-
AA
+
🡀
|
🡂
သုတ္တံကျမ်း
၁၂
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


သုတ္တံကျမ်း
အခန်းကြီး ၁၂



နည်းဥပဒေကိုခံချင်သောသူသည်ပညာအတတ်ကိုနှစ်သက်၏။ ဆုံးမခြင်းကိုမုန်းသောသူမူကား၊ တိရစ္ဆာန်သဘောရှိ၏။ သူတော်ကောင်းသည်ထာဝရဘုရားရှေ့တော်၌ မျက်နှာရတတ်၏။ မကောင်းသောအကြံကိုကြံစည်သောသူမူကား၊ အပြစ် စီရင်တော်မူခြင်းကိုခံရ၏။ လူသည်ဒုစရိုက်အားဖြင့်ကျွန်ုပ်ခြင်းသို့မရောက်ရာ။ ​ဖြောင့်မတ်သောသူ၏အမြစ်မူကားမရွှေ့ရာ။ သီလရှိသောမိန်းမသည်မိမိလင်၌ ဦးရစ်သရဖူဖြစ်၏။ အရှက်ခွဲတတ်သောမိန်းမမူကား၊ လင်း၏အရိုးတို့၌ ဆွေးမြေ့ခြင်းကဲ့သို့ဖြစ်၏။ ​ဖြောင့်မတ်သောသူ၏အကြံသည်ဖြောင့်၏။ မတရားသောသူပေးသောအကြံမူကားမုသာဖြစ်၏။ မတရားသောသူ၏စကားသည်သူ့အသက်ကိုသတ်ခြင်းငှါစောင်းမြောင်းတတ်၏။ ​ဖြောင့်မတ်သောသူ၏နှုတ်မူကား၊ သူတပါးတို့ကိုကယ်နှုတ်တတ်၏။ မတရားသောသူ၏အိမ်သည်ပြိုလဲပျောက်ပျက်ခြင်း၊ ​ဖြောင့်မတ်သောသူ၏အိမ်မူကား၊ အမြဲတည်ခြင်းရှိတတ်၏။ လူသည်ဥာဏ်ပညာရှိသည်အတိုင်းချီးမွမ်းခြင်းကိုခံရ၏။ သဘောကောက်သောသူမူကား၊ မထီမဲ့မြင် ပြုခြင်းကိုခံရ၏။ စားစရာမရှိဘဲဝါကြွားသောသူထက်၊ အသရေမရှိ၊ ကိုယ်အလုပ်ကိုလုပ်ရသောသူသည်သာ၍ကောင်း၏။ ၁၀ ​ဖြောင့်မတ်သောသူသည်မိမိတိရစ္ဆာန်အသက်ကိုနှမြောတတ်၏။ မတရားသောသူမူကား၊ ကရုဏာအရာ၌ ပင်ကြမ်းကြုတ်တတ်၏။ ၁၁ မိမိလယ်ယာကိုလုပ်သောသူသည်ဝစွာစားရ၏။ အချည်းနှီးသောအမှုကိုစောင့်သောသူမူကား၊ ဥာဏ်ချို့တဲ့၏။ ၁၂ မတရားသောသူသည်လူဆိုးသုံးတတ်သောကျော့ကွင်းကိုအလိုရှိ၏။ ​ဖြောင့်မတ်သောသူ၏အမြစ်မူကား၊ အသီးကိုသီးတတ်၏။ ၁၃ စကားလွန်ကျူးရာတွင်ဆိုးသောကျော့ကွင်းရှိ၏။ ​ဖြောင့်မတ်သောသူမူကား၊ အမှုထဲကထမြောက်တတ်၏။ ၁၄ လူသည်မိမိနှုတ်ခမ်းအသီးကိုဝစွာစားရ၏။ မိမိလက်လုပ်ရာအကျိုးအပြစ်ကိုလည်းခံရ၏။

၁၅ မိုက်သောသူသည်မိမိပြုသောအမှုကိုမှန်သည်ဟုထင်တတ်၏။ အကြံပေးသောစကားကိုနားထောင်သောသူမူကား ပညာရှိ၏။ ၁၆ မိုက်သောသူ၏အမျက်ဒေါသသည်ချက်ခြင်းထင်ရှားတတ်၏။ ပညာသတိရှိသောသူမူကားရှက်စရာအမှုကို ဖုံးတတ်၏။ ၁၇ မှန်သောစကားကိုပြောသောသူသည်​ဖြောင့်မတ်ခြင်းတရား၊ မမှန်သောသက်သေကိုခံသောသူမူကား၊ မုသာတရားကိုပြသတတ်၏။ ၁၈ သန်လျက်နှင့်ထိုးသကဲ့သို့စကားပြောတတ်သောသူတချို့ရှိ၏။ ပညာရှိတို့၏လျှာမူကားအနာကို ပင်ပျောက်စေတတ်၏။ ၁၉ သစ္စာနှုတ်ခမ်းသည်အစဉ်အမြဲတည်၏။ မုသာလျှာမူကားခဏသာတည်၏။ ၂၀ မကောင်းသောအကြံကိုကြံသောသူတို့၏စိတ်ထဲမှာလှည့်စားတတ်သောသဘောရှိ၏။ ရန်ပြေစေခြင်းငှါအကြံပေးသောသူတို့၌ ကား၊ ဝမ်းမြောက်စရာအကြောင်းရှိ၏။ ၂၁ တရားသောသူ၌ အမင်္ဂလာမရောက်ရာ။ မတရားသောသူမူကား၊ အမင်္ဂလာနှင့်ပြည့်ဝရလိမ့်မည်။ ၂၂ မုသာသုံးသောနှုတ်ခမ်းသည်ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူဘွယ်ဖြစ်၏။ သစ္စာတရားကိုစောင့်ရှောက်သော သူတို့မူကား၊ နှစ်သက်တော်မူဘွယ်ဖြစ်ကြ၏။ ၂၃ ပညာသတိရှိသောသူသည်မိမိသိသောအရာကိုပင်ထိမ်ဝှက်တတ်၏။ မိုက်သောသူမူကား၊ မိမိစိတ်အလိုအလျောက်မိုက်သောသဘောကိုထင်ရှားပြတတ်၏။ ၂၄ လုံ့လဝရိယပြုသောသူသည် အစိုးရတတ်၏။ ပျင်းရိသောသူမူကား၊ အခွန်ပေးရ၏။ ၂၅ ဝမ်းနည်းခြင်းအကြောင်းသည်ညှိုးငယ်စေတတ်၏။ ကောင်းသောစကားမူကား၊ ရွှင်လန်းစေတတ်၏။ ၂၆ ​ဖြောင့်မတ်သောသူသည်အိမ်နီးချင်းကိုလမ်းပြတတ်၏။ မတရားသောသူလိုက်သောလမ်းမူကား၊ သူ့ကိုပင်လှည့်စားတတ်၏။ ၂၇ ပျင်းရိသောသူသည်မုဆိုးလုပ်သော်လည်းဖမ်းရသောအကောင်ကိုကင်၍မစားရ။ လုံ့လဝိရိယပြုသောသူ၏ဥစ္စာမူကားအဘိုးထိုက်ပေ၏။ ၂၈ ​ဖြောင့်မတ်ခြင်းတရားလမ်း၌ သေဘေးမရှိ၊ အသက်ချမ်းသာလမ်းဖြစ်၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.