖွယ်ဖြစ်၏။ ၁၀ ​ဖြောင့်မတ်သောသူကိုလမ်းလွှဲ၍မကောင်းသောလမ်းထဲသို့သွေးဆောင်သောသူသည်မိမိတူးသောတွင်းထဲသို့မိမိကျလိမ့်မည်။ သဘော​ဖြောင့်သောသူမူကား၊ ကောင်းသောအရာတို့ကိုအမွေခံရလိမ့်မည်။ ၁၁ ငွေရတတ်သောသူက၊ ငါသည်ပညာရှိ၏ဟုကိုယ်ကိုထင်တတ်၏။ ဥာဏ်ကောင်းသောဆင်းရဲသားမူကား၊ ထိုသူကိုစစ်ကြောတတ်၏။ ၁၂ ​ဖြောင့်မတ်သောသူတို့သည်ဝမ်းမြောက်သောအခါဘုန်းကြီးတတ်၏။ မတရားသောသူတို့သည်ချီးမြှောက်ခြင်းသို့ရောက်သောအခါလူတို့သည် ပုန်းရှောင်၍နေတတ်ကြ၏။ ၁၃ မိမိအပြစ်ကိုဝှက်ထားသောသူသည်ချမ်းသာမရ။ မိမိအပြစ်ကိုဖေါ်ပြဝန်ချ၍စွန့်ပစ်သောသူမူကား၊ ကရုဏာတော်ကိုခံရလိမ့်မည်။ [A] ၁၄ အစဉ်မပြတ်ကြောက်ရွံ့သောသူသည်မင်္ဂလာရှိ၏။ မိမိစိတ်နှလုံးကိုခိုင်မာစေသောသူမူကား၊ ဘေးဥပဒ်နှင့်တွေ့လိမ့်မည်။ ၁၅ ဆင်းရဲသားတို့ကိုအုပ်စိုးသောအဓမ္မမင်းသည်ဟောက်သောခြင်္သေ့၊ လှည့်လည်သောဝံနှင့်တူ၏။ ၁၆ ဥာဏ်မရှိသောမင်းသည်ပြင်းစွာညှဉ်းဆဲတတ်၏။ လောဘကိုမုန်းသောမင်းမူကား၊ အသက်တာရှည်လိမ့်မည်။ ၁၇ လူ့အသက်ကိုညှဉ်းဆဲသောသူသည်သင်္ချိုင်းတွင်းသို့ပြေးပါလေစေ။ အဘယ်သူမျှမဆီးတားစေနှင့်။

၁၈ ​ဖြောင့်သောလမ်းသို့လိုက်သောသူသည်ဘေးလွတ်လိမ့်မည်။ ကောက်သောလမ်းသို့လိုက်သောသူမူကား၊ ချက်ချင်းလဲလိမ့်မည်။ ၁၉ လယ်လုပ်သောသူသည်ဝစွာစားရ၏။ အချည်းနှီးသောအမှုကိုစောင့်သောသူမူကားဆင်းရဲခြင်းနှင့်ဝလိမ့်မည်။ ၂၀ သစ္စာစောင့်သောသူသည်ကောင်းကြီးမင်္ဂလာနှင့်ကြွယ်ဝလိမ့်မည်။ ငွေရတတ်ခြင်းငှါအလျှင်အမြန်ပြုသောသူမူကား၊ အပြစ်နှင့်မလွတ်ရ။ ၂၁ လူမျက်နှာကိုမထောက်ကောင်း။ သို့သော်လည်း၊ လူသည်မုန့်တဖဲ့ကိုရခြင်းငှါဒုစရိုက်ကိုပြုလိမ့်မည်။ ၂၂ ငွေရတတ်ခြင်းငှါအလျှင်အမြန်ပြုသောသူသည်မနာလိုသောသဘောရှိတတ်၏။ နောက်တဖန်ဆင်းရဲခြင်းသို့ရောက်မည်၊ ဟုမအောက့်မေ့တတ်။ ၂၃ ချော့မော့သောစကားကိုပြောသောသူသည်ကျေးဇူးကိုခံရသည်ထက်၊ ဆုံးမပြစ်တင်သောသူသည် နောက်တဖန်သာ၍ကျေးဇူးကိုခံရလိမ့်မည်။ ၂၄ အပြစ်မရှိဟုဆိုလျက်၊ မိဘဥစ္စာကိုလုယူသောသူသည် ဖျက်ဆီးသောသူ၏ အပေါင်းအဖေါ်ဖြစ်၏။ ၂၅ စိတ်မြင့်သောသူသည်ခိုက်ရန်ကိုနှိုးဆော်တတ်၏။ ထာဝရဘုရားကိုခိုလှုံသောသူမူကား၊ ကြွယ်ဝတတ်၏။ ၂၆ မိမိစိတ်နှလုံးကိုကိုးစားသောသူသည်လူမိုက်ဖြစ်၏။ ပညာသတိနှင့်ကျင့်သောသူမူကား၊ ဘေးလွတ်တတ်၏။ ၂၇ ဆင်းရဲသားတို့အားစွန့်ကြဲသောသူသည်ကိုယ်တိုင်မဆင်းရဲရာ။ လွှဲရှောင်သောသူမူကား၊ များစွာသောကျိန်ဆဲခြင်းကိုခံရလိမ့်မည်။ ၂၈ မတရားသောသူတို့သည်ချီးမြှောက်ခြင်းသို့ရောက်သောအခါ၊ လူတို့သည်ပုန်းရှောင်၍နေရကြ၏။ ပျက်စီးခြင်းသို့ ရောက်သောအခါ၊ ​ဖြောင့်မတ်သောသူတို့သည်ပွားများတတ်ကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.