-
AA
+
🡀
|
🡂
၁ ကောရိန္သု ဩဝါဒစာ
၁၄
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၁ ကောရိန္သု ဩဝါဒစာ
အခန်းကြီး ၁၄


အခြားသောဘာသာဖြင့် စကားပြောခြင်းထက် ပရောဖက်ပြုခြင်းသာ၍ လိုချင်

ချစ်ခြင်းမေတ္တာကို မှီအောင်လိုက် ကြလော့။ ဝိညာဉ်ဆုကျေးဇူးတို့ကို အလွန်အလိုရှိသည်တွင်၊ ပရောဖက်ပြုရသော အခွင့်ကိုသာ၍ လိုချင်သောစိတ် ရှိကြလော့။ အကြောင်းမူကား၊ အခြားသော ဘာသာစကားအားဖြင့် ပြောသောသူသည် လူတို့အားမပြော၊ ဘုရားသခင်အား ပြော၏။ သူ၏စကားကို အဘယ်သူမျှနားမလည်။ နက်နဲသောအရာတို့ကို ဝိညာဉ်တော်အားဖြင့် ပြော၏။ ပရောဖက်ပြုသောသူမူကား၊ တည်ဆောက်ခြင်း၊ တိုက်တွန်းသွေးဆောင်ခြင်း၊ သက်သာခြင်းအလိုငှါ လူတို့အား ဟောပြော၏။ အခြားသော ဘာသာစကားအားဖြင့် ပြောသောသူသည်၊ ကိုယ်ကိုသာ တည်ဆောက်၏။ ပရောဖက်ပြုသောသူမူကား၊ အသင်းတော်ကို တည်ဆောက်၏။ သင်တို့ရှိသမျှသည် အခြားသော ဘာသာစကားဖြင့် ပြောစေခြင်းငှါ၊ ငါအလို ရှိ၏။ ပရောဖက်ပြု စေခြင်းငှါ သာ၍အလိုရှိ၏။ အကြောင်းမူကား၊ အခြားသော ဘာသာစကားဖြင့် ပြောသောသူသည်၊ အသင်းတော်ကို တည်ဆောက်ခြင်းငှါ အနက်ကိုမဖေါ်မပြလျှင်၊ သူ့ထက် ပရောဖက်ပြုသောသူသည် သာ၍မြတ်သတည်း။


နားလည်လွယ်သော စကားပြောရမည်

ညီအစ်ကိုတို့၊ ငါသည် သင်တို့ရှိရာသို့ လာ၍အခြားသော ဘာသာစကားဖြင့် ဟောပြောသော်လည်း၊ ဗျာဒိတ်တော်ကိုပြန်ခြင်း၊ ပညာအတတ်ကိုသင်ခြင်း၊ ပရောဖက်ပြုခြင်း၊ ဆုံးမဩဝါဒပေးခြင်းတခုခုကို မပြုဘဲလျက်၊ သင်တို့အားပြောလျှင် အဘယ်အကျိုးရှိအံ့နည်း။ ထိုနည်းတူ၊ အသံမြည်တတ်သော အဝိညာဏကစောင်း၊ ပလွေတို့သည် သေချာသောအသံနှင့် မမြည်လျှင်စောင်းသံ၊ ပလွေသံတို့ကို အဘယ်သို့ သိနိုင်မည်နည်း။ တန်ပိုးခရာသည်လည်း၊ မမှန်သောအသံနှင့်မြည်လျှင်၊ အဘယ်သူသည် စစ်တိုက်ခြင်းငှါ မိမိကိုယ်ကို ပြင်ဆင်မည်နည်း။ ထိုနည်းတူ၊ သင်တို့သည် နားလည်လွယ်သော စကားကို နှုတ်ဖြင့်မမြွက်လျှင် မြွက်သောစကားကို အဘယ်သို့သိနိုင်မည်နည်း။ အာကာသ ကောင်းကင်ကို ပြောသောသူ ကဲ့သို့ဖြစ်လိမ့်မည်။၁၀ လူပြည်၌ ဘာသာ စကားအမျိုးမျိုးတို့သည် ဤမျှလောက်များ၍၊ ရှိသမျှတို့သည် အနက်နှင့် ပြည့်စုံသည်မှန်စေတော့။ ၁၁ ဘာသာစကား၏ အနက်ကို ငါနားမလည်လျှင်၊ ပြောသောသူအားငါသည် လူရိုင်းဖြစ်လိမ့်မည်။ ပြောသောသူသည်လည်း၊ ငါ့အားလူရိုင်း ဖြစ်လိမ့်မည်။ ၁၂ သို့ဖြစ်၍ သင်တို့သည် ဝိညာဉ်ဆုကျေးဇူးတော်တို့ကို အလွန်အလိုရှိကြသည်တွင် အသင်းတော်ကို တည်ဆောက်ခြင်းငှါ ကြွယ်ဝ ပြည့်စုံမည်အကြောင်း ကြိုးစားကြလော့။


