-
AA
+
🡀
|
🡂
၂ ကောရိန္သု ဩဝါဒစာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၂ ကောရိန္သု ဩဝါဒစာ
အခန်းကြီး ၄


ဤလောကကိုအစိုးရသောဘုရားသည် သူတို့၏ဥာဏ်မျက်စိကိုကွယ်စေ
CROSS REFERENCES






ထိုကြောင့်ငါတို့သည် ထိုသို့သောတရား၏ အမှုကို ဆောင်ရွက်သောသူဖြစ်၍၊ ကရုဏာ ကျေးဇူးတော်ကို ခံရသည်နှင့်အညီ၊ အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်ကြ၏။ ဆိတ်ကွယ်ရာအရပ်၌ ပြုသော ရှက်ဘွယ်သော အမှုများကို ပယ်ကြ၏။ ပရိယာယ်ကိုမသုံး၊ ဘုရားသခင်၏ နှုတ်ကပတ် တရားတော်ကို ထိမ်ဝှက်မှောက်လှန်ခြင်းမရှိ၊ သမ္မာတရား [A]ကို အတည့်အလင်းဖေါ်ပြ၍၊ ဘုရားသခင့် ရှေ့တော်၌ လူအပေါင်းတို့၏ စိတ်ထင်အတိုင်း၊ ချီးမွမ်းဘွယ်သော အကျင့်ဓလေ့ကို ကျင့်ကြ၏။ ငါတို့ဟောပြောသော ဧဝံဂေလိတရားသည် ဖုံးအုပ်လျက်ရှိလျှင်၊ ဆုံးရှုံးခြင်းသို့ ရောက်သောသူတို့အားသာ ဖုံးအုပ်လျက်ရှိ၏။ ထိုသို့မယုံကြည်သောသူတို့ကား၊ ဘုရားသခင်၏ ပုံသဏ္ဍာန်တော်တည်းဟူသော၊ ခရစ်တော်၏ ဘုန်းအသရေနှင့် ပြည့်စုံသော ဧဝံဂေလိတရား၏ အရောင်သည် အလင်းကို မပေးစေခြင်းငှါ၊ ဤလောကကို အစိုးရသော ဘုရားသည်၊ သူတို့၏ဥာဏ်မျက်စိကို ကွယ်စေ၏။


ငါတို့စိတ်နှလုံးထဲ၌ အလင်းကိုထွန်းလင်းစေ

ငါတို့သည် ကိုယ်အကြောင်းကို ဟောပြောကြသည်မဟုတ်။ ယေရှုခရစ်သည် သခင်ဖြစ်တော်မူကြောင်းကို၎င်း၊ ငါတို့သည် ယေရှုအတွက်သင်တို့၏ ကျွန်ဖြစ်ကြောင်းကို၎င်း၊ ဟောပြောကြ၏။ မှောင်မိုက်ထဲက အလင်းထွန်းလင်း မည်အကြောင်း မိန့်တော်မူသော ဘုရားသခင်သည်၊ ယေရှုခရစ်၏ မျက်နှာ၌၊ ထွန်းလင်းသော ဘုရားသခင်၏ ဘုန်းတော်ကို၊ သိသောဥာဏ်၏ အရောင်ကို ပေးလိုသောငှါ၊ ငါတို့စိတ်နှလုံးထဲ၌ အလင်းကို ထွန်းလင်းစေတော်မူ၏။


