-
AA
+
🡀
|
🡂
ဟေဗြဲဩဝါဒစာ
၁၂
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဟေဗြဲဩဝါဒစာ
အခန်းကြီး ၁၂


သခင်ယေရှုကို စေ့စေ့ထောက်ရှုကြကုန်အံ့

ထိုကြောင့်၊ ဤမျှလောက်များစွာသော သက်သေအပေါင်းတို့သည်၊ ငါတို့ကို ဝိုင်းရံလျက် ရှိကြသည်ဖြစ်၍၊ ငါတို့သည် ခပ်သိမ်းသောဝန်တို့ကို၎င်း၊ နှောင့်ယှက်တတ်သော ဒုစရိုက်ကို၎င်း ပယ်ရှား၍၊ ငါတို့မျက်မှောက်၌ ထားသော ပန်းတုံးတိုင်သို့ ရောက်ခြင်းငှါ၊ အားမလျော့ဘဲ ပြေးကြကုန်အံ့။ ယုံကြည်ခြင်းကို အစအဦးစီရင်၍၊ စုံလင်စေတော်မူသော သခင်ယေရှုကို စေ့စေ့ ထောက်ရှုကြကုန်အံ့။ ထိုသခင်သည် မိမိရှေ့၌ ထားသော ဝမ်းမြောက်ခြင်း အကြောင်းကြောင့်၊ ရှက်ကြောက်သော အရာကို မမှတ်ဘဲ လက်ဝါးကပ်တိုင်၌ ခံပြီးမှ၊ ဘုရားသခင်၏ ပလ္လင်တော် လက်ျာဘက်၌ ထိုင်နေတော်မူ၏။ အပြစ်ရှိသောသူတို့လက်တွင်၊ ထိုမျှလောက်ကြီးသော ဆီးတားနှောင့်ယှက်ခြင်းကို၊ ခံတော်မူသောသခင်ကို ထောက်ရှု ဆင်ခြင်သောအားဖြင့်၊ အားလျော့ စိတ်ပျက်ခြင်းနှင့် ကင်းလွတ်အံ့သောငှါ ကြိုးစားကြလော့။


ထာ၀ရဘုရားဆုံးမခြင်းကို ခံရမည်

သင်တို့သည် ဒုစရိုက်အပြစ်ကို ဆိုင်ပြိုင်တိုက်လှန်၍၊ ကိုယ်အသွေး ထွက်သည်တိုင်အောင် မခံရကြသေး။ ထိုမှတပါး၊ ငါ့သား၊ ထာဝရဘုရား ဆုံးမတော်မူခြင်းကို မမှတ်ဘဲမနေနှင့်။ [A] သင်၏အပြစ်ကို စစ်ဆေးတော်မူသောအခါ၊ စိတ်မပျက်နှင့်။ ထာဝရဘုရားသည် ချစ်တော်မူသောသူကို၊ ဆုံးမတော်မူတတ်၏။ လက်ခံတော်မူသမျှသော သားတို့ကို ဒဏ်ခတ်တော်မူ တတ်၏၊ [B] ဟုသူငယ်တို့ကို ဆိုသကဲ့သို့၊ သင်တို့ကို ပြောဆိုသော ဩဝါဒစကားကို မေ့လျော့ကြသလော။ သင်တို့သည် ဆုံးမတော်မူခြင်းကို ခံလျှင်၊ သားတို့ကို ပြုသကဲ့သို့၊ ဘုရားသခင်သည် သင်တို့ကိုပြုတော်မူ၏။ အကြောင်းမူကား၊ အဘမဆုံးမသော သားတစုံတယောက် ရှိသလော။ သားအပေါင်းတို့သည် ခံတတ်သော ဆုံးမခြင်းကို သင်တို့သည် မခံဘဲနေလျှင်၊ သားအရင်းမဟုတ်၊ မင်းဦးမင်းလွင်ရသော သားဖြစ်ကြ၏။ တနည်းကား၊ ကိုယ်ကာယနှင့် စပ်ဆိုင်သောအဘတို့ လက်ဖြင့်ငါတို့သည်ဆုံးမခြင်းကိုခံရသောအခါ၊ သူတို့ကိုရိုသေကြ၏။ ထိုမျှမက၊ စိတ်ဝိညာဉ်တို့၏အဘအလိုသို့လိုက်၍၊ အသက်ချမ်းသာရကြမည်မဟုတ်လော။ ၁၀ အကြောင်းမူကား၊ ထိုအဘတို့သည် မိမိအလိုသို့လိုက်၍ တခဏသာ ဆုံးမပေးကြ၏။ ကိုယ်တော်မူကား၊ မိမိသန့်ရှင်းခြင်းပါရမီတော်ကို ငါတို့သည် ဆက်ဆံစေခြင်းငှါ၊ ငါတို့အကျိုးကို ထောက်၍သာ ဆုံးမပေးတော်မူ၏။ ၁၁ ဆုံးမခြင်းမည်သည်ကား၊ ခံရစဉ်အခါ ဝမ်းမြောက်စရာမထင်၊ ဝမ်းနည်းစရာထင်တတ်၏။ သို့သော်လည်း၊ ဆုံးမခြင်းကို ခံရသောသူတို့သည်၊ နောက်မှ ငြိမ်သက်ခြင်းနှင့် သက်ဆိုင်သော ​ဖြောင့်မတ်ခြင်းအကျိုးကို ခံရကြ၏။


