-
AA
+
🡀
|
🡂
သုတ္တံကျမ်း
၂၄
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


သုတ္တံကျမ်း
အခန်းကြီး ၂၄



မတရားသောသူတို့ကိုမငြူစူနှင့်။ သူတို့နှင့်ပေါင်းဖေါ်ခြင်းငှါအလိုမရှိနှင့်။ သူတို့သည်ဖျက်ဆီးခြင်းငှါနှလုံးကြံစည်တတ်၏။ နှုတ်နှင့်လည်းဘေးပြုမည်စကားကိုပြောတတ်၏။ ဥာဏ်ပညာအားဖြင့်အိမ်ကိုတည်ဆောက်၍ခိုင်ခံ့ကျွန်ုပ်စေရ၏။ ပညာအတတ်အားဖြင့်အခန်းများတို့သည်အဘိုးထိုက်၍၊ နှစ်သက်ဘွယ်သောဥစ္စာအပေါင်းတို့နှင့်ပြည့်ရကြ၏။ ပညာရှိသောသူသည်တန်ခိုးရှိ၏။ ပညာအတတ်နှင့်ပြည့်စုံသောသူသည်ခွန်အားတိုးပွားတတ်၏။ ပညာရှိတို့နှင့်တိုင်ပင်ပြီးမှစစ်မှုကိုပြုရ၏။ အကြံပေးနိုင်သောသူများစွာရှိလျှင်ဘေးလွတ်တတ်၏။ ပညာမြင့်သောကြောင့်မိုက်သောသူမမှီနိုင်။ မြို့တံခါးဝ၌ စကားမပြောဝံ့။ မကောင်းသောအမှုကိုပြုခြင်းငှါကြံစည်သောသူကို၊ ဘေးပြုသောသူဟူ၍မှည့်ရ၏။ မိုက်သော အကြံအစည်အပြစ်ပါ၏။ မထီမဲ့မြင်ပြုသောသူသည်လည်း၊ လူစက်ဆုပ်ရွံရှာဘွယ်ဖြစ်၏။ ၁၀ သင်သည်အမှုရောက်သော ကာလ၌ စိတ်ပျက်လျှင်အားနည်း၏။ ၁၁ သင်္ချိုင်းသို့ထုတ်၍အသေခံလုသောသူတို့ကိုသင်သည်နှုတ်အံ့သောငှါအားမထုတ်ဘဲ နေလျက်၊ ၁၂ ငါတို့မသိဟုဆိုသော်လည်းနှလုံးသဘောကိုဆင်ခြင်သောသူသည်မမှတ်၊ သင်၏စိတ်ဝိညာဉ်ကိုစောင့်သောသူသည်မသိဘဲ၊ လူအသီးသီးတို့အားသူတို့အကျင့်နှင့်အလျောက်၊ အကျိုးအပြစ်ကိုမဆပ်မပေးဘဲနေတော်မူမည်လော။
CROSS REFERENCES





CROSS REFERENCES






၁၃ ငါ့သား၊ ပျားရည်ကောင်းသောကြောင့် စားလော့။ ချိုမြိန်သော ပျားလပို့ကိုလည်း စားလော့။ ၁၄ ထို့အတူသင်တွေ့ရသော ပညာတရားသည် စိတ်ဝိညာဉ်၌ အရသာနှင့်ပြည့်စုံ၍၊ သင်သည်မြော်လင့်ခြင်း [A]အကြောင်းမပျက်၊ ကောင်းသောအကျိုးကိုခံရလိမ့်မည်။ ၁၅ အိုမတရားသောသူ​ဖြောင့်မတ်သောသူ၏အိမ်ကိုချောင်း၍မကြည့်နှင့်။ သူ၏ငြိမ်ဝပ်ရာအရပ်ကိုမဖျက်နှင့်။ ၁၆ ​ဖြောင့်မတ်သောသူသည်ခုနစ်ကြိမ်လဲသော်လည်းထပြန်လိမ့်မည်။ မတရားသောသူမူကားလဲသောအခါဆုံးရှုံးလိမ့်မည်။ သင်၏ရန်သူလဲသောအခါဝမ်းမမြောက်နှင့်။ ​ခြေထိခိုက်သောအခါရွှင်လန်းသောအခါဆုံးရှုံးလိမ့်မည်။ ၁၇ သင်၏ရန်သူလဲသောအခါဝမ်းမမြောက်နှင့်။ ​ခြေထိခိုက်သောအခါရွှင်လန်းသောစိတ်မရှိနှင့်။ ၁၈ ရှိလျှင်ထာဝရဘုရားသိမြင်သဖြင့်မနှစ်သက်ဘဲသူမှအမျက်တော်ကိုလွှဲတော်မူမည်။ ၁၉ မတရားသောသူတို့ကြောင့်စိတ်မပူနှင့်။ အဓမ္မလူတို့ကိုမငြူစူနှင့်။ ၂၀ အကြောင်းမူကားမတရားသောသူသည်အကျိုးကိုမရ။ အဓမ္မလူ၏မီးခွက်သည်သေလိမ့်မည်။ ၂၁ ငါ့သားထာဝရဘုရားကို၎င်း၊ ရှင်ဘုရင်ကို၎င်း၊ ကြောက်ရွံ့လော့။ [B] မတည်ကြည်သောသူတို့နှင့် မရောနှောမပေါင်းဖေါ်နှင့်။ ၂၂ သူတို့ဘေးသည်ချက်ခြင်းရောက်တတ်၏။ ထိုနှစ်ပါးတို့၏အဆုံးကိုအဘယ်သူသိသနည်း။

