-
AA
+
🡀
|
🡂
သုတ္တံကျမ်း
၂၃
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


သုတ္တံကျမ်း
အခန်းကြီး ၂၃



မင်းနှင့်အတူထိုင်၍စားသောက်သောအခါသင့်ရှေ့မှာဘယ်သူရှိသည်ကိုစေ့စေ့ဆင်ခြင်လော့။ သင်သည်စားကြူးတတ်သောသူဖြစ်လျှင်သင်၏လည်ချောင်းကိုထားနှင့်ရွယ်လော့။ ထိုမင်း၏ခဲဖွယ်စားဖွယ်တို့ကိုအလိုမရှိနှင့်။ လှည့်စားတတ်သောအစာဖြစ်၏။ ငွေရတတ်ခြင်းငှါမကြိုးစားနှင့်။ ကိုယ်ဥာဏ်ကိုအမှီမပြုနှင့်။ ပျောက်တတ်သောအရာကို စေ့စေ့မျက်မှောက်ပြုသင့်သလော။ အကယ်စင်စစ်လင်းယုန်သည်မိုးကောင်းကင်သို့ပြန်တတ်သကဲ့သို့၊ ထိုအရာသည်အတောင်တို့ကိုလုပ်၍ပျံသွားတတ်၏။ [A] မနာလိုသောသူ၏အစာကိုမစားနှင့်၊ သူ၏ခဲဘွယ်စားဘွယ်ကိုအလိုမရှိနှင့်။ သူသည်စိတ်ထင်သည့်အတိုင်းဖြစ်၏။ စားသောက်တော့ဟုဆိုသော်လည်းစေတနာစိတ်မရှိ။ သင်သည်စားသောအစာကိုတဖန်အန်ရလိမ့်မည်။ သင်ချိုသောစကားလည်းယိုယွင်းလိမ့်မည်၊ မိုက်သောသူကြားအောင်စကားမပြောနှင့်။ သင်၏စကား၌ ပါသောပညာကို မထီမဲ့မြင်ပြုလိမ့်မည်။ ၁၀ အရင်စိုက်သောမြေမှတ်တိုင်ကိုမရွှေ့နှင့်။ မိဘမရှိသောသူတို့၏လယ်ကိုမသိမ်းနှင့်။ ၁၁ အကြောင်းမူကား၊ ထိုသူတို့ကိုရွေးတော်မူသောသူသည်တန်ခိုးကြီး၍သင့်တဘက်၌ သူတို့အမှုကိုစောင့်တော်မူလိမ့်မည်။ ၁၂ ဆုံးမဩဝါဒ၌ စိတ်နှလုံးစွဲလမ်း၍ပညာအတတ်စကားကိုနားခံလော့။ ၁၃ သူငယ်ကိုမဆုံးမဘဲမနေနှင့်။ ကြိမ်လုံးနှင့်ရိုက်သော်လည်းသူသည်မသေ၊ ၁၄ ကြိမ်လုံးနှင့်ရိုက်၍သူ၏အသက်ဝိညာဉ်ကိုမရဏာနိုင်ငံမှကယ်နှုတ်ရမည်။
CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES






