၄ တန်ခိုးနှင့်တကွ ဘုရားသခင်၏ သားတော် ထင်ရှားဖြစ်တော်မူသော၊ ငါတို့သခင် ယေရှုခရစ်တည်းဟူသော၊ မိမိသားတော်ကို အကြောင်းပြု၍ ဘုရားသခင်သည် ရှေးက မိမိပရောဖက်များအားဖြင့်၊သန့်ရှင်းသော ကျမ်းစာ၌ ဂတိထားတော်မူသော၊ ဧဝံဂေလိတရားကို ဟောစေခြင်းငှါ၊ ရွေးချယ်ခွဲထား၍ တမန်တော်အရာ၌ ခန့်ထားသော၊ ယေရှုခရစ်၏ကျွန်ငါပေါလုသည်၊
၁၀ အကြောင်းမူကား၊ ယခုတွင် ငါသည် လူ၏အလိုသို့ လိုက်သလော၊ ဘုရားသခင်၏ အလိုတော်သို့ လိုက်သလော၊ လူတို့စိတ်ကို နူးညွတ်စေခြင်းငှာ ရှာကြံသလော။ လူတို့စိတ်ကို နူးညွတ်စေခြင်းငှာ ရှာကြံသေးလျှင်၊ ခရစ်တော်၏ အစေခံကျွန် မဟုတ်ပြီ။
၇ သင်တို့အမှုကို စောင့်၍၊ ခရစ်တော်ထံ၌ သစ္စာရှိသောဆရာ တည်းဟူသော ငါတို့ချစ်သော ကျွန်ချင်း ဧပဖြ (Epaphras)သည် သင်တို့ကို သွန်သင်သည်အတိုင်း သင်တို့သည်ကြား၍၊ ဘုရားသခင်၏ ကျေးဇူးတော်၊ကို မှန်ကန်စွာ ဝန်ခံသောနေ့မှစ၍၊ ထိုသို့သောအကျိုးရှိ၏။
၇ ဘုရားသခင်၌ သစ္စာရှိသောဆရာ၊ ငါတို့ကျွန်ချင်းတည်းဟူသော၊ ငါချစ်သောညီ တုခိတ် (Tychicus)သည်ငါ ၏အ ကြောင်းအရာရှိသမျှကို သင်တို့အား ဖေါ်ပြလိမ့်မည်။
၂၄ သခင်ဘုရား၏ ကျွန်သည် ရန်မတွေ့ရ။ ခပ်သိမ်းသောသူတို့အား ဖြည်းညှင်းစွာ ပြုသောသူ၊ ဆုံးမဩဝါဒပေးခြင်းအမှု၌ လိမ္မာသောသူ၊ သည်းခံနိုင်သောသူ ဖြစ်ရမည်။
၁ ဘုရားသခင်နှင့် အရှင်ယေရှုခရစ်၏ ကျွန်ငါယာကုပ်(James)သည်၊ အရပ်ရပ်တို့၌ ကွဲပြားသော တဆယ်နှစ်ပါးသော အမျိုးတို့ကို မေတ္တာနှင့် ကြားလိုက်ပါ၏။
၁ ယေရှုခရစ်၏ကျွန် တမန်တော် ငါရှိမုန်ပေတရုသည်၊ ကယ်တင်တော်မူသောအရှင်၊ ငါတို့ဘုရားသခင် ယေရှုခရစ်၏ ဖြောင့်မတ်ခြင်းတရားကို ငါတို့ယုံကြည်သည်နည်းတူ၊ မြတ်စွာသော ယုံကြည်ခြင်းကို ရသောသူတို့အား ကြားလိုက်ပါ၏။
၁ ယေရှုခရစ်၏ ကျွန်ဖြစ်သော ယာကုပ်ညီ ငါယုဒ(Jude)သည်၊ ခမည်းတော် ဘုရားသခင် သန့်ရှင်းစေတော်မူ၍၊ ယေရှုခရစ် ခေါ်ထားစောင့်မ တော်မူသော သူတို့ကို ကြားလိုက်ပါ၏။
၁ ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများကို ယေရှုခရစ်သည်၊ မိမိအစေခံကျွန် တို့အား ပြစေခြင်းငှာ၊ ဘုရားသခင် အပ်ပေးတော်မူသော၊ ထိုသခင်၏ ဗျာဒိတ်တော်ကို ဆိုပေအံ့။ ထိုသခင်သည် မိမိကောင်းကင်တမန်ကို စေလွှတ်၍၊ မိမိအစေခံကျွန် ယောဟန်အား ဗျာဒိတ်တော်အရိပ်ကို ပြတော်မူ၏။
၃ ထိုသူတို့သည် ဘုရားသခင်၏ကျွန်၊ မောရှေ၏သီချင်းနှင့် သိုးသငယ်၏ သီချင်းကိုသီ၍၊ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော၊ ထာဝရအရှင် ဘုရားသခင်၊ ကိုယ်တော်၏ အပြုအမူတို့သည် ကောင်းမြတ်၍၊ အံ့ဩဘွယ်ဖြစ်ကြပါ၏။ လူမျိုးတို့၏ဘုရင်၊ ကိုယ်တော်၏ အကျင့်ဓလေ့တို့သည်၊ ဖြောင့်မတ်ဟုတ်မှန်ကြပါ၏။
၆ သင်တို့သည်လည်း မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး ဖြစ်ရကြလိမ့်မည်၊ ဟူသော အမိန့်တော်ကို ဣသရေလ အမျိုးသားတို့အား ဆင့်ဆိုလော့၊ ဟုမိန့်တော်မူ၏။
sဣသရေလအမျိုးသားတို့ ကတိပြုကြ
