-
AA
+
🡀
|
🡂
ရှင်မာကုခရစ်ဝင်
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်မာကုခရစ်ဝင်
အခန်းကြီး ၆

ယေရှု၏မိသားစု
CROSS REFERENCES






ထိုအရပ်မှကြွ၍ တပည့်တော်တို့သည် လိုက်ကြသဖြင့် မိမိမြို့သို့ ရောက်တော်မူ၏။ ဥပုသ်နေ့ [A]ရောက်လျှင် တရားစရပ်၌ ဆုံးမဩဝါဒ ပေးတော်မူ၏။ လူများတို့သည် ကြားနာရလျှင် မိန်းမောတွေဝေခြင်းသို့ ရောက်၍၊ ဤသူသည် ဤအရာတို့ကို အဘယ်မှာရသနည်း။ သူရသော ပညာကား အဘယ်ပညာနည်း။ ဤမျှလောက်သော တန်ခိုးများကို အဘယ်သို့ပြနိုင်သနည်း။ သူသည် လက်သမား မဟုတ်လော။ မာရိ၏သား မဟုတ်လော။ ယာကုပ်၊ ယောသေ၊ ယုဒ၊ ရှိမုန်တို့၏အစ်ကို မဟုတ်လော။ သူ့နှမများသည်လည်း ငါတို့နှင့် အနီးအပါး နေကြသည် မဟုတ်လော၊ ဟုပြောဆိုလျက် စေတနာစိတ်ပျက်ကြ၏။ [B]

မယုံကြည်ကြ

ယေရှုကလည်း၊ ပရောဖက်သည် မိမိမြို့၊ မိမိအဆွေနေရာ၊ မိမိအိမ်မှတပါး အခြားသောအရပ်၌ အသရေရှိသည်၊ ဟုထိုသူတို့အား မိန့်တော်မူ၏။ မကျန်းမာသောသူ အချို့တို့အပေါ်မှာ လက်တော်ကိုတင်၍၊ အနာကို ငြိမ်းစေခြင်းမှတပါး၊ အဘယ်တန်ခိုးတော်ကိုမျှ ထိုအရပ်၌ ပြတော်မမူနိုင်။ ထိုသူတို့သည် မယုံကြည်ကြသည်ကို အံ့ဩခြင်းရှိတော်မူ၏။ ပတ်လည်၌ ရှိသောမြို့ရွာများသို့ ဒေသစာရီ လှည့်လည်၍၊ ဆုံးမဩဝါဒ ပေးတော်မူ၏။

တပည့်တော် ဆယ့်နှစ်ယောက်စေလွှတ်
CROSS REFERENCES





CROSS REFERENCES






တကျိပ်နှစ်ပါးသော တပည့်တော်တို့ကို ခေါ်တော်မူပြီးမှ၊ ညစ်ညူးသောနတ်တို့ကို နိုင်စေခြင်းငှါ အခွင့်ပေးလျက်၊ နှစ်ယောက်စီ နှစ်ယောက်စီ စေလွှတ်တော်မူ၍၊ [C] သင်တို့သည် တောင်ဝေး တခုမှတပါး လမ်းခရီးဘို့ အဘယ်အရာကိုမျှ မယူကြနှင့်။ လွယ်အိတ်နှင့် မုန့်မှစ၍ ခါးပန်း၌ ကြေးငွေကို မယူကြနှင့်။ ​ခြေနင်းကို စီးကြလော့။ အင်္ကျီနှစ်ထပ်မဝတ်ကြနှင့်၊ ဟုမှာထားတော်မူ၏။ ၁၀ ထိုမှတပါး၊ သင်တို့သည် မည်သည်အိမ်သို့ ဝင်လျှင်၊ ထိုအိမ်တွင် ထိုအရပ်မှမထွက်မသွားမှီ တိုင်အောင် နေကြလော့။ ၁၁ အကြင်သူတို့သည် သင်တို့ကိုလက်မခံ၊ သင်တို့၏ စကားကို နားမထောင်ဘဲနေ၏၊ ထိုသူတို့နေရာအရပ်မှ ထွက်သွားစဉ်၊ သူတို့တဘက်၌ သက်သေဖြစ်စေခြင်းငှါ၊ သင်တို့၏ ခြေဘဝါးမှ မြေမှုန့်ကို ခါလိုက်ကြလော့။ ငါအမှန်ဆိုသည်ကား၊ တရားဆုံးဖြတ်သောနေ့၌၊ ထိုမြို့သည် သောဒုံမြို့နှင့် ဂေါမောရမြို့ထက်၊ သာ၍ခံရလတံ့၊ ဟုမိန့်တော်မူ၏။ ၁၂ တပည့်တော် တို့သည် ထွက်သွား၍၊ နောင်တတရားကို ဟောကြ၏။ [D] ၁၃ နတ်ဆိုးများကို နှင်ထုတ်ကြ၏။ မကျန်းမမာသောသူများ တို့ကို ဆီနှင့်လူး၍ အနာကို ငြိမ်းစေကြ၏။