စိတ်နှလုံးနှင့်၎င်း၊ ဥာဏ်နှင့်၎င်း၊ဆုတောင်းရမည်

၁၃ ထိုကြောင့် အခြားသော ဘာသာစကားကို ပြန်ပြောသောသူသည်၊ အနက်ကိုလည်း ဖေါ်ပြနိုင်မည်အကြောင်း ဆုတောင်းစေ။ ၁၄ အဘယ်ကြောင့်နည်းဟူမူကား၊ အခြားသော ဘာသာစကားဖြင့် ငါဆုတောင်းလျှင်၊ ငါ့စိတ်နှလုံးဆုတောင်းသော် လည်းငါ့ဥာဏ်သည် အကျိုးကိုမပေး။ ၁၅ သို့ဖြစ်လျှင် အဘယ်သို့ပြုရမည်နည်း။ စိတ်နှလုံးနှင့်၎င်း၊ ဥာဏ်နှင့်၎င်း၊ ဆုတောင်း ရမည်။ စိတ်နှလုံးနှင့်၎င်း၊ ဥာဏ်နှင့်၎င်းသီချင်းဆိုရမည်။ ၁၆ သို့မဟုတ် သင်သည်စိတ်နှလုံးနှင့် ကျေးဇူးတော်ကို ချီးမွမ်းသောအခါ၊ မတတ်သော လူစုအဝင်ဖြစ်သောသူသည်၊ သင်၏စကားကို နားမလည်သောကြောင့်၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်းသို့လိုက်၍၊ အာမင်၊ ဟုအဘယ်သို့ ဝန်ခံနိုင်မည်နည်း။ ၁၇ သင်သည် ကျေးဇူးတော်ကို ကောင်းမွန်စွာ ချီးမွမ်းသည်မှန်စေတော့၊ အခြားသောသူမူကား၊ တည်ဆောက်ခြင်းအကျိုးမရှိ။


အခြားသော ဘာသာစကား တသောင်းထက်နားလည်နိုင်သောစကားငါးခွန်းပိုကောင်း

၁၈ ငါသည် သင်တို့ရှိသမျှထက်၊ အခြားသော ဘာသာစကားဖြင့် ဟောပြောသောအရာကို ထောက်၍၊ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်း၏။ ၁၉ သို့သော်လည်း၊ အသင်းတော်၌ အခြားသောဘာသာစကားဖြင့်၊ စကားတသောင်းကို ပြောနိုင်သည်ထက်၊ သူတပါးတို့ကို သွန်သင်ခြင်းငှါ၊ စကားငါးခွန်းကို ဥာဏ်နှင့်တကွ ပြောနိုင်သောအခွင့်ကို သာ၍အလိုရှိ၏။