၁၅ ငါ့သားသင့်နှလုံး၌ ပညာရှိလျှင်ငါ့နှလုံးနှင့်ငါကိုယ်တိုင်သည်ဝမ်းမြောက်လိမ့်မည်။ ၁၆ သင့်နှုတ်သည်မှန်သောစကားကို ပြောသောအခါ၊ ငါ့ကျောက်ကပ်ရွှင်လန်းလိမ့်မည်။ ၁၇ အပြစ်ထင်ရှားသောသူတို့ကို ငြူစူသောစိတ်မရှိစေနှင့်၊ တနေ့လုံး ထာဝရဘုရားကိုကြောက်ရွံ့သောသဘောရှိစေလော့။ [B] ၁၈ အကယ်စင်စစ် အမှုဆုံးဖြတ်ချိန်သည်ရောက်လိမ့်မည်။ သင်မြော်လင့်ခြင်း [C] အကြောင်းမပျက်ရာ။ ၁၉ ငါ့သား၊ ငါ့စကားကိုနားမထောင်၍ပညာရှိသဖြင့်ကိုယ်စိတ်နှလုံးကိုလမ်းမ၌ ပဲ့ပြင်လော့။ ၂၀ စပျစ်ရည်သောက်ကြူးသောသူ၊ အမဲသားစားကြူးသောသူတို့ကိုအပေါင်းအဖေါ်မလုပ်နှင့်။ ၂၁ အသောက်ကြူးသောသူနှင့်အစားကြူးသောသူသည်ဆင်းရဲခြင်းသို့ရောက်လိမ့်မည်။ အိပ်ကြူးသောသဘောသည်လူကိုအဝတ်စုတ်နှင့်ခြုံတတ်၏။ ၂၂ သင့်ကိုဖြစ်ဖွားစေသောအဘ၏စကားကိုနားထောင်လော့။ အသက်ကြီးသောအမိကိုမထီမဲ့မြင်မပြုနှင့်။ ၂၃ သမ္မာတရား [D]ကိုဝယ်လော့၊ မရောင်းနှင့်။ ပညာကို၎င်း၊ ဆုံးမဩဝါဒကို၎င်း၊ ဥာဏ်သတ္တိကို၎င်းထိုအတူပြုလော့။ ၂၄ ​ဖြောင့်မတ်သောသူ၏အဘသည်အလွန်ဝမ်းမြောက်လိမ့်မည်။ ပညာရှိသောသားကိုဖြစ်ဖွားစေသောသူသည်ထိုသား၌ အားရဝမ်းမြောက်လိမ့်မည်။ ၂၅ သင်၏မိဘတို့သည်ဝမ်းမြောက်၍သင့်ကိုမွေးဖွားသောသူသည်ရွှင်လန်းလိမ့်မည်။ ၂၆ ငါ့သား၊ သင့်နှလုံးကို ငါ့အားပေးလော့။ သင့်မျက်စိတို့သည်ငါသွားသောလမ်းကိုကြည့်မှတ်ပါစေ။ ၂၇ ပြည်တန်ဆာမသည်နက်သောကျုံးကဲ့သို့၎င်း၊ အမျိုးပျက်သောမိန်းမသည်ကျဉ်းသောမြေတွင်းကဲ့သို့၎င်း ဖြစ်၏။ ၂၈ သူသည်ဓါးပြကဲ့သို့ ချောင်းကြည့်တတ်၏။ လွန်ကျူးသောယောကျ်ား များပြားစေခြင်းငှါပြုတတ်၏။ ၂၉ အဘယ်သူသည်ဝမ်းနည်းခြင်းရှိသနည်း။ အဘယ်သူသည်ညည်းတွားခြင်းရှိသနည်း။ အဘယ်သူသည်ရန်တွေ့ခြင်းရှိသနည်း။ အဘယ်သူသည်မြည်တမ်းခြင်းရှိသနည်း။ အဘယ်သူသည်အကျိုးအကြောင်းမရှိ၊ ထိခိုက်၍နာခြင်းရှိသနည်း။ အဘယ်သူသည်မျက်စိနီခြင်းရှိသနည်းဟုမူကား၊ ၃၀ စပျစ်ရည်ကိုကြာမြင့်စွာသောက်လျက်နေသောသူ၊ ဆေးနှင့်ရောသောစပျစ်ရည်ကို ရှာတ်သောသူတို့သည်ထိုသို့သောလက္ခဏာရှိကြ၏။ ၃၁ ဖလား၌ နီလျက်၊ အရောင်တောက်လျက်၊ အချိုအမြိန်ဝင်လျက်ရှိသော စပျစ်ရည်ကိုမကြည့်မရှုနှင့်။ ၃၂ နောက်ဆုံး၌ မြွေကဲ့သို့ကိုက်တတ်၏။ မြွေဆိုးကဲ့သို့နာစေတတ်၏။ ၃၃ သင့်မျက်စိတို့သည်အမျိုးပျက်သောမိန်းမတို့ကိုကြည့်ရှု၍၊ သင့်နှလုံးသည်လည်းကောက်သောစကားကိုမြွက်ဆိုလိမ့်မည်။ ၃၄ အကယ်စင်စစ်သင်သည်ပင်လယ်အလယ်၌ အိပ်သောသူ၊ သင်္ဘောရွက်တိုင်ဖျားပေါ်မှာအိပ်သောသူကဲ့သို့ဖြစ်လိမ့်မည်။ ၃၅ သူတို့သည်ငါ့ကိုရိုက်ကြပြီ။ သို့သော်လည်းငါမနာ။ ငါ့ကိုထိုးကြသော်လည်းငါမသိ။ အဘယ်အချိန်မှငါနိုးရမည်နည်း။ တဖန်ငါရှာဦးမည်ဟုသင်ဆိုလိမ့်သတည်း။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.