ဗတ္တိဇံဆရာ ယောဟန်ဖမ်းဆီး
CROSS REFERENCES






၁၄ ထိုအခါ သိတင်းတော် ကျော်စောသည်ဖြစ်၍၊ ဟေရုဒ်မင်းကြီးသည် ကြားလျှင်၊ ဗတ္တိဇံဆရာယောဟန် [E] သည် သေခြင်းမှ ထမြောက်လေပြီ။ ထိုကြောင့် တန်ခိုးများကို ပြနိုင်သည်၊ ဟုဆို၏။ ၁၅ လူအချို့က၊ ဤသူသည် ဧလိယဖြစ်သည် ဆိုကြ၏။ အချို့က၊ ရှေးပရောဖက်ကဲ့သို့ ပရောဖက်ဖြစ်သည်၊ ဟုဆိုကြ၏။ ၁၆ ဟေရုဒ်သည် ကြားလျှင်၊ ဤသူကား ငါ၏အမိန့်နှင့် လည်ပင်းကို ဖြတ်သော ယောဟန်ဖြစ်၏။ သေခြင်းမှ ထမြောက်လေပြီ၊ ဟုဆိုလေ၏။ ၁၇ အထက်က ဟေရုဒ်သည် မိမိညီ ဖိလိပ္ပု၏ခင်ပွန်း ဟေရောဒိကို သိမ်းယူသဖြင့်၊ ထိုမိန်းမအကြောင်းကြောင့် စေလွှတ်၍ ယောဟန်ကို ဖမ်းဆီးပြီးလျှင်၊ ထောင်ထဲမှာ ချုပ်နှောင်လေ၏။ ၁၈ အကြောင်းမူကား၊ ယောဟန်က အရှင်မင်းကြီးသည်၊ ညီတော်၏ ခင်ပွန်းကိုမသိမ်းအပ်၊ ဟုဟေရုဒ်အား ဆိုလေပြီ။ ၁၉ ထိုကြောင့်၊ ဟေရောဒိသည် ယောဟန်ကို ရန်ငြိုးဖွဲ့သဖြင့် သတ်ခြင်းငှါ အလိုရှိ၏။ ၂၀ သို့သော်လည်း ယောဟန်သည် ဖြောင့်မတ် သန့်ရှင်းသောသူ ဖြစ်ကြောင်းကို၊ ဟေရုဒ်သည်သိ၍ သူ့ကိုကြောက်ရွံ့ရိုသေ၏။ သူ့ကိုလည်းစောင့်မ၏။ အမှုအရာများတို့၌ သူ၏စကားကို နားထောင်၍၊ ဝမ်းမြောက်သော စိတ်နှင့်လည်း နားထောင်တတ်သည် ဖြစ်သောကြောင့်၊ ထိုမိန်းမသည် အခွင့်မရနိုင်။