တွဲလွဲနေသောလက်တို့နှင့် အားမရှိသောဒူးတို့ကို ခိုင်ခံ့စေကြ

၁၂ ထိုကြောင့်၊ တွဲလွဲနေသောလက်တို့နှင့်၊ အားမရှိသောဒူးတို့ကို ခိုင်ခံ့စေကြလော့။ ၁၃ ​ခြေမစွမ်းသောသူတို့သည်၊ အဆစ်မပြုတ်သည်သာမက ချမ်းသာရစေခြင်းငှါ၊ သင်တို့သွားဘို့ရာ​ ဖြောင့်သောလမ်းတို့ကို ပြင်ဆင်ကြလော့။ ၁၄ လူအပေါင်းတို့သည် အတင့်အသင့်နေ၍ ငြိမ်သက်ခြင်းကို၎င်း၊ သန့်ရှင်းခြင်းပါရမီကို၎င်း၊ မှီအောင်လိုက်ကြလော့။ သန့်ရှင်းခြင်းပါရမီ မရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။ ၁၅ သင်တို့တွင် တစုံတယောက်မျှ၊ ဘုရားသခင်၏ ကျေးဇူးတော်ကို မရဘဲမနေစေခြင်းငှါ၎င်း၊ ခါးစွာသောပင်မြစ်ပေါက်၍ သင်တို့နှောင့်ယှက်သဖြင့်၊ လူအများတို့သည် အပြစ်နှင့် မညစ်ညူးစေခြင်းငှါ၎င်း၊ ၁၆ မတရားသောမေထုန်၌ မှီဝဲသောသူမရှိစေခြင်းငှါ၎င်း၊ တနပ်စာအဘို့နှင့်သားဦးအရာကို ရောင်းသောဧသောကဲ့သို့၊ ဘုရားတရားကို မရိုသေပြုသောသူ မရှိစေခြင်းငှါ၎င်း၊ သတိနှင့် ကြည့်ရှုကြလော့။ ၁၇ သင်တို့သိသည်အတိုင်း ဧသောသည်နောက်မှ ကောင်းကြီးမင်္ဂလာကို အမွေခံခြင်းငှါ၊ အလိုရှိသောအခါ ငြင်းပယ်ခြင်းကိုခံရ၏။ မျက်ရည်ကျ၍ ကောင်းကြီးမင်္ဂလာကို အလွန်ရှာသော်လည်း၊ မိမိအဘ၏ စိတ်ပြောင်းလဲခြင်းအခွင့်ကို မတွေ့မရ။