ဥာဏ်အရာ၌ အသက်ကြီးသောသူ ဖြစ်ကြလော့

၂၀ ညီအစ်ကိုတို့သင်တို့သည်၊ ဥာဏ်အရာ၌ သူငယ်မဖြစ်ကြနှင့်။ မတရားသော အမှုအရာ၌ နို့စို့သူငယ်ဖြစ်ကြလော့။ ဥာဏ်အရာ၌ အသက်ကြီးသောသူ ဖြစ်ကြလော့။ ၂၁ ပညတ္တိကျမ်းစာ၌ လာသည်ကား၊ အခြားတပါးသောလျှာ၊ အခြားတပါးသော နှုတ်နှင့်ဤလူမျိုးကို ငါပြောမည်။ သို့သော်လည်း သူတို့သည် နားမထောင်ကြ၊၊ ဟုထာဝရဘုရား မိန့်တော်မူ၏။ ၂၂ သို့ဖြစ်၍ အခြားသော ဘာသာစကားတို့သည် ယုံကြည်သောသူတို့အား နိမိတ်လက္ခဏာ ဖြစ်သည်မဟုတ်။ မယုံကြည်သောသူတို့အား နိမိတ်လက္ခဏာ ဖြစ်သတည်း။ ပရောဖက်ပြုခြင်းအမှုမူကား၊ မယုံကြည်သောသူ တို့အဘို့မဟုတ်၊ ယုံကြည်သောသူ တို့အဘို့ဖြစ်သတည်း။ ၂၃ ထိုကြောင့် အသင်းဝင်သူ အပေါင်းတို့သည် စည်းဝေး၍၊ အခြားသော ဘာသာဖြင့် ဟောပြောလျက်နေကြစဉ်တွင် မယုံကြည်သောသူ၊ မတတ်သောသူသည် ဝင်လာလျှင်၊ သူတို့ကို သူရူးဖြစ်ကြသည်၊၊ ဟုပြောမည်မဟုတ်လော။ ၂၄ သို့မဟုတ်သင်းဝင်သူ အပေါင်းတို့သည် ပရောဖက်ပြု၍ နေကြစဉ်တွင်၊ မယုံကြည်သောသူ၊ မတတ်သောသူသည် ဝင်လာလျှင်၊ အသင်းဝင်သူအပေါင်းတို့သည် သူ၏အပြစ်ကို ဖေါ်ပြ၍ သူ့ကိုစစ်ကြောစီရင်ကြ၏။ ၂၅ ထိုသို့သူ၏ စိတ်နှလုံး၌ မထင်ရှားသောအရာတို့သည် ထင်ရှားပြန်၍ သူသည်ပြပ်ဝပ်လျက်၊ ဘုရားသခင်ကို ကိုးကွယ်လိမ့်မည်။ ဘုရားသခင်သည် သင်တို့တွင် အမှန်ရှိတော်မူသည်၊၊ ဟုသက်သေခံလိမ့်မည်။


စကားပြန်မရှိလျှင်၊ ဟောပြောသောသူသည်အသင်းတော်၌ တိတ်ဆိတ်စွာနေ

၂၆ ညီအစ်ကိုတို့၊ အဘယ်သို့နည်း၊ သင်တို့စည်းဝေးကြသောအခါ၊ ဆာလံသီချင်းကိုရသောသူ၊ ဆုံးမဩဝါဒစကားကိုရသောသူ၊ အခြားသောဘာသာစကားကိုရသောသူ၊ ဗျာဒိတ်တော်ကိုရသောသူ၊ အနက်ဖေါ်ပြရာကိုရသောသူ၊ အသီးသီးရှိကြ သည်ဖြစ်၍၊ ခပ်သိမ်းသောအမှုတို့ကိုတည်ဆောက်ခြင်းအလိုငှါစီရင်ကြလော့။ ၂၇ အခြားသောဘာသာစကားဖြင့်ဟော ပြောသောသူရှိလျှင်၊ နှစ်ယောက်ဖြစ်စေ၊ အများဆုံးဆိုသော်သုံးယောက်ဖြစ်စေ၊ တယောက်နောက်တယောက်ပြော၍ တယောက်သောသူသည်အနက်ကိုဖေါ်ပြစေ။ ၂၈ စကားပြန်မရှိလျှင်၊ ဟောပြောသောသူသည်အသင်းတော်၌ တိတ်ဆိတ်စွာနေ၍မိမိအား၎င်း၊ ဘုရားသခင်အား၎င်းပြောစေ။ ၂၉ ပရောဖက်နှစ်ယောက်ဖြစ်စေ၊ သုံးယောက်ဖြစ်စေ၊ ဟောပြော၍ အခြားသောသူတို့သည် စစ်ကြောဆင်ခြင်ကြစေ။ ၃၀ ထိုင်လျက်နေသောသူအား တစုံတခုကို ဖွင့်ပြတော်မူလျှင်၊ အရင်ဟောပြောသောသူသည် တိတ်ဆိတ်စွာနေစေ၏။ ၃၁ အကြောင်းမူကား၊ ရှိသမျှတို့သည်သင်ခြင်းငှါ၎င်း၊ ရှိသမျှတို့သည် သက်သာခြင်းငှါ၎င်း၊ သင်တို့အသီးသီး တယောက်နောက်တယောက် ပရောဖက် ပြုရသောအခွင့် ရှိကြ၏။ ၃၂ ပရောဖက်တို့သည်လည်း၊ မိမိတို့စိတ်ဝိညာဉ်ကို ချုပ်တည်းနိုင်ကြ၏။ ၃၃ ဘုရားသခင်သည် ရုန်းရင်းခတ်သောအမှုကို ပြုစုတော်မမူ။ သန့်ရှင်းသူတို့၏ အသင်းတော် အပေါင်းတို့၌ ဖြစ်သကဲ့သို့ အသင့်အတင့် ငြိမ်ဝပ်ခြင်းကို ပြုစုတော်မူ၏။


