-
AA
+
🡀
|
🡂
၂ ပေတရု ဩဝါဒစာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





၂ ပေတရု ဩဝါဒစာ
အခန်းကြီး ၂

ယုဒလူတို့တွင် မိစ္ဆာပရောဖက်အသင်းတော်၌ မိစ္ဆာဆရာရှိ

သို့သော်လည်း၊ ယုဒလူတို့တွင် မိစ္ဆာပရောဖက်ရှိကြ၏။ ထိုနည်းတူ ဖျက်ဆီးတတ်သော မိစ္ဆာဒိဌိအယူများကို ပရိယာယ်အားဖြင့်သွင်း၍၊ မိမိတို့ကို ဝယ်တော်မူသောအရှင်ကို ငြင်းပယ်လျက်၊ မိမိတို့အပေါ်သို့ လျင်စွာသော ဖျက်ဆီးခြင်းကို ရောက်စေသော မိစ္ဆာဆရာတို့သည် သင်တို့တွင် ရှိကြလိမ့်မည်။ သူတို့ညစ်ညူးသော အကျင့်ဓလေ့တို့ကို အများသောသူတို့သည် လိုက်သောအားဖြင့် သမ္မာတရားလမ်း အသရေသည် ပျက်စီးလိမ့်မည်။ သူတို့သည် လောဘလွန်ကျူးလျက် ချော့မော့သောစကားနှင့် သင်တို့ကို ကုန်သွယ်ကြလိမ့်မည်။ [A] သူတို့အပြစ်စီရင်ခြင်းသည် ရှေးကာလမှစ၍ မဖင့်မနွဲ့၊ သူတို့ဖျက်ဆီးခြင်းသည်လည်း အိပ်၍မပျော်။


ပြစ်မှားသောကောင်းကင်တမန်များ
CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES






အကြောင်းမူကား၊ ပြစ်မှားသော ကောင်းကင်တမန်တို့ကို၊ ဘုရားသခင်သည် နှမြောတော်မမူ၊ ငရဲ [B]ထဲသို့ချလိုက်ပြီးမှ စစ်ကြောစီရင်ခြင်းအလိုငှာ ချုပ်ထား၍၊ မှောင်မိုက်သံကြိုးနှင့် ချည်နှောင်တော်မူ၏။ [C] ရှေးလောကဓာတ်ကိုလည်း နှမြောတော်မမူ။ ​ဖြောင့်မတ်ခြင်းတရားကို ဟောသော နောဧနှင့်၊ လူခုနစ်ယောက်တို့ကို စောင့်မတော်မူ၍၊ ဘုရားကို မကိုးကွယ်သော လောကီသားအပေါင်းတို့ကို ရေလွှမ်းမိုးစေတော်မူ၏။ သောဒုံမြို့နှင့် ဂေါမောရမြို့တို့ကို မီးရှို့၍ ဖျက်ဆီးရာ၊ ဒဏ်စီရင်တော်မူသဖြင့်၊ [D]နောင်၌ မတရားသောအကျင့်ကို ကျင့်အံ့သောသူတို့အား၊ ပုံသက်သေကို ထားတော်မူ၏။


ဖြောင့်မတ်သော လောတမိသားစုကိုကယ်

ထိုအခါ မတရားသောသူတို့၏၊ ညစ်ညူးသောအကျင့်အားဖြင့် နှောင့်ရှက်ခြင်းကိုခံရသောသူ၊ ​ဖြောင့်မတ်သော လောတကို ကယ်နှုတ်တော်မူ၏။ ထို​ဖြောင့်မတ်သောသူသည် မတရားသောသူတို့တွင် နေစဉ်အခါ၊ သူတို့၏ မတရားသောအမှုများကို နေ့တိုင်းမပြတ် မျက်စိမြင်လျက်၊ နားကြားလျက်ရှိသဖြင့်၊ မိမိ​ ဖြောင့်မတ်သောစိတ်နှလုံးကို ပြင်းစွာညှဉ်းဆဲရ၏။ ဘုရားဝတ်၌ မွေ့လျော်သောသူတို့ကို၊ စုံစမ်းနှောင့်ယှက်ခြင်း အထဲက ကယ်နှုတ်ခြင်းငှာ၎င်း၊ ၁၀ မတရားသောသူတို့ကို ဒဏ်ခံစေမည်အကြောင်း၊ ညစ်ညူးသော တပ်မက်ခြင်း ကိလေသာနှင့်တကွ၊ ကာမဂုဏ်အလိုသို့ လိုက်၍၊ အာဏာစက်ကို မထီမဲ့မြင်ပြုသောသူတို့ကို အထူးသဖြင့် ဒဏ်ခံစေမည်အကြောင်း၊ တရားဆုံးဖြတ်သောနေ့အဖို့ ချုပ်ထားခြင်းငှာ၎င်း၊ ထာဝရဘုရားသည် တတ်နိုင်တော်မူ၏။


