-
AA
+
🡀
|
🡂
၂ ဓမ္မရာဇဝင်
၁၉
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၂ ဓမ္မရာဇဝင်
အခန်းကြီး ၁၉


အဗရှလုံ သေသောကြောင့် ဒါဝိဒ်ငိုကြွေး

ရှင်ဘုရင်သည် အဗရှလုံကြောင့် ငိုကြွေး မြည်တမ်းတော်မူသည်ဟု ယွာဘအား ကြားပြောလေ၏။ ထိုနေ့၌ အောင်ပွဲသည် လူအပေါင်းတို့တွင် ဝမ်းနည်းစရာအကြောင်း ဖြစ်ပြန်၏။ ရှင်ဘုရင်သည် သားတော်ကြောင့် စိတ်နာကျင် တော်မူသည်ကို လူအပေါင်းတို့သည် ထိုနေ့၌ကြား၍၊ စစ်တိုက်ရာမှ ပြေးသောသူတို့သည် ရှက်၍ တိတ်ဆိတ်စွာ ပြေးတတ်သကဲ့သို့၊ မြို့ထဲသို့ တိတ်ဆိတ်စွာ ပြေးဝင်ကြ၏။ ရှင်ဘုရင်သည်လည်း၊ မျက်နှာကိုဖုံး၍၊ အိုငါ့သား အဗရှလုံ၊ အိုအဗရှလုံ၊ ငါ့သား ငါ့သား၊ ဟု ကြီးသောအသံနှင့် ငိုကြွေးတော်မူ၏။


ယွာဘက ဒါဝိဒ်ကို အပြစ်တင်

ယွာဘသည် ရှင်ဘုရင်ထံ အိမ်ထဲသို့ဝင်၍၊ ကိုယ်တော်၏ အသက်မှစ၍ သားတော်၊ သမီးတော်၊ မိဖုရား၊ မောင်းမမိဿံတို့၏ အသက်ကို ကယ်တင်သော ကိုယ်တော်ကျွန်တို့ကို ယနေ့ အရှက်ကွဲ စေတော်မူပြီ။ ရန်သူတို့ကို ချစ်၍ အဆွေခင်ပွန်းတို့ကို မုန်းတော်မူ၏။ မှူးမတ်များ၊ ​ကျွန်များတို့ကို ပမာဏပြုတော် မမူကြောင်းကို ယနေ့ထင်ရှားစွာ ပြတော်မူပြီ။ အဗရှလုံသည် အသက်ရှင်၍ ကျွန်တော်မျိုး အပေါင်းတို့သည် ယနေ့သေလျှင် အားရတော်မူလိမ့်မည်ဟု ယနေ့​ကျွန်တော် သိမြင်ပါ၏။ ယခုမှာ ထတော်မူပါ။ ကြွ၍ ကိုယ်တော်​ကျွန်တို့အား နှစ်သိမ့်သော စကားကို ပြောတော်မူပါ။ ကြွတော်မမူလျှင် ယနေ့ညမှာ အထံတော်၌ လူတစ်ယောက်မျှ မနေပါ။ ထိုအမှုသည် ငယ်သော အရွယ်မှစ၍ ယခုတိုင်အောင် ကိုယ်တော်၌ ဖြစ်လေသမျှသော အမှုထက်သာ၍ ဆိုးပါလိမ့်မည်ဟုထာဝရဘုရားကို တိုင်တည်၍ ကျွန်တော် ကျိန်ဆိုပါသည်ဟု လျှောက်သော်၊ ရှင်ဘုရင်သည် ထ၍ တံခါးဝ၌ ထိုင်တော်မူ၏။ ရှင်ဘုရင်သည် တံခါးဝ၌ ထိုင်တော်မူသည်ကို လူအပေါင်းတို့သည် ကြားသောအခါ အထံတော်သို့ ချဉ်းကပ်ကြ၏။ ဣသရေလ လူများမူကား မိမိတို့နေရာသို့ ပြေးသွားကြပြီ။


