၁၂ ထာဝရဘုရားမိန့်တော်မူသည်ကား၊ အနှစ်ခုနစ်ဆယ်စေ့သောအခါ၊ ဗာဗုလုန်ရှင်ဘုရင်နှင့်သူ၏နိုင်ငံတည်းဟူသော၊ ခါလဒဲတိုင်းနိုင်ငံ၏အပြစ်ကြောင့်၊ ငါသည်သူတို့ကိုဒဏ်ပေး၍၊ ထိုနိုင်ငံကိုအစဉ်အမြဲလူဆိတ်ညံရာအရပ်ဖြစ်စေမည်။
၁၀ တဖန်မိန့်တော်မူသည်ကား၊ ဗာဗုလုန်မြို့၌ အနှစ်ခုနစ်ဆယ် စေ့သောအခါ၊ သင်တို့ကို ငါအကြည့်အရှု ကြွလာမည်။ ငါထားသော ဂတိကောင်းကို တည်စေ၍၊ သင်တို့ကို ဤပြည်သို့ ပို့ဆောင်ဦးမည်။
၂ ပေရသိ ရှင်ဘုရင် ကုရုမင်းမိန့်တော်မူသည်ကား၊ ကောင်းကင်ဘုံ၏အရှင် ဘုရားသခင် ထာဝရဘုရားသည် မြေကြီးပေါ်မှာ တိုင်းနိုင်ငံရှိသမျှတို့ကို ငါ့အား ပေးတော်မူသည်ဖြစ်၍၊ ယုဒပြည် ယေရုရှလင်မြို့၌ အိမ်တော်ကို ငါတည် ဆောက်ရမည်အကြောင်း မှာထားတော်မူပြီ။
၂၈ ကုရုမင်းကိုလည်း၊ သင်သည် ငါ့သိုးထိန်း ဖြစ်၏။ ငါ့အလိုရှိသမျှကို ပြည့်စုံစေလျက်၊ ယေရုရှလင်မြို့ တည်ဆောက်စေ၊ ဗိမာန်တော် တိုက်မြစ်ကျစေ၊ ဟုစီရင်လိမ့်မည်ဟူ၍၎င်း ငါဆို၏။
%ln
၂၂ ပါးရှား ရှင်ဘုရင် ကုရုမင်း နန်းစံပဌမနှစ်တွင် ပရောဖက် ယေရမိအားဖြင့် ဘုရားသခင် ပြောသော စကားပြည့်စုံမည့်အကြောင်း၊ ပါးရှား ရှင်ဘုရင် ကုရုမင်း၏စိတ်ကို ဘုရားသခင်က နှိုးဆော်တော်မူ၍ သူ၏နိုင်ငံအားလုံး၌ အမိန့်တော်စာကို ထုတ်ပြန်တော်မူသည်ကား၊
၆ ထိုအခါ ယုဒအမျိုးသား တို့သည်၊ ဂိလဂါလ၌ ယောရှုထံသို့လာ၍၊ ကေနက်အမျိုး ယေဖုန္နာ၏သား ကာလက်က၊ ထာဝရဘုရားသည် ကာဒေရှဗာနာ အရပ်၌ ကိုယ်တော်နှင့် အကျွန်ုပ်ကို ရည်ဆောင်၍၊ ဘုရားသခင်၏ လူမောရှေအား မိန့်တော်မူသော စကားကို ကိုယ်တော်သိပါ၏။
၂၇ ဘုရားသခင်၏ လူတယောက်သည် ဧလိထံသို့ လာ၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ အဲဂုတ္တုပြည် ဖာရောဘုရင်ထံ၌ နေရသော သင့်အဘ၏ အမျိုးအား ငါထင်ရှားသည် မဟုတ်လော။
၉ လူငါးကျိပ်အပ်သော တပ်မှူးကို စေလွှတ်၍၊ တပ်မှူးသည် ထိုတောင်ပေါ်မှာ ထိုင်သော ဧလိယထံသို့ ရောက်ပြီးလျှင်၊ အိုဘုရားသခင်၏လူ၊ သင်သည် ဆင်းရမည်အကြောင်း၊ ရှင်ဘုရင် အမိန့်တော်ရှိသည်၊ ဟုဆို၏။