မိမိတို့နားမလည်သောအရာကို ကဲ့ရဲ့ကြ

ထိုသူတို့သည် ရဲရင့်သောသူ၊ ကိုယ်အလိုသို့ လိုက်တတ်သောသူဖြစ်၍၊ ဘုန်းတန်ခိုးကြီးသော သူတို့ကို ကဲ့ရဲ့ဝံ့ကြ၏။ ၁၁ ကောင်းကင်တမန်တို့မူကား၊ သူတို့ထက် ခွန်အားတန်ခိုးကြီးသော်လည်း၊ ထာဝရဘုရားရှေ့တော်၌ သူတို့အား ကဲ့ရဲ့စွာသော ပြစ်တင်ခြင်းကို မပြုကြ။ ၁၂ သူတို့မူကား၊ ဖမ်း၍ဖျက်ဆီးဖို့ရာ ဖန်ဆင်းသော တိရစ္ဆာန်သက်သက်ကဲ့သို့၊ မိမိတို့နားမလည်သော အရာကိုကဲ့ရဲ့လျက်၊ မိမိတို့ပုပ်ပျက်သောအားဖြင့် အကုန်အစင် ပျက်စီးခြင်းသို့ ရောက်၍၊ မတရားသောအမှု၏ အပြစ်ကို ခံရကြလိမ့်မည်။ ၁၃ နေ့အချိန်၌ ပင် လွန်ကျူးစွာ ကာမဂုဏ်ခံစားခြင်းအမှုသည်၊ ပျော်မွေ့ရာဖြစ်သည်၊ ဟုသူတို့သဘောရှိ၏။ သင်တို့နှင့်အတူ စားသောက်ပွဲလုပ်သောအခါ၊ မိမိတို့ မှားယွင်းသောသဘောနှင့် လွန်ကျူးစွာ ကာမဂုဏ်ခံစား၍၊ သင်တို့၌ အညစ်အ​ကြေး၊ အစွန်းအကွက်ဖြစ်ကြ၏။ ­၁၄ သူတို့သည်သူ့မယားကို ပြစ်မှားသော၊ ကိလေသာနှင့် ပြည့်စုံသော မျက်စိရှိ၍၊ ဒုစရိုက်ကို မပြုဘဲ မနေနိုင်ကြ။ စိတ်နှလုံး မတည်ကြည်သောသူတို့ကို အပြစ်သို့ သွေးဆောင်တတ်ကြ၏။ လောဘ လွန်ကျူးခြင်း၌ ကျင်လည်၍၊ ကျိန်တော်မူခြင်း၏သား ဖြစ်ကြ၏။ ၁၅ ​ဖြောင့်မတ်သော လမ်းထဲက ထွက်၍ လွဲသွားသဖြင့်၊ ဗောသော်၏သား ဗာလမ်၏လမ်းကိုလိုက်ကြ၏။၁၆ ထိုဗာလမ်သည် မတရားသောအမှု၏ အခကို တပ်မက်၍၊ မိမိဒုစရိုက်အတွက်ကြောင့် ဆုံးမခြင်းကိုခံရ၏။ [E] အဘယ်သို့နည်းဟူမူကား၊ စကားမပြောနိုင်သော မြည်းသည် လူဘာသာအားဖြင့်မြွက်၍၊ ထိုပရောဖက်၏ မိုက်မဲခြင်းကို မြစ်တားလေ၏။


ရေမရှိသောရေတွင်း၊ လေတိုက်၍လွင့်သောမိုးတိမ်ကဲ့သို့

၁၇ ထိုသူတို့သည်ရေမရှိသောရေတွင်းကဲ့သို့၎င်း၊ လေတိုက်၍လွင့်သောမိုးတိမ်ကဲ့သို့၎င်း၊ ဖြစ်ကြ၏။ သူတို့အဖို့ တခဲနက်သော ထာဝရမှောင်မိုက်ကို သိုထားလျက်ရှိ၏။ ၁၈ အကြောင်းမူကား၊ မှားယွင်းခြင်း၌ ကျင်လည်သော သူတို့အထဲက ပြေးထွက်လုသောသူတို့ကို၊ ထောင်လွှားသော အချည်းနှီး စကားပြောသည်နှင့်၊ ဇာတိပကတိတပ်မက်ခြင်း၊ ကိလေသာလွန်ကျူးခြင်းအားဖြင့် အပြစ်သို့ သွေးဆောင်တတ်ကြ၏။ ၁၉ လွတ်ခြင်းအခွင့်ရှိသည်၊ ဟုဝန်ခံလျက်ပင်၊ ကိုယ်တိုင်ပုပ်ပျက်ခြင်း၏ကျွန် ဖြစ်ကြ၏။ အဘယ်သို့နည်းဟူမူကား၊ လူကိုနိုင်သောအရာသည် လူ၏သခင်ဖြစ်၏။ ၂၀ ကယ်တင်တော်မူသော အရှင်သခင်ယေရှုခရစ်ကို သိ​ကျွမ်းခြင်းအားဖြင့်၊ လောကီညစ်ညူးခြင်းနှင့် ကင်းလွတ်ပြီးမှ၊ တဖန် ကျော့မိ၍ရှုံးလျှင်၊ နောက်ဖြစ်ဟန်သည် ရှေးဖြစ်ဟန်ထက် သာ၍ဆိုး၏။ ၂၁ ​ဖြောင့်မတ်ခြင်းတရားလမ်းကိုသိ၍၊ မိမိခံခဲ့ပြီးသော သန့်ရှင်းသောပညတ်ကို တဖန်စွန့်ပစ်သည်ထက်၊ ထိုလမ်းကို မသိဘဲနေသော် သာ၍ကောင်း၏။ ၂၂ ခွေးသည် မိမိအန်ဖတ်ကို ပြန်၍စား၏။ ဝက်သည်လည်း ဆေးပြီးမှ ရွှံ့တွင်လူးပြန်၏၊ ဟုမှန်သောစကားပုံသည် ထိုသူတို့၌ ပြည့်စုံသတည်း။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.