ရှင်ဘုရင်ကို နန်းတော်သို့ ဆောင်ဖို့ နောက်ကျ

ထိုနောက် ဣသရေလ အမျိုးအနွယ် အပေါင်းတို့က ရှင်ဘုရင်သည် ဖိလိတ္တိလူ အစရှိသော ရန်သူတို့လက်မှ ငါတို့ကို ကယ်နှုတ်တော်မူပြီ။ ယခုမှာ အဗရှလုံကြောင့် နိုင်ငံတော်မှ ထွက်ပြေးတော်မူရ၏။ ၁၀ ငါတို့ ဘိသိက်ပေး၍ ချီးမြှောက်သော အဗရှလုံသည် စစ်တိုက်ပွဲ၌ သေပြီ။ ယခုမှာ ရှင်ဘုရင်ကို တဖန်ဆောင်ခဲ့ရမည်ဟု မဆို၊ အဘယ်ကြောင့် တိတ်ဆိတ်စွာ နေကြသနည်းဟုအချင်းချင်း အပြစ်တင်ကြ၏။


ဒါဝိဒ်က ယုဒအမျိုးကို အားမရ

၁၁ ဒါဝိဒ်မင်းကြီးသည်လည်း ယဇ်ပုရောဟိတ် ဇာဒုတ်နှင့် အဗျာသာတို့ထံသို့ လူကိုစေလွှတ်၍ ယုဒအမျိုး သက်ကြီးသူတို့ထံသို့သွား၍ ပြောရမည်ကား ရှင်ဘုရင်ကို နန်းတော်သို့ ပြန်ပို့ရမည်အမှုမှာ သင်တို့သည် အဘယ်ကြောင့် နောက်ကျကြသနည်း။ ရှင်ဘုရင်သည် စံနန်းတော်၌ နေစဉ်အခါ ဣသရေလ အမျိုးသား အပေါင်းတို့ ပြောတတ်သော စကားကို ကြားတော်မူပြီ။ ၁၂ သင်တို့သည် ငါ့ညီအစ်ကို၊ ငါ့အရိုး၊ ငါ့အသားဖြစ်၍ ရှင်ဘုရင်ကို ပြန်ပို့ရမည်အမှုမှာ အဘယ်ကြောင့် နောက်ကျ ကြသနည်းဟူ၍၎င်း၊


ဒါဝိဒ်က ယွာဘအစား အာမသကို ဗိုလ်ချုပ်မင်းဖြစ်ဖို့ ကျိန်ဆို

၁၃ အာမသအားလည်း သင်သည် ငါ့အသား ငါ့အရိုးတို့အဝင် ဖြစ်သည်မဟုတ်လော။ သင်သည် ငါ့ရှေ့မှာ ယွာဘ၏ ကိုယ်စား အစဉ် ဗိုလ်ချုပ်မင်း မဖြစ်လျှင် ထိုမျှမက ဘုရားသခင်သည် ငါ၌ ပြုတော်မူစေသတည်း ဟူ၍၎င်း၊ [A] ပြောကြလော့၊ ဟုမှာလိုက်တော်မူ၏။ ၁၄ ထိုသို့ ယုဒအမျိုးသား အပေါင်းတို့ကို တညီတညွတ်တည်း နှလုံးညွတ်စေတော်မူသဖြင့်၊ သူတို့က ကိုယ်တော်ကျွန် အပေါင်းတို့နှင့်တကွ ကိုယ်တော်တိုင် ပြန်လာတော်မူပါဟု ရှင်ဘုရင်အား လျှောက်စေကြ၏။ ၁၅ ထိုအခါ ရှင်ဘုရင်သည်ပြန်၍ ယော်ဒန်မြစ်သို့ ရောက်တော်မူ၏။ ယုဒအမျိုးသည် ရှင်ဘုရင်ကို ခရီးဦးကြိုပြု၍ ယော်ဒန်မြစ် တဘက်သို့ ပို့ဆောင်ခြင်းငှာ ဂိလဂါလသို့ သွားကြ၏။