ဗတ္တိဇံဆရာယောဟန်သတ်
CROSS REFERENCES






၂၁ ထိုနောက်မှ အဆင်သင့်သောအခါ၊ ဟေရုဒ်ကို ဖွားသောနေ့ရက်၌ နှစ်စဉ်ပွဲကိုခံ၍ မှူးမတ်၊ စစ်သူကြီး၊ ဂါလိလဲပြည်၌ အကြီးအကဲဖြစ်သောသူတို့ကို ​ကျွေးတော်မူစဉ်တွင်၊ ၂၂ ဟေရောဒိ၏သမီးသည် ဝင်၍ကသဖြင့်၊ ဟေရုဒ်မှစ၍ အပေါင်းအဖေါ်တို့အား နူးညွတ်သော စိတ်ကိုဖြစ်စေ၏။ ထိုအခါ မင်းကြီးက၊ သင်သည် အလိုရှိသမျှကို တောင်းလော့၊ ငါပေးမည်၊ ဟုထိုမိန်းမငယ်အား ဆိုလေ၏။ ၂၃ တဖန်လည်း၊ သင်တောင်းသမျှကို ငါ့နိုင်ငံတဝက်တိုင်အောင် ငါပေးမည်၊ ဟုကျိန်ဆိုလေ၏။၂၄ ထိုမိန်းမငယ်သည် ထွက်၍ အဘယ်အရာကို တောင်းရမည်နည်း၊ ဟုသူ၏အမိကို မေးလျှင်အမိက၊ ဗတ္တိဇံဆရာယောဟန် [F]၏ ဦးခေါင်းကို တောင်းလော့၊ ဟုပြန်ဆိုသော်၊ ၂၅ ချက်ခြင်းမိန်းမငယ်သည် မင်းကြီးထံသို့ အလျှင်တဆောဝင်၍၊ ဗတ္တိဇံဆရာ ဟောဟန်၏ ဦးခေါင်းကို၊ ဤလင်ပန်း၌ အလျှင်အမြန် ပေးတော်မူစေခြင်းငှါ ကျွန်မအလိုရှိပါသည်၊ ဟုတောင်းလျှောက်၏။ ၂၆ မင်းကြီးသည် အလွန်ဝမ်းနည်းခြင်း ရှိသော်လည်း၊ ကျိန်ဆိုခြင်းကို၎င်း၊ အပေါင်းအဖေါ်တို့၏ မျက်နှာကို၎င်း၊ ထောက်သောကြောင့်၊ ထိုမိန်းမငယ်ကို မငြင်းမပယ်လို၍၊ ၂၇ ဦးခေါင်းကိုယူခဲ့၊ ဟုအမိန့်တော်ရှိလျက်၊ လူစောင့်တယောက်ကို ချက်ခြင်းစေလွှတ်လျှင်၊ လူစောင့်သည်သွား၍ ယောဟန်၏လည်ပင်းကို ထောင်ထဲမှာ ဖြတ်လေ၏။ ၂၈ ဦးခေါင်းကို လင်ပန်း၌ ဆောင်ခဲ့၍၊ ထိုမိန်းမငယ်အားပေးပြီးမှ မိန်းမငယ်သည်လည်း သူ့အမိကိုပေးလေ၏။ ၂၉ ယောဟန်၏ တပည့်တို့သည်လည်း ကြားသောအခါ၊ လာ၍အလောင်းကို ဆောင်သွားပြီးလျှင် သင်္ချိုင်းတွင်း၌ ထားကြ၏။


