-
AA
+
🡀
|
🡂
ဖိလိပ္ပိ ဩဝါဒစာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





ဖိလိပ္ပိ ဩဝါဒစာ
အခန်းကြီး ၄


သခင်ဘုရား၌ တည်နေကြလော့

ထိုကြောင့် ငါဝမ်းမြောက်ခြင်းအကြောင်း၊ ငါ့ဦးရစ်သရဖူတည်းဟူသော၊ ငါချစ်၍ အလွန်လွမ်းသော ညီအစ်ကိုတို့၊ ငါဆိုခဲ့ပြီးသည်အတိုင်း သခင်ဘုရား၌ တည်နေကြလော့၊ ငါ့ချစ်သူတို့။ ဧဝေါဒိနှင့် သုန္တုတ်(Euodia and Syntyche) တို့သည်၊ သခင်ဘုရား၌ သဘော တညီတညွတ်တည်း ဖြစ်ရကြမည် အကြောင်းကို၊ ငါတောင်းပန် သွေးဆောင်ပါ၏။ အချင်း ငါ့လုပ်ဖေါ် ဆောင်ဘက်စစ်၊ သင့်ကိုလည်း ငါတောင်းပန်၏။ ငါနှင့်ကလေမင် (Clement) မှစ၍၊ အသက်စာရင်းဝင်သော အခြားသော ငါ၏ လုပ်ဖေါ်ဆောင်ဘက်တို့နှင့်အတူ၊ ဧဝံဂေလိတရားကို ဟောပြောသောအမှု၌ ကူညီ၍၊ ကြိုးစားအားထုတ်သော မိန်းမတို့ကို မစထောက်ပံ့ပါလော့။


စိုးရိမ်ခြင်းမရှိ ကျေးဇူးတော်ချီးမွမ်းရင်းဖြင့် ဆုတောင်းကြလော့
CROSS REFERENCES





CROSS REFERENCES






သခင်ဘုရား၌ အစဉ်မပြတ် ဝမ်းမြောက်ခြင်းရှိကြလော့။ တဖန်ငါဆိုသည်ကား၊ ဝမ်းမြောက်ကြလော့။ လူအပေါင်းတို့ရှေ့၌ ၊ သင်တို့၏ ဖြေးညှင်းခြင်းသဘောကို၊ ထင်ရှားစေကြလော့။ သခင်ဘုရားသည် အနီးအပါး၌ ရှိတော်မူ၏။ အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ၊ [A] အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ၊ [B] ဆုတောင်း ပဌနာပြုသောအားဖြင့်၊ သင်တို့ တောင်းပန်လိုသော အရာများတို့ကို၊ ဘုရားသခင်အား ကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် အဘယ်သူမျှ ကြံ၍မမှီနိုင်သော၊ ဘုရားသခင်၏ ငြိမ်သက်ခြင်းသည်၊ ယေရှုခရစ်အားဖြင့်၊ သင်တို့၏ စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်။


ကောင်းသောအကျင့်ကိုကျင့်ကြလော့
CROSS REFERENCES






ကြွင်းသေးသော စကားဟူမူကား၊ ညီအစ်ကိုတို့၊ သမ္မာတရားနှင့် ဆိုင်သောအကျင့်၊ လျောက်ပတ်သောအကျင့်၊ ​ဖြောင့်မတ်သောအကျင့်၊ စင်ကြယ်သောအကျင့်၊ သူတစ်ပါး နှစ်သက်ဖွယ်သောအကျင့်၊ ချီးမွမ်းဖွယ်သောအကျင့် ရှိသမျှတို့ကို၎င်း၊ ပါရမီတစ်ပါးပါး၊ ကောင်းသော သတင်းတစ်ပါးပါးနှင့်ဆိုင်သော အကျင့်တို့ကို၎င်း၊ နှလုံးသွင်းကြလော့။ [B] သင်တို့သည် အထက်က သင်ယူ၍၊ ငါ၌ ကြားမြင်ခဲ့ပြီး သမျှတို့ကို ကျင့်ကြလော့။ ထိုသို့ကျင့်လျှင်၊ ငြိမ်သက်ခြင်း၏ အရှင်ဘုရားသခင်သည် သင်တို့နှင့်အတူ ရှိတော်မူလိမ့်မည်။