၁၄ ခမည်းတော်ဒါဝိဒ်စီရင်သည်အတိုင်း၊ ယဇ်ပုရောဟိတ်တို့သည်အလှည့်လှည့် ယဇ်ပုရောဟိတ်အမှုကို၎င်း၊ လေဝိသားတို့သည်နေ့ရက်အစဉ်ပြုသင့်သည်အတိုင်း၊ ယဇ်ပုရောဟိတ်တို့နှင့်ရော၍ထောမနာသီချင်းဆိုသဖြင့်၊ မိမိတို့အမှုကို၎င်း၊ တံခါးစောင့်တို့သည်အလှည့်လှည့်တံခါးရှိသမျှတို့ကိုစောင့်ခြင်းအမှုကို၎င်း၊ အသီးအသီးဆောင်ရွက်စေခြင်းငှါခန့်ထား၏။ ထိုသို့ဘုရားသခင် ၏လူဒါဝိဒ်မှာထားနှင့်သတည်း။
၂ သို့ရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဘုရားသခင်၏ လူရှေမာယသို့ ရောက်၍၊
၇ သို့ရာတွင် ဘုရားသခင်၏လူ တယောက်သည် လာ၍၊ အိုမင်းကြီး၊ ဣသရေလတပ်ကို မလိုက်စေနှင့်။ ထာဝရဘုရားသည် ဣသရေလ လူတည်းဟူသော ဧဖရိမ်အမျိုးသား အပေါင်းတို့နှင့် အတူရှိတော်မမူ။
၁၆ ဘုရားသခင်၏လူ မောရှေ ပညတ်တရား၌ စီရင်သော ထုံးစံအတိုင်း၊ မိမိတို့နေရာ၌ ရပ်နေလျက်၊ ယဇ်ပုရောဟိတ်တို့သည် လေဝိသားတို့လက်မှ အသွေးကိုယူ၍ ဖြန်းကြ၏။
၂ ထိုအခါ ယောဇဒက်သား ယောရှုနှင့် သူ၏ညီအစ်ကို ယဇ်ပုရောဟိတ်များ၊ ရှာသေလသား ဇေရုဗဗေလနှင့် သူ၏ညီအစ်ကိုများတို့သည် ထ၍ ဘုရားသခင်၏လူ မောရှေရေးထားသော ပညတ္တိကျမ်းစာ၌ ပါသည်အတိုင်း၊ မီးရှို့ရာယဇ်တို့ကို ပူဇော်လိုသောငှါ၊ ဣသရေလ အမျိုး၏ ဘုရားသခင့် ယဇ်ပလ္လင်ကို တည်ကြ၏။
၂၄ လေဝိသား အကြီးအကဲ၊ ဟာရှဘိ၊ ရှေရဘိ၊ ကပ်မျောလသား ယောရှုတို့သည် ညီအစ်ကိုများနှင့် ဝိုင်း၍ ဘုရားသခင်၏လူ ဒါဝိဒ် စီရင်သည်အတိုင်း ဂုဏ်ကျေးဇူးတော်ကို ဖေါ်ပြချီးမွမ်းခြင်းအမှုကို အလှည့်လှည့် စောင့်ရကြ၏။
၃၆ သူ၏ညီရှေမာယ၊ အာဇရေယ၊ မိလလဲ၊ ဂိလလဲ၊ မာဣ၊ နာသနေလ၊ ယုဒ၊ ဟာနနိတို့သည်၊ ဘုရားသခင်၏ လူ ဒါဝိဒ်၏ တူရိယာမျိုးကို ကိုင်လျက် လိုက်ကြ၏။ ကျမ်းတတ်ဆရာ ဧဇရသည် သူတို့ရှေ့မှာ သွား၏။
၁၁ သို့ဖြစ်၍၊ အိုဘုရားသခင်၏လူ၊ သင်သည် ထိုအပြစ်များကို ကြဉ်ရှောင်လော့။ ဖြောင့်မတ်စွာကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့ကို မှီအောင်လိုက်လော့။
၁၇ ဘုရားသခင်၏လူ သည် စုံလင်သောသူ၊ ကောင်းသောအမှု အမျိုးမျိုးတို့ကို ပြုစုခြင်းအလိုငှာ ပြင်ဆင်သောသူ ဖြစ်မည်အကြောင်း၊ ဩဝါဒပေးခြင်း၊ အပြစ်ကိုဖော်ပြခြင်း၊ ဖြောင့်မတ်စွာပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်း ကျေးဇူးများကို ပြုတတ်၏။