တမန်တော်တို့ ပြန်လာကြ

၃၀ တမန်တော်တို့သည် ယေရှုထံတော်၌ စုဝေး၍၊ မိမိတို့ပြုသမျှ သွန်သင်သမျှတို့ကို ကြားလျှောက်ကြ၏။ ၃၁ ကိုယ်တော်ကလည်း၊ တော၌ ဆိတ်ကွယ်ရာအရပ်သို့ လာကြ။ ခဏအားဖြည့်၍ ငြိမ်သက်စွာနေကြ၊ ဟုမိန့်တော်မူ၏။ အကြောင်းမူကား၊ လူများ သွားလာကြသည်ဖြစ်၍၊ တမန်တော်တို့သည် အစာစားခြင်းငှါမျှ မအားနိုင်ကြ။ ၃၂ ထိုကြောင့်၊ လှေစီး၍ တော၌ ဆိတ်ကွယ်ရာ အရပ်သို့ သွားကြ၏။ ၃၃ သွားကြသည်ကို လူများတို့သည် မြင်၍၊ ကိုယ်တော်ဖြစ်သည် ကိုသိလျှင်၊ အမြို့မြို့ အရွာရွာတို့မှ ထွက်၍၊ ထိုအရပ်သို့ ကုန်းကြောင်းပြေးသွားသဖြင့်၊ တမန်တော်တို့အရင် ရောက်၍ အထံတော်၌ စုဝေးကြ၏။ ၃၄ ယေရှုသည် ထွက်ကြွ၍ လူများအပေါင်းတို့ကို တွေ့မြင်တော်မူလျှင်၊ ထိုသူတို့သည် ထိန်းသူမရှိ၊ ပစ်ထားသော သိုးကဲ့သို့ ဖြစ်ကြသည်ကို သနားခြင်းစိတ်တော်ရှိ၍၊ များစွာသော ဆုံးမဩဝါဒကို ပေးတော်မူ၏။


လူငါးထောင်အစာကျွေး

၃၅ မိုးချုပ်သောအခါ တပည့်တော်တို့သည် ချဉ်းကပ်၍၊ ဤအရပ်သည် တောအရပ်ဖြစ်ပါ၏။ မိုးလည်း ချုပ်ပါပြီ။ ၃၆ လူများတို့သည် ပတ်ဝန်းကျင် ရွာဇနပုဒ်သို့သွား၍၊ စားစရာကို ဝယ်စေခြင်းငှါ အခွင့်ပေးတော်မူပါ။ သူတို့၌ စားစရာမရှိပါ၊ ဟုလျှောက်ကြလျှင်၊ ၃၇ ကိုယ်တော်က၊ သူတို့စားစရာဘို့ သင်တို့ပေးကြလော့၊ ဟုပြန်ပြောတော်မူ၏။ တပည့်တော်တို့ကလည်း၊ အ​ကျွန်ုပ်တို့သည်သွား၍ ဒေနာရိအပြားနှစ်ရာနှင့် မုန့်ကိုဝယ်ပြီးလျှင်၊ သူတို့အား စားစရာဘို့ ပေးရပါအံ့လော၊ ဟုလျှောက်ကြ၏။ ၃၈ ကိုယ်တော်ကလည်း၊ သင်တို့၌ မုန့်ဘယ်နှစ်လုံး ရှိသနည်းသွား၍ ကြည့်ရှုကြ၊ ဟုမိန့်တော်မူသည်အတိုင်း သူတို့သည် သိပြီးမှ၊ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ရှိပါသည်၊ ဟုလျှောက်ကြပြန်၏။ ၃၉ ထိုအခါ လူအပေါင်းတို့ကို မြက်စိမ်းပေါ်မှာ အစုစုလျောင်းကြစေ၊ ဟုအမိန့်တော်ရှိ၏။ ၄၀ သူတို့သည် တရာတစု၊ ငါးဆယ်တစု၊ အစုစုလျောင်းကြလျှင်၊ ၄၁ ကိုယ်တော်သည် မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကိုယူ၍၊ ကောင်းကင်သို့ ကြည့်မျှော်လျက် ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ၊ မုန့်ကိုဖဲ့၍ လူများတို့ရှေ့၌ ထည့်စေခြင်းငှါ၊ တပည့်တော်တို့အား ပေးတော်မူ၏။ ငါးနှစ်ကောင်ကိုလည်း လူအပေါင်းတို့အား ဝေငှတော်မူ၏။ ၄၂ လူအပေါင်းတို့သည် စား၍ဝကြပြီးမှ၊ ၄၃ မုန့်နှင့် ငါးအကျိုးအပဲ့ကို ကောက်သိမ်း၍ တဆယ်နှစ်တောင်း၊ အပြည့်ရကြ၏။ ၄၄ မုန့်ကိုစားသောသူ ယောက်ျားအရေအတွက်ကား၊ လူငါးထောင်မျှ လောက်ရှိသတည်း။