ယုံကြည်သူများသည် ကောင်းကင်သို့ရောက်
CROSS REFERENCES





CROSS REFERENCES






၁၈ ထိုမှတပါး၊ သင်တို့သည် လက်နှင့်တွေ့နိုင်သော တောင်သို့၎င်း၊ လောင်သောမီးသို့၎င်း၊ မဲသောတိမ်တိုက်၊ မှောင်မိုက်၊ မိုးသက်မုန်တိုင်းသို့၎င်း၊ ၁၉ တံပိုးမှုတ်ခြင်း အသံသို့၎င်း၊ နှုတ်ကပတ်တော်အသံသို့၎င်း၊ ရောက်ကြသည်မဟုတ်။ ထိုအသံတော်ကို ကြားသောသူတို့သည်၊ ထပ်၍ မိန့်တော်မမူမည်အကြောင်း တောင်းပန်ကြ၏။ ၂၀ အဘယ်ကြောင့်နည်းဟူမူကား၊ တိရစ္ဆာန်သော်လည်း ထိုတောင်ကိုထိမိလျှင်၊ ကျောက်ခဲနှင့်ပစ်၍ သေစေ၊ ဟုပညတ်တော်မူသံကို လူတို့သည် နားမခံနိုင်ကြ။ ၂၁ ထိုသို့ထင်ရှားသောအရာသည် အလွန်ကြောက်မက်ဘွယ်ဖြစ်၍၊ မောရှေက၊ ငါသည် ကြောက်ရွံ့တုန်လှုပ်ခြင်း ရှိသည်ဟုဆို၏။ [C] ၂၂ သင်တို့သည် ဇိအုန်တောင်သို့၎င်း၊ အသက်ရှင်တော်မူသော ဘုရားသခင်၏ မြို့တော်တည်းဟူသော၊ ကောင်းကင်ယေရုရှလင်မြို့သို့၎င်း၊ အတိုင်းမသိ များစွာသော ကောင်းကင်တမန်တို့၏ စည်းဝေးခြင်းသို့၎င်း၊ ၂၃ ကောင်းကင်စာရင်း၌ ဝင်သော သားဦးတို့၏အသင်းတော်သို့၎င်း၊ ခပ်သိမ်းသောသူတို့ကို တရားစီရင်တော်မူသော ဘုရားသခင် အထံတော်သို့၎င်း၊ စုံလင်ခြင်းသို့ ရောက်သော သူတော်ကောင်းတို့၏ စိတ်ဝိညာဉ်တို့ထံသို့၎င်း၊ ၂၄ ပဋိညာဉ်တရားသစ်၏ [D] အာမခံတည်းဟူသော ယေရှုထံတော်သို့၎င်း၊ အာ​ဗေလ၏အသွေး ပြောဆိုသော အရာထက်သာ၍၊ မြတ်သောအရာကို ပြောဆိုသောဖြန်းဆွတ်ခြင်း၏ အသွေးထံသို့၎င်း ရောက်ကြ၏။


ကောင်းကင်ဘုံက စကားကိုနားမထောင်လျှင်
CROSS REFERENCES






၂၅ သင်တို့သည် မိန့်တော်မူသောသူ၏ စကားတော်ကို၊ မငြင်းမပယ်မည်အကြောင်း သတိပြုကြလော့။ မြေကြီးပေါ်မှာ ဗျာဒိတ်တော်ကို ဆင့်ဆိုသောသူ၏ စကားကို၊ ငြင်းပယ်သောသူတို့သည် အပြစ်မလွတ်ရသည်မှန်လျှင်၊ ထိုမျှမက၊ ကောင်းကင်ဘုံက မိန့်တော်မူသောသူ၏ စကားကို၊ ငါတို့သည် နားမထောင်ဘဲနေလျှင်၊ သာ၍ကြီးစွာသောအပြစ်နှင့် အဘယ်သို့ ကင်းလွတ်နိုင်မည်နည်း။ ၂၆ အထက်က ဗျာဒိတ်တော်အသံသည်၊ မြေကြီးကို လှုပ်သည်ဖြစ်၍၊ ယခုတဖန် ငါသည်မြေကြီးနှင့် ကောင်းကင်ကို၊ လှုပ်ဦးမည်၊ ဟုဂတိတော်ရှိ၏။ ၂၇ တဖန်ဟူသော စကား၏ အဓိပ္ပါယ်ကား၊ မလှုပ်သောအရာတို့ကို တည်စေခြင်းငှါ၊ လှုပ်သောအရာတို့ကို လောကီအရာကဲ့သို့၊ ပယ်ဖျက်လိမ့်မည်၊ ဟုဆိုလိုသတည်း။ ၂၈ ထိုကြောင့်၊ ငါတို့သည် မလှုပ်နိုင်သောနိုင်ငံကို ရသည်ဖြစ်၍၊ ခန့်ငြားကြောက်ရွံ့သော သဘောနှင့်၊ ဘုရားသခင်ကို လျောက်ပတ်စွာ ဝတ်ပြုနိုင်မည်အကြောင်း၊ ကျေးဇူးတော်ကို စွဲလမ်းကြကုန်အံ့။ ၂၉ ငါတို့ဘုရားသခင်သည် လောင်သောမီးဖြစ်တော်မူ၏။ [E]



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.