ရှိမိသည် ဒါဝိဒ်ကို ဝန်ချတောင်းပန်၍ကြိုဆို

၁၆ ဗင်္ယာမိန်အမျိုး ဖြစ်သော ဗာဟုရိမ်မြို့သား ဂေရ၏သား ရှိမိသည် ယုဒအမျိုးသား တို့နှင့်အတူ ဒါဝိဒ်မင်းကြီးကို ခရီးဦးကြို ပြုခြင်းငှာ အလျင်အမြန် လိုက်လာ၏။ ၁၇ သူနှင့်အတူ ဗင်္ယာမိန် အမျိုးသား တစ်ထောင်၊ ရှောလုအဆွေအမျိုး၏ ကျွန်ဇိဘနှင့် သူ၏ သား တစ်ကျိပ်ငါးယောက်၊ ​ကျွန်နှစ်ဆယ်တို့သည်လည်း လိုက်လာ၍ ရှင်ဘုရင်ရှေ့တော်၌ ယော်ဒန်မြစ်ကို ကူးကြ၏။ ၁၈ ကုတို့လှေသည် နန်းတော်သားများကို ပို့ခြင်းငှာ၎င်း၊ အလိုတော်ကို ဆောင်ခြင်းငှာ၎င်း၊ သွားလာလျက်ရှိ၏။ ယော်ဒန်မြစ်ကို ကူးတော်မူသောအခါ၊ ဂေရ၏သား ရှိမိသည် ရှေ့တော်၌ ပြပ်ဝပ်၍၊ ၁၉ ​ကျွန်တော်အရှင်သည် ကျွန်တော်ကို အပြစ်ပေးတော် မမူပါနှင့်။ အရှင် မင်းကြီးသည် ယေရုရှလင်မြို့မှ ထွက်တော်မူသော နေ့၌ ကိုယ်တော်ကျွန်သည် လွန်ကျူးစွာ ပြုမိသောအမှုကို မှတ်တော်မမူပါနှင့်။ နှလုံးသွင်းတော် မမူပါနှင့်။ ၂၀ ကိုယ်တော်​ကျွန်သည် ပြစ်မှားမိသည်ကို ကိုယ်တော်​ကျွန် သိပါ၏။ သို့သော်လည်း ယောသပ် အမျိုးသား အပေါင်းတို့ အရင်၊ ​ကျွန်တော်သည် ယနေ့ အရှင်မင်းကြီးကို ခရီးဦးကြိုပြုခြင်းငှာ လာပါပြီဟု လျှောက်လေ၏။ ၂၁ ဇေရုယာသား အဘိရှဲကလည်း ရှိမိသည် ထာဝရဘုရား အခွင့်နှင့် ဘိသိက်ခံသော အရှင်ကို ကျိန်ဆဲသောကြောင့် အသေသတ်ခြင်းကို ခံရမည် မဟုတ်လောဟု ဆိုသော်၊ ၂၂ ဒါဝိဒ်က အိုဇေရုယာသားတို့ သင်တို့သည် ယနေ့ ငါ့ရန်သူ လုပ်မည်အကြောင်း ငါနှင့် အဘယ်သို့ ဆိုင်ကြသနည်း။ [B] ဣသရေလ အမျိုးသား တစ်စုံတစ်ယောက်သည် ယနေ့အသေသတ်ခြင်းကို ခံရမည်လော။ ငါသည် ယနေ့ ဣသရေလ ရှင်ဘုရင်ဖြစ်သည်ကို ငါသိသည် မဟုတ်လောဟု မိန့်တော်မူ၍၊ ၂၃ ရှိမိအားလည်း သင်သည် အသေသတ်ခြင်းကို မခံရ [C] ဟု ကျိန်ဆိုတော်မူ၏။