ယေရှုရေပေါ်လမ်းလျှောက်

၄၅ စည်းဝေးသောသူတို့ကို လွှတ်တော်မူစဉ်တွင်၊ တပည့်တော်တို့ကို လှေစီးစေ၍၊ ကမ်းတဘက် ဗက်ဇဲဒမြို့သို့ အရင်ကူးစေတော်မူ၏။ ၄၆ စည်းဝေးသောသူတို့ကို လွှတ်ပြီးမှ၊ ဆုတောင်း ပဌနာပြုအံ့သောငှါ၊ တောင်ပေါ်သို့ ကြွတော်မူ၏။ ၄၇ ညအချိန်ရောက်သောအခါ၊ လှေသည် အိုင်အလယ်၌ ရှိ၏။ ကိုယ်တော်သည် ကုန်းပေါ်မှ တယောက်တည်း ရှိနေတော်မူ၏။ ၄၈ လေမသင့်သောကြောင့် တပည့်တော်တို့သည် တက်ခတ်၍၊ ပင်ပန်းကြသည်ကို မြင်တော်မူ၏။ ညသုံးချက်တီး ကျော်အချိန်၌ အိုင်ပေါ်မှ စက်တော်ဖြန့်လျက်၊ သူတို့ရှိရာသို့ကြွ၌ အနားမှာ လျှောက်သွားမည် ပြုတော်မူ၏။ ၄၉ ထိုသို့အိုင်ပေါ်မှာ စက်တော်ဖြန့်၍ ကြွတော်မူသည်ကို သူတို့သည်မြင်လျှင်၊ ဖုတ်တစ္ဆေဖြစ်သည်၊ ဟုစိတ်ထင်နှင့် အော်ဟစ်ကြ၏။ ၅၀ ထိုသူအပေါင်းတို့သည် ကိုယ်တော်ကိုမြင်၍၊ ထိတ်လန့်ခြင်းသို့ ရောက်ကြ၏။ ကိုယ်တော်သည် ချက်ခြင်းနှုတ်ဆက်၍၊ တည်ကြည်သော စိတ်ရှိကြလော့။ ငါပင်ဖြစ်သည်၊ မကြောက်လန့်ကြနှင့်၊ ဟုမိန့်တော်မူ၏။ ၅၁ လှေပေါ်၌ သူတို့ရှိရာသို့ တက်တော်မူလျှင်၊ လေသည် ငြိမ်လေ၏။ ထိုသူတို့သည် အတိုင်းထက် အလွန်မိန်းမော တွေဝေအံ့ဩခြင်းသို့ ရောက်ကြ၏။ ၅၂ အကြောင်းမူကား၊ သူတို့ စိတ်နှလုံးမိုက်သည် ဖြစ်၍၊ မုန့်၌ပြသော တန်ခိုးတော်ကို ပမာဏမပြုကြ။


ကမ်းတဘက်၌ လူများကျန်းမာစေ

၅၃ ကမ်းတဘက်သို့ ကူးလျှင်၊ ဂင်္နာသရက်နယ် သို့ရောက်၍၊ လှေကိုဆိုက်ကြ၏။ ၅၄ လှေမှဆင်းသောအခါ လူများတို့သည်၊ မျက်နှာတော်ကို ချက်ခြင်းမှတ်မိလျှင်၊ ၅၅ ပတ်ဝန်းကျင်အရပ်၌ ရှိသမျှသို့ ပြေးသွား၍၊ မည်သည့်အရပ်၌ ရှိတော်မူသည်၊ ဟုကြားလျှင်၊ ထိုအရပ်သို့ လူနာများကို အိပ်ရာနှင့် ဆောင်ခဲ့ကြ၏။ ၅၆ မြို့ရွာဇနပုဒ်သို့ ရောက်တော်မူရာ၌ ၊ မကျန်းမမာသောသူတို့ကို လမ်းနားမှာထား၍၊ အဝတ်တော်၏ ပန်းပွားကိုမျှ တို့ရပါမည်အကြောင်း၊ အခွင့်တောင်းကြ၏။ တို့သမျှသောသူတို့ သည်လည်း ချမ်းသာရကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.