-
AA
+
🡀
|
🡂
၁ သက်သာလောနိတ်
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





၁ သက်သာလောနိတ်
အခန်းကြီး ၅


ကပ်ကာလများကိုသေချာစွာသိ

ညီအစ်ကိုတို့၊ ကပ်ကာလအချိန်များကို၊ သင်တို့အားရေး၍ ပေးလိုက်စရာ အကြောင်းမရှိ။ အဘယ်ကြောင့်နည်းဟူမူကား၊ သူခိုးသည် ညအခါလာသကဲ့သို့၊ သခင်ဘုရား၏ နေ့ရက်သည် လာလိမ့်မည်ကို၊ သင်တို့သည် သေချာစွာသိကြ၏။ [A] ငြိမ်ဝပ်ခြင်းရှိ၏၊ ဘေးအန္တရာယ်နှင့် ကင်းလွတ်၏၊ ဟုဆိုစဉ်တွင်၊ ကိုယ်ဝန်ဆောင်သော မိန်းမ၌ သားဖွားခြင်း ဝေဒနာရောက်သကဲ့သို့၊ သူတို့အပေါ်၌ လျှင်မြန်စွာသော ပျက်စီးခြင်းရောက်၍၊ လွတ်ခြင်းအခွင့်မရှိရကြ။


အလင်း၏သားနေ့၏ သားဖြစ်ကြ
CROSS REFERENCES





CROSS REFERENCES






သို့သော်လည်း၊ ညီအစ်ကိုတို့၊ ထိုနေ့ရက်သည် သူခိုးကဲ့သို့သင်တို့အပေါ်သို့ ရောက်လာမည်အကြောင်း၊ သင်တို့သည် မှောင်မိုက်၌ နေကြသည်မဟုတ်။ သင်တို့အပေါင်းသည် အလင်း၏သား၊ နေ့၏သားဖြစ်ကြ၏။ ည၏သား၊ မှောင်မိုက် ၏သားမဟုတ်။ သို့ဖြစ်၍၊ အခြားသောသူတို့သည် အိပ်ပျော်သကဲ့သို့၊ ငါတို့သည် အိပ်မပျော်ဘဲ၊ သမ္မာသတိရှိ၍ စောင့်ကြကုန်အံ့။ [B] အကြောင်းမူကား၊ အိပ်ပျော်သောသူတို့သည် ညအခါ အိပ်ပျော်တတ်ကြ၏။ သေရည်သေရက်နှင့် ယစ်မူးသောသူတို့သည်လည်း ညအခါ ယစ်မူးတတ်ကြ၏။ နေ့၏သားဖြစ်သော ငါတို့မူကား၊ သမ္မာသတိရှိကြကုန်အံ့။ ယုံကြည်ခြင်း၊ ချစ်ခြင်းတည်းဟူသော ရင်အုပ်တန်ဆာကို၎င်း၊ ကယ်တင်ခြင်း သို့ရောက်မည်၊ ဟုမြော်လင့်ခြင်းတည်းဟူသော၊ [C]သံခမောက်လုံးကို၎င်း၊ ဝတ်ဆောင်ကြကုန်အံ့။


အမျက်တော်ခံစေခြင်းငှါ ငါတို့ကိုခန့်ထားတော်မမူ

အမျက်တော်ကို ခံစေခြင်းငှါ ဘုရားသခင်သည် ငါတို့ကို ခန့်ထားတော်မူသည် မဟုတ်။ ငါတို့ သခင်ယေရှုခရစ်အားဖြင့် ကယ်တင်ခြင်းကို ခံရစေခြင်းငှါ ခန့်ထားတော်မူ၏။ ၁၀ ငါတို့သည် နိုးလျက်ရှိသည်ဖြစ်စေ၊ အိပ်ပျော်သည်ဖြစ်စေ၊ ထိုသခင်နှင့်အတူ အသက်ရှင်မည်အကြောင်း၊ ငါတို့အဘို့ အသေခံတော်မူပြီ။ ၁၁ ထိုကြောင့်၊ သင်တို့သည် ယခုပင် ပြု သည်နည်းတူ အချင်းချင်းတိုက်တွန်း၍ တယောက်ကို တယောက် တည်ဆောက်ကြလော့။ [D]


