-
AA
+
🡀
|
🡂
တိတု ဩဝါဒစာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





တိတု ဩဝါဒစာ
အခန်းကြီး ၂


ယောက်ျားမိန်းမတို့ လိုက်မည့်အရာများ

သင်တို့မူကား၊ စင်ကြယ်သော ဩဝါဒနှင့် ထိုက်တန်သမျှတို့ကို ဟောပြောလော့။ အသက်ကြီးရင့်သော ယောက်ျားတို့သည် သမ္မာသတိရှိသောသူ၊ တည်ကြည်သောသူ၊ ဣန္ဒြေစောင့်သောသူ၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၌ စိတ်သန်သောသူ ဖြစ်ရကြမည်အကြောင်း၊ ထိုနည်းတူ၊ အသက်ကြီးရင့်သော မိန်းမတို့သည် ကျင့်ကြံပြုမူရာမှာ၊ ဓမ္မအမှုနှင့် ထိုက်တန်သောသူ၊ မချောစားတတ်သောသူ၊ စပျစ်ရည်၌ မလွန်ကျူးတတ်သောသူ၊ ကောင်းသောအတတ်ကို သင်ပေးတတ်သောသူ ကိုယ်တိုင်ဖြစ်၍၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ကဲ့ရဲ့ခြင်းနှင့် ကင်းလွတ်စိမ့်သောငှါ၊ အသက်ပျိုသော မိန်းမတို့သည် ကိုယ်ခင်ပွန်းကို ချစ်သောသူ၊ သားသမီးကို ချစ်သောသူ၊ ဣန္ဒြေစောင့်သောသူ၊ စင်ကြယ်သောသူ၊ မိမိအိမ်ကိုပြုစုသောသူ၊ ကောင်းမွန်သောသူ၊ ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံသောသူ ဖြစ်စေခြင်းငှါ၊ အသက်ကြီးရင့်သော မိန်းမတို့သည် ဆုံးမပေးရကြမည် အကြောင်း၊ ထိုနည်းတူ၊ အသက်ပျိုသော ယောက်ျားတို့သည်လည်း၊ ဣန္ဒြေ စောင့်ရမည်အကြောင်း တိုက်တွန်းသွေးဆောင်လော့။


ပုံသက်သေပြ၍ စင်ကြယ်သောတရားဟောပါ

အရာရာ၌ ကောင်းသောအကျင့်တို့၏ ပုံသက်သေကို ကိုယ်တိုင်ပြလော့။ ဆုံးမဩဝါဒ ပေးသောအခါ၊ မိစ္ဆာဒိဌိနှင့်ကင်းခြင်း (သန့်ရှင်းသောသွန်သင်ခြင်း purity in doctrine,)၊ တည်ကြည်ခြင်း၊ အပြစ်တင်ဘွယ်မရှိ၊ စင်ကြယ်သော တရားစကားကို ဟောပြောခြင်းတို့ကို ပြုလော့။ သို့ဖြစ်၍၊ တဘက်၌ နေသောသူသည်၊ ငါတို့ကို ကဲ့ရဲ့စရာအခွင့် မရနိုင်သောကြောင့်၊ ရှက်ကြောက်ခြင်းသို့ ရောက်လိမ့်မည်။


အစေခံကျွန်များအုပ်စိုးခြင်းဝန်ခံစေ

အစေခံ​ကျွန်တို့သည်၊ ငါတို့ကို ကယ်တင်တော်မူသော ဘုရားသခင်၏ ဩဝါဒကို အရာရာ၌ တန်ဆာဆင်ခြင်းငှါ၊ မိမိတို့သခင်၏ အုပ်စိုးခြင်းကို ဝန်ခံ၍၊ ငြင်းခုန်ခြင်းမရှိဘဲ၊ အရာရာ၌ သခင်၏အလိုသို့ လိုက်မည်အကြောင်းနှင့်၊ ၁၀ တိတ်ဆိတ်စွာ ခိုးယူခြင်းကို မပြုဘဲ၊ ခပ်သိမ်းသောသစ္စာကို ထင်ရှားစွာ ပြမည်အကြောင်း၊ တိုက်တွန်း သွေးဆောင်လော့။


ယေရှုခရစ်ကြွလာခြင်းသည် မင်္ဂလာရှိသောမြော်လင့်ရာ
CROSS REFERENCES





CROSS REFERENCES






၁၁ အကြောင်းမူကား၊ မင်္ဂလာရှိသော မြော်လင့်ရာကို၎င်း၊ ကြီးမြတ်သော ဘုရားသခင် တည်းဟူသော၊ ငါတို့ကို ကယ်တင်တော်မူသော အရှင်သခင် ယေရှုခရစ်၏ ဘုန်းအသရေတော် ထင်ရှားပေါ်ထွန်းခြင်းကို၎င်း၊ ၁၂ ငါတို့သည် မြော်လင့်လျက်၊ ဘုရားမဲ့တရားမဲ့နေခြင်း၊ [A] လောကီတပ်မက်ခြင်းကို ပယ်ရှားလျက်၊ ယခုဘဝ၌ ဣန္ဒြေစောင့်ခြင်း၊ တရားသဖြင့် ကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်း [B]တို့ကို ပြုနေရမည်အကြောင်း၊ ၁၃ ငါတို့ကို ဆုံးမသွန်သင်၍၊ လူအပေါင်းတို့ကို ကယ်တင်တတ်သော ဘုရားသခင်၏ ကျေးဇူးတော်သည်၊ ထင်ရှားပေါ်ထွန်းလျက်ရှိ၏။ ၁၄ ထိုသခင်ယေရှုခရစ်သည် ခပ်သိမ်းသော ဒုစရိုက်မှ ငါတို့ကို ရွေးနှုတ်ခြင်းငှါ၎င်း၊ ကောင်းသောအကျင့်ဘက်၌ စိတ်အားကြီး၍၊ ပိုင်ထိုက်တော်မူသော အမျိုးကို မိမိအဘို့ စင်ကြယ်စေခြင်းငှါ၎င်း၊ ကိုယ်ကိုကိုယ် စွန့်ကြဲတော်မူပြီ။ ၁၅ ဤတရားစကားကို ဟောပြောခြင်း၊ တိုက်တွန်း သွေးဆောင်ခြင်း၊ ဆုံးမ ပြစ်တင်ခြင်းတို့ကို ခပ်သိမ်းသော အာဏာနှင့်တကွ ပြုလော့။ အဘယ်သူမျှသင့်ကို မထီမဲ့မြင်မပြုစေနှင့်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.