ခပ်သိမ်းသောအမှုကို တင့်တယ်လျောက်ပတ်စွာပြုကြလော့
CROSS REFERENCES






၃၄ သင်တို့၏ မိန်းမတို့သည် အသင်းတော်၌ တိတ်ဆိတ်စွာနေကြစေ။ သူတို့သည် ဟောပြောရသောအခွင့် မရှိကြ။ ပညတ်တရားစီရင်သည်အတိုင်း သူတို့သည် ယောက်ျား၏ အုပ်စိုးခြင်းကို ဝန်ခံရကြမည်။ ၃၅ မိန်းမတို့သည် တစုံတခုကို သင်လိုလျှင်၊ အိမ်၌ မိမိခင်ပွန်းကို မေးမြန်းကြစေ။ မိန်းမသည် အသင်းတော်၌ ဟောပြောလျှင် ရှက်ဘွယ်သော အကြောင်းဖြစ်၏။ ၃၆ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်သည် သင်တို့မှထွက်သလော။ သို့မဟုတ် သင်တို့သို့သာ ရောက်သလော။ ၃၇ ငါသည် သင်တို့အား ရေး၍ပေးလိုက်သော စကားတို့သည် သခင်ဘုရား၏ ပညတ်တော်ဖြစ်ကြောင်းကို၊ ကိုယ့်ကိုကိုယ် ပရောဖက်ဖြစ်သည် သို့မဟုတ် ဝိညာဉ်လူ [A] ဖြစ်သည်၊ ဟုထင်မှတ်သောသူသည် ဝန်ခံပါစေ။(a) တစုံတယောက်သောသူသည် မသိလျှင် မသိဘဲနေစေ။ ၃၈ အချုပ်အခြာဟူမူကား၊ ညီအစ်ကိုတို့၊ သင်တို့သည် ပရောဖက်ပြုခြင်းငှါ အလွန်အလိုရှိကြလော့။ ၃၉ အခြားသော ဘာသာစကားဖြင့်ဟော ပြောခြင်းအမှုတို့ကိုလည်း မမြစ်တားကြနှင့်။ ၄၀ ခပ်သိမ်းသောအမှုကို တင့်တယ်လျောက်ပတ်စွာ၊ အစဉ်အတိုင်းစီရင်ကြလော့။

_________________________
Footnotes


၃၇ (a) မြန်မာကျမ်းစာအုပ်၌၊ "ပရောဖက်ဖြစ်သောသူ၊ ဝိညာဉ်ဆုကျေးဇူးကို ခံရသောသူမည်သည်ကား ဝန်ခံပါစေ။" ဟုဘာသာပြန်ထားသည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.