ဒုက္ခဆင်းရဲခံသော်လည်း

သို့သော်လည်း တန်ခိုးတော်၏ ဂုဏ်အသရေသည် ငါတို့နှင့်မဆိုင်၊ ဘုရားသခင်နှင့် ဆိုင်မည်အကြောင်း၊ ထိုဘဏ္ဍာသည် မြေအိုးထဲမှာ ထည့်ထားလျက် ငါတို့၌ရှိ၏။ ငါတို့သည် အမျိုးမျိုးသော နှောင့်ရှက်ခြင်းကို ခံရသော်လည်း၊ အကျိုးနည်းခြင်းသို့ မရောက်။ မကြံစည်နိုင်အောင် ရှိသော်လည်း စိတ်မပျက်။ ညှဉ်းဆဲခြင်းကို ခံရသော်လည်း ရှုံးခြင်းမရှိ၊ အောက်သို့လှဲခြင်းကို ခံရသော်လည်း ဆုံးရာသို့မရောက်။ ၁၀ သခင်ယေရှုသည် အသက်ရှင် တော်မူကြောင်းကို၊ ငါတို့ကိုယ်ခန္ဓာ၌ ထင်ရှားစေခြင်းငှါ၊ ယေရှု၏ သေတော်မူခြင်းကို အစဉ်မပြတ်၊ ငါတို့၏ကိုယ်ခန္ဓာ၌ ဆောင်ရကြ၏။ ၁၁ အဘယ်သို့နည်းဟူမူကား၊ ယေရှုသည် အသက်ရှင် တော်မူကြောင်းကို၊ ငါတို့၏ သေတတ်သော ကိုယ်ခန္ဓာ၌ ထင်ရှားစေခြင်းငှါ၊ ငါတို့သည် အသက်ရှင်စဉ်တွင် ယေရှုကြောင့် သေခြင်းလက်သို့ အစဉ်အပ်နှံ့ခြင်းကို ခံရကြ၏။ ၁၂ သို့ဖြစ်၍ သေခြင်းတရားသည် ငါတို့၌ ပြုပြင်တတ်၏။ သင်တို့၌ကား၊ အသက်ရှင်ခြင်းတရားသည် ပြုပြင်တတ်၏။ ၁၃ ထိုသို့သော ယုံကြည်ခြင်းစိတ် ရှိသည်ဖြစ်၍၊ ငါသည် ယုံကြည်သောကြောင့် မြွက်ဆို၏၊၊ ဟုကျမ်းစာလာသည်နှင့်အညီ၊ ငါတို့သည် ယုံကြည်ခြင်း စိတ်ရှိသောကြောင့် မြွက်ဆိုဟောပြောကြ၏။


ထင်ရှားသောအရာတို့သည်ခဏ၊ မထင်ရှားသောအရာတို့ထာ၀ရ

၁၄ သခင်ယေရှုကို ထမြောက်စေတော်မူသော သူသည်၊ ယေရှုအားဖြင့် ငါတို့ကိုလည်း ထမြောက်စေ၍၊ သင်တို့နှင့်အတူ အထံတော်၌ သွင်းတော်မူမည်၊ ဟုငါတို့သိကြ၏။ ၁၅ အများသောသူတို့သည် ကျေးဇူးတော်ကို ချီးမွမ်းသည်နှင့်၊ ထိုကြွယ်ဝသော ကျေးဇူးတော်သည်၊ ဘုရားသခင်၏ ဘုန်းအသရေတော်ကို ထင်ရှားစေမည်အကြောင်း၊ ခပ်သိမ်းသောအရာတို့သည် သင်တို့အဘို့အလိုငှါ ဖြစ်သတည်း။ ၁၆ ထိုကြောင့် ငါတို့သည် အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်ကြ၏။ ငါတို့၏ပြင်လူသည် ဖောက်ပြန်ပျက်စီးခြင်းသို့ ရောက်သော်လည်း၊ အတွင်းလူမူကား တနေ့ထက်တနေ့ ပြုပြင်ခြင်းကိုခံရ၏။ ၁၇ အကြောင်းမူကား၊ မျက်မှောက်၌ ထင်ရှားသောအရာတို့သည် ခဏသာတည်၍၊ မထင်ရှားသော အရာတို့သည် အစဉ်အမြဲတည်ကြောင်းကို ငါတို့သည်ထောက်လျက်၊ ထင်ရှားသောအရာတို့ကို မကြည့်မမှတ်ဘဲ၊ မထင်ရှားသော အရာတို့ကို ကြည့်မှတ်ကြစဉ်အခါ၊ ၁၈ ယခုခဏခံရ၍ ပေါ့ပါးသော ဆင်းရဲခြင်းဒုက္ခသည်၊ အတိုင်းထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရဘုန်း အသရေကို၊ ငါတို့အဘို့ ဖြစ်စေတတ်၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.