ရှောလုသား မေဖိဗောရှက် ဒါဝိဒ်ကို ကြိုဆို

၂၄ ရှောလု၏သား မေဖိဗောရှက်သည်လည်း ရှင်ဘုရင်ကို ခရီးဦးကြိုပြုခြင်းငှာ လာ၏။ ရှင်ဘုရင် ထွက်သောနေ့မှစ၍ ငြိမ်ဝပ်စွာ ပြန်လာတော် မမူမှီတိုင်အောင်၊ သူသည် ခြေတို့ကို မပြုစု၊ မုတ်ဆိတ်ကို မပြင်ဆင်၊ အဝတ်ကို မလျှော်ဘဲ နေပြီ။ ၂၅ ရှင်ဘုရင်ကို ခရီးဦးကြိုပြုခြင်းငှာ ယေရုရှလင် မြို့သို့ ရောက်လာသောအခါ၊ ရှင်ဘုရင်က မေဖိဗောရှက် ငါနှင့်အတူ အဘယ်ကြောင့် မလိုက်သနည်း၊ ဟုမေးတော်မူလျှင်၊ [D]၂၆ အရှင်မင်းကြီး၊ ကိုယ်တော်​ကျွန်သည် ​ခြေဆွံ့သောကြောင့် မြည်းစီး၍ ကိုယ်တော်ထံသို့ သွားခြင်းငှာ မြည်းကို ကုန်းနှီးတင်မည်ဟု ကြံစဉ်အခါ ​ကျွန်တော်​ကျွန်သည် ​ကျွန်တော်ကို လှည့်စားပါ၏။ ၂၇ အရှင်မင်းကြီး ထံတော်၌ ကိုယ်တော်ကျွန်ကို ကုန်းတိုက်ပါပြီ။ သို့ရာတွင် အရှင်မင်းကြီးသည် ဘုရားသခင်၏ ကောင်းကင်တမန် ကဲ့သို့ ဖြစ်တော်မူ၏။ စိတ်တော် ရှိသည်အတိုင်း ပြုတော်မူပါ။ ၂၈ ​ကျွန်တော် အဆွေအမျိုး အပေါင်းတို့သည် အရှင်မင်းကြီး ရှေ့တော်မှာ လူသေဖြစ်ကြသော်လည်း၊ စားပွဲတော်၌ စားသောသူတို့ နှင့်အတူ ကိုယ်တော်ကျွန်ကို နေရာပေးတော်မူပြီ။ သို့ဖြစ်၍ ရှင်ဘုရင်ထံတော်၌ ကျွန်တော် မြည်တမ်းရသော အခွင့်သည် အဘယ်သို့ ရှိပါသနည်းဟု ပြန်လျှောက်သော်၊ ၂၉ ရှင်ဘုရင်က သင်၏ အမူအရာတို့ကို အဘယ်ပြောစရာရှိသနည်း။ သင်နှင့် ဇိဘသည် မြေကိုဝေ၍ ယူရကြမည် ငါစီရင်ပြီဟု မိန့်တော်မူ၏။ ၃၀ မေဖိဗောရှက်ကလည်း အရှင်မင်းကြီးသည် နန်းတော်သို့ တဖန် ငြိမ်ဝပ်စွာ ရောက်တော်မူသောကြောင့် သူသည် အလုံးစုံတို့ကို ပင်ယူပါစေဟု လျှောက်လေ၏။


ဗာဇိလဲ ဒါဝိဒ်ကို ကြိုဆို

၃၁ ဂိလဒ်ပြည်သား ဗာဇိလဲသည်လည်း ရောဂေလိမ်မြို့မှ လာ၍ ရှင်ဘုရင်ကို ယော်ဒန်မြစ် တဘက်သို့ ပို့ခြင်းငှာ ကိုယ်တော်နှင့်အတူ ကူးလေ၏။ ၃၂ ဗာဇိလဲသည် အသက်ရှစ်ဆယ်ရှိ၍ အိုသောသူဖြစ်၏။ ရှင်ဘုရင်သည် မဟာနိမ်မြို့မှာ တပ်ချသော ကာလပတ်လုံး ရှင်ဘုရင်ကို လုပ်​ကျွေး၏။ အလွန် ရတတ်သော သူလည်းဖြစ်၏။ ၃၃ ရှင်ဘုရင်ကလည်း ငါနှင့်အတူလိုက်လော့။ ယေရုရှလင်မြို့၌ သင့်ကို ငါနှင့်အတူ ငါလုပ်​ကျွေးမည်ဟု ဗာဇိလဲအား အမိန့်ရှိလျှင်၊ [E] ၃၄ ဗာဇိလဲက အရှင်မင်းကြီးနှင့်အတူ ယေရုရှလင်မြို့သို့ သွားရမည်အကြောင်း​ ကျွန်တော်အသက်သည် အဘယ်မျှလောက် ကျန်ကြွင်း ပါသေးသနည်း။ ၃၅ ယနေ့ ကျွန်တော် အသက်ရှစ်ဆယ် ရှိပါပြီ။ ကောင်းမကောင်းကို ကျွန်တော်ပိုင်းခြား၍ သိနိုင်ပါမည်လော။ ကိုယ်တော်ကျွန်သည် အစားအသောက် အရသာကို မြည်းနိုင်ပါမည်လော။ သီချင်းသည် ယောက်ျား၊ သီချင်းသည် မိန်းမ ဆိုသော အသံကို ကြားနိုင်ပါမည်လော။ ကိုယ်တော်ကျွန်သည် အရှင်မင်းကြီးကို အဘယ်ကြောင့် နှောင့်ယှက် ရပါမည်နည်း။ ၃၆ ကိုယ်တော်​ကျွန်သည် အရှင်မင်းကြီးနှင့်အတူ ယော်ဒန်မြစ် တဘက်သို့ အနည်းငယ် လိုက်ပါမည်။ ရှင်ဘုရင်သည် ဤမျှလောက် ကြီးစွာသော ဆုကို အဘယ်ကြောင့် ချပေးတော်မူမည်နည်း။ ၃၇ ကိုယ်တော်​ကျွန်သည် နေရင်းမြို့တွင် မိဘသင်္ချိုင်းနားမှာ သေရမည်အကြောင်း၊ ပြန်သွားရသော အခွင့်ကို ပေးတော်မူပါ။ သို့ရာတွင် ကိုယ်တော်ကျွန် ခိမဟံရှိပါ၏။ အရှင်မင်းကြီးနှင့်အတူ လိုက်စေတော်မူပါ။ စိတ်တော် ရှိသည်အတိုင်း သူ၌ ပြုတော်မူပါဟု လျှောက်လေ၏။ ၃၈ ရှင်ဘုရင်ကလည်း ခိမဟံသည် ငါနှင့်အတူ လိုက်ရမည်။ သင်အလိုရှိသည် အတိုင်းသူ၌ ငါပြုမည်။ သင်တောင်းသမျှကိုလည်း သင့်အဖို့ ငါပြုမည်ဟု မိန့်တော်မူ၏။ ၃၉ လူအပေါင်းတို့သည်လည်း ယော်ဒန်မြစ်ကို ကူးကြ၏။ ရှင်ဘုရင်သည် ကိုယ်တိုင်ကူးပြီးမှ ဗာဇိလဲကို နမ်း၍ ကောင်းကြီး ပေးတော်မူသဖြင့် သူသည် မိမိနေရာသို့ ပြန်သွား၏။ ၄၀ ရှင်ဘုရင်သည် ဂိလဂါလမြို့သို့ ကြွတော်မူ၏။ ခိမဟံသည်လည်း လိုက်လေ၏။ ယုဒ အမျိုးသား ရှိသမျှတို့နှင့် ဣသရေလ အမျိုးသား တဝက်တို့သည် ရှင်ဘုရင်ကို ပို့ကြ၏။