၉ သင်တို့မူကား မှောင်မိုက်ထဲမှ အံ့ဘွယ်သော အလင်းတော်သို့ ခေါ်သွင်းတော်မူသောသူ၏၊ ဂုဏ်ကျေးဇူးများကို ဖေါ်ပြစေခြင်းငှါ၊%fo(b) ရွေးချယ်တော်မူသော အမျိုးဖြစ်ကြ၏။ မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး၊ ပိုင်ထိုက်တော်မူသော အပေါင်းအသင်း ဖြစ်ကြ၏။
၆ မိမိခမည်းတော် ဘုရားသခင့်ရှေ့၌ ငါတို့ကို ရှင်ဘုရင်အရာ၌၎င်း၊ ယဇ်ပုရောဟိတ်အရာ၌၎င်း၊ ခန့်ထားတော်မူသောသူသည်၊ ကမ္ဘာအဆက်ဆက် ဘုန်းအသရေ၊ အစွမ်းသတ္တိ ရှိတော်မူစေသတည်း။ အာမင်။
s ယေရှုကြွလာသည်ကိုမြင်ကြမည်
၁၀ အကျွန်ုပ်တို့၏ ဘုရားသခင့်ရှေ့မှာ၊ ရှင်ဘုရင်အရာ၌၎င်း၊ယဇ်ပုရောဟိတ်အရာ၌၎င်း၊ ခန့်ထား၍၊ မြေကြီးပေါ်မှာ စိုးစံရသော အခွင့်ကို ပေးတော်မူ၏။ ထိုကြောင့်၊ ကိုယ်တော်သည် စာစောင်ကိုခံယူ၍ တံဆိပ်တို့ကို ဖွင့်ထိုက်တော်မူ၏။ ဟုအသစ်သော သီချင်းကိုသီ၍ လျှောက်ဆိုကြ၏။
s ကောင်းကင်တမန်တို့က ခမည်းတော်နှင့်ယေရှုချီးမွမ်း
၆ ပဌမထမြောက်ခြင်းကို ဝင်စားသောသူသည် မင်္ဂလာရှိသောသူ၊ သန့်ရှင်းသောသူဖြစ်၏။ ထိုသို့သောသူသည် ဒုတိယသေခြင်း၏ လက်နှင့်ကင်းလွတ်လျက်၊ ဘုရားသခင်၏ ယဇ်ပုရောဟိတ်၊ ခရစ်တော်၏ ယဇ်ပုရောဟိတ်ဖြစ်၍၊အနှစ်တထောင်ပတ်လုံး ခရစ်တော်နှင့်အတူ စိုးစံရကြလိမ့်မည်။
s အနှစ်တထောင်ကုန်ပြီးမှစာတန်လွှတ်၍ယေရှုကိုတိုက်ကြ
၈ ငါသည် အာလဖဖြစ်၏။ ဩမေဃလည်း ဖြစ်၏။ ဟုအနန္တတန်ခိုးနှင့် ပြည့်စုံတော်မူ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ်ရှိတော်မူသော ထာဝရအရှင် ဘုရားသခင်မိန့်တော်မူ၏။
s ယောဟန်ကို အသင်းတော်များထံစာရေးခိုင်း
၁၇ အနန္တတန်ခိုးနှင့် ပြည့်စုံ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ် ကာလအစဉ်ရှိတော်မူသော၊ ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်၏ မဟာတန်ခိုးတော်ကို ယူဆောင်၍၊ စိုးစံတော်မူသော ကျေးဇူးတော်ကို ကျွန်ုပ်တို့သည် ချီးမွမ်းပါ၏။
၅ ကောင်းကင်တမန်ကလည်း ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ် ကာလအစဉ် ရှိတော်မူသောအရှင်၊ ကိုယ်တော်သည် ဤသို့ တရားစီရင်တော်မူသည့် အမှုမှာ ဖြောင့်မတ်တော်မူ၏။
၁၀ မျက်နှာတော်မှာ မီးရောင်ခြည်ထွက်လေ၏။ အတိုင်းမသိ များစွာသော သူတို့သည် အမှုတော်ကို ဆောင်ရွက်၍၊ ကုဋေသင်္ချေမက ရှေ့တော်၌ ခစား၍နေကြ၏။ တရားစီရင်ခြင်းငှါ ပြင်ဆင်၍၊ စာစောင်များကို ဖွင့်ထား၏။
sသားရဲကို အသက်ကိုသတ်
၂ သူတို့ရှေ့၌ ထူးခြားသော အဆင်းအရောင်နှင့် ပြည့်စုံသည်ဖြစ်၍၊ မျက်နှာတော်သည် နေကဲ့သို့ ထွန်းတောက်လျက်၊ အဝတ်တော်သည် အလင်းကဲ့သို့ ဖြူလျက်ရှိ၏။
၁၆ လက်ျာလက်တော်သည်လည်း ကြယ်ခုနစ်လုံးကိုကိုင်၏။ ခံတွင်းတော်ထဲကလည်း ထက်သောသန်လျက်ထွက်၏။ မျက်နှာတော်သည် အရှိန်တန်ခိုးနှင့် ထွန်းတောက်သော နေကဲ့သို့ဖြစ်၏။
s ယောဟန်ကယေရှုမြင်၍ သေမတတ်ကြောက်
၁ ခွန်အားကြီးသော ကောင်းကင်တမန်တပါးသည် မိုးတိမ်ကိုဝတ်လျက်၊ ကောင်းကင်က ဆင်းသက်သည်ကို ငါမြင်၏။ သူ၏ ခေါင်းပေါ်၌ သက်တံ့ရှိ၏။ သူ၏မျက်နှာသည် နေကဲ့သို့ဖြစ်၏။ သူ၏ခြေသည်လည်း မီးခဲတိုင်ကဲ့သို့ ဖြစ်၏။