၂၃ ထိုမှတပါး၊ ပညာရှိတို့နှင့်ဆိုင်သောအရာဟူမူကားတရားတွေ့မှုစီရင်ရာတွင်လူမျက်နှာကိုမထောက်ကောင်း။ ၂၄ သင်သည်ဖြောင့်မတ်၏ဟုမတရားသောသူအားဆိုသောသူကိုလူအမျိုးတို့သည်ကျိန်ဆဲကြလိမ့်မည်၊ လူအနွယ်တို့သည်စက်ဆုပ်ရွံရှာကြလိမ့်မည်။ ၂၅ ဆုံးမပြစ်တင်သောသူတို့မူကား၊ စိတ်သာယာလျက်ကောင်းကြီးမင်္ဂလာကိုခံလျက်ရှိကြလိမ့်မည်။ ၂၆ မှန်သောစကားကိုပြန်ပြောတတ်သောသူ၏နှုတ်ကိုလူတိုင်းနမ်းလိမ့်မည်။ ၂၇ ပြင်အရပ်မှာသင်၏အလုပ်ကိုပြင်လော့။ လယ်တော၌ ကိုယ်အဘို့ပြင်ဆင်လော့။ နောက်မှသင်၏နေရာအိမ်ကိုဆောက်လော့။ ၂၈ သင်၏အိမ်နီးချင်းတဘက်၌ အကြောင်းမရှိဘဲသက်သေမခံနှင့်။ ကိုယ်နှုတ်နှင့်သူတပါးကိုမလှည့်စားနှင့်။ ၂၉ သူသည်ငါ၌ ပြုသည်အတိုင်းသူ၌ ငါပြုမည်။ သူ့အကျင့်နှင့်အလျောက်အကျိုးအပြစ်ကိုငါဆပ်ပေးမည်ဟုမဆိုနှင့်။

၃၀ ပျင်းရိသောသူ၏လယ်ယာအနားနှင့်၊ ဥာဏ်မရှိသောသူ၏စပျစ်ဥယျာဉ်အနားမှာငါလျှောက်သွားစဉ်၊ ၃၁ ဆူးပင်များပြား၍မြေတပြင်လုံး၌ ဆူးလေပင်အနှံအပြားလွှမ်းမိုးလျက်ကျောက်ရိုးပြိုလျက်ရှိသည်ကို၊ ၃၂ ငါမြင်၍စေ့စေ့ဆင်ခြင်၏။ ကြည့်ရှု၍သွန်သင်ခြင်းကိုခံရ၏။ ၃၃ ခဏအိပ်လျက်၊ ခဏပျော်လျက်အိပ်ပျော်ခြင်းငှါခဏလက်ချင်းပိုက်လျက်နေစဉ်တွင် ၃၄ ဆင်းရဲခြင်းသည်ခရီသွားသောသူကဲ့သို့၎င်း၊ ဥစ္စာပြုန်းတီးခြင်းသည်သူရဲကဲ့သို့၎င်း၊ ရောက်လာလိမ့်မည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.