ရှင်ဘုရင် ပြန်ပို့သည့် ကိစ္စတွင် ဣသရေလနှင့် ယုဒအမျိုးငြင်းခုံ

၄၁ တဖန် ဣသရေလ အမျိုးသား အပေါင်းတို့သည် ရှင်ဘုရင်ထံတော်သို့ လာ၍ ​ကျွန်တော်တို့ ညီအစ်ကို ဖြစ်သော ယုဒအမျိုးသားတို့သည် ကိုယ်တော်ကို ခိုးယူ၍ ကိုယ်တော်နှင့်တကွ နန်းတော်သား ကိုယ်တော်၏ လူအပေါင်းတို့ကို အဘယ်ကြောင့် ယော်ဒန်မြစ် တဘက်သို့ပို့ ရကြမည်နည်းဟု လျှောက်ကြသော်၊ ၄၂ ယုဒအမျိုးသား အပေါင်းတို့က ရှင်ဘုရင်သည် ငါတို့နှင့် ပေါက်ဖော်တော်သည် ဖြစ်၍ ဤအမှု၌ သင်တို့သည် အဘယ်ကြောင့် စိတ်ဆိုးကြသနည်း။ ရှင်ဘုရင်၏ ရိက္ခာတော်ကို ငါတို့စားကြသလော။ ငါတို့အား တစ်စုံတခုသော ဆုကို ပေးတော်မူသလောဟု ဣသရေလ အမျိုးသားတို့အား ပြောပြောကြ၏။ ၄၃ ဣသရေလ အမျိုးသားတို့ကလည်း ငါတို့သည် ရှင်ဘုရင်၌ ဆယ်ဘို့တို့ကို ဆိုင်ကြ၏။ ဒါဝိဒ်အမျိုးကို သင်တို့ဆိုင်သည်ထက် ငါတို့သာ၍ ဆိုင်ကြ၏။ ရှင်ဘုရင်ကို ပြန်ပို့ခြင်းအမှုတွင် ငါတို့နှင့်ရှေးဦးစွာ မတိုင်ပင်ဘဲ အဘယ်ကြောင့် ငါတို့ကို မထီမဲ့မြင် ပြုကြသနည်းဟု ယုဒအမျိုးသားတို့ကို ပြန်ပြောကြ၏။ သို့ရာတွင် ဣသရေလ အမျိုးသားတို့ စကားထက် ယုဒအမျိုးသားတို့ စကားသည် သာ၍ခိုင်ခံ့၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.