-
AA
+
🡀
|
🡂
သုတ္တံကျမ်း
၂၁
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


သုတ္တံကျမ်း
အခန်းကြီး ၂၁


CROSS REFERENCES






ရှင်ဘုရင်၏စိတ်နှလုံးသည်ရေချောင်းကဲ့သို့ဖြစ်၍၊ ထာဝရဘုရား၏လက်တော်၌ ရှိသဖြင့်၊ အလိုတော်ရှိသည်အတိုင်းလှည့်စေတော်မူ၏။ လူတို့သည်မိမိတို့ကျင့်သမျှသောအကျင့်တို့ကိုနှစ်သက်တတ်၏။ ထာဝရဘုရားမူကားစိတ်နှလုံးတို့ကိုချိန်တော်မူ၏။ ယဇ်ပူဇော်ခြင်းကိုနှစ်သက်သည်ထက်​ဖြောင့်မတ်စွာပြုခြင်း၊ တရားသဖြင့်စီရင်ခြင်းကိုထာဝရဘုရားသည်သာ၍နှစ် သက်တော်မူ၏။ ထောင်လွှားသောမျက်နှာ၊ မာနကြီးသောနှလုံး၊ မတရားသောသူတို့၏အလင်းသော်လည်း အပြစ်ပါ၏။ လုံ့လဝိရိယပြုသောသူ၏အကြံအစည်သည်ကြွယ်ဝခြင်းနှင့်၎င်း၊ သမ္မာသတိမရှိသောသူ၏အကြံအစည်သည်ဆင်းရဲခြင်းနှင့်၎င်းဆိုင်ပေ၏။ မုသာစကားအားဖြင့်ဘဏ္ဍာကိုဆည်းဖူးခြင်းအမှုသည်၊ သေမင်းကျော့ကွင်းတို့တွင် ပျောက်လွင့်သောအနတ္တဖြစ်၏။ [A] မတရားသောသူတို့သည်တရားသဖြင့်မစီရင်လိုသောကြောင့်၊ မိမိညှဉ်းဆဲခြင်းအပြစ်သည်မိမိကိုဖျက်ဆီးလိမ့်မည်။ လမ်းလွဲသွားသောသူသည်ကွာဝေးရာသို့ရောက်တတ်၏။ စင်ကြယ်သောသူပြုသောအမှုမူကားမှန်ပေ၏။ ရန်တွေ့တတ်သောမိန်းမနှင့်အတူလူများသောအိမ်၌ နေသည်ထက်၊ အိမ်မိုးပေါ်ထောင့်ထဲမှာနေသော်သာ၍ကောင်း၏။ ၁၀ မတရားသောသူသည်မနာလိုသောစိတ်ရှိ၏။ အိမ်နီးချင်း၌ ကျေးဇူးပြုချင်သောအလိုမရှိ။ ၁၁ မထီမဲ့မြင်ပြုသောသူသည်အပြစ်ဒဏ်ကိုခံရသောအခါ၊ ဥာဏ်တိမ်သောသူသည်သတိရတတ်၏။ သတိရသောသူသည်လည်း သွန်သင်ခြင်းကိုခံသောအခါ၊ ပညာတိုးပွါးတတ်၏။ ၁၂ တရားသောသူသည်မတရားသောသူ၏အိမ်ကိုပညာစိတ်နှင့် ဆင်ခြင်တတ်၏။ မတရားသောသူတို့မူကား၊ မိမိတို့ပြုသောဒုစရိုက်အားဖြင့်ပျက်စီးခြင်းသို့ရောက်တတ်ကြ၏။ ၁၃ ဆင်းရဲသောသူ၏အော်ဟစ်သံကိုမကြားလို၍၊ နားကိုပိတ်သောသူသည်ကိုယ်တိုင်အော်ဟစ်၍အဘယ်သူမျှမကြားရ။ ၁၄ တိတ်ဆိတ်စွာပေးသောလက်ဆောင်သည်သူ့စိတ်ကို၎င်း၊ ရင်ခွင်၌ ချထားသောလက်ဆောင်ပဏ္ဏာသည်ပြင်းစွာသောအမျက်ကို၎င်း ​ဖြေတတ်၏။ ၁၅ ​ဖြောင့်မတ်သောသူသည်တရားသဖြင့်စီရင်၍ဝမ်းမြောက်တတ်၏။ အဓမ္မအမှုတို့ကိုပြုသောသူမူကား၊ ပျက်စီးခြင်းသို့ရောက်လိမ့်မည်။ ၁၆ ဥာဏ်ပညာလမ်းမှလွဲသွားသောသူသည်သင်္ချိုင်းသားအစုအဝေး၌ နေရာကျလိမ့်မည်။