ဦးဆောင်သူများကို ချစ်ခင်လေးမြတ်ကြ

၁၂ ထိုမှတပါး၊ ညီအစ်ကိုတို့၊ သင်တို့တွင် အမှုတော်ကို ဆောင်ရွက်ခြင်း၊ သခင်ဘုရားအခွင့်နှင့် အုပ်စိုးခြင်း၊ သတိပေးခြင်းအမှုကို ပြုသောသူတို့ကို သိမှတ်၍၊ ၁၃ သူတို့ပြုသောအမှုကြောင့်၊ မေတ္တာစိတ်နှင့် အလွန်ချစ်ခင် လေးမြတ်မည်အကြောင်း၊ ငါတို့သည် တောင်းပန်ကြ၏။ အချင်းချင်း အတင့်အသင့် နေကြလော့။


စိတ်အားငယ်သူအားနည်းသောသူများကို အားပေးကြ

၁၄ တဖန်တုံ၊ ညီအစ်ကိုတို့၊ မတရားစွာပြုသောသူတို့ကို သတိပေးကြလော့။ စိတ်ငယ်သောသူတို့ကို အားပေးကြလော့။ အားနည်းသောသူတို့ကို ထောက်မကြလော့။ [E] ခပ်သိမ်းသောသူတို့အား ရှည်သောစိတ်ရှိစေကြလော့။ ၁၅ သူတပါး၌ အဘယ်သူမျှ ရန်တုံ့မမူစေခြင်းငှါ သတိပြု၍၊ အချင်းချင်းတို့၌၎င်း၊ ခပ်သိမ်းသောသူတို့၌၎င်း၊ ကာလအစဉ်ကြိုးစား၍ ကျေးဇူးပြုကြလော့။


အစဉ်မပြတ်ဝမ်းမြောက်၍ ဆုတောင်းကြလော့
CROSS REFERENCES






၁၆ အစဉ်မပြတ် ဝမ်းမြောက်ခြင်းရှိကြလော့။ ၁၇ မခြားမလပ် ဆုတောင်းပဌနာပြုကြလော့။ ၁၈ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ [F] အကြောင်းမူကား၊ သင်တို့သည် ထိုသို့ကျင့်စေခြင်းငှါ၊ ယေရှုခရစ်၌ ဘုရားသခင် အလိုတော်ရှိ၏။ ၁၉ ဝိညာဉ်တော်၏ အရှိန်ကိုမငြိမ်းစေနှင့်။ ၂၀ ပရောဖက်ပြုခြင်းကို မထီမဲ့မြင်မမှတ်ကြနှင့်။ ၂၁ ခပ်သိမ်းသောအရာကို စုံစမ်း၍၊ ကောင်းသောအရာကို အမြဲကိုင်စွဲကြလော့။ ၂၂ မကောင်းသော အမှုအမျိုးမျိုးရှိသမျှကို ရှောင်ကြလော့။


ကိုယ်ခန္ဓာစိတ်ဝိညာဉ် စောင့်မတော်မူပါစေသော််

၂၃ ငြိမ်သက်ခြင်း၏ အရှင်ဘုရားသခင် ကိုယ်တော်တိုင်လည်း၊ သင်တို့ကို အကုန်အစင် သန့်ရှင်းစေတော်မူပါစေသော်။ ငါတို့သခင်ယေရှုခရစ် ကြွလာတော်မူသောအခါ၊ သင်တို့၏ ကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဉ်အပေါင်းကို အပြစ်တင်ခွင့်နှင့် ကင်းလွတ်စေခြင်းငှါ စောင့်မတော်မူပါစေသော်။ ၂၄ သင်တို့ကို ခေါ်တော်မူသောသူသည် သစ္စာနှင့်ပြည့်စုံသည်ဖြစ်၍၊ ထိုသို့ပြုတော်မူလိမ့်မည်။ ၂၅ ညီအစ်ကိုတို့၊ ငါတို့အဘို့ ဆုတောင်းကြလော့။ ၂၆ ညီအစ်ကိုအပေါင်းတို့ကို သန့်ရှင်းသော နမ်းခြင်းနှင့် နှုတ်ဆက်ကြလော့။ ၂၇ ဤစာကို သန့်ရှင်းသော ညီအစ်ကိုအပေါင်းတို့အား ဖတ်စေခြင်းငှါ၊ သခင်ဘုရားကို တိုင်တည် ၍၊ ငါသည် သင်တို့ကို အဓိဋ္ဌာန်သစ္စာပေး၏။ ၂၈ ငါတို့သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့၌ ရှိစေသတည်း။ အာမင်။

သက်သာလောနိတ်ဩဝါဒစာ ပဌမစောင်ပြီး၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.