-
AA
+
🡀
|
🡂
သုတ္တံကျမ်း
၁၁
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


သုတ္တံကျမ်း
အခန်းကြီး ၁၁


မမှန်သောချိန်ခွင်သည် ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူဘွယ်၊ မှန်သောအလေးမူကား၊ နှစ်သက်တော်မူဘွယ်ဖြစ်၏။ မာနထောင်လွှားသောအခါ၊ အရှက်ကွဲခြင်းဖြစ်တတ်၏။ စိတ်နှိမ့်ချသောသူတို့၌ ကားပညာရှိ၏။ ​ဖြောင့်သော သဘောသည် ဖြောင့်မတ်သောသူတို့ကို ပဲ့ပြင်တတ်၏။ ကောက်သောသဘောမူကား၊ လွန်ကျူးသောသူတို့ကို ဖျက်ဆီးတတ်၏။ အမျက်ဒေါသ ထွက်သောကာလ၌ စည်းစိမ်ဥစ္စာသည် အကျိုးမပေးနိုင်။ ​ဖြောင့်မတ်ခြင်း ပါရမီမူကား၊ သေခြင်းမှ ကယ်တင်တတ်၏။ ​ဖြောင့်မတ်ခြင်းပါရမီသည် စုံလင်သောသူတို့ကို ပဲ့ပြင်တတ်၏။ မတရားသောသူမူကား၊ မိမိမတရားသောအမှုအားဖြင့် ဆုံးရှုံးတတ်၏။ ​ဖြောင့်မတ်သောသူတို့၏​ ဖြောင့်မတ်သောသဘောသည် သူတို့ကို ကယ်တင်တတ်၏။ လွန်ကျူးသောသူတို့မူကား၊ မိမိတို့အဓမ္မ၌ ကျော့မိတတ်ကြ၏။ ဆိုးသောသူသည် သေသောအခါမြော်လင့်ခြင်းပျက်တတ်၏။ မတရားသောသူ၏တောင့်တခြင်းလည်း ပျက်တတ်၏။ ​ဖြောင့်မတ်သောသူသည် ဒုက္ခထဲကထွက်မြောက်၍၊ သူ့ကိုယ်စား မတရားသောသူခံရ၏။ အဓမ္မလူသည် မိမိနှုတ်ဖြင့်မိမိအိမ်နီးချင်းကို ဖျက်တတ်၏။ တရားသောသူမူကား၊ ပညာအတတ်အားဖြင့် အမှုလွတ်တတ်၏။ ၁၀ တရားသောသူသည် ကောင်းစားသောအခါ တမြို့လုံးဝမ်းမြောက်ခြင်းရှိ၏။ မတရားသောသူသည် ဆုံးရှုံးသောအခါမူကား၊ ကြွေးကြော်ခြင်းရှိ၏။ ၁၁ တရားသောသူသည် ကောင်းကြီးပေးသောအားဖြင့် သူ၏နေရာမြို့သည် ချီးမြှောက်ခြင်းသို့၎င်း၊ မတရားသောသူ၏နှုတ်ဖြင့် ဖြိုဖျက်ခြင်းသို့၎င်း၊ ရောက်တတ်၏။ ၁၂ ပညာမဲ့သောသူသည် မိမိအိမ်နီးချင်းကို မထီမဲ့မြင်ပြုတတ်၏။ ဥာဏ်ကောင်းသောသူမူကား၊ တိတ်ဆိတ်စွာနေတတ်၏။ ၁၃ လည်၍စကားများစွာ ပြောတတ်သောသူသည် လျှို့ဝှက်အပ်သောအရာကို ဖေါ်ပြတတ်၏။ သစ္စာစောင့်သောသူမူကား၊ ဝှက်ထားတတ်၏။ ၁၄ အကြံပေးနိုင်သောဥာဏ်မရှိလျှင် ပြည်သားတို့သည်ရှုံးတတ်၏။ အကြံပေးနိုင်သောသူ အများရှိလျှင်မူကား၊ ဘေးလွတ်တတ်၏။
CROSS REFERENCES