၁၇ ကာမဂုဏ်၌ မွေ့လျော်သောသူသည်၊ ဆင်းရဲခြင်းသို့ရောက်လိမ့်မည်။ စပျစ်ရည်နှင့်ဆီကိုကြိုက်သောသူသည်လည်းငွေကို မရတတ်ရ။ ၁၈ မတရားသောသူသည်တရားသောသူအဘို့၊ လွန်ကျူးသောသူသည်ဖြောင့်မတ်သောသူအဘို့ရွေးရန်ဖြစ်၏။ ၁၉ စိတ်တို၍ရန်တွေ့တတ်သောမိန်းမနှင့်နေသည်ထက်၊ တောလွင်ပြင်၌ နေသော်သာ၍ကောင်း၏။ ၂၀ ပညာရှိသောသူ၏အိမ်၌ နှစ်သက်ဘွယ်သောဘဏ္ဍာနှင့်ဆီရှိတတ်၏။ မိုက်သောသူမူကားကုန်စေတတ်၏။ ၂၁ ​ဖြောင့်မတ်ခြင်းတရားနှင့် ကရုဏာတရားကိုရှာသောသူသည်အသက်ရှင်ခြင်း၊ ​ဖြောင့်မတ်ခြင်း၊ ဂုဏ်အသရေထင်ရှားခြင်းတို့ကိုတွေ့တတ်၏။ ၂၂ ပညာရှိသောသူသည်ခိုင်ခံ့သောမြို့ရိုးကိုတက်၍၊ မြို့သားကိုးစားစရာခွန်အားကိုရှုတ်ချတတ်၏။ ၂၃ မိမိနှုတ်နှင့်လျှာကိုစောင့်သောသူသည်၊ မိမိစိတ်ဝိညာဉ်ကိုဒုက္ခနှင့်လွတ်စေခြင်းငှါစောင့်ရာရောက်၏။ ၂၄ ပြင်းစွာသောဒေါသအမျက်၌ ကျင်လည်သောသူကို၊ ထောင်လွားစော်ကားသောသူ၊ မထီမဲ့မြင်ပြုသောသူဟူ၍သမုတ်အပ်၏။ ၂၅ ပျင်းရိသောသူသည်အလုပ်မလုပ်ချင် သောကြောင့်၊ မိမိတပ်မက်သောအားဖြင့်သေတတ်၏။ ၂၆ တနေ့လုံးတပ်မက်အားကြီးတတ်၏။ ​ဖြောင့်မတ်သောသူမူကား မနှောမြောဘဲစွန့်ကြဲတတ်၏။ ၂၇ မတရားသောသူပူဇော်သောယဇ်သည်စက်ဆုပ်ရွံ့ရှာဘွယ်ဖြစ်၏။ ထိုမျှမကမတရားသော စိတ်နှင့်ပူဇော်လျှင်သာ၍ဖြစ်၏။ ၂၈ မမှန်သောသက်သေသည်ပျက်တတ်၏။ ကိုယ်တိုင်ကြားသောသူမူကား၊ တည်ကြည်စွာ ပြောတတ်၏။ ၂၉ မတရားသောသူသည်မိမိမျက်နှာကိုခိုင်မာစေတတ်၏။ ​ဖြောင့်မတ်သောသူမူကား၊ မိမိသွားရာလမ်းကို ပြင်ဆင်တတ်၏။ ၃၀ ထာဝရဘုရားတဘက်၌ ဥာဏ်မတည်၊ ပညာမတည်၊ အကြံတစုံတခုမျှမတည်နိုင်။ ၃၁ စစ်တိုက်ရာကာလအဘို့မြင်းများကိုပြင်ဆင်သော်လည်း၊ အောင်မြင်ခြင်းသည်ဘုရားသခင်၌ ရှိ၏။ (a)

_________________________
Footnotes


(a)

မြန်မာကျမ်းစာအုပ်၌ ထာဝရဘုရား၏ကျေးဇူးတော်ကြောင့်ချမ်းသာရပါ၏ ၊ ဟုဘာသာပြန်ထားသည်။ အင်္ဂလိပ်လို victory belongs to the Lord ဟုပြန်ထားသည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.