ပေါလုဘ၀မျိုးစုံကို ခံနိုင်ရည်ရှိပြီ

၁၀ ယခု၌လည်း သင်တို့သည်၊ ငါ့ကိုကြည့်ရှုပြုစုချင်သော စေတနာစိတ်နှင့် ပြည့်စုံပြန်သည်ဖြစ်၍၊ ငါသည်သခင်ဘုရား၌ အလွန်ဝမ်းမြောက်ခြင်းရှိ၏။ ထိုစေတနာစိတ်သည် အထက်က ရှိသော်လည်း၊ ပြုစုရသော အခွင့်မရှိပြီ။ ၁၁ ထိုသို့ငါဆိုသော်၊ ကိုယ်တိုင်ဆင်းရဲခြင်းကို ရည်မှတ်၍ ဆိုသည်မဟုတ်။ အကြောင်းမူကား၊ ငါသည် တွေ့ကြုံသမျှသော အခြင်းအရာတို့၌ ၊ ရောင့်ရဲသော စိတ်ရှိအံ့သောငှါ သင်မိပြီ။ ၁၂ ရှုတ်ချခြင်းကို၎င်း၊ ကြွယ်ဝခြင်းကို၎င်း ခံတတ်၏။ ဝစွာစားခြင်း၊ မွတ်သိပ်ခြင်း၊ စည်းစိမ်ရှိခြင်း၊ ဆင်းရဲခြင်းတို့ကို ခံရအံ့သောငှါ၊ အရပ်ရပ်တို့တွင် အရာရာ၌ သင်မိပြီ။ ၁၃ ငါ့ကိုခွန်အားနှင့် ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့်၊ ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏။ ၁၄ သို့သော်လည်း ဆင်းရဲဒုက္ခကို ငါခံရစဉ်အခါ၊ သင်တို့သည် ငါနှင့် ဆက်ဆံသောအားဖြင့်၊ ကောင်းမွန်စွာပြုကြပြီ။


ဖိလိပ္ပိအသင်းတော်က ပေါလုကိုပေးလှူ

၁၅ အချင်းဖိလိပ္ပိမြို့သားတို့၊ ဧဝံဂေလိတရားကို ဟောစပြု၍၊ မာကေဒေါနိပြည်မှ ငါထွက်ဆဲရှိသောအခါ အလှူလှူခြင်း၊ အလှူခံခြင်းအမှု၌ သင်တို့မှတပါး၊ အဘယ်အသင်းတော်မျှ ငါနှင့် မဆက်ဆံကြ။ ၁၆ သက်သာလောနိတ်မြို့၌ ငါရှိစဉ်တွင်၊ ငါလိုသောအရာကို သင်တို့သည်၊ နှစ်ကြိမ်တိုင်အောင် ပေးလိုက်ကြ၏။ ၁၇ ထိုသို့ငါဆိုသော်၊ အလှူကို ရှာသည်မဟုတ်၊ သင်တို့၌ ကြွယ်ဝသော အကျိုးကိုရှာ၏။ ၁၈ ယခုအခါ အရာရာ၌ ငါရတတ်၏။ ဥစ္စာကြွယ်ဝ၏။ မွှေးကြိုင်သောအနံ့နှင့် ပြည့်စုံ၍၊ ဘုရားသခင် နှစ်သက်အားရတော်မူသောယဇ် တည်းဟူသော၊ သင်တို့ပေးလိုက်သော အရာတို့ကို ဧပ​ဖြောဒိတ် (Epaphroditus) လက်မှ၊ ငါခံရသည်ဖြစ်၍ ကြွယ်ဝလျက်ရှိ၏။ ၁၉ ငါ၏ဘုရားသခင်သည်၊ ဘုန်းအာနုဘော်၌ စံပယ်တော်မူသော စည်းစိမ်ရှိသည်အတိုင်း၊ သင်တို့အလိုရှိသမျှတို့ကို၊ ယေရှုရစ်အားဖြင့် ပြည့်စုံစေတော်မူလိမ့်မည်။ ၂၀ ငါတို့အဘတည်းဟူသော ဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်။


နောက်ဆုံးနှုတ်ဆက်စကား

၂၁ ယေရှုခရစ်၌ ရှိသော သန့်ရှင်းသူ အပေါင်းတို့ကို နှုတ်ဆက်ကြလော့။ ၂၂ ငါနှင့်အတူရှိသော ညီအစ်ကိုမှစ၍ သန့်ရှင်းသူအပေါင်းတို့သည်၊ သင်တို့ကိုနှုတ်ဆက်ကြ၏။ ကဲသာ (Caesar) ဘုရင်၏နန်းတော်၌ နေသော သန့်ရှင်းသူတို့သည်၊ အထူးသဖြင့် နှုတ်ဆက်ကြ၏။ ၂၃ ငါတို့သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည်၊ သင်တို့အပေါင်း၌ ရှိစေသတည်း။ အာမင်။

ဖိလိပ္ပိဩဝါဒစာပြီး၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.