၁၅ အ​ကျွမ်းမဝင်သောသူ၏အမှု၌ အာမခံသောသူသည် အလွန်နာလိမ့်မည်။ လက်ဝါးချင်းရိုက်သောအမှုကို မုန်းသောသူမူကား၊ စိုးရိမ်စရာမရှိ။ ၁၆ နှစ်သက်ဖွယ်သောမိန်းမသည် ဂုဏ်အသရေကို၎င်း၊ ခွန်အားကြီးသောယောကျ်ားသည် စည်းစိမ်ကို၎င်း၊ ရတတ်၏။ ၁၇ သနားတတ်သောသူသည် မိမိကိုယ်၌ ကျေးဇူးပြုတတ်၏။ ကြမ်းကြုတ်သောသူမူကား၊ မိမိကိုယ်ကိုပင် နှောင့်ရှက်တတ်၏။ ၁၈ မတရားသောသူပြုသောအမှုသည် အမြဲမတည်တတ်။ ​ဖြောင့်မတ်ခြင်းတရားမျိုးစေ့ကို ကြဲသောသူမူကား၊ မြဲမြံသောအကျိုးကို ခံရလိမ့်မည်။ ၁၉ ​ဖြောင့်မတ်ခြင်းတရားသည် အသက်ရှင်ခြင်းနှင့်ဆိုင်သကဲ့သို့၊ ဒုစရိုက်ကိုလိုက်ရှာသောသူသည်လည်း၊ မိမိသေခြင်းတိုင်အောင်လိုက်ရှာတတ်၏။ ၂၀ သဘောကောက်သောသူတို့ကိုထာဝရဘုရားသည်စက်ဆုပ် ရွံရှာတော်မူ၏။ ​ဖြောင့်သောလမ်းသို့လိုက်သောသူတို့ကိုကား၊ နှစ်သက်တော်မူ၏။ ၂၁ လူဆိုးတို့သည်အသင်းဖွဲ့သော်လည်း၊ အပြစ်ဒဏ်နှင့်မလွတ်ရကြ။ ​ဖြောင့်မတ်သောသူတို့၏အမျိုးအနွယ်မူကားလွတ်ရ၏။ ၂၂ သမ္မာသတိမရှိ၊ အဆင်းလှသော မိန်းမသည်ဝက်မနှာခေါင်းဖျား၌ တပ်သောရွှေတန်ဆာနှင့်တူ၏။ ၂၃ ​ဖြောင့်မတ်သောသူသည်မြတ်သောအရာကိုသာ တောင့်တတတ်၏။ မတရားသောသူမြော်လင့်သောအရာမူကား၊ ဒေါသအမျက်နှင့်ဆိုင်သတည်း။ ၂၄ စွန့်ကြဲသော်လည်း ဥစ္စာတိုးပွားတတ်သောသူရှိ၏။ အထောက်မတန်စုသိမ်း၍ဆင်းရဲခြင်းသို့ရောက်တတ်သောသူလည်းရှိ၏။ ၂၅ စွန့်ကြဲတတ်သောသူသည်ကြွယ်ဝလိမ့်မည်။ သူတပါးကိုရေလောင်းသောသူသည်ကိုယ်တိုင်ရေလောင်းခြင်းအကျိုးကိုခံရလိမ့်မည်။ ၂၆ စပါးကိုသိုထားသောသူသည်လူများကျိန်ဆဲခြင်းကိုခံရလိမ့်မည်။ ရောင်းချသောသူ၏ခေါင်း၌ မူကား၊ ကောင်းကြီးမင်္ဂလာရှိလိမ့်မည်။ ၂၇ ကောင်းသောအရာကိုကြိုးစား၍ရှာသောသူသည်ကျေးဇူးကိုခံရလိမ့်မည်။ သူ့အကျိုးကိုဖျက်ခြင်းငှါရှာကြံသောသူမူကား၊ ကိုယ်အကျိုးပျက်ပျယ်ခြင်းရှိလိမ့်မည်။ ၂၈ မိမိစည်းစိမ်ကိုကိုးစားသောသူသည်ရှုံးလိမ့်မည်။ ​ဖြောင့်မတ်သောသူမူကား၊ သစ်ခက်ကဲ့သို့စိမ်းလန်းလိမ့်မည်။ ၂၉ မိမိအိမ်ကိုနှောင့်ရှက်သောသူသည်လေကိုအမွေခံရလိမ့်မည်။ မိုက်သောသူသည်လည်း၊ လိမ္မာသောသူထံ၌ ကျွန်ခံရလိမ့်မည်။ ၃၀ ​ဖြောင့်မတ်သောသူ သီးသောအသီးသည် အသက်ပင်အသီးဖြစ်၏။ သူတပါးတို့၏ စိတ်ဝိညာဉ်ကိုရသောသူ [A]သည်လည်းပညာရှိဖြစ်၏။ ၃၁ ​ဖြောင့်မတ်သောသူသော်လည်းမြေကြီးပေါ်မှာအပြစ်ဒဏ်ကိုခံရ၏။ မတရားသောသူနှင့်အပြစ်ထင်ရှားသောသူကိုမူကား၊ အဘယ်ဆိုဘွယ်ရာရှိသနည်း။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.